ကာလ၊ ကာလ၊ ခါသမယဟု၊ ကာလ ၀ိပါတ်၊ ငါးရာ့နှစ်ဆယ်၊ ရှစ်သွယ် မေတ္တာ၊ ကရုဏာလည်း၊
ဘာမတတ်၍၊ ထောင့်ဖြတ်ဖီလာ၊ ပရိရေသန၊ ၀မ်းရဖို့ရန်၊ အ၀၀ရှာကြသည်။
ပညာသည်ယောင်၊ ဆရာရောင်နှင့်၊ စကားလှောင်ယောက်ျား၊ ဖဲသမားနှင့်၊ ပွဲစားတ၀၊ ပွဲကြိုစသည်၊ ထိုမှတစ်ခန်း။ ထီးထန်းလမ်းလျှောက်၊ ကျောက်ကုန်ရွှေကုန်၊ အစုံရောရော၊
ခ၀ါပန်းဆိုး၊ တစ်မျိုးအထင်၊ အင်္ကျီခုံချုပ်၊ ဖိနပ်လုပ်နှင့်၊ အပ်ချုပ်ကိရိယာ၊ ၄င်းပြင် အဖြာဖြာ တို့ကို၊ ပညာဖွဲ့ဆိုဖို့ မလိုဟု၊ ထိုထို ကတ္တား၊ ပုဒ်မခြား၍၊ ယောက်ျားပျင်းလျှင် ပုလိပ်၊ မိန်းမပျင်းလျှင် အအိပ်၊ ထိပ်စရာ့ အခါ၊ မဟာရာဇ၊ ကောသလ၏၊ သုပိနအလာ။
ပညာရှိမထွန်းကား၊
လူကြွားလူမိုက် ပေါ်ထင်၊
အမြှော်အမြင်ရှိသူက တိမ်မြှပ်၊
မဟုတ်မမှန် ပြောသူက ရှေ့သွား၊
တရားမသိ သူတော်ယောင်၊
လင်ကြောင်တောင်နှင့် မျက်နှာချိုသွေး၊
တံစိုးပေးလျှင် တရားသာ၊
ဘုရာဒကာလည်း ဘုံဆိုင်ကြွ၊
ကျောင်းအစ်မကလည်း အရောင်တင်ခြယ် ။ ။ ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !