Home » » လူငယ်နှင့် အနာဂတ်ရည်မှန်းချက်

လူငယ်နှင့် အနာဂတ်ရည်မှန်းချက်


အလုပ်ပိတ်တဲ့ ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တယ်။ သူငယ်ချင်းတွေကလည်း တစ် ယောက်နဲ့ တစ်ယောက် ကျင်လည်နေကြတဲ့ ၀န်းကျင်ကမတူကြဘူး။ ကိုယ်ပတ်ဝန်းကျင်နဲ့ ကိုယ်ဆိုတော့ တကုတက ချိန်းပြီးတွေ့မှ တွေ့ဖြစ်ကြတာပါ။ အလုပ်ထဲမှာပဲ နစ်မြုတ်နေရတဲ့ အချိန်တွေက များတော့ တစ်ခါတစ်လေ အပေါင်းအသင်း အသိုင်းအ၀ိုင်းရဲ့ အပြင်ဘက်ကို တောင် ရောက်သွားပြီလားလို့ ထင်မိတယ်။ သိပ်မကြာ သေးခင်ကပဲ သူငယ်ချင်းတစ်ယောက် နဲ့ ချိန်းပြီး ဆုံဖြစ်ခဲ့ကြတယ်။ မိန်းခလေး သူငယ်ချင်းတစ်ယောက်ပါ။

သူက အခုအနေအထားမှာတော့ IT နယ်ပယ်မှာ professional တစ်ယောက်မဖြစ်သေးပေ မယ့် အတိုင်းအ တာတစ်ခုထိတော့ အဆင့်ရှိနေပါပြီ။ သူနဲ့ ကျွန်တော်ဆုံဖြစ်ခဲ့တဲ့နေ့က ဘာတွေ ပြောဖြစ်ခဲ့ကြသလဲဆိုတော့ ကျွန်တော်တို့တွေရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သတ်ပြီး စကားပြောဖြစ်ခဲ့ကြတယ်။ သူက ITနဲ့ပဲ ကျောင်းပြီး ထားသူတစ်ယောက်ပါ။ အိမ်ကဦးလေးက အစိုးရ အလုပ်တွေနဲ့ ပတ်သတ်တဲ့ လိုင်းကို လိုက်ခိုင်းပေမယ့် ၀ါသနာမပါဘူး IT ပဲစိတ်ဝင်စား တယ်ဆိုပြီး လုပ်ခဲ့တဲ့သူတစ်ယောက်ပါ။ နယ်က ကျောင်းပြီးတော့ ရန်ကုန် မှာလာပြီး သင်တန်း တွေတက် နောက်ပိုင်းအလုပ်ဝင်လုပ်တယ်။ အားတဲ့ ရက်မှာ သင်တန်းတွေလည်း ထက်ပြီး တက်နေသေးတယ်။

သူကဘာစပြောလာလဲဆိုတော့ “ငါရန်ကုန်ရောက်တာ ၂ နှစ်ရှိပြီတဲ့။ ငါ့စိတ်ထဲမှာတော့ ဘာမှ ပြောင်းလဲ ပြီးတိုးတက်လာတယ်လို့ မထင်ရဘူး”တဲ့။ ထူးထူခြားခြားပြောင်းလဲလာတာမရှိသေး ဘူးလို့ သူပြောချင်တာပါ။ အဲဒီမှာဘာနဲ့ဆိုင်လဲ ဆိုတော့ ကျွန်တော်တို့တစ်တွေ လျှောက်လှမ်း နေတဲ့ လမ်းဟာ အတိုင်းအတာတစ်ခုထိ ရောက်လာတာတောင် ငွေရေးကြေးရေး အစစ အရာ ရာမှာ ထူးထူးခြားခြားပြောင်းလဲမှု မရှိသေးဘူးလို့ ပြောချင်တဲ့ သဘောပါ။ 

ကိုယ်တိုင်ကြုံတွေ့တာလေးနဲ့ ပြောပြချင်တယ်။ အိုင်တီနယ်ပဲထဲကို ၀င်မယ်လို့ ဆုံးဖြတ်ပြီး ချေချခဲ့မိပေမယ့် အတိုင်းအတာ တစ်ခုထိအောင်မြင်မှု မရခဲ့ဘူး။ကိုယ့်ကြိုးစားမှုတွေက တစ် လွဲတွေဖြစ်နေတယ်လို့ ခံစားမိလာတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်းအတာနဲ့ ကိုယ်ဖြစ်နေတာ နဲ့က တော်တော်လေး လမ်းလွဲနေတော့ ကိုယ့်ကိုယ်ကို အပြစ်တင်ရုံကလွဲပြီး ဘယ်သူ့ကိုမှ အပစ်ပြောစရာမလိုဘူးလေ။ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်မလုပ်နိုင်သေးဘူး။ ဆုံးဖြတ် ချက်မမှန်ကန်းသေးဘူးလို့ ဆိုရမှာပဲ။

လူငယ်တွေမှာ ရည်မှန်းချက်တွေ ထွေ ပြားနေတတ်ကြတယ်။ ကိုယ်ဖြစ်ချင်တာ ဘာဆိုတာ ကို အသေအချာမသိဘဲ တခြားလူတစ် ယောက်ကို အားကျပြီး လိုက်လုပ်တာမျိုးတွေ ဖြစ်တတ်တယ်။ ကိုယ်လိုက်မယ့်နယ်ပယ်ဟာ အဆင့်အတန်း ရှိရဲ့လား။ ငွေကြေးအ ခြေအနေရော ကောင်းနိုင်ရဲ့လား။ ဒါမျိုးတွေတွေးတတ် ကြတယ်။ ဒီလိုတွေးတာ မမှားဘူးဆိုပေမယ့် ဘယ်နယ်ပယ် အသိုင်းအ၀ိုင်းမှာ ဖြစ်ဖြစ်ကိုယ် တကယ်ကျိုးစားရင် အကျိုးရှိနိုင်တယ်ဆိုတာတော့ ယုံကြည်လက်ခံပေးကြပါ။
ရှင်းပြလို့ အကောင်းဆုံးကတော့ IT နယ်ပယ်ပါပဲ။ အိုင်တီနယ်ပယ်ဆိုတဲ့ အတိုင်းအတာကြီး ဟာ အလွန်အင်မတန် ကျယ်ပြန့်တယ်။ အိုင်တီမှာမှ ကိုယ်က ဘယ်လိုင်းကို အားသန်တာလဲ ဆိုတာရှိသေးတယ်။ software , network, web အများကြီးရှိတယ်ဗျာ။ အဲဒီအသိုင်းအ၀ိုင်း ထဲကို ၀င်မယ်လို့ ဆုံးဖြတ်တဲ့ လူငယ်တွေမှာ ငါဘယ်လိုင်းကို အားသန်တာလဲဆိုတာ သေချာ ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဟိုဟာလည်း တတ်ချင် ဒီဟာလည်း တတ်ချင် နောက်ဆုံးကြ တော့ ဟိုစပ်စပ် ဒီစပ်စပ် ဖြစ်တတ်ကြလို့ပါ။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အိုင်တီနယ်ပယ်က အတွေ့ အကြုံရင် ပုဂ္ဂိုလ်နှစ်ဦးပြောသွားတာလေးကို လူငယ်တွေ အတွက် ဖောက်သည်ချပေး ချင်ပါတယ်။ အဲဒီပုဂ္ဂိုလ်နှစ်ဦးက အင်္ဂလန်မှာ ယခုထက်တိုင် အလုပ် လုပ် နေကြပါသေးတယ်။ အိုင်တီ လောက မြန်မာပြည်မှာ အခြေစတည်ကတည်းက အိုင်တီနယ်ပယ်ထဲကို ၀င်ခဲ့ကြတဲ့ သူတွေပါ။ မြန်မာပြည်ခဏပြန်လာတဲ့ အချိန်မှာ ကျွန်တော်တက်တဲ့ သင်တန်းကျောင်းမှာ သူတို့ရဲ့အတွေ့ အကြုံလေးတွေကို လာရှင်းပြသွားကြတာပါ။ သူတို့ နှစ်ယောက်လုံးစီက တူညီတဲ့ အသံ တစ်ခုထွက်လာကတော့ တစ်ခုဆိုတစ်ခုတည်းကိုပဲ စောက်ချပြီးလုပ်ပါဆိုတဲ့ စကားသံ ပါပဲ။ သူတို့ အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောပြခဲ့တယ်။ အခုဆို ရင် သူတို့နှစ်ယောက်စလုံး Database လိုင်းကိုပဲလုပ်ကြတယ်။ တစ်ယောက်က Developer, နောက်တစ်ယောက်က Administrator ပါ။ သူတို့ရှင်းပြခဲ့တာက တစ်လိုင်းကို စောက်ချပြီး မလုပ်တဲ့ သူဟာ Professional တစ်ယောက်ဖြစ်လာမှ မဟုတ်ဘူးဆိုတာပါပဲ။
Software လိုင်းကို စိတ်ဝင်စားတယ်ဆိုရင်လည်း programming language တွေထဲကမှ ဘယ် language ကို လိုက်မှာလည်း။ အများကြီးရှိလို့ အများကြီးတတ်ချင်တယ်ဆိုလို့ တော့ မဖြစ်နိုင်ဘူး။ အိုင်တီနယ်ပယ်မှာက တစ်ယောက်တည်းလုပ်လို့ မပြီးတဲ့ ကိစ္စတွေများတယ်။ တစ်ယောက်ချင်းစီက တစ်ခုချင်းစီကို expert ဖြစ်နေမှသာ အလုပ်ဖြစ်မယ်လို့ ပြောသွားခဲ့ တာပါ။အဲဒါမှလည်း သူကတော့ ဘယ်နေရာမှာ Professional လို့ပြောလို့ ရတယ်။အဓိက အချက်ကတော့ ထွေပြားေ၀၀ါးနေတဲ့ ကျွန်တော်လိုလူငယ်တွေ တစ်ခုခုကို စောက် ချလုပ်ကြဖို့ သိစေချင်တာပါ။
ဒီနေရာမှာ ဆရာအောင်သင်းပြောတာလေးကို တစ်ချက်သတိပြုကြမယ်။ ဆရာကလည်း ဆရာပီမိုး နှင်းပြောခဲ့တာကို ပြန်ပြီး ဖောက်သည်ချပေးထားတာပါ။ ဆရာရဲ့ ကိုယ် တွေ့နဲ့ယှဉ်ပြီး ရှင်းပြလိုက်တော့ သံသယမရှိ လက်ခံလို့ ရတဲ့ အချက်ဖြစ်လာပါတယ်။ ကိုယ်ဝါသနာပါရာ ကိုလုပ်ပါတဲ့။ ၀ါသနာမပါတဲ့ အလုပ်ကို လုပ်ရင် မအောင်မြင်နိုင်ပါဘူး။ အဲဒီဝါသနာပါတယ် မပါဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ ဆိုတာကိုပါ ထပ်ပြောပြသေးတယ်။ ကိုယ်တိုင်ပီတိဖြစ် ရတဲ့ အလုပ်ဆိုရင် တကယ်ဝါသနာပါတဲ့ အလုပ်ပဲတဲ့။ အဲဒါကို သိဖို့ကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားကြည့်ရတယ်။ ကိုယ်လုပ်မိလိုက်တဲ့ အလုပ်တွေမှာ ဘယ်ဟာကိုလုပ်လိုက်မိလို့ ပီတိဖြစ်ရတာရှိလည်း ဆိုတာလေးကို သတိနဲ့ ဖမ်းကြည့် ရင်သိနိုင်ပါတယ်။ စာအုပ်ကိုညွှန် လိုက်ရရင်တော့ ဆရာအောင်သင်း ဟောပြောချက်တွေကို အမေးအဖြေတွေကို ပြန်ရေးထား တဲ့ “ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ” ဆိုတဲ့ စာအုပ်မှာ ဆရာက လူငယ်တွေမေး သမျှ ကို ပြန်ဖြေရှင်းပေးထာတယ် ။
ဖြစ်စေချင်တဲ့ ဆန္ဒကတော့ လူငယ်တွေ တိုးတက်ရာတိုးတက်ကြောင်း ရှာကြတဲ့ နေရာမှာ အချိန်တွေ အလဟသ မဖြစ်စေပဲ အောင်မြင်မှု့ပန်းတိုင်ကို စောလျှင်စွာရောက်ရှိစေဖို့ပါ။ ရည် ရွယ်ချက်တွေကို အလျှင်စလို ချမိခဲ့လို့ ကိုယ်တိုင်လည်း အမှားများစွာ ကြုံခဲ့ပြီးမှ ဒီသင်ခန်းစာ ကို ရခဲ့တယ်။ တိုးတက်နေတဲ့ နည်းပညာလောကနဲ့ အောင်မြင်မှုကို တက်လှမ်းမယ့် လူငယ် တွေ လမ်းရွေးမမှားစေပဲ Professional တစ်ယောက်လို့ လက်မထောင်နိုင်ကြစေချင်တယ်။ အောင်မြင်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ။



နောင်တော်လေး

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !