Home » » ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ (၇)

ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ (၇)

မေး ။  ။ လေးစားပါတယ် ဆရာခင်ဗျား၊ (၁) လူ့ဘ၀မှာ ဘယ်အချိန်ဟာ တန်ဖိုးရှိပါသလဲ။

ဖြေ ။  ။ ခုချိန်ဟာတန်ဖိုးအရှိဆုံးပါ။ Now and Here ဆိုတာ တော်စတွိုင်းရေးတဲ့ ၀တ္ထုလေးတောင် ရှိတယ်။ ကို ဖေမြင့်ရေ ... ဟုတ်တယ် မဟုတ်လား.... ။ အရေးအကြီးဆုံးသည် အခုချိန်။ တန်ဖိုးအရှိဆုံးသည် ခုချိန်။ နောက် တစ်ခုပြောလိုက်မယ် တန်ဖိုးအရှိဆုံးသည် အသက်ရှင်သောအချိန်။ ဒါကြောင့်မို့လို့ ကိုယ့်ဘာသာကို အသက် ရှည်အောင် ကျမ်းမာအောင်နေရတယ်။ ဘိန်းဖြူတွေဘာတွေ သွားမလုပ်နဲ့၊ စောစောစီးစီး ကြွသွားလိမ့်မယ်။ စောစောစီးစီး ကြွသွားလို့ရှိရင် ပြီးရော ဘာမှလုပ်လို့ မရတော့ဘူး။ အဲတော့ ... အားလုံးကိုခြုံလိုက် ခုချိန်ဟာ တန်ဖိုးအရှိဆုံး ဆိုပေမယ့် အချိန်တိုင်းဟာ တန်ဖိုးရှိတယ်။ ဆရာကြီးပီမိုးနှင်းရေးသလို လောကကြီးမှာတဲ့ အချိန် တွေဟာ အများကြီး မကုန်ဆုံးနိုင်ဘူးတဲ့....။ အဲဒီမကုန်ဆုံးနိုင်တဲ့ အချိန်တွေကို သုံးလို့မရဘူးလား ....။ ကြွေးဆပ် သလို ဆပ်လို့မရဘူး။ မနေ့ကကို ပြန်ခေါ်လို့မရဘူး...။ အခု ကျွန်တော်တို့ ပွဲစတုန်းက အချိန်ကို ပြန်ခေါ်လို့ မရဘူး.. ။ အဲတော့ ခုချိန်ဟာ အရေး ကြီးဆုံး...။ အရေးကြီးဆုံး ဖြစ်လို့ အမြဲတမ်းလာနေတဲ့ now.... now.... now ၊ ပစ္စက္ခ .... ပစ္စက္ခ.... ပစ္စက္ခ အဲဒါကို တန်ဖိုးထားပါ။ အကျိုးရှိအောင် အသုံးချသွားရင် ရပါတယ်။ အချိန်ကို ဆက်ပြောရဦးမယ်။ ကိုရင်တို့ကို ပြော ချင်တာက “ အသက်ဘယ်လောက်ရှိပြီလဲ ” မေးမယ်၊ “ ကျွန်တော် ၁၈ နှစ် ” ၊ ၁၈ နှစ်ဆိုတာ အချိန်၊ အသက် ၆၃ နှစ် အဲဒါ ... အချိန်။ ဘ၀ ဆိုတာ အချိန် ။ အချိန်မပါဘဲနဲ့ ဘ၀ဖြစ်လို့ မရဘူး။ ဘ၀ကို တန်ဖိုးထားရင် အချိန်ကို တန်ဖိုးထားရမယ်။ အချိန်ကို ဖြုန်းပစ်လိုက်သူဟာ ဘ၀ကို ဖြုန်းပစ်လိုက်တာပဲ။ မွေးခြင်း နဲ့ သေခြင်းကြားဟာ အချိန်မဟုတ်လား....။
နောက်မေးခွန်း တစ်ခုက လူ့ဘ၀မှာ ဘယ်အချိန်ဟာ တန်ဖိုးအရှိဆုံးလဲတဲ့။ အဲဒီအထဲမှာကို အဖြေက ပါနေ ပြီ။  ဘ၀ဆိုတာ အချိန်။ လူ့ဘ၀တွင် တန်ဖိုးအရှိဆုံး အရာဟာ ဘာလဲတဲ့။ လူ့ဘ၀မှာ တန်ဖိုး အရှိဆုံး အရာ ဟာ ပြောချင်တာတွေပြောပါစေ တန်ဖိုးအရှိဆုံး အရာဟာ အသက်ပဲ...။ အသက်ထက် တန်ဖိုး ရှိတာ ဘာမှ မရှိဘူး။ အဲဒီ အသက်ကလေး ထွက်သွားရင် ပြီရော။ ဒါပဲ လူ့ဘ၀မဟုတ်တော့ဘူး....။ နောက် တစ်ခုက “ အ သင့်ရဲ့ မေတ္တာကမ္ဘာဟာ ချစ်စရာလေး ”တဲ့ အောင်သင်းကို ပြောတာထင်ပါတယ်..........။
ကျေးဇူး တင်ပါတယ် ။

ဆရာဦးအောင်သင်း ၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ဟောပြောချက်များမှ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !