Home » » ဒီမိုကရေစီဆိုတာ . . . အခန်း(၂)

ဒီမိုကရေစီဆိုတာ . . . အခန်း(၂)



ယခုခေတ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက နိုင်ငံအတော်များများတွင် ဂလိုဘယ်လိုက်ဇေးရှင်းလှုပ် ရှားမှု များ ပေါ်ပေါက်ခဲ့သည် ။ ယင်းလှုပ်ရှားမှုများကို ဆန့်ကျင်ရာတွင် ပါဝင်သူများက ယခုခေတ်နိုင် အမျိုး သား နိုင် ငံများတွင် ကျင့်သုံးလျှက်ရှိသော ဒီမိုကရေစီစနစ်ကို အပြင်းအထန်ဝေဖန်ခဲ့ကြသည် ။ လက်ရှိ ကျင့်သုံး လျှက်ရှိသည့် အဆုံးအဖြတ်ပေးရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်သည် ဒီမိုက ရေစီသ ဘောတ ရားနှင့် မကိုက် ညီကြောင်း ၊ ဗျူရိုကရက်ဆန်လွန်းကြောင်း ဝေဖန်ခဲ့ကြသည် ။ သူတို့က နိုင်ငံကြီးများသည် နိုင်ငံတကာဆိုင်ရာ  ကော်ပိုရေးရှင်းကြီးများ၏ အရေးပါသည့် အုပ်ချုပ်မှုအောက်တွင် ရောက်ရှိနေ ကြ ကြောင်း ၊ ယင်းကောက်ပိုရေး ရှင်းကြီးများ၏ မဟာဗျူဟာများမှာ နိုင်ငံတကာတွင် ခေါင်းပုံဖြတ်စနစ်ကို ကျင့် သုံးခြင်းဖြင့် ကမ္ဘာပြည်သူများအား ဆင်းရဲတွင်း၌ နစ်မွန်းစေရေးသာဖြစ်ကြောင်း ယုံကြည်ကြသည် ။ စက်မှု ထွန်း ကားပြီး ရှစ်နိုင်ငံ ( G8 ) ၊ နိုင်ငံတ ကာရန်ပုံငွေအဖွဲ့(I.M.G) နှင့် ကမ္ဘာဘဏ် (W.B) တို့မှခေါင်း ဆောင်ကြီးများ ဆွေးနွေးပွဲကျင်းပရာသို့ မကြာခ ဏလာရောက်ဆန္ဒပြကြသည့် လူငယ်လှုပ်ရှားသူများက ဖေါ်ပြပါခေါင်းပုံဖြတ်စနစ် ကျင့်သုံးခြင်းကို ဆန့် ကျင်ကြသည် ။ ကမ္ဘာကြီးအနေဖြင့် စနစ်သစ်တစ်ခုလိုအပ်နေပြီဟုလည်း သူတို့ကဆိုသည် ။သို့မှ ဆင်းရဲ ခြင်းနှင့် ခေါင်းပုံ ဖြတ်ခြင်း တို့ကိုပယ်ဖြတ်ပြီး စစ်မှန်သောဒီမိုကရေစီစနစ် ထွန်းကားလာနိုင်မည်ဟုလည်း သူ တို့က ယုံကြည်သည် ။ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်လှုပ်ရှားသူများသည် ဒေသတစ်ခုတည်းနှင့်သာ သက်ဆိုင်သည့် စီးပွားရေးစနစ်ကို လိုလားကြသည် ။ စီးပွားရေးတွင် ဗဟိုမှ ချုပ်ကိုင်မှုနည်းရမည်ဟုလည်း သူတို့က တောင်းဆိုသည် ။ သို့မှ ပြည်သူတို့၏ ကိုယ်စားလှယ်များ အုပ်ချုပ်သည့် အစိုးရအနေဖြင့် အလုပ် သမားများအား သူတို့အလုပ်လုပ်သော လုပ်ငန်းခွင်ကို သူတို့အား ထိန်းချုပ်ခွင့် ပြုနိုင်မည်ဟု ယူဆကြသည်။

ခေတ်ပြိုင် ဒီမိုကရေစီ၏လိုအပ်သော ကြန်အင်လက္ခဏာများသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်တို့ဖြစ်ကြသည်။ ဒီမိုကရေသည် တရားဥပဒေ စိုးမိုးရေးကိုလည်းလိုလားသည် ။ ရာဇ၀တ်မှုကျူး လွန်သည်ဟု စွပ်စွဲခံရသူများအား မျှတစွာနှင့် လျှင်မြန်စွာစစ်ဆေးသည့် အခွင့်အရေးဆီသို့လည်း ဒီမိုကရေ စီသဘောတရားရောက်ရှိသည် ။ ဒီမိုကရေစီသဘောတရားက တရားမျှတစွာစစ်ဆေးခြင်းကို လိုလားသည် ဟု ဆိုလိုခြင်းဖြစ်သည် ။ လူတစ်ယောက်အား မတရားလုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးချုပ်နှာင်ခြင်းမှ ကင်းလွတ်ရေး သည်လည်း ဒီမိုကရေစီသဘောတရားတွင်ပါဝင်သည်။ ထိုပြင်တရားဥပဒေကျွမ်းကျင်သည့် ရှေ့နေရှေ့ရပ်တို့ အကူအညီကို ရယူလိုသူတို့အားလည်း ယင်းတို့၏ဆန္ဒကို လိုက်လျောရမည်ဖြစ်သည် ။ ဖော်ပြပါ အချက်တို့ မှာ ဒီမိုကရေစီနိုင်ငံတွင် လိုအပ်သည့် ရပိုင်ခွင့်များဖြစ်သည် ။ လိင်ကွဲပြားမှု၊ လူမျိုးနှင့် ကိုးကွယ်သော ဘာသာကွဲပြားမှု၊ အသက်ကြီးငယ်ကွာခြားမှု စသည်တို့အတွက် ခွဲခြားမှုကြောင့် အာမခံချက်ရှိရန်လိုအပ် သည် ။ ဒီမိုကရေစီသည် လူအများအား အရေးပါသော အလုပ်များကို လုပ်နိုင်ရန် အခွင့်အရေး ရရှိစေလို သည်။ လူနည်းစူများအား ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ယင်းတို့အား ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုးကို လုံးဝမလိုလားချေ ။

ဒီမိုကရေစီသည် အများ၏ ဆန္ဒနှင့်အညီ သူတို့၏စိတ်ကြိုက်ကို ရွေးချယ်သည့်စနစ်ဖြစ်သည်။ လူနည်းစုတို့ ၏အခွင့်အရေးကို လေးစားကြောင်းဖြင့်လည်းဆိုသည် ။ သို့ဖြစ်လျှင် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အခွင့်အရေးကို မည်သို့ သဘောထားမည်နည်း ။ သို့မဟုတ် အစိုးရနှင့် သဘောထားမတူညီသည့် အဖွဲ့အစည်းတို့၏ အခွင့် အရေးကို မည်သို့သဘောထားမည်နည်း။ ဒီမိုကရေစီကိုလိုလားသူများအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းပူးပေါင်း ၍မိမိတို့၏ အယူအဆများကို ဖော်ပြခွင့်ရှိကြောင်း၊ ထို့ပြင်လူအများနှင့် စုဝေး၍ သူတို့၏ အယူအဆများကို ထုတ်ဖော်ပြောဆိုခွင့်ရှိကြောင်းတို့ကို သဘောတူနိုင်သည်။ သို့ရာတွင် လူတစ်ဦးတစ်ယောက်က တရားဥပ ဒေနှင့် စပ်လျဉ်း၍ တရားမျှတခြင်းအပေါ်တွင် မိမိ၏အယူအဆကိုထုတ်ဖော်ရန်အတွက် လက်ရှိဥပဒေကို မလိုက်နာသည့်အပေါ် မည်သို့သဘောထားမည်နည်း ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင်လူ့အဖွဲအစည်းတွင် ကန့်ကွက်ဆန္ဒပြပိုင်ခွင့် ရှိပါသလား ။

ဒီမိုကရေစီသဘောတရားတွင် လုပ်ခနှင့်လစာများသည် သူတို့၏အခွင့်အရေးကို ထုတ်ဖော်ပြောဆိုရန် သမဂ္ဂ များဖွဲ့စည်းပိုင်ခွင့်ရှိသည် ။ လုပ်ခနှင့်လစာ အမြင့်ဆုံးရရှိရေးနှင့် လုပ်ပိုင်ခွင့်ပိုမိုကောင်းမွန်ရေးအတွက် အလုပ်ရှင်များနှင့် ဆွေးနွေးရန် သပိတ်မှောက်ပိုင်ခွင့်လည်းရှိသည်။ ထို့ပြင် နိုင်ငံသားတို့၏ အခွင့်အရေးများ ၌ အစိုးရဖွဲ့စည်းရန်နှင့် ရာထူးများကို လက်ခံဆောင်ရွက်ရမည့်သူများကို ရွေးချယ်ခွင့်သာမက မိမိတို့၏လို အပ်သောဆန္ဒများကို အာဏာပိုင်များသိရှိနိုင်ရန် လူစုလူဝေးဖြင့် စီတန်းလမ်းလျှောက်ခွင့်လည်း ရှိသည်။ ထိုမျှမက အလုပ်သမားများသည် အစိုးရ၏ အစိတ်အပိုင်းလည်းမဟုတ်၊ ဈေးကွက်၏အစိတ်အပိုင်းလည်း မဟုတ်သော အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းပိုင်ခွင့်ရှိသည် ။

လူမှုလှုပ်ရှားရေးသမားများ၊ အလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးလိုလားသူများနှင့် နိုင်ငံရေးအတွေး အခေါ်ရှင်များ၏ အမြင်တွင် ထုံးတမ်းစဉ်လာအယူအဆများက ဒီမိုကရေစီသဘောတရားများစွာကို ကန့်သတ်ထားသည်။ ထုံးတမ်းစဉ်လာ အယူအဆများကို ဝေဖန်သုံးသပ်သူများက စစ်မှန်သောဒီမိုကရေစီ တွင်ရှိသော အခွင့်အရေးများသည် ယခုအခါ နိုင်ငံသားများအား တရားဝင်သတ်မှတ်ပေးထားသည့် အခွင့် အရေးများထက် များစွာပိုသည် ဟုဆိုသည်။ တရားဝင်သတ်မှတ်ပေးထားသည့် အခွင့်အရေးဆိုသည်မှာ နိုင်ငံ သားများအနေဖြင့် မိမိတို့အား အုပ်ချုပ်မည့်သူများကို မိမိတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိခြင်း ဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီကပေးထားသည့် အခွင့်အရေးများတွင် စီးပွားဥစ္စာရှာဖွေစုဆောင်းခွင့်နှင့် လူမှုရေး တရားမျှတမှုများလည်း ပါဝင်သည် ။ လူမှုရေး ၊ တရားမျှတမှုကို မြင့်မြတ်စွာ မဆောင်ရွက်နိုင်ပါက ယခုလို အကန့်အသတ်နှင့်သာ ရှိနေသည့် ကာလမျိုးတွင်ပင် ဒီမိုကရေစီအတွက် အန္တရာယ်ကျရောက်နိုင်သည်ဟု ဆိုသည်။ ဤကိစ္စသည် မသေရုံစားလောက်သည့် လုပ်ခရရှိရေးအတွက် အလုပ်လုပ်နေကြသော ဖွံ့ဖြိုးဆဲ ကမ္ဘာနှင့်သာ သက်ဆိုင်သည်မဟုတ် ။ ဖွံ့ဖြိုးပြီးကမ္ဘာမှလုပ်သား သန်းပေါင်းများစွာနှင့်လည်း သက်ဆိုင် သည်။ ချမ်းသာသောနိုင်ငံများတွင် လူဦးရေအတော်များများသည် ဆင်းရဲသည်ဟု သတ်မှတ်ထားသည်ထက် နိမ့်ကျသည့်အခြေအနေတွင် နေထိုင်ကြရသည် ။ ယင်းတို့အထဲတွင် နိုင်ငံရင်းသားများ ၊ ပြည်ပမှ ၀င်ရောက် လာသူများ၊ တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးနှင့် ကလေးများပါဝင်သည်။ ထိုသူများသည် ပညာသင်ယူ နိုင်သည့် အခွင့်အရေးကိုလည်း အပြည့်အ၀မရရှိကြချေ ။ ယခုအခါ ချမ်းသာသောနိုင်ငံများတွင် ဒီမိုကရေစီ သည် ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း သိသာမြင်သာသော အခြေအနေတွင် ရှိနေပြီဖြစ်သည်။ လွန်ခဲ့ သော ဆယ်စုနှစ်များအတွင်း ချမ်းသာသူများနှင့်  အခြားသူများအကြား ၀င်ငွေနှင့် ကြွယ်ဝမှုကွာခြားခြင်းမှာ ပို၍ကျယ်ဝန်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံပိုင်ကုမ္ပဏီများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းနှင့် စီးပွား ရေးဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဖျက်သိမ်းခြင်းတို့ကြောင့် နိုင်ငံတော်၏ အခန်းကဏ္ဍနှင့် နိုင်ငံတော်အား အမှီပြုနေရသည့် မဲဆန္ဒနယ်တို့၏ အခန်းကဏ္ဍမှာ သိသိသာသာလျော့ကျခဲ့ရသည် ။ ယင်းသို့ဖြစ်ရခြင်း ကြောင့် အဆုံးအဖြတ်ပေးခြင်းသည် လုပ်ငန်းကြီးများ၏ လက်တွင်းသို့ ကျရောက်ခဲ့ရသည် ။ ဤစနစ်က လူသားကိုယ်တိုင် မဲပေးခြင်းမဟုတ်တော့ဘဲ ဒေါ်လာနှင့် ယူရိုတို့က ဆန္ဒမဲပေးသည့် သဘောသက်ရောက် ခဲ့လေသည်။

စီးပွားရေး မညီမျှမှု ကျယ်ဝန်းခြင်းသည် ဒီမိုကရေစီအတွက် အင်အားကြီးမားသော ရန်သူဖြစ်သည်။ ချမ်းသာ သောနိုင်ငံများတွင် ဤသို့ ခြိမ်းခြောက်မှုသည် တစ်နေ့တစ်ခြားကြီးထွားလာနေကြောင်း တွေ့ရှိရသည်။

Ref: Democracy Groundwork Guide, PP7 - 15
ဘုန်းလူလှ ၏  The Hot News vol.1 , No-3 ပါ ဆောင်းပါးအား ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည် ။


1 comments:

  1. ဒီမိုကရေစီတဲ့ ... အစိုးရနှင့် သဘောထားမတူညီသည့် အဖွဲ့အစည်းများ၏အခွင့်အရေးကို ဖွဲ့စည်းပုံဥပဒေမှာပါ ထည့်ပြီး ပြဌာန်းထားတယ် . . . စစ်အာဏာရှင်လုပ်ကွက်တွေက ရယ်ရတယ်

    ReplyDelete

never ... never ... never ...never ... never Give Up !