လူမှုကွန်ယက်များ ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်







မြန်မာ လူငယ်တွေ အသုံးများ တဲ့ အင်တာနက်လူမှု ကွန်ယက် တွေ ဖြစ်တဲ့ Face Book,Twitterနဲ့  Buzz စတဲ့ အွန်လိုင်း ကွန်မြုနတီ တွေ မှာ နေအိမ် အကျယ်ချုပ် ကလွတ်မြောက်လာတာ နှစ်ရက်ပဲ ရှိသေး တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓာတ်ပုံတွေ မိန့် ခွန်းတွေ ကို တင်ထားပြီး ဆွေးနွေး  ထောက်ခံ မှု တွေ ကို လူငယ် တွေ က ဦးဆောင် ပြုလုပ်နေကြပါတယ်။

လူမှု ကွန်ယက် တွေ မှာ ပျံနေ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပြန်လည်လွတ်မြောက် မှု အမှတ်တရများထဲမှ မြန်မာ့ အရေး ဖေ့ဘွတ် စာမျက်နှာ က  “အမေ့ ဟောပြောပွဲက ၀မ်းသာစရာ ဖြစ်ရပ်ကလေးပါ”ဆို တဲ့ ယမန်နေ့ ဒေါ်စု မိန့် ခွန်းက ကောက်နှုတ်ချက် နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည် မှာ ပါဝင်တဲ့အက္ခရာ တွေ ကို ဂုဏ်ဖော်ထား တာကို ဖော်ပြလိုက်ပါတယ်။
အမေစု—— မြန်မာ ပြည်သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သည်းငြီးခံတတ်ကြတယ်… ဟုတ် တယ်မလား…
ပြည်သူများ—- ဟုတ်ပါတယ်…..
အမေစု—- တကယ်ရော ဟုတ်ရဲ့လာ….
ပြည်သူများ—- ဟုတ်ပါတယ်….
အမေစု—- ဒါဆိုစမ်းကြည့်ရမလား….
ပြည်သူများ—- စမ်းကြည့်ပါ….
အမေစု— ဒါဆိုရင် စမ်းမယ်နော်…. ဒီရှေ့က(စင်ရှေ့က)လူတွေက ကျမအသံကို ထိုင်ပြီးတော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက်(ရွှေဂုံတိုင်ဘက်ခြမ်း)ကလူတွေရယ် နောက်က လူတွေရယ်က မတ်တပ် ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ် ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲ ပေးလိုက်ပါလား…..
အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ….အမေစု အဲလိုဘဲ ပြောလိုက်ရော…ချက်ခြင်းဘဲ ရှေ့ကလူတွေက ထပြီး နောက်ကလူတွေနဲ့ နေရာလဲပေးကြတာဗျာ…. အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ…
ထောင်သောင်းချီနေတဲ့ လူအုပ်ကြီးအာ ချက်ချင်း နေရာလဲပေးကြတာဗျာ…
အံ့သြဖို့ ကောင်းလိုက်တာ….
ဒါဘဲဗျ…. ခေါင်းဆောင်ကောင်းဆိုတာ…လူတွေရဲ့ ရင်ထဲမှာ ခေါင်းဆောင်လို့ သတ်မှတ်ထားရင် သေနတ်ပြ ပြီး အုပ်ချုပ်နေစရာမလိုဘူး…. ထောင်နဲ့ခြောက်ပြီးလဲအုပ်ချုပ်နေစရာမလိုဘူး…
စကားလေး တစ်ခွန်းပြောပြီး ညင်ညင်သာသာခိုင်းရုံနဲ့ လူတွေက လိုက်လုပ်ပြီးသားဘဲဗျ…
လေးစားဖို့ကောင်းလိုက်တာဗျာ…. 
ဟောပြောပွဲသို့ ကိုယ်တိုင်သွားရောက်နားထောင်လာသော သောကြာကောင်ကောင် ၏ message အား ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ပေးပို့သူ သောကြာကောင်ကောင် အားအထူးပင် ကျေးဇူးတင်ရှိပါ သည်။
နောက် တစ်ခု ကတော့ ဒေါ်စု အိမ်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းကို ကန့် သတ် နယ်မြေ လုပ်ထား တာကြာတော့ အခု ဘတ်(စ်)ကား တွေ ဖြတ်တဲ့ အခါ ခရီးသွား တွေ ဒရိုင်ဘာ တွေ ၊လက်မှတ်ရောင်း တွေကမှတ်တိုင် ဘယ်နားမှာ ရှိ ခဲ့မှန်းတောင် မသိတော့ ကြုံ တဲ့ နေရာ ရပ်ကြတဲ့ ဆိုပါတယ်။ လှည်းတန်း မှာအဆောင်နေပြီး ရန်ကင်း စင်တာ မှ အလုပ်လုပ်သူ တစ်ဦးကတော့ မှတ် တိုင်ဟောင်း နေရာ လေးတွေ နဲ့ နာမည် တွေ သိရင် ကူညီ ပါအုံး ဆိုပြီး FNG ကို စာပို့ လာပါတယ်။
သိတဲ့သူများ ရှိရင် ပြောပေးကြပါအုံး ..

Freedom News Group

လုပ်ငန်းခွင်ဝင်နေသူတွေအတွက်


၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ
သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို
စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။
စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။
ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ
စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။
သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ
အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။
ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ
ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ
ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊
ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း
အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊
ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ
ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက်
အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။
လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က
တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

မေမွန်ကျော်

မေတ္တာငတ်မွတ်လို့ သေဆုံးနေရသူတွေ



ဒီနေ့ကမ္ဘာမှာ

အကြီးကျယ် အဆိုးဝါးဆုံးရောဂါဟာ

တီဘီလည်း မဟုတ်ဘူး၊

အနာကြီးရောဂါလည်း မဟုတ်ဘူး။

နှစ်သက်လိုလားသူ မရှိတာ၊

မေတ္တာထားခြင်း၊ ကြည့်ရှု့စောင့်ရှောက်ခြင်း ကင်းမဲ့တာ၊

ပေယျာလကန်အပြုခံရတာတွေပါပဲ။

ကိုယ်ကာယရောဂါတွေကို

သာမန်ဆေးဝါးများပေးလို့ရပေမယ့်၊

အထီးကျန်ခြင်း

စိတ်ပျက်အားလျှော့ခြင်း

မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့

မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်။

ဒီနေ့ကမ္ဘာမှာ

ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်နေသူတွေ

အမြောက်အများရှိနေတာ မှန်သလို

မေတ္တာအကြင်နားလေး

နည်းနည်းမှ မခံစားရလို့

သေဆုံးကြမယ့်လူတွေလည်း

ဒုနဲ့ဒေးပါ ။ ။။ ။


မာသာထရီးဇာ

ဆရာဖေမြင့် ၏ နှလုံးသားအဟာရများမှ ပြန်လည် ဖော်ပြပါသည်။

နိုးထကြလော့ (သီချင်းနှင့် စာသား)


နိုးထကြလော့ သွေားသားရင်းတို့ … ကြိုးစားပစ်ဖို့ မျှော်လင့်သောနေ့ရက်တို့ဆီ….မော်ကွန်း သစ်သမိုင်း စာမျက်နှာ …အတူပါဝင်လို့ ရှေ့ကို ……. ညီညွတ်ခြင်းများနဲ့ အသက်ပေး…ရေး ခြစ်စို့ …. ကုန်လွန်လေသော နှစ်လရက်တို့ … ရာစုနှစ် တစ်ဝက်ကို ဖြတ်သန်းခဲ့ပြီ …

အာဏာရှင်ရဲ့ ရက်စက်မှုကြောင့် အတိတ်ဆိုးတို့ သမိုင်းမှာ တွင်ရစ်ခဲ့ပြီ … အာဇာနည်မျိုး … သွေးသား အသက်တို့ .. ကုန်ဆုံးသွားသည့်တိုင် မကြောက်ဘူး ဆက်မည် .. လာလေ ဒို့အမျိုး အားလုံးဇွဲနဲ့ ဒီအမိုက်ဇာတ်ကြီးကို နိဂုံးချုပ်မည် … ရှေ့ဆက်ရမည် … ကြိုးစားရမည် … ဇွဲ သတ္တိညီ ကမ္ဘာသိပြီ … စည်းကမ်းရှိပြီ တိုးတက်ခေတ်မှီ အလင်းတန်းနေ့ဆီ .. ဒီမိုကရေစီ … ရဟန်း ရှင်လူ ပြည်သူများ …သွေးစက်တို့ နဲ့ ရေးမည် … ကမ္ဘာမကျေဘူး ..ဟေ့ ဒို့ကမ္ဘာမကျေ ဘူး .. ညီညာလက် ရဲတဲ့ ဒီသွေး … အသက်စွန့်မယ်ဟေ့ ..ဖိနှိပ်မခံဘူး … တိုက်ထုတ်မယ် … လာဟေ့ …….

လူမဆန်သော ညှင်းပန်းမှုကြောင့် ဒို့အားလုံး ကိုးကွယ်ရာ မဲ့လိမ့်မည် … သာသနာအတွက် .. ကြီးမြတ်လှတဲ့ .. ရှင်ရဟန်းများသွေးတွေ မြေခနှင့် ပြီ .. နိုင်ငံတော်ကြီး ရှေ့ဆက်ကြဖို့ … အနာ ဂတ်၏ အလင်းရောင် မှောင်အတိ မရှိမှီ .. လာလေ ဒို့အမျိုး နိုးထကြလော့ ဒို့သွေးသား အရင်းတွေ စုစည်းကြမည် … ရှေ့ဆက်ရမည် ကြိုးစားရမည် .. ဇွဲသတ္တိညီ ကမ္ဘာက သိပြီ .. ရောက်လုနီးပြီ တိုးတက်ခေတ်မှီ .. အလင်းတန်းနေ့ဆီ .. ဒီမိုကရေစီ .. ရဟန်းရှင်လူ ပြည်သူများ သွေးစက်တို့နဲ့ ရဲနီ .. ကမ္ဘာမကျေဘူး ..ဟေ့ ဒို့ကမ္ဘာမကျေ ဘူး .. ညီညာလက် ရဲတဲ့ ဒီသွေး .. အသက်စွန့်မယ်ဟေ့ ဖိနှိပ်မခံဘူး … တိုက်ထုတ်မယ် လာဟေ့ …

သီချင်းလေးနားထောင်ချင်ရင် နိုးထကြလော့ လူငယ်အပေါင်းတို့

ကူးယူဖော်ပြခြင်း ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကိုယ်လုပ်နိုင်တာအတွက် ဂုဏ်ယူပါ

Photobucket


ကိုယ်ပိုင်ကားစီးနိုင်သူတို့က ကားစီးသသည်ကို ဂုဏ်ယူနိုင်သလို လမ်းလျှေက်နေသော ကျွန်တော်တို့က လမ်း လျှောက်ရသည်ကို ဂုဏ်ယူပါသည် ။
ဆီဦးထောပတ် စားနိုင်သူတို့က ဆီဦးထောပတ် စားသည်ကို ဂုဏ်ယူနိုင်သလို ငပိချက်နှင့် တို့စရာ သာစား နိုင် သောကျွန်တော်တို့က ငပိချက်စားနိုင်သည်ကို ဂုဏ်ယူပါသည် ။

သို့သော် 
သင့်အနာဂတ် ဘာဖြစ်အောင်လုပ်မည်နည်း
ကျွန်ုပ်လည်း လုပ်နိုင်ရမည် ။

သင် (၁၀)တန်း အောင်ခဲ့လျှင်
ကျွန်ုပ်လည်း အောင်နိုင်ရမည်။

သင် University တတ်နိုင်ခဲ့သော်
ကျွန်တော်လည်း University တက်နိုင်ရမည်။

သင်တော်လှန်ရေး တိုက်ပွဲဆင်မည်ဆိုလျှင်
ကျွန်ုပ်လည်း သင်နှင့် အတူရှိပါသည်။
ဒါကြောင့် ယှဉ်ပြိုင်ဖို့ ကျွန်ုပ် စိန်ခေါ်ဝံ့သည်။

ဘီလူးက အစွယ်နှင့် အလှပြင်လျှင်
ဒေါင်းက အမှီးနဲ့ အလှပြပါလိမ့်မည် ။
ငါတို့ ရှိတာ နှင့် ဂုဏ်ယူနိုင်ရမည်။
လုပ်နိုင်တာကို လုပ်ရမည်။

ဆောင်းပါးရှင် = စိန်ခေါ်သူ

University ကျောင်းသားများ သိစေရန်


University ကျောင်းသားများ သိစေရန် ဆိုလို့ ကြေငြာချက်ထုတ်တယ်လို့ မထင်လိုက်ပါနဲ့။ သိစေလိုတဲ့ စိတ်စေ တနာတစ်ခုတည်းနဲ့ ပဲ အသိပေးချင်တာပါ။ အခုခေတ်မှာ ကျောင်းသားတွေက မင်းသား တွေ့နဲ့ တောင် မှား လောက်ပါပေတယ်။ ပြင်ကြဆင်ကြနဲ့ ။ ကိုယ့်ယို့ကားယားတွေနိုင်လွန်းလို့ သတိပေး ချင်တာပါ။ လူငယ်သဘာဝ အလှ ကြိုက်တယ်ဆိုပေမယ့်လည်း အဲဒီဘက်မှာ ပိုအလေးသာ နေတာတွေ့ ရတော့ သိပ်စိတ်မကောင်းဘူး။
တကယ်တော့ ကျောင်းသားတွေအတွက် ဒါတွေက သိပ်မလိုအပ်လှပါဘူး ။ မင်းသားဆိုတာက လူကြည့် အောင်၊ အများစိတ်ဝင်စားအောင် ဆံပင်ပုံစံအမျိုးမျိုးလုပ်လိုက် အ၀တ်အစားတွေ အမျိုးမျိုး ၀တ်လိုက်နဲ့... ဒါမှ သူတို့က ပိုက်ဆံရမှာလေ..။ ဒါပေမယ့် ကျောင်းသားကြတော့ သူတို့ကို အားကျနေစရာ မလိုဘူးထင်ပါတယ်။ မင်းသား ၀ါသနာ ပါသူကလွဲလို့ပေါ့။ မင်းသားလုပ်မယ့် ကျောင်းသားတွေ ဆိုရင်တော့လည်းမပြောလိုပါဘူး။
ကျောင်းသားတွေမှာ တာဝန်ကိုယ်စီရှိပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ကိုယ်စီ ရည်ရွယ်ချက်အသီးသီးရှိသင့် ပြီး မိမိချမှတ်ထားတဲ့ ရည်ရွယ်ချက်ကို တိကျခိုင်မာတဲ့ ဆုံးဖြတ်ချင်နဲ့ လျှေက်လှမ်း ရမှာဖြစ်ပါတယ်။
လူရယ်လို့ ဖြစ်လာကတည်းက တာဝန်ကိုယ်စီ နဲ့ပါ ။ ဒီနေရာမှာ အကြမ်းဖျင်း တာဝန်ကို (၃)မျိုးလောက်ခွဲ လိုက်ရအောင် ။ အဆင့်အနိမ့်ဆုံးဆိုရင်တောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်း နိုင်ရပါမယ် ။ ဒုတိယတန်းစား အဆင့်လောက်ဆိုရင် မိမိရဲ့ ဆွေမျိုးညာတိကို ကူညီပံ့ပိုးနိုင်သူပါ။ ပထမတန်း စားလူဆိုတာကတော့ ပရဟိတ စိတ်ထားနဲ့ မိမိနိုင်ငံ အကျိုး၊ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး ဆောင်ရွက် နိုင်စွမ်း ရှိသူပါ ။
ကဲ ... ဒီလိုဆိုတော့ ကျောင်းသားတွေကို ပြည်သူအများက သာမန်ထက်ပိုပြီး မျော်လင့်ထားကြပါတယ်။ ဒါကို သတိထားကြပါ ။ ကျောင်းသားများ သင်တို့ကို လူအများစိတ်ဝင်စားပါတယ်လို့လည်း ပြောပြရအုံးမယ်။ ကျောင်းသားတွေကို အားကိုးချင်စိတ်ရှိတယ် ။
ကျောင်းသားများကလည်း အားကိုးထိုက်အောင် နေထိုင်ပြောဆိုပြီး ကြီးမားတဲ့ ရည်ရွယ်ချက်တွေထားရှိသင့် ပါတယ်။ “ ရိုးရိုးကျင့် မြင့်မြင့်ကြံ ” ဆိုတဲ့ စကားလိုပေါ့ ကျောင်းသားများဟာ မြင့်မြင့်ကြံသင့်တယ်လို့ပြောချင် တာ ။ ဘယ်နေရာ ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် အမျှော်အမြင်ရှိရှိနဲ့ ပညာရှိတဲ့ ကျောင်းသားလူငယ် တွေရဲ့ ဂုဏ်ကို ဖော်ဆောင်ကြစေချင်တယ် ။
ကျောင်းသား အားလုံး ကို ပထမတန်းစား အဆင့်ထဲမှာ ထည့်တွက်ပြီး ရည်ရွယ်ချက်ကြီးမာသော၊ အမျှော် အမြင်ရှိသော ကျောင်းသားတွေ ဖြစ်စေချင်တဲ့ စေတနာနဲ့ ရေးသားတာပါ ။

အားလုံးကို လေးစားစွာဖြင့်

ရေးသားသူ = အချစ်တော်

အိမ်ထောင်ရေးဟူသည်




“အိမ်ထောင်ပြုတယ်ဆိုတာ လွယ်ပါတယ်။ အိမ်ထောင်သည် အဖြစ်နဲ့ တစ်သက်ပတ်လုံး ပျော်ပျော်ရွှင်ရွှင် နေတာ ကတော့ ထိပ်တန်း အနုပညာ များ နဲ့တန်းတူ ရှိသင့်ပါတယ်” ဟူသော အိမ်ထောင်ရေး ဆိုင်ရာ အဆို အ မိန့် တစ်ခု ကို ရောဘက်ဖလက်ခ် (Robert Flack) က ဖွင့်ဆိုခဲ့သည်ကို ကျွန်တော်သတိ ရနေသည်။ အိမ် ထောင်ရေးသည် သူစိမ်းများ ကို မိသားစု ဆွေမျိုးများ အဖြစ်သို့ ရောက်ရှိစေသော အတွေးအခေါ် အမြင် တစ်ရပ်ကို ဒေးဗစ်မာရေး (David Murray) က ယခုလို ရှင်းပြထားသည်။
အိမ်ထောင်မပြုသူ များပြားခြင်းသည် ဘေးဒုက္ခအလား အလာ အမှတ်လက္ခဏာကို လှစ်ဟပြသည်ဟု မနုဿဗေဒ ပညာရှင်များ က ယူဆထားသည်။ လူမှုးရေး အသိုက်အမြုံတိုင်း ကို အိမ်ထောင်ရေးပေါ်တွင် တည်ဆောက်ထားသည်။ ယင်းသည် သူစိမ်းများကို ဆွေမျိုးသားချင်း ဖြစ်စေသည်။ ရန်လိုသော ပြင်ပပုဂ္ဂိုလ်များအား မယားဖက်၊ လင်ဖက် ဆွေမျိုး များ ဖြစ်စေသည်။
အာဖရိကတိုက်တွင် ဆိုရိုးစကား တစ်ခုရှိသည်။ “သူတို့ဟာ ကျွန်တော်တို့ ရန်သူတွေဖြစ်တယ်၊ ဒါကြောင့်သူတို့ကို ကျွန်တော်တို့ ထိမ်းမြှားလက်ထပ်ယူတယ်” ဟု ဆိုရိုးစကားပင် ဖြစ်သည်။
အိမ်ထောင်ရေးသည် မိသားစုအား ယင်းတို့၏ စီးပွားရေး ၊ ငွေပင် ငွေရင်းကို တိုးစေသည်။ ထို့အပြင် ပို၍ အရေးကြီးသည့်အချက် ဖြစ်ကောင်းဖြစ်နိုင်သည် မှာ လူမှုရေး အရင်း အနှီးများ တိုးတက်စေသည်။ သင်နှင့်ဇနီး၏ ဦးလေးတို့သည် တစ်ဦးနှင့်တစ်ဦး နှစ်သက် ချင်မှ နှစ်သက်ပေမည်။ သို့သော် အိမ်ထောင်ရေးသည် အတုန့်အပြန်တာဝန် ၀တ္တရား ရှိစေသည်။ သင်သည် တစ်စိတ်တစ်ပိုင်းအား ဖြင့် အခြားသူ တို့၏ ဖူလုံရေး အတွက် တာဝန်ရှိသည်။

ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။

ဆန္ဒရမက်ဆိုတဲ့ ဆာလောင်မှု



ကလေးငယ်တစ်ဦးသည် ဆာလောင်မှုကို လှစ်ဟပြသည့် အနေဖြင့်ငိုသည်။ မိခင်က သူ့ကို နို့ချိုတိုက် ကျွေး သောအခါ ကလေးငယ်၏ ဆန္ဒရမက်ပြေ ပျောက်သွားသည်။ အရွယ်ရောက်လာတော့ လိုအင် ဆန္ဒ များကို လောဘမတက်နိုင်လျှင် ပြေရန်မလွယ်ဟု တရား သဘောအရ နားလည်သိရှိ ခံစားမိသည်။ သည် လိုနှင့် ဆန္ဒရမက် ဆိုတဲ့ ဆာလောင်မှုကို ပုထုဇဉ်တို့ ရင်ဆိုင်ခံစား နေကြသည်။ ဆန္ဒရမက် ကို ဘ၀ တွင် မည်သို့ တန်ဖိုးထား သင့် သနည်းဟု ကျွန်တော် စောကြောနေမိသည်။
သည်စော ကြော မှု၏ အဖြကို ဘာဘရာဒီအိန်ဂျယ်လီးစ် ( Barbara De Angelez) ဆိုသူက သူ့အတွေး ကွန် ယက်ဖြင့် လှစ်ဟပြသည်။ ရှု့ပါလေဦး။
ကျွန်တော်တို့ လူသဘာဝတွင် လုံးဝဥဿုန် ခံစားချက်ဝင်ရန် ဈာန်ဝင်စား သ ကဲ့သို့ လွင့်မျောမှုကို တမ်း တ ချက်ရှိသည်။ ကျွန်တော်တို့ ကို ဖြေဖျော်သည့် အရာကား ဆန္ဒရမက် ပင် ဖြစ်သည်။ ရမက် မပါပဲ စာအုပ်တစ် အုပ်ကို ရေးသားလျှင် သင်စိတ်ဝင် စားမှု ခေါင်းပါးသည်။ အသင်း တစ်သင်း ရမက်မပါပဲ ကစားလျှင် ပွဲသည်ငြီးငွေ့စရာ ကောင်းလှသည်။ “ဒီငတိတွေ အိပ်ပျော်နေတယ်” ဟု ပရိတ်သက် က အပြစ်ဆိုမည်။
ဤဆာလောင်မှုကို ကျွေးမွေးရန် ကျွန်တော်တို့သည် ကျွန်တော်တို့၏ ခံစား ချက်များကို အမြင့် ဆုံးအ ဆင့် နိုးကြားနိုင်သူ ကို တုန့်ပြန်ချက် ချီးမြုင့်သည်။ ရုပ်ရှင်သရုပ်ဆောင်များ၊ အားကစား သမားများ၊ ဂီတ ပညာ ရှင်များ သည် ကျွန်တော်တို့၏ စိတ်ဆန္ဒရမက် ကို နိုးကြားစေ တက်သော ကြောင့် သန်းပေါင်း များစွာ ၀င်ငွေရကြသည်။


ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။


ပျောက်ဆုံးခြင်းနှင့် ရှာဖွေခြင်း





လူ့ ဘ ၀တွင် ပျောက်ဆုံးနေသော အရာများစွာ ရှိတက်သည်။ ချစ်သူပျောက် လျှင်ရှာကြသည်။ ရတနာ ပျောက် လျှင်ရှာကြသည်။ ရုပ်ဝတ္ထု ပျောက်ဆုံး ခြင်းအတွက် ရှာပုံတော်ဖွင့်ရင်း ကျွန်တော်တို့ လူသားတွေ အမောလှိုင်းများ ရင်ခုန်နေ ကြသည်လေ။ ပျောက်ဆုံး ခြင်းအတွက် ရှာဖွေခြင်းသည် ထာဝရ ရှိနေသော လုပ် ရပ်။ သည်လိုနှင့် ဘ၀ခရီး လမ်းမှာ ပျောက်လေ ရှာလေနှင့် ကျွန်တော် တို့တတွေ.............။
Gid Lahav ဆို သူက ပျောက်ဆုံး နေသော အရာများကို ရှာဖွေရန် နည်းလမ်းများ ကို သူ့အတွေး ကွန် ယက်ဖြင့် ဖွင့်ဟပြသည်။
ပျောက်ဆုံးနေသော အရာများကို ရှာဖွေရန် နည်းလမ်းနှစ်သွယ် ရှိသည်။ ယင်းမှာ မတော်တဆ (သို့မ ဟုတ်) ဆဲရေးတိုင်း ထွာ၍ တစ်အိမ်လုံး ကို တစ်စစီ ဖျက်ချရန်ဖြစ်သည်။ အချိန်ပို၍ ကုန်သည်ဖြစ် သော် လည်း ဒုတိယနည်း က ပို၍ အားရစရာ ဖြစ်သည်။ ကာလကြာရှည်စွာ ပြင်းထန်စွာ ရှာ ဖွေရခြင်း သည် ဂဏှာမငြိမ်ပဲ ရင်ဖိုစေသည်။ စိတ်တင်းရင်းစေသည်။ ပစ္စည်းကို ပြန်တွေ့ပါမှ ထိုစိတ်တို့ပြေ လျှော့သည့် အရသာကို ခံစားရသည်။ ဤပုံစံဖြင့် ပျောက်ဆုံး သော ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိမှုသည် ကျွန်တော်တို့ဘ၀ ကို ကျွန်တော်တို့ ကွတ်ကဲနှိင်သည် ဟူသော ယုံကြည် ချက်ရှိစေသည်။

ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။

Double-think Double-talk Double-standard


ကျွန်တော်တို့ငယ်ငယ်က လောကကြီးကို အဖြူ၊ အမည်း နှစ်မျိုးတည်းပဲမြင်သည်။ ဖြူသည်၊ မည်းသည်။ မှန် သည်၊ မှားသည်။ တရားသည်၊ မတရားသည်။
အတွေ့အကြုံနည်းတော့ ကျွန်တော်တို့သိတာတွေလည်း နည်းသည်။ သို့သော် သိသမျှ ရိုးရိုးစင်းစင်း ရှင်း ရှင်း က လေး။
နောက်တော့ တဖြည်းဖြည်း ပိုသိလာသည်။ ရှုပ်ထွေးတာတွေ မြင်လာသည်။ ဖြူတူတူ-ညိုတိုတို-မည်းတည်း တည်း စသဖြင့်။ မသိချင်၍လည်း မရ။ သြ၀ါဒတွေ မကြာခဏကြားနေရသည် ။
ဟေ့ကောင်အားလုံး တသမတ်တည်းချည်း မတွေးနဲ့။ ခြွင်းချက်ဆိုတာရှိတယ်။ တစ်ဦးချင်း တစ်ခုချင်းရဲ့ ထူးခြား တဲ့အနေအထားတွေနဲ့ လိုက်ရောညီထွေစဉ်းစားပေးရတာ ရှိတယ်။ လောကကြီးမှာ နေရာတကာ ရှင်းရှင်းလင်း လင်း တိတိကျကျ ဖြတ်လို့မရဘူး။ လောကသဘာဝဟာ အပိုင်းပိုင်းအပြတ်ပြတ်မဟုတ်ဘူး။ အကန့်လိုက် အကန့် လိုက် မနေဘူး။ တိကျတဲ့ နယ်နိမိတ်စည်းမရှိဘူး။ တစ်ဆက်တည်းစီးဆင်းရင်းက ပြောင်းလဲသွားရတာမျိုး။ ရောင်ပြေးအထည်လို ဒီဘက်ကပြာပေမယ့် ဟိုဘက်ကစိမ်းတယ်။ ပြာလိုက်၊ စိမ်း လိုက်၊ စိမ်းလိုက် ပြာလိုက်။ အဲဒီတော့တစ်ခုတည်း မူသေမှတ်တဲ့ အကျင့်ကို ဖျောက်။ မအနဲ့ ၊ မတုံးနဲ့၊ မကြောင်နဲ့။
နားလည်မှုရှိပါစေ။ ဟိုဘက်သည်ဘက် မြင်တတ်ပါစေ။ မယုတ်မလွန်ပြောတတ်ပါစေ။ လူရည်လည်ပါစေ။
သည်လိုနှင့် ကျွန်တော်တို့ နုရာမှ “ရင့်”လာကြသည်။
စကားကို ဟိုမရောက်သည်မရောက် ပြောတတ်လာသည်။ ယုံတာ မယုံတာ အပထား ရောယောင်ပြီး ဖြီးဖြန်း လုပ်တတ်လာသည်။
အမှတ်တမဲ့ အဖို့ကတော့ ဟုတ်သလိုလို။  အခုမှပဲတတ်လာသလိုလို၊ လိမ္မာလာသလိုလို။
သို့သော်“လိုလို”တွေနှင့်  အနေကြာလာသည့်အခါ ကျွန်တော်တို့ ခေါင်းထဲမှာ ကိစ္စတစ်ခုကို ဖြူသလား မည်း သလား မကွဲပြားတော့။ မှားသည်မှန်သည် မခွဲခြားနိုင်တော့။ တရားသလား မတရားသလား စဉ်းစားရ ကောင်းမှန်း မသိတော့။
နှစ်ခွတွေး၊ နှစ်မျိုးပြော၊ နှစ်ပုံစံရပ်ကာ ကျင်လည်လာရင်း တဖြည်းထက်တစ်ဖြည်း ငယ်စဉ်က ရှိခဲ့သည့် ရိုးစင်း ဖြောင့်မှန်သော အသိဥဏ်တွေ ကွယ်ပျောက်ကာ အရာရာမှာ ၀ိုးတိုးဝါးတား နှင့် “သုညသမား” ဖြစ် တော့မည် ။
[ သည်အတွက် ဖြေဆေးက အသိဥာဏ်( Intelligence) နဲ့ စိတ်ဓာတ် သတ္တိ(moral courage) ။ အဲသည် နှစ်ခု ဖွံ့ ဖြိုးအောင်ဖြည့်ဆည်းပေးနိုင်တာ ပညာရှာဖွေမှု (education)]

double-think = ဆန့်ကျင်ဘက်အယူအဆ နှစ်မျိုးကို တစ်ပြိုင်နက်တည်း လက်ခံခြင်း ။
double-talk = ဝေ့လည်ကြောင်ပတ် မရေမရာ ပြောဆိုခြင်း၊
double-standard = စံနှစ်မျိုးထားခြင်း၊ လိုသူကို တစ်မျိုး မလိုသူကို တစ်မျိုး ခွဲခြားသတ်မှတ်ခြင်း ။

ဖေမြင့် ( စာဖတ်သမား၏ မှတ်စုများ)

အစဉ်လေးစားလျှက်ပါ
ငါ့ကြောင့် သူတစ်ဦးအား စိတ်အနှောက်အယှက် မဖြစ်ရပါစေနဲ့။

Labourer, Craftsman နှင့် Artist


အလုပ်နှင့်ပတ်သတ်လျှင် အကြမ်းအားဖြင့် နှစ်မျိုးခွဲပြောလေ့ရှိကြသည်။

ကာယအလုပ်၊ ဥာဏအလုပ်။

အဲဒါကို အကြောင်းပြုကာ အလုပ်လုပ်သောသူများကို နှစ်မျိုး ခွဲကြသည်။
ကာယလုပ်သား၊ ဥာဏလုပ်သား။
လူဝီနိုက်ဇာ (Louis Nizer) ဆိုသော ပုဂ္ဂိုလ်ကတော့ သုံးမျိုးခွဲသည်။
လက်ချည်းသက်သက် သုံး၍ အလုပ်လုပ်သူကို အလုပ်ကြမ်းသမား သို့မဟုတ် ကာယလုပ်သား( Labourer) ၊

လက်ရော ဦးနှောက်ပါသုံး၍  အလုပ်လုပ်သူကို ပညာသည် (Craftsman) ၊

လက်နှင့် ဦးနှောက်သာမက နှလုံးသားပါသုံး၍ အလုပ်လုပ်သူကို အနုပညာရှင်(Artist) ဟူ၍။

ဖေမြင့် (စာဖတ်သမား၏ မှတ်စုများ)

I can't live without writing. So  ReWriTing

စိတ်ကူးစိတ်သန်းပေါင်းစည်းခြင်း



လူတစ်ယောက်၏ အိုင်ဒီယာနှင့် အ ခြားသူ တစ်ဦး၏ အိုင်ဒီယာ သည် မတူနိုင် ချေ။ စိတ်ကူး စိတ် သန်း (idea) ကြောင့် တွေးခေါ် ခြင်း (thinking) ဖြစ်ပေါ်လာရသည်။ စိတ်ကူး စိတ်သန်း များသည် လူသား များ၏ ထူးခြား သော အတွေးအ ခေါ်ကို ဖွင့်လှစ် ပြသ သော တံခါးပေါက် ဖြစ်သည်။

စိတ်ကူး စိတ်သန်းနှင့် တွေးခေါ်ခြင်းတို့၏ သဘာဝကို အဲနီ-ဆိုဖီ-ဆွတ်ရှမ် ( Anne-Sophie-Swetchme) ဆိုသူ က လှပသော ဥပမာ ဖြင့်တင်စား ခဲ့သည်။
“စိတ်ကူး စိတ်သန်း များ ရှိခြင်းသည် ပန်းများ ကောက်ခြင်း ဖြစ်သည်။ တွေးခေါ် ခြင်းသည် စိတ်ကူး စိတ်သန်း များ ကို ပန်းကုံး များ အဖြစ် သီခြင်း ဖြစ်သည်”
စိတ်ကူး စိတ်သန်း များ ကို ပေါင်းစည်း ခြင်းဟူသော အတွေးကွန်ယက် ကို ဖွင့်ဟ ပြသူ ကားဂီရတ်နီရန်ဘတ်(ဂ်ျ) (Gerard Nierenberg) ဆို သူ ပင်ဖြစ်သည်။
ကျွန်ုပ်က သင့်ကို ကျွန်ုပ် စိတ် ကူး စိတ်သန်း ပေးခြင်းအား ဖြင့် သင်က ကျွန်ုပ်ကို သင့်အိုင်ဒီယာပေး လျှင် ကျွန်ုပ်တို့ တစ်ယောက်ချင်းတွင် အိုင်ဒီ ယာ နှစ်ခုစ်ီရှိ ပြီး နှစ်ယောက်ပေါင်းလျှင် စိတ်ကူး စိတ်သန်း လေးခု ရှိကြ ပေမည်”
ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။

ကမ္ဘာကြီးနှင့်ထိတွေ့ခြင်း

ကျွန်တော်တို့သည် ဘ၀နေရေးအတွက် လူ့အဖွဲ့အစည်းအတွင်း ကြီးပြင်းရှင်သန်နေကြသည်။ ကလေးဘ၀မှ သည် လူကြီးဘ၀ အထိ သေဆုံးခြင်း မတိုင်ခင် အချိန်ထိ ၊ တကယ်တော့ ကျွန်တော်တို့ ဘ၀ကို လူ့အဖွဲ့ အစည်း က ပိုင်ဆိုင်သည်။ ဤသည်ကြောင့် ကျွန်တော်တို့ အသက်ရှင်နေသရွေ့ ကျွန်တော်တို့တက်နိုင်သမျှ လူအဖွဲ့ အစည်း အတွက် လုပ်ဆောင်ပေး ရန်တာဝန် ရှိသည်။ ဤသည် မှာ ကျွန်တော်တို့၏ အထူးအခွင့် အရေးဟု ဆိုနိုင် သည်။ ကျွန်တော်တို့ သည် ဘ၀ကို ဘ၀ အဖြစ် နှစ် သက်သည်။ ပျော်ပိုက်သည်။ လူ့ဘ၀တွင် ဖ ယောင်း တိုင် မီးထွန်းတောက် ချိန်တို့ သကဲ့သို့ တိုသည်ဟူသော အယူအဆကို “ ဂျော့ဘနရှ်ရှော့” က လက်မခံ ချေ။ “ဂျော့ဘနရှ်ရှော့” ၏ အတွေးအမြင် က လှပသည်။ ရှု ပါလေဦ ချစ်မိတ်ဆွေ။
“ဘ၀သည် ဖယောင်းတိုင် မဟုတ် ၊ ခံညားသော မီးရူးတိုင် ကြီးမျိုးဖြစ်သည် ။ ယခု အခိုက်အတန့် ၌ ကျွန်ုပ်၏ လက်ဝယ် ရှိနေသည်၊ ယင်းမီးရူးတိုင်ကြီးကို နောင်လာ နောင်သားတို့ က လက်မ ကမ်းမီ အစွန်း ကုန် ထိန်ထိန် တောက်အောင် ကျွန်တော် ပြုလိုသည်”
မိမိ ၏ ဘ၀ကို လူ့လောက အကျို အတွက် နှင်းအပ် ရန် ဖော်ညွန်းသော ဂျော့ဘနရှ်ရှော့ ( Geopge Bernard Shaw) လေးစား ၍ မဆုံး ။ ယခု တဖန် ဒေးဗစ်ဂျေဝိုပီ (David J. Wople) ဆိုသူ က ကမ္ဘာကြီးနှင့် ထိတွေ့ဖို့ ကလေးများ ကို သူ့ အတွေး အမြင်နှင့် ကွန့်မြူးပြသည်။ ရှုးပါလေဦး။
ကမ္ဘာ လောက ကြီး၏ မကောင်းမှုနှင့် တရားမဲ့ မှုတို့ နှင့် ပက် သက် ၍ ဘုရား သခင်ရှေ့တွင် အသည်း ကွဲစွာ ရပ်တန့် နေခဲ့သူ အကြောင်း ဇာတ်လမ်းကောင်း တစ်ပိုဒ် ရှိသည်။
“ဘုရားသခင် ၊ ဘုရား သခင် ရဲ့လော ကကြီးမှာ ဒုက္ခ၊ သုခတွေ ၊ ဝေဒနာတွေ ၊ ဘေးဒုက္ခတွေ ကို ကြည့် စမ်းပါ ။ ဘာကြောင့် အကူ အညီ မပေးပို့ခဲ့ သလဲ” ဤ တွင် ဘုရား သခင်က တုန့်ပြန် ပြောလိုက်သည်။
ငါ အကူ အညီ ပို့ခဲ့ပါတယ် ၊ မင်းကို ငါ ပို့ခဲ့သားပဲ
ကျွန်ုပ် ကလေး သူ ငယ်များ ကို ထို ဇာတ်လမ်း ပြန်ပြော သော အခါ တွင် သူတို့ တစ်ဦးချင်း အား ၊ ကမ္ဘာ ကြီးကို ပြု ပြင် ရန် စေလွတ် လိုက်သည် ဖြစ်ကြောင်း ပြောပြ ရမည်။ ယင်း သည် တဒင်္ဂ(သို့မဟုတ်) တစ်နှစ် အလုပ် မဟုတ်၊ တစ်သက်တာ အလုပ် ဖြစ်သည်။

ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။

စိတ်ကူးမျက်လုံး၏ အမြင်စွမ်းအင်




ရှေးအခါကတည်းက ရှိလာခဲ့သော အရင်းခံလိုအပ်သော အရာတို့ ၌ နှလုံးသားကို ထိစေနိုင်သော အင်းအာ ရှိကြ သည်။ ဥပမာ မှောင်သောည တစ်ညတွင် အထီးကျန်တဲကလေးမှ အလင်းရောင်တစ်ခု။ထိုအ ကြောင်း ခြင်း ရာ ကဗျာဆရာတို့အတွက် အကောင်းဆုံးဦးတည်ချက် ဖြစ်လာသည်။ ယင်းသည် တောင်များ၊ ကုန်းများထက် ပို၍ အဓိပါယ် အနှစ်သာရ ရှိသည်။ သရုပ်ဖော်မှုတွင် ပို၍ ပြည့်စုံသွက်လက်သည်။


တောင်ကုန်းများ သည် ယင်းအကြောင်း အခြင်းအရာ ထက် ပို၍ ကြာရှည် ခံပေမည်။ သို့သော် တောင်ကုန်းတို့ ၌ အရေး ပါမှု နည်းပါးလှ သည် ။ ဤသို့ သဘာဝသည် စိတ်ဝင်းစားဖွယ် ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့ လူသားများကြောင့် ဖြစ်သည်။ သည်မှာ လူသားတို့၏ အကောင်းဆုံး သကေတ သရုပ်သဏ္ဏာန်ပင် ဖြစ်သည်။ ဤ အ ကြောင်းခြင်းရာ တို့ကို ဘယ်သောအခါမှ ပြောင်းလဲပစ်၍ မရနိုင်ပေ။
ရစ်ချက်ဖေးမန်း(န်) ( Richard Frynman) သရုပ်စိတ်ကူး မျက်လုံး၏ အမြင်စွမ်းအင်ကို သဘာဝတရားမှ အတွေး ကွန့်မြူး၍ ဤ သို့ လှစ်ဟ ပြသည်။ ရူပါလေဦး။
သိပ္ပံပညာသည် ကြယ်တာရာများမှ အလှအပကို ယူဆောင်လိုက်သည်ဟု ကဗျာဆရာများက ဆိုသည်။ ကြယ်တာရာ များသည် အဏုမြူဓာတ်ငွေ့လုံးများ မျှသာဖြစ်သည်ဟု ဆိုသည်။ သဲကန္တာရ၏ ညတွင် ကျွန် တော်သည် လည်း ကြယ်တာရာ များကိုမြင်နိုင်သည်။ ခံစား နိုင်သည်။ သို့သော် ကျွန်တော်ပို သာစွာ မြင် သည်လော။ လျော့၍ မြင်သည်လော။ ကျယ်ပြန့်လှသော အာကာသ ကောင်းကင်ပြင် ကြီးသည် ကျွန်တော့် စိတ် ကူးအပြင်တွင် ဖြန့်ကြနေသည်။ ကျွန်တော့်မျက်လုံးသည် နှစ်ပေါင်းတစ်သန်းကာလက အလင်းရောင်ကို ဖမ်းယူနိုင်သည်။ လျှို့ဝှက်ချက် အနည်းငယ်ကို သိခွင့်ရမှု့သည် လျှို့ဝှက် ချက်ကို မထိခိုက် ချေ။


ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။

ကလေးများနှင့် ကိုယ်ပိုင်အတွေး



ကျွန်တော်တို့သည် ကလေးဘ၀ကိုဖြတ်သန်းပြီးမှ လူကြီးဘ၀သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကလေးများ နှင့် ပက်သက်၍ ဂျက်စ်လဲယား (Jess Lair) က “ကလေးများသည် ပုံသွင်းရန်အရာများမဟုတ်၊ ပွင့်လင်းရှင် သန် လာအောင် ပြုစုပျိုးထောင်ရမည့် လူသားများသာဖြစ်သည်” ဟုဆိုခဲ့သည်။ ကလေးများ၏ ကိုယ်ပိုင်အတွေး များ နှင့်ပက်သက်၍ ကာဟီ(လ်) ဂစ်ဘရန် (Kahill Girbran) ဆိုသူက သူ့အတွေးအမြင်ကို ခောတ်မှိ ဆန်းသစ် စွာ ထုတ်ဖော်ပြသည်။
သင်သည် သင့်ကလေးများကို သင့်ချစ်ခြင်းမေတ္တာပေးနိုင်သော်လည်း သင့်အတွေးအခေါ်ကိုမပေးသင့်ချေ။ အ ဘယ်ကြောင့်ဆိုသော် သူတိုတွင် ကိုယ်ပိုင်အတွေးများရှိသည်။ သင်သည်သူ တို့၏ခန္ဓာကိုယ်ကို ကာရံကောင်း ကာရံပေးထားနိုင်သည်။ သို့သော် သူတို့၏ စိတ်ဝိဥာဉ်ကိုကာရံ၍ မရချေ။ အကြောင်းမူကား သူတို့စိတ်ဝိဥာဉ် သည် သင့်အိပ်မက်များမှာပင်လျှင် မပေါက်ရောက်နိုင်သော မနက်ဖြန်၏ အိုးအိမ်တွင် နေနိုင်သည်။ သင်သည် သူတို့နှင့်တူအောင်ကြိုးပမ်းနိုင်ကောင်း ကြိုးပမ်းနိုင်မည်။ အဘယ်ကြောင့်ဆိုသော် ဘ၀သည် နောက်ပြန်သွား ခြင်းမရှိသကဲ့သို့ မနေ့ကနှင့်နေထိုင်ကျက်စားခြင်းမရှိပေ။ သင်သည် သင့်ရင်သွေးလေးများကို အသက်ရှင် နေ သောမြှားများကဲ့သို့ ပစ်လွှတ်လိုက်သော လေးပင်ဖြစ်သည်။


ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။

ပွင့်လန်းခြင်းရဲ့ အကြောင်းရင်းမြစ်



ပန်းလိုချင်ရင် အပင်ပျိုးကြသည်။ အသီးလိုချင်ရင် အပင်စိုက်ကြသည်။ သူ့ ကာလအလျှောက် ပန်းများ ပွင့်လန်း ကြ သည်။ နှစ်တစ်နှစ်၏ ၁၂ လ(Twelve mons of the years) တွင် ဟောလ်ဘိုလန် (Hal Borland) က ပွင့်လန်း ခြင်း ၏ အကြောင်းဇစ်မြစ်ကို အဖြေရှာ ပြသည်။
ပန်းသီးပင် ၏တာဝန်မှာ ပန်းသီးသီးရန်ဖြစ်သည်ဟု မည်သို့ပြောပြော လက်မခံပါနှင့်။ မေလတွင် ပန်းသီး သီးသည် မဟုတ်ပေ။ မေလတွင် သစ်ပင်သည်ပန်းပွင့်များ ပွင့်လန်းခြင်းဖြင့် သူတို့ရှင် သန်ရခြင်း အထူးအကြောင်းကို လှစ်ဟ ပြသည်။


ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်

လူငယ်တွေ မအအောင်လို့ ဆရာအောင်သင်း


ယခုတစ်လောတွင် ဂျာနယ်တွေပလူပျံအောင် ထွက်လာသည်ကို အားလုံးသိနေကြပါသည်။ ဂျာနယ် အမည် တွေကလည်း ဗမာလိုကနည်းနည်း အင်္ဂလိပ်အမည်တွေကပိုပြီး များနေရော့သလား ထင်မိသည်။ ထွက် သမျှ ဂျာနယ်တွေကိုလည်းစုံတကာစေ့အောင်မဖတ်နိုင်တော့ပါ။လက်လှမ်းမှီသမျှလေးကိုသာဖတ်နိုင်တော့ သည်။
ဒီလို ဖတ်ရသမျှတွင် မကြာသေးမှီအတိတ်သမိုင်းတွေကို ပြန်လည်ဖော်ထုတ်ထားသည်တို့ ကိုတွေ့လိုက်ရ သော အခါ ကျွန်တော်ဖြင့်အလွန်ဝမ်းသာမိသည်။ဆိုပါစို့ မှတ်မိသမျှကိုပြောရလျှင် “ ဂဠုန်ဦးစော၏ နောက် ဆုံး နေ့များ” “ဗိုလ်ချုပ်အောင်ဆန်း၏ ဈာပန” “ဦးလှ၏ ထောင်နှင့်လူသား” စသည်တို့ဖြစ်သည်။ ထိုထို သော စာများကိုကျွန် တော်ကိုယ်တိုင် ဖတ်ခဲ့ဖူးလှပါပြီ။ တစ်ခေါက်မက ဖတ်ခဲ့ဖူးပါသည်။ သို့ပါလျှက်နှင့်ပင် ပြန်ကာ လှန်ကာ ဖတ်နေမိ သည်။ ဖတ်နေရင်းရော်ရမ်းတွေးနေမိသည်က ဒီနေ့လူငယ်တွေရင်ထဲတွင် ဘယ် လိုခံစား မိကြသလဲဟု မှန်းဆမိ နေညခြင်းဖြစ်သည်။
ကျွန်တော်ပတ်ဝန်းကျင်သို့တကူးတက ရောက်လာတတ်ကြသောလူငယ်များကတော့ စာသမားပေသမား လေး တွေဖြစ်သောကြောင့် ဒီစာတွေကို ရှာဖွေဖတ်ရှုခဲ့ပြီးသားဖြစ်နေကြချေသည်။ ထို့ကြောင့်သူတို့က “ဂျာနယ် တွေကလုပ်စားနေကြတာ” ဆိုတာမျိုး၊ “အလွယ်လိုက်ပြီးအဟောင်းကို ပြန်လည်တူးဆွနေတာပဲ” ဆို တာ မျိုးပြောတတ်ကြသည်။ ဒီအခါတွင် ကျွန်တော်ကပြောမိတတ်သည်။
“အဲလိုလဲမပြောနဲ့လေကွာ။ မင်းတို့က စာပေသမားဖြစ်လေတော့ ဒီစာတွေကို ဖတ်ခဲ့ပြီးသားဖြစ်မှာပေါ့။ ဒါပေ မယ့်လူငယ်ရာခိုင်နှုန်းဘယ်လောက်များမယ်ထင်သလဲ။ လူငယ်တော်တော်များများဟာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က နိုင်ငံရေးတွေ၊ အရေးအခင်းတွေ အကြောင်းကိုသာသိကြတော့တာ။ အဲဒီဟိုဘက်ဆိုရင် မသိကြ တော့ဘူး။ ဒီဂျာနယ်တွေမှာ ရှေးဟောင်းနောက်ဖြစ် မှတ်တမ်းတွေကို တွေ့လိုက်ရတော့ ငါတို့ဒါတွေကို မသိပါ လားရယ်လို့ သူတို့ကိုသူတို့ သိသွားရင်ကို အမြတ်ထွက်တယ်ဆိုရမှာပေါ့။ ဒီထက်ပိုပြီး သက်ဆိုင်ရာ သမိုင်း ကြောင်းတွေ ရှာဖွေမယ်၊ ဖတ်ကြမယ်ဆိုရင်နည်းတဲ့ အမြတ်လား။ အဲဒီလိုလဲ တွက်ဦးမှပေါ့”။
နာမည်ကြီး ၀တ္ထုဆရာတစ်ယောက်က ဒေါက်တာသန်းထွန်းအား “သမိုင်းကို ဘာကြောင့်သင်ရတာလဲ ဆရာ” ဟုမေးရာ “ဆရာကြီးက မအအောင်လို့” ဟု ခပ်တိုတိုဖြေသွားကြောင်း ဖတ်ခဲ့ရဖူးပါသည်။ ထိုစကားတစ်ခွန်း အတွက် သွားလေသူ ဆရာကြီးအားကျေးဇူးအထပ်ထပ် တင်နေမိသည်။ ရုတ်တရက်ကြည့်လိုက်လျှင် သူလေ့ လာရာ ဘာသာရပ်ကို ထိပါးသယောင်မေးလိုက်သောကြောင့် ဘုဆတ်ဆတ် ဖြေလိုက်သည်ဟုထင်ရသည်။ တကယ်ဆိုတော့ တိုတိုနှင့် နားထဲစွဲသွားအောင် ပြောလိုက်သော အဖြေမျိုးညဖစ်သည်။
လူငယ်တို့သည် ကမ္ဘာ့သမိုင်းကို အသာထားလိုက်ဦး မြန်မာ့သမိုင်းကိုတော့ဖြင့် သိနေသင့်သည်။ မြန်မာသ မိုင်းတွင်လည်း ရှေးဟောင်းခေတ်တွေကို အသာထားလိုက်ဦး ကိုလိုနီခေတ်သမိုင်းလောက်ကိုတော့ဖြင့် တီးမိ ခေါက်မိရှိနေသင့်သည်။ ခုတော့ဖြင့် ဗိုလ်အောင်ကျော်ဟု ဆိုလိုက်လျှင် “ဗိုလ်အောင်ကျော်လမ်း” လောက်ကို ပဲသိတာမျိုးဖြစ်နေကြသည်။ လူငယ်လူအတွေပေါ့။
ဒီလိုပြောလိုက်တော့ လူငယ်စာဖတ်ပရိတ်သတ်က ခံပြင်းစိတ်နှင့် “ကျွန်တော်တို့ ဖတ်တယ် ၊ သိတယ်၊ ဒါ ကြောင့်လူငယ်တွေတိုင်းရေးပြည်ရေးကို စိတ်ဝင်စားခဲ့ကြတာကို ဘာကြောင့်မျက်ကွယ်ပြုထားချင်တာလဲ” ဟု ကျွန်တော်ကို ရန်ထောင်ချင်ကြမည်ထင်သည်။ကျွန်တော်ကလည်း ပြန်ပြီးမေးရပါလိမ့်မည်။“ကောင်းပါပြီ မောင်ရင်တို့လို စိတ်ဝင်စားတဲ့ လူငယ်ရာခိုင်နှုန်းဘယ်လောက်များရှိသလဲ။ တောကျေးလတ်ကိုပါ ထည့်တွက် သလား။ ကောင်းပါပြီ လက်ငင်းလွယ်ရာကို တွက်ကြည့်ရအောင် မကြာသေးမှီက သမိုင်းတွေကို ဖော်ပြတဲ့ဂျာ နယ်တွေနဲ့  “ကော့ကော်ကန်ကား၊ ဖော့ဖော်လှန်ထား” ဂျာနယ်တွေမှာ ဘယ်ဂျာနယ်တွေက ပိုပြီးအရောင်း သွက်သလဲ၊ ဘယ်ဂျာနယ်တွေက ပိုပြီးဈေးကြီးသလဲ။ ငါကတော့မသိပါဘူး။ မင်းတို့စဉ်းစားစေချင်လို့ ပြော လိုက်တာပါ” ကျွန်တော်ကတော့ ထိုကဲ့သို့ပင် ပြန်ပြီးမေးလိုက်ရပါလိမ့်မည်။
မနေ့တစ်နေ့က သတင်းစာထဲတွင် ကွယ်လွန်သူ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း မစ္စတာဝင်စတန်ချာချီလ်၏ အံ ကပ်သွားတုကို လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သွားတုဓာတ်ပုံနှင့်တကွပါလာသည်။ လူငယ်တစ်ဦးက ထိုသတင်းကို ဖတ်ပြီး---
“သူတို့အနောက်နိုင်ငံက လူတွေက ထူးထူးဆန်းဆန်းပဲနော်။ ဒီအံကပ်သွားတုကို ဘာလုပ်မှာလဲ။ ပိုက်ဆံရှိလို့ သက်သက်ဝယ်တာလည်းဖြစ်မှာပေါ့နော်”ဟု ပြောပါသည်။

ထို့ကြောင့် ကျွန်တော်က -
“ပိုက်ဆံရှိလို့ဝယ်နိုင်တာလည်း ဟုတ်ပါတယ်။ ဒါပေမယ့်ဒီလောက်သာ မဟုတ်သေးဘူးကွဲ့။ ငါတို့ဗုဒ္ဓဘာသာ ၀င်တွေမှာလဲစွယ်တော်တို့၊ ဆံတော်တို့ ဆိုတာတွေကို အမြတ်တနိုးကိုးကွယ်ကြတာ မဟုတ်လား၊ မြတ်စွာဘု ရားနဲ့တော့လည်း မနှိုင်းကောင်းဘူးဆိုတာကို ငါနားလည်ပါတယ်။ ဒါပေမယ့် သူတို့ဗြိတိန်နိုင်ငံတော်ရဲ့ ကျေး ဇူးရှင်ပဲလို့တော့ ရိုသေကြတယ်။ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမဏီက အင်္ဂလန်ကျွန်းကို ၀င်လာတော့မလိုဖြစ် နေပြီး ဂျာမဏီရဲ့ဗွီဝမ်း၊ဗွီတူးဆိုတဲ့ အဝေးပစ် ဒုံးကျည်တွေကလည်း တဝေါဝေါကျနေသည့်အပြင်၊ ဂျာမန်လေ တပ်ရဲ့ ဗုံးဒဏ်ကို မရှုမလှခံနေရချိန် အင်္ဂလန်လည်း နေ့ကျမလား၊ ညကျမလား ဖြစ်နေတဲ့အချိန်မှာ အံခဲပြီးစစ် နိုင်အောင် ဦးဆောင်တိုက်ခဲ့တာ မစ္စတာ ချာချီပဲ။ ပြည်သူတို့ရဲ့ စိတ်ဓာတ်ကိုမြင့်တင်တဲ့ အနေနဲ့ ချာချီလ်ကလက်ညှိုး လက်ခလယ်လေးနှစ်ချောင်းကို အင်္ဂလိပ်စာလုံး V ပုသဏ္ဍာန်ထောင်ပြလေ့ရှိတယ်။ ဗွီဆို တာက (Victory)ပေါ့ကွယ်။ အောင်ပွဲဆင်ကြမယ်ပေါ့။ အဲဒီမှာတင် ဗွီဆိုတာ အတော်ကြီးကို ခေတ်စားသွား တယ်။ အင်္ဂလိပ်စစ်သည်တော်များအတွက် ရာရှင်ပေးတဲ့ စီးကရက်ထဲမှာတောင် ဗွီစီးကရက်ရယ်လို့ ပါတယ်။ အဲဒါကိုယူပြီး ငါတို့မြန်မာပြည်မှာလည်း ဗွီစီးကရက်လိုက်ပေါ်ခဲ့သေးတယ်။ မင်းတို့ဒီခေတ်မှာလည်း ကောင်မ လေးတွေ/ကောင်လေးတွေ ဓာတ်ပုံရိုက်ကြရင် မစ္စတာချာချီလုပ်သလို လက်ချောင်းလေးနှစ်ချောင်းကို ထောင်ထားတာတွေ့ရတယ်။ ဗွီပဲလား... ဘာလဲတော့ ငါမသိပါဘူး။ ထားလိုက်ပါတော့လေ သူတို့ကသမိုင်းကို မမေ့ကြဘူး။ သမိုင်းကိုမမေ့ကြသလို သမိုင်းတွင်အောင် ကျေးဇူးကြီးတဲ့သူတွေရဲ့ ကျေးဇူးကိုလည်းမမေ့ကြ ဘူး။ ဒါဟာအမျိုးသားတည်တံ့မှုအကြောင်းအရင်းထဲမှာ တစ်ခုပါနေတယ်”
ဤသို့လျှင်ပြန်ဖြေခဲ့ပါသည်။

“လူလိမ်မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာထုတ်ယူသည်” ဟူသော စကားရှိပါသည်။ သမိုင်းကို လေ့လာ၍ သမိုင်းထဲက သင်ခန်းစာကို ယူတတ်လျှင် လိမ္မာရေးခြားရှိသောလူငယ်များ ဖြစ်လာပါလိမ့်မည်။ အ ထူးသဖြင့် လူငယ်များသည် သမိုင်းကို  ထိုက်သင့်သလောက်တော့ဖြင့် သိနေသင့်ပါသည်။ ယနေ့ခေတ်တွင် လူငယ်များအဖို့ စိတ်ဝင်စားစရာတွေက နယ်ပယ်ပေါင်းစုံနေတော့သည်။ ထို့ကြောင့် သမိုင်းဘက်သို့ မျက်စိ မရောက်နိုင်အောင် ဖြစ်နေသေးသည်။ ထိုအခါများတွင် ဆိုခဲ့သော ဂျာနယ်အချို့က ပြန်ပြောင်းထုတ်ဖော်ပြ လိုက်သဖြင့် သူတို့ကို လူငယ်တွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုက်ရပါသည်။

ကျွန်တော်ရေးလိုသည့် အချက်များ မပြည့်စုံသေးကြောင်း စာဖတ်သူသိပါသည်။ ကျွန်တော်လဲ အခွင့်သင့် လျှင်ဆက်လိုက်ချင်ပါသေးသည်။

လူငယ်များအတွက် ရည်ရွယ်၍ 13.8.2010 ရက်ထုတ် The Hot News ဂျာနယ်  Vol-1,No-4 မှ
ဆရာ ဦးအောင်သင်း ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်

International Youth Day

History of International Youth Day:
International Youth Day is the best time to commemorate the power and strength of the youth all around the globe. International Youth Day is celebrating every year on 12th August since 1999. United Nations defined an event for highlighted awareness on the requirements of young people in the middle of 10 to 24 years. On the other hand, the youth send some affectionate mails to extend this day with their darling, friends, esteemed ones on this day.
The aim of International Youth Day:
The aim of International Youth Day is to endorse consciousness, particularly among youth. The World Programme of Action for Youth is started before 2000. The World Programme of Action wants to achievement in 10 main fields.
The 10 fields are starvation, poverty, education, employment, health, drug exploitation, childhood felony, recreation events, Child and young women, Environment. The International Youth Day suggests that regional, countrywide and worldwide implements the Programme.
The activities of International Youth Day:
The United Nations marked out the youth, the age between 15 to 24 years. This is one sixth of the global populace. The youth will develop the countries to increase preciously in 21st century in all sides.
Many activities and events that take place around the world on International Youth Day promote the benefits that young people bring into the world. Many countries participate in this global event, which may include youth conferences on issues such as education and employment. Other activities include concerts promoting the world’s youth, as well as various sporting events, parades and mobile exhibitions that showcase young people’s achievements.
The ideas of International Youth Day:
The Vienna and Austria youth established World Youth Form. The Form was proposed the idea for International Youth Day in 1991. The World Youth Forum recommended that to be declared an International Youth Day for fund-raising and promotional purposes. The Form supports the ‘United Nations Youth Fund’ in affiliation with youth associations.
In 12th August 1998, The Government of Portugal, acknowledged that as the World Conference of Ministers Responsible for Youth was adopted International Youth Day, collaboration with the United Nations. This is the 54th symposium of the General Assembly. In 17the Dec 1999, The Government gives the right "Policies and programmes involving youth".

International Youth Day အကြောင်းကို ALTIUS DIRECTORY မှာသွားဖတ်လို့ရပါတယ်

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့(International Youth Day), Generation Wave(မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)၏ လှုပ်ရှားမှု

ရဟန်းရှင်လူပြည်သူများနှင့် ညီအစ်ကိုမောင်နှမများခင်ဗျား..


ကျနော်၊ကျမတို့ Generation Wave ( မျိုးဆက်သစ်လူငယ်များအစည်းအရုံး)သည်ယနေ့ ကျရောက်သော သြဂုတ်လ၊(၁၂)ရက်နေ့ (၂၀၁၀)ပြည့် နှစ်၏့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ တွင် ကျနော်၊ ကျမ တို့ ၏ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှလူငယ်များသည် လူငယ်ထုအကြား နအဖစစ် အစိုးရ၏ မတရားဖိနှိပ်မှု့ များအား သိရှိစေရန်နှင့် တော်လှန်ရေးစိတ်ဓါတ်များ နိုးကြားလာစေရန်ရည်ရွယ်၍ မျိုးဆက်လှိုင်းတေးအယ်(လ်)ဘမ်ဟု အမည်ပေးထားသော တေးသီချင်းများနှင့်သီချင်း စာသားအပါ အ၀င် တေး သီချင်း(၇)ပုဒ်တိတိအားဖြန့်ဝေလိုက်ပါသည် ။

သို့ဖြစ်ပါ၍ကျနော်၊ကျမတို့GenerationWave(မျိုးဆက်သစ်လူငယ်များအစည်း အရုံး)၏ ဖန်တီးရေးစပ်ထားသောတေးသီချင်းများအားနားဆင်ပြီး နအဖ စစ်အစိုးရ၏ မတရားဖိနှိပ်မှု့  များ အားသိရှိလာကာ ကျနော်၊ ကျမတို့ နှင့်အတူ လက်တွဲ၍ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကြပါဟု လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


Dear venerable monks and the people of Burma,

We, Generation Wave, releases an album including 7 songs with
lyrics on 12th August 2010 (International Youth Day) with the
motivation of youth to know about the oppression of the military
regime and to be aware of revolutionary spirit against the military
regime in Burma.

Therefore, we would like to encourage to cooperate with us for our
democracy movement in Burma listening the songs and knowing the
oppression of the military regime.


Generation Wave
(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)


သီချင်းများကို အောက်ပါလင့်များ၌ download လုပ်၍ နားဆင်နိုင်ပါသည် ။
All the songs can be download from the following links.

1.) http://www.mediafire.com/?4odmz3ttuaa (နိုးထကြလော့) (Let's get up)
2.) http://www.mediafire.com/?gzonjmynweo (တစ်ဆယ်) (10)
3.) http://www.mediafire.com/?dnyyywvnjfd (အမေ ၆၄) ( Mother 64)
4.) http://www.mediafire.com/?nnmyxz3yei1 (အခြေအနေများ) (Situations)
5.) http://www.mediafire.com/?4ggimrnkzim (မာရ်နတ်အိမ်) (Devil's House)
6.) http://www.mediafire.com/?gjwthkjgmjm (တိုက်) (Fight)
7.) http://www.mediafire.com/?kzndm3j2niu (ခွင့်ပြုတော့မေမေ) (Let me Mom)

ကျေးဇူးပြု၍ ပူးတွဲပါ ဖိုင်အား ဖွင့်ကြည့်ရန် ရည်ညွှန်းအပ်ပါသည်။
ဒေါင်းမာန်ဟုမ်မှ ကူးယူဖော်ပြပါသည် ။

ပုံတူကူးဆွဲသူများ

ပုံတူကူးဆွဲသူများနှင့်ပတ်သတ်၍ ဟားဗေးမက်ကေး ( Harvey Mackay ) ၏ အတွေးကွန်ယက်တစ်ခုကို ဤသို့ ဖွင့်ဟထားလေသည်။ 
မိတ်ဆွေတစ်ဦးသည် လီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကား မိတ္တူတစ်ခုကို ပြတိုက်သို့ယူဆောင်သွား၍ ပြတိုက် မှူးကို ပြခဲ့သည်ဟု ကျွန်တော်ကိုပြောကြားခဲ့သည်။ ပြတိုက်မှူးသည် ပန်းချီကားကို တစ်ချက် မျှသာ ကြည့် ရှုပြီး ထိုကား ကိုမည်သည့်အချိန်က ရေးဆွဲခဲ့သည်ကိုသာမက ရေးဆွဲသူသည် မည်သည့် လူမျိုး ဖြစ် ကြောင်း ကိုပါ ပြောပြလိုက် သည်။
“ခင်ဗျားဘယ့်နှယ့်လုပ် သိခဲ့တာတုံး”
ကျွန်တော်မိတ်ဆွေက ကမ္ဘာအကြီးမားဆုံး လိမ်ကောက်နည်းကို ရင်ဆိုင်နေရပြီဟု ထင်အတွေးနှင့်မေးလိုက် သည်။
ပြတိုက်မှူးကပြောလိုက်သည်။
“ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့အချိန်ကာလရဲ့ အကျဉ်းသားတွေပါပဲ။ အထူးသဖြင့် ပုံတူ ကူးဆွဲ အဲ့ဒီသူဟာ အသွင်ရှိတယ်။ သူ့ရဲ့စိတ်ကူးစိတ်သန်း စွမ်းရည်ကနည်းပါးချို့တဲ့တယ်။ သူပုံ တူဆွဲဖို့ ရွေးချယ်တဲ့ ပန်းချီ ကား စုတ်ချက်နဲ့ အထူးအလေးထားချက်တွေအားလုံးက အဲ့ဒီအ ချိန်မှာ ရေပန်းစားနေတဲ့ ဟန်နဲ့ အကြိုက်။ သူပုံတူရေးဆွဲတဲ့နေရာရဲ့ အရိပ်တွေကို လှစ်ဟ ပြ တယ်။ အဲ့ဒီ သဲလွန်စတွေက ရွှံ့ပေနေ တဲ့ ဘွတ်ဖိနပ်နဲ့ ခြေရာတွေကိုပါ သူ့နောက်မှာ ကျန် ခဲ့တယ်။ ပိတ်ကား ပေါ်ကနေ သက်သေပြုအော်ဟစ် တယ်။ ကိုယ့်အရေခွံကနေကိုယ်ဘယ်သူ လွတ် အောင် ရုန်းထွက် နိုင်မလဲ။”
Ref : R.D May 2000, Point to Ponder
ဆရာ မောင်မောင်မြင့်သိန်း၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ