Home » » နေ့စဉ်ကုန်ဈေးနှုန်းနှင့် ကျွန်တော်တို့ဘဝ

နေ့စဉ်ကုန်ဈေးနှုန်းနှင့် ကျွန်တော်တို့ဘဝ

နေ့စဉ် နံနက်တိုင်းမှာ မတိကျမသေချာမှူတွေ ၊အဆင်မပြေမှူတွေ နဲ့ ဖြတ်သန်းနေရတဲ့ဘ၀တွေပါ။ တခါတခါ ဘ၀ကို ရွံရှာမိတယ်၊ စိတ်နာမိတယ်။ လူတွေအပေါ်မှာလည်းမဆီမဆိုင် မကျေမနပ်ဖြစ်မိတယ်။ ကုသိုလ်ကံ ပဲမကောင်းတာလို့လည်းတွေးလိုက်သေးတယ်။ ကိုယ်တိုင်ကလည်းကုသိုလ်ကံကို မသိတော့ဆက် မတွေးဖြစ် တော့ဘူး။ သိနေတဲ့ အသိကတော့ တနိုင်ငံလုံး ဖြစ်နေတာ ငါတယောက်တည်း ဖြစ်နေ တာမဟုတ်ဘူး ဆိုတဲ့ အသိက၀င်သွားတယ်။ဒီလိုနဲ့ ပဲ ဒီစာ လေးကိုရေးဖြစ်ခဲ့တာ။ နေအိမ် တည်ရှိရာ ဆင်ခြေဖုံး မြို့သစ် ဒဂုံမြောက် နံနက်ခင်းတိုင်း ကားကြီးဂတ်၊စံပြဈေး ဆိုတဲ့ ယဉ်နောက်လိုက် တို့ရဲ့ အသံတွေနဲ့ စတင်လာ ခဲ့ပါတယ်။ ကြမ်းတမ်းလှသော ဘ၀နှင့် ကားလမ်း ကို ဖြတ်ခဲ့တာလည်းကြာပါပြီ။ အိမ်က တမင်းကြမ်းခဲ လေး စား နေ့စဉ်လုပ်ငန်းခွင်ကို အသီးသီးအလျှိုလျှိုထွက်သွားကြတယ်။ လုပ်ငန်းခွင်တွေ အလုပ်ရုံတွေ ကို နောက်မကျဖို့ အလုပ်ရှင်တွေ မငြိုငြင်ဖို့ အလှတွေပျက် ၊ချွေးထွက်ခံပြီး ဘတ်(စ်)ကားတိုးစီး နေကြ ပါပြီ။ကားပေါ်မှာ ကိုယ်စီကိုယ်စီ ငွေကိုဘယ်လိုရအောင်ရှာကြမလည်းကို လူတိုင်းလိုလို တွေးနေရပြီ။
ကုန်ဈေးနှန်း
အထွေထွေ ကြပ်တည်း နေတဲ့ကာလ ၊ စီးပွားရေးကအစ ၊ ပညာရေး ၊ လူမှူရေး ၊ကျန်းမာရေး၊ စားဝတ်နေရေး၊ မှ ကားစီး၇သည်အထိကြပ်နေတဲ့ ခေတ်ကြီး။ စီးပွားရေးမှာ ပြည်ပပိတ်ဆို့မှူတွေ ရှိနေတယ်။ ပြည် တွင်းစီး ပွားရေး လုပ်ငန်းရှင်တွေ မှာလည်း ကမ္ဘာ့ စီးပွားရေးကြပ်တည်းမှူကြောင့် လုပ်ငန်းတွေကိုလည် ပတ်နိုင်ဖို့ တော်တော်လုံးနေကြရတယ်။ လုပ်ငန်းမပျက်ဖို့အဓိကထား နေရတယ်။ အလုပ်သမားတွေ အတွက် အပိုငွေ ပေးဖို့မပြောနဲ့ လက်ရှိပေးနေတဲ့ ငွေတောင် မပေးလို့ရရင်မပေးချင်ကြဘူး။ ငွေတွေလှည့်နေရတယ်။ အလုပ်သမားတွေ အနေနဲလည်း ကိုယ်ပိုင်လုပ်အားခနဲ့ မလောက်တော့ ဘူး ။ ကုန်ဈေးနှုန်းရဲ့ ကန်ချက် တွေကို သူတို့ ခါးကော့မခံနိုင်တော့ဘူး။ ကိုယ်ပိုင် လုပ်အားခ အပြင် အပိုဝင်ငွေအတွက် လုပ်ရကိုင်ရပြီ။ လုပ်ငန်းခွင်မှာ အပိုဝင်ငွေလေးအတွက် လှီးသင့်တာလှီးဖြတ်သင့်တာဖြတ် ရ။ အချင်းချင်း တွေစီကရော လုင်ငန်းရှင်တွေစီကပါ လုပ်နေရတယ်။ အချို့ကတော့ လောက်အောင်သုံး ရအောင်နေ မသေရုံ ထမင်း ကိုစားပြီး ကိုယ်ကျင့်တရားးကိုထိန်းနေရပြီ။ စိတ်ဓာတ် ကြံ့ခိုင်သူတွေက တောင့်ခံကြတယ်။ မကြံ့ခိုင်သူ တွေကတော့ ကုန်ဈေးနှုန်းနဲ့ စီးပွားရေးရိုက်ချက်နဲ့ အတူ ကိုယ်ကျင့်တရားတွေ စုန်းစုန်းမြုတ်ခဲ့ပြီ။ စားဝတ်နေ ရေးပြေလည်ရေး အတွက် နည်းမျိုးစုံနဲ့လှုပ်ကြတယ်။
ဘယ်လိုပဲလှုပ်လှုပ်လေလှုပ်လေမြုတ်လေဆိုတဲ့ ခေတ်ကြီးမှာ ပတ်သက်ရာပတ်သက်ကြောင်းသာ ပေါ်ကြ တယ်။ မပတ်သတ်မိတဲ့ လူတွေမှာတော့ မပေါ်တဲ့အပြင်ပိုပြီးတောင်မြုတ်သွားတယ်။ အထွေထွေ ကြပ်တည်း နေတဲ့ခေတ်ကြီးမှာ (အိမိဦးနတ်)အိမ်ထောင်ဦးစီးတွေ တင် ရိုက်ခတ်တာမဟုတ်ဘူး။ ခုခေတ်က မောင်တ ထမ်း မယ်တရွက် ဆိုတာအခုခေတ်မှတကယ်စစ်မှန်တာပါ ။ဟိုတုန်းကသိပ်မမှန်သေးဘူး ၊ခုခေတ်က မှလုံးဝ မှန်တာ။ အိမ်ထောင်စုတခုမှာအိမ် မှူကိစ္စတွေကို စီမံခန့်ခွဲရတဲ့ (အိမ်ဦးနတ်ကတော်) အိမ်ရှင်မတွေလည်း ကုန်ဈေးနှန်း ကန်ချက်ကို ခံရတာပါပဲ။အိမ်ဦးနတ်ကြီးရဲ့ မလောက်ငတဲ့ ၀င်ငွေကို ဈေးထဲမှာ နေမပူ လည်းချွေးပြန်ပြီးဝယ် နေရတယ်။ ခုခေတ်ကမကျေနပ်လို့ ဆန်တပြည်၁၆ ကျပ်ဖြစ်နေလို့ ဘယ်သူ့ခေါင်းကိုဖြတ်ရမလည်း၊ ဘဲဥတလုံးနှစ်ကျပ်ခွဲ ဖြစ်နေလို့ ဘယ်သူ့ခေါင်းကိုမှခွဲလို့မရဘူး၊ ဘယ်ခေါင်းတွေကို ခွဲပြီးဘယ်ခေါင်းတွေကို ဖြတ်ရမှန်းကို မသိဘူး။ခေါင်းတွေကလည်းများတယ်။
ဈေးသည်တွေခမျှမှာလည်း ဈေးဦးမပေါ်ပေါ်က်အောင် အထူးပရိုမိုးရှင်းတွေ၊ Discount တွေနဲ့အပြိုင်အဆိုင် ဈေးကွက်စီးပွားရေးစနစ်ကို ပုံပေါ်နေရတယ်။ ဆန်တပြည်လည်း၁၆ ကျပ်မရတော့ဘူး၊ ဘဲဥတလုံးလည်း နှစ်ကျပ်ခွဲမကတော့ဘူး ၁၀၀ကျော်ဖြစ်နေပြီ။ ၈၅၀ကျပ်လောက်ရှိနေတဲ့ ဆန်တပြည် တန်ဖိုး။ ဆွဲချလို့ လည်းမရတော်တော်ခက်တယ်။ ခန်မှန်းချေ ရမ်းတုပ်ဈေးနှုန်းတွေ။ ကြက်သား၊ ၀က်သား၊ အမဲသား၊ ဆိတ်သား၊ပုဇွန်ထုပ် ၊ တွေဆိုရင်မတွေဘူးတော့တာကြာလှပြီ။ ကိုယ့်နိုင်ငံကထွက်တဲ့ အသားငါး၊ ကိုယ်မစား ရတာလောက် ရင်နာစရာကောင်းတာတော့မရှိတော့ဘူး။ငါးကတော့ထားပါ ပြောသလောက် ဈေးမကြီး သေးဘူး။ဈေးထဲမှာရောင်းကောင်းတာ ကန်စွန်းရွက်လောက်ပဲ။ ကျန်တာက ၀ါရင့်အရောင်း ထိုင်းတွေဖြစ် နေပြီ။
ပညာရေးဝန်ဆောင်မှူ 
ကုန်ဈေးနှန်းတင်ကြီးတာမဟုတ်၊ ပညာရေးစရိတ်လည်းကြီးတယ်။ကလေးမွေးပြီးလို့ မူကြိုအရွယ်ရောက်ရင် မူကြိုအပ်ခ အနည်းဆုံး ၁၀၀၀၀ ပဲ။ပိုမပြောဘူး ရောင်းဈေးပဲ။ သူငယ်တန်းရောက်လို့ ကျောင်းအပ်ပြီ ၁မိုင်လား၊၂မိုင်လား မသိပါဘူး ဘယ်နားကကျောင်းအပ်အပ်နှစ်ရှည်စိမံကိန်း ကုန်ကျငွေ ကားတစီးမက ၀ယ်လို့ရတယ်။ သူငယ်တန်းကနေ ၁၀တန်း ဘယ်အတန်းမှာမဆို ကျူရှင်ရှိတယ်။ ထားလည်း ထားရ တယ်။ကျူရှင် မတတ်ရင်ရိုးရာကျူရှင်နတ် ကိုင်တတ်တယ်။ ကြောက်ရတော့ထားရတယ်ဗျာ။
၁၀တန်းရောက်ရင်သာတောင်ဆိုးသေးတယ်။ ကျောင်းတိုင်းက စာတော်တဲ့ကျောင်းသားတွေကိုဝိုင်းတွေ ကရှယ်ခေါ်တယ်။ ၀ိုင်းတောင် ရိုးရိုးဝိုင်း၊ အလယ်အလတ်ဝိုင်း၊ အတော်တွေပဲတတ်တဲ့ဝိုင်း၊တွေမကဘူး ရှယ်ဝိုင်း၊ပြီးတော့ရှိသေးတယ်။စပယ်ရှယ်ဝိုင်းဆိုပြီးခွဲထားသေးတယ်။မယုံကြရင် ဒဂုံ(၁)ကျောင်းက၈တန်းး ၊၉တန်း တတ်နေတဲ့သားသမီးရှိတဲ့ မိဘတွေကိုမေးကြည့်။ တကယ်အမှန်ပြောတာ။ ၁၀တန်းတွေ အတွက် အိမ်ခေါ်သင်ရင် အနည်းဆုံးတလ ဘာသာစုံကို ၅ပုံး၊၆ပုံး လောက် ရှိမယ်။ ဒါက စပယ်ရှယ် တသီးပုဂ္ဂုလ သင်ကြားခြင်းအတွက်စပယ်ရှယ် အဆောင် စားသောက်စရိတ်ငြိမ်း၊အနေအထိုင်ဧည့်စာရင်းတိုင်စရာမလို အလယ်အလတ် ၉သိန်း။ရှယ်ကတော့ ၁၄၊၁၅ပုံးလောက်ရှိမယ်။ဒါက၁၀တန်း အတွက်ကုန်ကျငွေ။ တက္က သိုလ်ရောက်ကုန်ကျငွေ ကလက်ရှိမပြီးသေးတော့ပြောလို့မရသေးဘူး။
အစစအရာာဈေးကြီးတဲ့ခေတ်ကြီးပါ။ စားဝတ်နေရေးတွေ၊ ပညာရေးစရိတ်တွေပဲဈေးကြီးနေပြီ။ဒါပေမယ့် ကိုယ်ကျင့် တရားတွေဈေးပေါပေါနဲ့ ထုတ်ရောင်းနေကြရတယ်။ နေ့စဉ်ထမင်းနှစ်နှပ်အတွက် ဘာလုပ်ရ လုပ်ရလုပ်မယ်။ ၁၀တန်းအောင်ပြီးလူငယ်တွေလည်း  မရေရာတဲ့အနာဂတ်အတွက် အရည်ရတဲ့ အရက် ဆိုင်မှာ ဆွေးနွေးနေကြ။ အခြေအနေကောင်းရင် မမကြီးတွေ ၊ဒေါ်ဒေါ်ကြီးတွေကို ၀င်အောင်းကြ၊ မိန်းက လေးတွေကပျော်တတ်တဲ့ ကာလသားကြီးတွေရဲ့ ငယ်ငယ်လေးတွေအဖြစ်ခံယူကြနဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာ တွေ ပျောက်လုနီးနီးဖြစ်နေပါပြီ။
အသေကြပ်အနေကြပ်
ဒါတွေတင်မဟုတ်ဘူး ။ လူမှူရေးမှာလည်းဈေးကြီးကုန်ပြီ။ သာရေး၊နာရေး၊ မင်္ဂဆောင်တွေမှာ စီးပွားဖြစ် လက်ဖွဲအားကိုးပြီးဆောင်ကုန်ပြီ။ မင်္ဂလာစရိတ်ကုန်ကျငွေကို ပြန်ရမဲ့ လက်ဖွဲ့တန်ဖိုးနဲ့တွက်ပြီး ဆောင် ကုန်ပြီ။ကလေးကင်ပွန်းတက်လည်းမတူတူပဲ။ နာရေးတွေမှာ ဦးကျော်သူရှိနေလို့ ခံသာနေတာ။ ဖျာလိပ် နဲ့ချဖို့ရာဖျာလိပ်ကလည်း တယောက်အိပ်ကို၅၀၀၀ကျော်နေပြီ။ မသာအိမ်မှာအပျော်ဖဲဝိုင်းထောင် အ ကောက် ကိုအသုဘစရိတ်အဖြစ်သုံးနေကြရတယ်။ အဲဒီဖဲဝိုင်းအတွက် ရဲကိုလည်း သင့်တင့် လျှောက်ပတ် အောင်တော့ ပေးရသေးတာပေါ့ဗျာ ....။

လူငယ်အတွေး လူငယ်အသိ အရှိတွေကို အရှိအတိုင်းရေးပါ၏ ......
ရေးသားသူ = လင်းသက်ငြိမ်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !