ဒီမိုကရေစီဆိုတာ . . . အခန်း(၂)



ယခုခေတ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်းက နိုင်ငံအတော်များများတွင် ဂလိုဘယ်လိုက်ဇေးရှင်းလှုပ် ရှားမှု များ ပေါ်ပေါက်ခဲ့သည် ။ ယင်းလှုပ်ရှားမှုများကို ဆန့်ကျင်ရာတွင် ပါဝင်သူများက ယခုခေတ်နိုင် အမျိုး သား နိုင် ငံများတွင် ကျင့်သုံးလျှက်ရှိသော ဒီမိုကရေစီစနစ်ကို အပြင်းအထန်ဝေဖန်ခဲ့ကြသည် ။ လက်ရှိ ကျင့်သုံး လျှက်ရှိသည့် အဆုံးအဖြတ်ပေးရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်သည် ဒီမိုက ရေစီသ ဘောတ ရားနှင့် မကိုက် ညီကြောင်း ၊ ဗျူရိုကရက်ဆန်လွန်းကြောင်း ဝေဖန်ခဲ့ကြသည် ။ သူတို့က နိုင်ငံကြီးများသည် နိုင်ငံတကာဆိုင်ရာ  ကော်ပိုရေးရှင်းကြီးများ၏ အရေးပါသည့် အုပ်ချုပ်မှုအောက်တွင် ရောက်ရှိနေ ကြ ကြောင်း ၊ ယင်းကောက်ပိုရေး ရှင်းကြီးများ၏ မဟာဗျူဟာများမှာ နိုင်ငံတကာတွင် ခေါင်းပုံဖြတ်စနစ်ကို ကျင့် သုံးခြင်းဖြင့် ကမ္ဘာပြည်သူများအား ဆင်းရဲတွင်း၌ နစ်မွန်းစေရေးသာဖြစ်ကြောင်း ယုံကြည်ကြသည် ။ စက်မှု ထွန်း ကားပြီး ရှစ်နိုင်ငံ ( G8 ) ၊ နိုင်ငံတ ကာရန်ပုံငွေအဖွဲ့(I.M.G) နှင့် ကမ္ဘာဘဏ် (W.B) တို့မှခေါင်း ဆောင်ကြီးများ ဆွေးနွေးပွဲကျင်းပရာသို့ မကြာခ ဏလာရောက်ဆန္ဒပြကြသည့် လူငယ်လှုပ်ရှားသူများက ဖေါ်ပြပါခေါင်းပုံဖြတ်စနစ် ကျင့်သုံးခြင်းကို ဆန့် ကျင်ကြသည် ။ ကမ္ဘာကြီးအနေဖြင့် စနစ်သစ်တစ်ခုလိုအပ်နေပြီဟုလည်း သူတို့ကဆိုသည် ။သို့မှ ဆင်းရဲ ခြင်းနှင့် ခေါင်းပုံ ဖြတ်ခြင်း တို့ကိုပယ်ဖြတ်ပြီး စစ်မှန်သောဒီမိုကရေစီစနစ် ထွန်းကားလာနိုင်မည်ဟုလည်း သူ တို့က ယုံကြည်သည် ။ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်လှုပ်ရှားသူများသည် ဒေသတစ်ခုတည်းနှင့်သာ သက်ဆိုင်သည့် စီးပွားရေးစနစ်ကို လိုလားကြသည် ။ စီးပွားရေးတွင် ဗဟိုမှ ချုပ်ကိုင်မှုနည်းရမည်ဟုလည်း သူတို့က တောင်းဆိုသည် ။ သို့မှ ပြည်သူတို့၏ ကိုယ်စားလှယ်များ အုပ်ချုပ်သည့် အစိုးရအနေဖြင့် အလုပ် သမားများအား သူတို့အလုပ်လုပ်သော လုပ်ငန်းခွင်ကို သူတို့အား ထိန်းချုပ်ခွင့် ပြုနိုင်မည်ဟု ယူဆကြသည်။

ခေတ်ပြိုင် ဒီမိုကရေစီ၏လိုအပ်သော ကြန်အင်လက္ခဏာများသည် လွတ်လပ်စွာပြောဆိုခွင့်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်တို့ဖြစ်ကြသည်။ ဒီမိုကရေသည် တရားဥပဒေ စိုးမိုးရေးကိုလည်းလိုလားသည် ။ ရာဇ၀တ်မှုကျူး လွန်သည်ဟု စွပ်စွဲခံရသူများအား မျှတစွာနှင့် လျှင်မြန်စွာစစ်ဆေးသည့် အခွင့်အရေးဆီသို့လည်း ဒီမိုကရေ စီသဘောတရားရောက်ရှိသည် ။ ဒီမိုကရေစီသဘောတရားက တရားမျှတစွာစစ်ဆေးခြင်းကို လိုလားသည် ဟု ဆိုလိုခြင်းဖြစ်သည် ။ လူတစ်ယောက်အား မတရားလုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးချုပ်နှာင်ခြင်းမှ ကင်းလွတ်ရေး သည်လည်း ဒီမိုကရေစီသဘောတရားတွင်ပါဝင်သည်။ ထိုပြင်တရားဥပဒေကျွမ်းကျင်သည့် ရှေ့နေရှေ့ရပ်တို့ အကူအညီကို ရယူလိုသူတို့အားလည်း ယင်းတို့၏ဆန္ဒကို လိုက်လျောရမည်ဖြစ်သည် ။ ဖော်ပြပါ အချက်တို့ မှာ ဒီမိုကရေစီနိုင်ငံတွင် လိုအပ်သည့် ရပိုင်ခွင့်များဖြစ်သည် ။ လိင်ကွဲပြားမှု၊ လူမျိုးနှင့် ကိုးကွယ်သော ဘာသာကွဲပြားမှု၊ အသက်ကြီးငယ်ကွာခြားမှု စသည်တို့အတွက် ခွဲခြားမှုကြောင့် အာမခံချက်ရှိရန်လိုအပ် သည် ။ ဒီမိုကရေစီသည် လူအများအား အရေးပါသော အလုပ်များကို လုပ်နိုင်ရန် အခွင့်အရေး ရရှိစေလို သည်။ လူနည်းစူများအား ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ယင်းတို့အား ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုးကို လုံးဝမလိုလားချေ ။

ဒီမိုကရေစီသည် အများ၏ ဆန္ဒနှင့်အညီ သူတို့၏စိတ်ကြိုက်ကို ရွေးချယ်သည့်စနစ်ဖြစ်သည်။ လူနည်းစုတို့ ၏အခွင့်အရေးကို လေးစားကြောင်းဖြင့်လည်းဆိုသည် ။ သို့ဖြစ်လျှင် ပုဂ္ဂိုလ်တစ်ဦးချင်း၏ အခွင့်အရေးကို မည်သို့ သဘောထားမည်နည်း ။ သို့မဟုတ် အစိုးရနှင့် သဘောထားမတူညီသည့် အဖွဲ့အစည်းတို့၏ အခွင့် အရေးကို မည်သို့သဘောထားမည်နည်း။ ဒီမိုကရေစီကိုလိုလားသူများအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းပူးပေါင်း ၍မိမိတို့၏ အယူအဆများကို ဖော်ပြခွင့်ရှိကြောင်း၊ ထို့ပြင်လူအများနှင့် စုဝေး၍ သူတို့၏ အယူအဆများကို ထုတ်ဖော်ပြောဆိုခွင့်ရှိကြောင်းတို့ကို သဘောတူနိုင်သည်။ သို့ရာတွင် လူတစ်ဦးတစ်ယောက်က တရားဥပ ဒေနှင့် စပ်လျဉ်း၍ တရားမျှတခြင်းအပေါ်တွင် မိမိ၏အယူအဆကိုထုတ်ဖော်ရန်အတွက် လက်ရှိဥပဒေကို မလိုက်နာသည့်အပေါ် မည်သို့သဘောထားမည်နည်း ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင်လူ့အဖွဲအစည်းတွင် ကန့်ကွက်ဆန္ဒပြပိုင်ခွင့် ရှိပါသလား ။

ဒီမိုကရေစီသဘောတရားတွင် လုပ်ခနှင့်လစာများသည် သူတို့၏အခွင့်အရေးကို ထုတ်ဖော်ပြောဆိုရန် သမဂ္ဂ များဖွဲ့စည်းပိုင်ခွင့်ရှိသည် ။ လုပ်ခနှင့်လစာ အမြင့်ဆုံးရရှိရေးနှင့် လုပ်ပိုင်ခွင့်ပိုမိုကောင်းမွန်ရေးအတွက် အလုပ်ရှင်များနှင့် ဆွေးနွေးရန် သပိတ်မှောက်ပိုင်ခွင့်လည်းရှိသည်။ ထို့ပြင် နိုင်ငံသားတို့၏ အခွင့်အရေးများ ၌ အစိုးရဖွဲ့စည်းရန်နှင့် ရာထူးများကို လက်ခံဆောင်ရွက်ရမည့်သူများကို ရွေးချယ်ခွင့်သာမက မိမိတို့၏လို အပ်သောဆန္ဒများကို အာဏာပိုင်များသိရှိနိုင်ရန် လူစုလူဝေးဖြင့် စီတန်းလမ်းလျှောက်ခွင့်လည်း ရှိသည်။ ထိုမျှမက အလုပ်သမားများသည် အစိုးရ၏ အစိတ်အပိုင်းလည်းမဟုတ်၊ ဈေးကွက်၏အစိတ်အပိုင်းလည်း မဟုတ်သော အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းပိုင်ခွင့်ရှိသည် ။

လူမှုလှုပ်ရှားရေးသမားများ၊ အလုပ်သမားသမဂ္ဂများ၊ လူ့အခွင့်အရေးလိုလားသူများနှင့် နိုင်ငံရေးအတွေး အခေါ်ရှင်များ၏ အမြင်တွင် ထုံးတမ်းစဉ်လာအယူအဆများက ဒီမိုကရေစီသဘောတရားများစွာကို ကန့်သတ်ထားသည်။ ထုံးတမ်းစဉ်လာ အယူအဆများကို ဝေဖန်သုံးသပ်သူများက စစ်မှန်သောဒီမိုကရေစီ တွင်ရှိသော အခွင့်အရေးများသည် ယခုအခါ နိုင်ငံသားများအား တရားဝင်သတ်မှတ်ပေးထားသည့် အခွင့် အရေးများထက် များစွာပိုသည် ဟုဆိုသည်။ တရားဝင်သတ်မှတ်ပေးထားသည့် အခွင့်အရေးဆိုသည်မှာ နိုင်ငံ သားများအနေဖြင့် မိမိတို့အား အုပ်ချုပ်မည့်သူများကို မိမိတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိခြင်း ဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီကပေးထားသည့် အခွင့်အရေးများတွင် စီးပွားဥစ္စာရှာဖွေစုဆောင်းခွင့်နှင့် လူမှုရေး တရားမျှတမှုများလည်း ပါဝင်သည် ။ လူမှုရေး ၊ တရားမျှတမှုကို မြင့်မြတ်စွာ မဆောင်ရွက်နိုင်ပါက ယခုလို အကန့်အသတ်နှင့်သာ ရှိနေသည့် ကာလမျိုးတွင်ပင် ဒီမိုကရေစီအတွက် အန္တရာယ်ကျရောက်နိုင်သည်ဟု ဆိုသည်။ ဤကိစ္စသည် မသေရုံစားလောက်သည့် လုပ်ခရရှိရေးအတွက် အလုပ်လုပ်နေကြသော ဖွံ့ဖြိုးဆဲ ကမ္ဘာနှင့်သာ သက်ဆိုင်သည်မဟုတ် ။ ဖွံ့ဖြိုးပြီးကမ္ဘာမှလုပ်သား သန်းပေါင်းများစွာနှင့်လည်း သက်ဆိုင် သည်။ ချမ်းသာသောနိုင်ငံများတွင် လူဦးရေအတော်များများသည် ဆင်းရဲသည်ဟု သတ်မှတ်ထားသည်ထက် နိမ့်ကျသည့်အခြေအနေတွင် နေထိုင်ကြရသည် ။ ယင်းတို့အထဲတွင် နိုင်ငံရင်းသားများ ၊ ပြည်ပမှ ၀င်ရောက် လာသူများ၊ တိုင်းရင်းသားလူနည်းစုများ၊ အမျိုးသမီးနှင့် ကလေးများပါဝင်သည်။ ထိုသူများသည် ပညာသင်ယူ နိုင်သည့် အခွင့်အရေးကိုလည်း အပြည့်အ၀မရရှိကြချေ ။ ယခုအခါ ချမ်းသာသောနိုင်ငံများတွင် ဒီမိုကရေစီ သည် ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း သိသာမြင်သာသော အခြေအနေတွင် ရှိနေပြီဖြစ်သည်။ လွန်ခဲ့ သော ဆယ်စုနှစ်များအတွင်း ချမ်းသာသူများနှင့်  အခြားသူများအကြား ၀င်ငွေနှင့် ကြွယ်ဝမှုကွာခြားခြင်းမှာ ပို၍ကျယ်ဝန်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံပိုင်ကုမ္ပဏီများကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းနှင့် စီးပွား ရေးဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဖျက်သိမ်းခြင်းတို့ကြောင့် နိုင်ငံတော်၏ အခန်းကဏ္ဍနှင့် နိုင်ငံတော်အား အမှီပြုနေရသည့် မဲဆန္ဒနယ်တို့၏ အခန်းကဏ္ဍမှာ သိသိသာသာလျော့ကျခဲ့ရသည် ။ ယင်းသို့ဖြစ်ရခြင်း ကြောင့် အဆုံးအဖြတ်ပေးခြင်းသည် လုပ်ငန်းကြီးများ၏ လက်တွင်းသို့ ကျရောက်ခဲ့ရသည် ။ ဤစနစ်က လူသားကိုယ်တိုင် မဲပေးခြင်းမဟုတ်တော့ဘဲ ဒေါ်လာနှင့် ယူရိုတို့က ဆန္ဒမဲပေးသည့် သဘောသက်ရောက် ခဲ့လေသည်။

စီးပွားရေး မညီမျှမှု ကျယ်ဝန်းခြင်းသည် ဒီမိုကရေစီအတွက် အင်အားကြီးမားသော ရန်သူဖြစ်သည်။ ချမ်းသာ သောနိုင်ငံများတွင် ဤသို့ ခြိမ်းခြောက်မှုသည် တစ်နေ့တစ်ခြားကြီးထွားလာနေကြောင်း တွေ့ရှိရသည်။

Ref: Democracy Groundwork Guide, PP7 - 15
ဘုန်းလူလှ ၏  The Hot News vol.1 , No-3 ပါ ဆောင်းပါးအား ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည် ။


Democracy in ancient Greece

About the year 1000 BC, in the area of today's Greece, after long and hard fights the first city-states (polis) started to arise. As a result Greece was divided into: Doric part (Sparta), Achaian part (Arcadia) and Ionic part (Attica). From these three cultures the Spartan culture had the lowest status, although when we look at its military potential, it was the other way round.
Achaians and Ionians owed their independence to exceptionally inaccessible, mountainous terrain only because in battle they were always beaten by primitive Spartans. Fortunately a group of Ionians survived and thank to that, some time later, the world got the opportunity to be proud of special system of government called democracy.

Athens – cradle of democracy

Cradle of democracy is Athens, ancient Greek city-state, situated in beautiful part of Peloponez, in Attica. Athens owe the first penal and civil law code to Draco. That was him who differentiated premeditated murder from accidental manslaughter.

As a curiosity we can add that the state of those times had no right of prosecution or mercy but the sentences passed caused that law was perceived as very strict.

An outstanding statesman and poet called Solon acted in Athens at the same time as Draco.
In 594 BC he was elected the first archon – the highest state official who today could be compared to a prime minister. The difference between a prime minister and an archon lies in the fact that the latter was elected anually and had executive and judical power, was in command of the army and performed priestly functions. The main Solon's credit was that he prepared basis for political changes in Athens. He divided citizens into four groups based on agricultural output, established the so-called Council of 400, the jury court, standardized the system of measures and weights and considerably increased rights of ekklesia – assembly of all citizens of Athens over 20.

Cleisthenes's reforms

In 510 BC Cleisthenes introduced profound reforms which made democracy exist as a system of government for the first time in the world.
The main ideas of Cleisthenes's reforms were:

1.Replacement of division into tribes, fraternities and families with a territorial division.

2.Division of Attica into three districts and districts – into smaller areas.

3.Citizen's rights for foreigners living in Attica.

4.Replacement of Solon's Council of 400 with a Council of 500, introduction of ostracism and Board of Generals.

In general reforms were to diminish the role of aristocracy, eliminate financial differences and mix the society.

Athenian democracy

Athenian democracy was established as a result of continuous reorganizations. The name comes from demos-people and kratos-power, so litarally power of the people. Apart from many smaller changes, it was mainly based on the opportunity for all citizens over 20 to take part in governing the country. Athenian democracy also had weak sides, like limited possibility of taking part in the Assembly of Citizens for people living outside Athens. Peasants, especially during harvest, could not take part in voting because of distance they would have to cover to vote. Solution of this problem was delegating a representative from each village who would take care of interests of food producers.

The pace of making decisions was critisised (by Plato and Aristotle) because it was of high importance in those turbulent times. In a situation when the state was in danger, despite the existence of the strategist's office, the most important decisions had to be made in the Assembly which was not always reasonable.

One of the main advantages of Athenian democracy was that the archon and his eight assistants were elected anually. It was possible to prolong the rule for the next term but in case of any abnormalities a quick change of government took place.

The biggest advantage of democracy in polis was the general possibility of taking part in public life for all free citizens. Undoubtedly it helped the citizens of Athens to broaden their minds, their cultural awareness and, what was probably most important, to develop intelectually.



ကူးထားတာက ဒီနေရာကပါ Ancient Greece

Democracy

Democracy means the rule of the people (in Greek). That is where each individual person has a vote about what to do. Whatever the most people vote for wins. There is no king or tyrant, and anybody can propose a new law.
One problem that immediately comes up in a democracy is who is going to be able to vote. Should people vote who are just visiting from some other city-state? How about little kids, should they vote? Or should there be some limits?
The earliest democracy in the world began in Athens, in 510 BC. When democracy proved to be successful in Athens, many other city-states chose it for their government too. But most of them allowed even fewer people to vote than Athens did: most of the other city-states only allowed free adult male citizens to vote IF they owned land or owned their own houses (that is, the richer people).
Another problem for democracies was that it was very inconvenient for men to always be going to the meeting-place to vote. Most men had work to do, planting their grain, making shoes, fighting wars or whatever. They couldn't be always voting. So most democracies sooner or later ended up choosing a few men who would do most of the voting, and the rest only came when there was a really important vote. It was hard to decide how to choose these few men, and different cultures did it different ways. Athens did it by a lottery. If you got the winning ticket then you were on the Council of 500. Men served for a year.
Democracy spread around the Mediterranean, but it was pretty much wiped out by the Roman Empire about 100 BC. Still, places like Athens continued to use democratic methods to make their own decisions on local matters for a long time after that.
A thousand years later, in the Middle Ages, some cities in Italy - Siena, Florence, Genoa, Pisa, Venice - went back to having a democratic government. These were all organized in slightly different ways, but none of them allowed the poor or women to vote, and some had a lottery system like Athens.
(To read a description of the democracy of Florence written by a man who lived there at that time, click here).

ကူးထားတာက ဒီနေရာကပါ History And Science For Middle School Kids

ဒီမိုကရေစီဆိုတာ . . . အခန်း (၁)


အနောက်နိုင်ငံများတွင် နိုင်ငံသားများက သူတို့ဒီမိုကရေစီကို ကျင့်သုံးသည်ဟု ယုံကြည်ကြသည် ။ အဓိပ္ပာယ်က သူတို့နိုင်ငံအစိုးရအဖွဲများတွင် ရာထူးရာခံ အဆင့်ဆင့်၌ အာဏာရရှိမည့် သူများကို ရွေးချယ်ပိုင်ခွင့် သူတို့မှာရှိ သည်ဟု ဆိုလိုခြင်းဖြစ်သည် ။ နေ့စဉ်ပေါ်ပေါက်နေသည့် အရေးကိစ္စများနှင့် စပ်လျှဉ်း၍ သူတို့စိတ်တွင် ထင်မြင် သည့်အတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်ဟုလည်း သူတို့ခံစားကြရသည် ။
ဒီမိုကရေစီဆိုသည့် စကားလုံးမှာ ဂရိဝေါဟာရဖြစ်၍ ပြည်သူ့အုပ်ချုပ်ရေးဟု အဓိပ္ပာယ်ရရှိသည် ။ ဒီမိုကရေစီ သဘောတရား ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်ခဲ့ကြသော ရှေးခေတ်ဂရိလူမျိုးတို့မှာ ကျေးပိုင်ကျွန်ပိုင် စနစ်ရှိခဲ့ သော်လည်း ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ချေ ။ သူတို့က နိုင်ငံသားများတွင် အခွင့် အရေးအပြည့်အ၀ရှိသည် ဟု ယုံကြည်ခဲ့ကြသည် ။ သို့ရာတွင် ကျွန်များကိုမူ တိရစ္ဆာန်ကဲ့သို့ သဘောထား၍ ပြုမူဆက်ဆံခဲ့ကြသည် ။ အေသင်မြို့ပြနိုင်ငံတွင် ဘီစီ ၅ ရာစုက နိုင်ငံသားများသည် အစိုးရလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရမည်ဟု မျှော်မှန်းချက်ထားရှိကြသည် ။ နိုင်ငံအတွက်အဆုံးအဖြတ်ပေးသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် တိုက်ရိုက်ပါဝင် ဆောင်ရွက်ခွင့်ရှိသည် ဆိုသည့် သဘောပင် ဖြစ်သည် ။ အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသား ယောက်ျားများသည် ယင်းသို့ ပါဝင်ဆောင်ရွက်သည့် အခွင့်အရေးကို ရရှိကြသည် ။ ကျေးကျွန်များ ၊ အမျိုးသမီးများနှင့်  အေသင်တွင်နေထိုင်ခွင့် ရရှိထားသော်လည်း နိုင်ငံသားမဟုတ်သူများ  အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့် မပြုချေ ။ သို့ဖြစ်၍ အေသင်မြို့ပြနိုင်ငံတွင် ကျင့်သုံးသည့် ဒီမိုကရေစီ စနစ်မှာ လူနည်းစုအတွက်သာဖြစ်ကြောင်း တွေ့ရှိရသည် ။ နိုင်ငံရှိ လူဦးရေ၏ ၂၀ရာခိုင်နှုန်းသာ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိသည် ။
ခေတ်သစ်အမျိုးသားနိုင်ငံများတွင် ကျင့်သုံးသည့် ဒီမိုကရေစီမှာ ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်သည့် စနစ်ဖြစ်သည့် အစိုးရအဖွဲ့ရှိ ရာထူးအဆင့်ဆင့်တွင် တာဝန်ယူကြမည့်သူများအား နိုင်ငံသားများက ရွေးချယ်ခြင်းဖြစ်သည် ။ အစိုးရ ရာထူးအဆင့်ဆင့် ဆိုရာတွင် စည်ပင်သာယာ ၊ နိုင်ငံတော် သို့မဟုတ် နိုင်ငံ တော်နှင့် သက်ဆိုင်သော အခြားရာထူးများဖြစ်သည် ။ ယင်းသို့ ရွေးချယ်တင်မြှောက်ခံရသူများသည် ပြည်သူ များ၏ ကိုယ်စားလှယ်များ အဖြစ် တာဝန်ထမ်းဆောင်ကြရသည် ။
ရှေးဟောင်းအေသင်တွင် တိုက်ရိုက်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြသည်. ယင်းစနစ်အရ နိုင်ငံသားအား လုံးသည် နိုင်ငံအတွက် အဆုံးအဖြတ်ပေးရန် အလို့ငှာတစ်နှစ်လျှင် အကြိမ်အတော်များများ စုဝေးကြရသည်။ အေသင်မြို့တွင် အဆင်ဘလီ (Assembly) ခေါ် နိုင်ငံသားများ၏ အစည်းအဝေးကို တစ်နှစ်လျှင် ဆယ်ကြိမ် ကျင်းပသည် ။ ယင်းအစည်းအဝေးသို့  တက်ရောက်မြို့ပေါ်ရှိနိုင်ငံသားအားလုံး သို့မဟုတ် အစည်းအဝေးသို့ တက်ရောက်နိုင်သူ အားလုံးတက်ရောက်ကြရသည် ။ အစည်းအဝေးတွင် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ကြသည် ။ ဥပမာ နိုင်ငံသားအဖြစ်ခွင့်ပြုခြင်း ၊ အချို့အား ရာထူးတစ်စုံတစ်ခုအတွက် ရွေးချယ်ခြင်း၊ စစ်ပွဲ ဆင်နွှဲတိုက်ခိုက်သင့် မသင့် အဆုံးအဖြတ်ပေးခြင်း သို့မဟုတ် ဥပဒေစည်းမျဉ်းများ သတ်မှတ်အတည် ပြုခြင်း စသဖြင့် ဖြစ်သည် ။ အစည်းအဝေး တက်ရောက်သူများအနက်မှ မိန့်ခွန်းပြောကြားတတ်သူများသည် အဆိုပြုချက်များ ၊ သင့်မသင့် အခြေအတင် ငြင်းခုံဆွေးနွေးကြသည် ။ နောက်ဆုံးတွင် အစည်းအဝေးတက် ရောက်သူများက လက်မြှောက်၍ ဆန္ဒမဲပေးကြသည် ။ အစည်းအဝေးတက်ရောက်သည့် ထောင်ပေါင်းများ စွာသော နိုင်ငံသားများသည် နိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက်ချမှတ်ရာတွင် တိုက်ရိုက်ပါဝင်ကြ ခြင်းဖြစ်သည်  ။ အချို့အရေးကြီးသော ဆုံးဖြတ်ချက်များကို အတည်ပြုရန် အစည်းအဝေးသို့ နိုင်ငံသားပေါင်း ခြောက်ထောင်တက်ရောက်ရန် လိုအပ်သည်။


အေသင်မြို့ပြနိုင်ငံတွင် အခြားအရေးပါသည့် အုပ်ချုပ်ရေးအဖွဲမှာ အဖွဲဝင် ငါးရာပါဝင်သည့် ကောင်စီဖြစ် သည် ။ ယင်းကောင်စီအဖွဲ့ဝင်များကို နိုင်ငံသားများထဲမှာ နှစ်စဉ်နှစ်တိုင်း ရွေးချယ်ရသည် ။ ကောင်စီအဖွဲ့ ၀င်ဖြစ်ရန် အသက် ၃၈ နှစ်နှင့် အထက် ဖြစ်ရမည်ဟု သတ်မှတ်ထားသည် ။ နိုင်ငံသား တစ်ယောက်သည်  သူ၏ တစ်သက်တာတွင် ကောင်စီဝင်အဖြစ် နှစ်ကြိမ်တာဝန်ယူဆောင်ရွက်ခွင့် ရှိသည် ။ ကောင်စီသည် အဆင်ဘလီ (Assembly) တွင် တင်သွင်းဆုံးဖြတ်နိုင်ရန် တရားဥပဒေများကို ပြုစုရသည် ။ တစ်ခါတစ်ရံတွင် အဆင်ဘလီ၏ ဥပဒေများ အကျိုးသက်ရောက်မှုရှိစေရန် အတည်ပြုပေးရသည် ။
အေသင်မြို့ပြနိုင်ငံတွင် တရားရုံးများသည်လည်း အထူးအရေးပါသည် ။ ဂျူရီလူကြီးများကို အသက် ၃၀ ပြည့် ပြီးသူ နိုင်ငံသားများထဲမှ ရွေးချယ်ခန့်ထားသည် ။ အဆုံးအဖြတ်ပေးရမည့် အမှု့သည် မည်သည့်အမျိုးအစား ဖြစ်သည်ကို စိစစ်ရသည် ။ အများပြည်သူက စွဲဆိုသည့် အမှုနှင့် ပုဂ္ဂလိက အချင်းချင်းစွဲဆိုသည့် အမှုဟူ၍ အမှု နှစ်မျိုးနှစ်စားရှိသည် ။ အမှုကို စိစစ်ပြီးမှ အမှုအမျိုးအစားကို လိုက်၍ ဂျူရီလူကြီး အရေအတွက်ကို သတ်မှတ်သည် ။ အဆုံးအဖြတ်ပေးရန် တရားသူကြီး သီးခြားခန့်အပ်ထားခြင်း မရှိချေ။ 
ယခုခေတ် အမျိုးသားနိုင်ငံများတွင် ကျင့်သုံးနေသော ဒီမိုကရေစီသည် ရှေးခေတ်အေသင်မြို့သားများအဖို့ ဒီမိုကရေစီ မပီသည့် အနေအထားတွင် ရှိသည် ။ ယခုခေတ် အမျိုးသားနိုင်ငံများတွင် နိုင်ငံသားသန်းပေါင်း များစွာသည် အလွန်ကျယ်ဝန်းသော နယ်နိမိတ်အတွင်း၌ နေထိုင်ကြရသည် ။ သူတို့သည် သူတို့အားကိုယ် စားပြုမည့် ကိုယ်စားလှယ်များအား နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းသဖွယ် သဘောထား၍ လုပ်ကိုင်ကြသော စင်ပြိုင်နိုင်ငံရေးပါတီများရှိ နိုင်ငံရေးသမားများထဲမှ ရွေးချယ်ကြရသည် ။ ဤစနစ်မျိုးမှ စစ်မှန်သော ဒီမိုကရေစီ ရရှိသည်ဆိုသည့် သဘောထားအယူအဆကို ရှေးခေတ် အေသင်နိုင်ငံသားတို့ အလွန်ပင် သံသယ ဖြစ်ကြပေလိမ့်မည် ။ ဖော်ပြပါ အသက်မွေးဝမ်းကျောင်း နိုင်ငံရေးသမားများအား မည်သို့  စိတ်ချယုံကြည်နိုင်ကြမည်နည်း ။ နှစ်ကာလ ဤမျှကြာညောင်းသည်ထိ နိုင်ငံရေးသမားများအား ယုံကြည် စိတ်ချစွာ အာဏာအပ်နှင်းထား၍ ဖြစ်နိုင်ပါမည် လား ။ ဤစနစ်သည် ရှေးခေတ်အေသင်နိုင်ငံသားတို့ ယူကျုံးမရဖြစ်ကြရမည့် စနစ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည် ။ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးကြသူများ အဖို့ ကိုယ်စားလှယ်ရွေးချယ်ပေးရသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော နိုင်ငံများမှ နိုင်ငံသားများသည် နှစ်အနည်းငယ်ကြာသော အခါမှ တစ်ကြိမ်စီ ကိုယ်စားလှယ်ရွေးချယ်ပေးကြရသည် ။ နိုင်ငံအတွက်အရေး ကြီးသည့် ကိစ္စ များကို အဆုံးအဖြတ်ပေးရမည့် တာဝန်ကို နိုင်ငံရေးသမားများအား ယင်းတို့ သဘောကျ ဆောင်ရွက်ရန် လွှဲအပ်ထားသည် ။ သို့ဖြစ်၍ နိုင်ငံသားများတွင် နိုင်ငံအတွက် မည်သည့်တာဝန်မှ မရှိဟု ယူဆနိုင်သည် ။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကျော် ခေတ်သစ်ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးစ ကာလက ခေတ်စားခဲ့သော ဖော်ပြ ပါဝေဖန်ချက်မျိုးကို ယနေ့ ဝေဖန်သုံးသပ်သူအတော် များများကလည်း လိုက်နာလျှက်ပင်ရှိနေသေးသည်။ ရူးဆိုးက သူ၏ ဇာတိဖြစ်သော ဂျီနီဗာမြို့တွင် ဒီမိုကရေစီကို နှစ်သက်သဘောကျသူများရှိသည်ဟု သူယုံကြည်ကြောင်းသာ ရာစုအတွင်းက ရေးသား ဖော်ပြခဲ့သည် ။ ယင်းသို့သော အသိုင်းအ၀ိုင်းတွင် တိုက်ရိုက် ဒီမိုကရေစီ ကောင်းစွာ ဖြစ်ထွန်းနိုင်သည်ဟုလည်း သူယုံကြည်ခဲ့သည် ။  ။ ။ ။

Ref::  Democracy Groundwork 
Guide PP11-13
ဘုန်းလူလှ ရေးသားသော The Hot News ပါ ဆောင်းပါးအား ပြန်လည် ဖော်ပြပါသည်