Home » » ဖာပညာရေးနှင့် ဒို့မြန်မာလူငယ်

ဖာပညာရေးနှင့် ဒို့မြန်မာလူငယ်

ပညာရေးကို စီမံကိန်းကြီးတွေ ချပြီးလုပ်နေတဲ့ မြန်မာပြည် စစ်အစိုးရ ။ တစ်လောကပဲ ကြေးမုံသတင်းစာ ထဲမှာဖတ်လိုက်ရပါသေးတယ်။ အာဏာရှင် ခေါင်းဆောင်ကြီးကလည်း ညွှန်ကြားစာပို့လိုက်သေးတယ်။ စီမံကိန်းကကြီးလွန်းတော့ နှစ် ၃၀ စီမံကိန်း ဆိုလားပဲဗျို့ ။ ယခုနှစ်ဟာဆိုရင် စီမံကိန်းရဲ့ ငါးနှစ်မြောက် ဖြစ်ပါသည်တဲ့။လုပ်နေတဲ့ ပညာရေး အဆင့်အတန်း မရှိဘူး ဆိုတာ နည်းနည်းလေးမှ မသိလေသလား ။ မသိချင်ဟန်ဆောင်နေတာလားတော့ မသိဘူးဗျာ ။ ပြောပြမယ် ကျောင်းမှာ လက်တွေ့ ဖြစ်နေတာတွေ လုပ်နေတာတွေ စီးမဲ့ကမ်းမဲ့ဖြစ်နေတာတွေ ။ပညာရေး အဆင့်အတန်း ကြီးက ကောင်းလွန်းလို့ သူတို့သားသမီးတွေ ကြတော့ ဒီနိုင်ငံမှာတောင်ကျောင်းမထားဘူးလေ ။ လေယဉ်အသွားအပြန်နဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက် ကြတယ်မှတ်လား။ပညာရေးကြီး ကောင်းလွန်းလို့ ပြောချင်တာတွေပြောပြအုံးမယ်။ သူတို့စီမံကိန်းကြီးကမပြီးသေးဘူး တခြားတိုင်းပြည်တွေက သူတို့ထက်မက အသစ်အဆန်းတွေဖြစ်လာတော့ သူတို့ စီမံကိန်းကြီးက ဒုံရင်းကဒုံရင်း အနောက်ကလိုက်နေတာက အနောက်က လိုက်နေတာပါပဲ။ ပညာရေး ၀န်ကြီးကလာပြီး ဟိုဟာပြောသည်ဟာပြော ပြီးတော့ ဘာတစ်ခုမှ ထူးခြားလာတာလဲမရှိဘူး။

နည်းပညာ တက္ကသိုလ်က ကျောင်းသား တွေ
မြို့စွန်မြို့ဖျားက ကျောင်းအစုတ် တွေကို သွား လက်မှတ်ထိုး ။ ပြီးရင် ထန်းတောထဲရောက် အရက် ဆိုင်ရောက်ဘာမှ လုပ်စရာမရှိဘူးလေ ဗျာ ။ အင်းစိန် ဂျပန်လမ်း နားက GTI ကျောင်းက ဘာဖြစ်သွား တယ်မှတ်သလဲ။ရဲစခန်း ၊ ကြံ့ဖွတ် ရဲ့ လူမှု့ရေးလုပ်ငန်းတွေ လုပ်ရာ ဌာနကြီး ပညာဒါနတွေလည်း ပေးသေးတယ် ။ ပြီးတော့ကြံ့ဖွတ် အင်ကျီ ၀တ်ခိုင်းတယ် ။ တကယ် စာတတ်လားမတတ်လားတွေ့ မမေးနဲ့ GTC မှာ ကျောင်းတက်နေတဲ့ သူငယ် ချင်းတစ်ယောက်ကပြောတယ် ။ စာမေးပွဲ စစ်မယ်လို့ ဆရာက ပြောတယ် တဲ့ ဆရာ အဲ့ဒီနေ့မှာဖြေလို့ မရဘူး လေ ပုံမှန် ဖြေနေကြ နေ့ ကျမှဖြေပါ စာတွေမရသေးဘူး ဆိုတော့ လာသာဖြေပါကွာ သနားမှတ်တော့ ရမှာပေါ့တဲ့ ။ ကောင်းလိုက်တဲ့ စာမေးပွဲ အရည် အချင်းစစ်တာမဟုတ် ဘူး ။
Day တက်နေတဲ့ ကျောင်းသားတွေ
ကျောင်းသွားတယ် ။ လက်မှတ်ထိုးတယ်။ ပြီးရင်သွားချင်တဲ့ နေရာ သွားတယ် ။ ဆရာမတွေ ဆီမှာ ကျူရှင်ယူတယ် ။ စာမေးပွဲ ပါမယ့် စာပုဒ်ကို ကြိုသိနေရတယ်။ကျတယ်မှတ်လား နောက်တစ်နှစ် ထပ်ဖြေစရာမလိုဘူး။ ဒီနှစ် အတွင်း မအောင်မချင်းဖြေ ။ နောက်ဆုံးမဖြစ်တော့တဲ့ အဆုံး အောင်အောင်လုပ်ပေးလိုက်တာပဲ မှတ်လား။ စာမေးပွဲဖြေတယ် စာမရလည်းဖြေတယ်။ အောင် စာရင်း ထွက်ပြီးရင် ဘယ်ဘာသာရပ် ကျလဲ လာကြည့်တယ် ။ ပြန်ဖြေရမယ့် ရက်ကို စောင့်နေတယ်။ နောက်တစ်နှစ်
မကူးပါဘူး။ တစ်နှစ်ထဲ အအောင်ပေးတာလဲ ပညာရေးစီမံကိန်းကြီးထဲက လုပ်ငန်းစဉ်တစ်ရပ်ပဲထင်ပါတယ်။
အဝေးသင်တက်တဲ့ ကျောင်းသားတွေ
အောက်တိုဘာ ခြောက်ရက် နေ့ ပုံမှန်ကျောင်းတက်ရတယ် ။ တက်ရတဲ့ ရက်က ဆယ်ရက်ထဲပါ ။ နောက်ပြီး တစ်ပတ်လောက် ကျောင်းပိတ်တယ် ။ ပြီးရင် စာမေးပွဲဖြေရတယ် ။ ပြောလိုက်သေးတယ် ။ အဝေးသင်ကျောင်းသားတွေက စာသိပ်သင်စရာ မလိုဘူး ။ စာအုပ်တွေ ပေးထားတော့ စာဖတ်ပြီးသားတွေပဲ။ စာမေးပွဲပါမယ့်ပုဒ်စာလောက်ပဲ ရွေးသင်ပေးလိုက်တယ် ။ အချိန်ကုန်ခံပြီး ဘယ်ကျောင်းသားက တစ်ခြားဟာတွေကျက်တော့မှာလဲ ။ ရွေးသင်တဲ့ ဟာထဲကနေ ရွေးပြီးကျက်တယ် ။ အဝေးသင်မှာတော့ နှစ်ခြင်းပေါက် မရဘူး ။ ကျရင်နောက်တစ်နှစ်ဆက်တက် ။ ဟုတ်တယ်လေ ။ Day တွေက နေ့တိုင်းလာ တက်နေတာဆိုတော့ နှစ်ကျတွေများပြီး လူစုမိရင် ထသောင်းကျန်းမှာ ဆိုးတော့ Day တွေ နည်းပညာ ကျောင်းသားတွေ မြန်မြန်ပြီး မြန်မြန်လက်မှတ်ထုတ် ပြီးရင် ကျောင်းနဲ့ လုံးဝ အဆက်ပြတ်။ ကောင်းလိုက်တဲ့ ပညာရေး စီမံကိန်း ။ သူတို့အတွက်တော့ အစီအစဉ်ကျလွန်းပါတယ်။
ငါတို့မှာက ဒီပညာရေး အစုတ် ပလုပ်ကိုမှ မလုပ်ရင်လည်း ဘာမှ မရှိတော့တဲ့ အဆုံးဒီလက်မှတ် ကလေးတော့ရအောင်ယူမှ ဆိုပြီးတက်နေရတာ ။ စောက်ထင်ကြီးလို့တော့ မဟုတ်ဘူး ။ ဦးသုမင်္ဂလ တရားခွေထဲမှာပြောသလိုဆိုရင်တော့ ကျောင်းကို မတတ်သင့်ပါဘူး ဗျာ။ ဦးသုမင်္ဂလ တို့ တက္ကသိုလ် ကျောင်းသားဘ၀ကကျောင်းပုံမှန်တက်နေရာ ကနေ နောက်ဆုံးနှစ်ကျတော့ စာမေးပွဲ စောစစ်မယ် ။ အရင်နှစ်တွေက အပြည့်သင်ခဲ့ရတယ် ။ ဒီနှစ် စာမသင်ရပဲနဲ့ စာမေးပွဲ စောစော စီးစီး စစ်မယ်ဆိုတော့ ဘာစာ တက်လို့ ဘာကိုဖြေရမှာလဲမဖြေဘူး ကွာ ဆိုပြီး တောထဲသွားနေတယ် ။ အမေဖြစ်သူက အတင်း လိုက်ခေါ်ပြီးဖြေခိုင်းလို့ ဖြေလိုက်တယ်။ဘွဲ့လက်မှတ်ကြီး ရတယ် ။ ဦးဇင်း ရယ် ဦးဇင်းတို့ အဲ့ဒီလောက် အခြေအနေမှာတောင် ပညာရေးကို အဆင့်မရှိဘူးလို့ သတ်မှတ်ခဲ့ ရင် တပည့်တော်တို့ ဆယ်ရက် ကျောင်းတက်ပြီး ရတဲ့ ဘွဲ့က ဘာပြောစရာရှိတော့မှာလဲ။ ထမင်းစားလက်မှတ် ဆိုပြီးကျိတ်မှိတ် လုပ်နေရတာပါဘုရား ။ တပည့်တော်တို့လောက် မိုက်မဲတဲ့ ကောင်တွေလဲမရှိတော့ပါဘူး ။ စောက်ဆင့် မရှိတဲ့ ဘွဲ့ကို မရလို့ ဘာမှ မဖြစ်ပေမယ့် တပည့်တော်တို့ ရဲ့ မိသားစုတွေကလဲ ဦးဇင်း မိဘတွေလိုပဲ ။ ဂုဏ်မ ဟုတ်တာကို ဂုဏ်လုပ်ချင်ကြတယ်လေ ။ ဘွဲ့ဓာတ်ပုံကြီး လူမြင်ကွင်းမှာချိတ်လို့ ငါ့သား ငါ့သမီး ဘယ်နှစ်က ဘွဲ့ယူထားတာပေါ့ ဆိုတာမျိုးလုပ်ချင်ကြသေးတယ် ဘုရား။
အစီအစဉ်ကျလွန်းတဲ့ ခေတ်မှီပညာရေးက ဘာအဆင့်မှ မရှိဘူး ဆိုတာကျောင်းသားတိုင်းသိပေမယ့် လူငယ် ဘာသာဘာဝ ကျောင်းဆိုတဲ့ နေရာကြီးမှာ ပျော်ကြပါးကြရတာကိုလည်း နှစ်သက်တယ် ။ ကျောင်းသားဆို တဲ့ဂုဏ်ကိုလည်း မြတ်နိုးကြလေတော့ သူတို့ မြို့ပြင်ထုတ် ရုံမကလို့ တောထဲပို့လည်း ကျောင်းသားတို့ ဘ၀ သွားကြရမှာပါပဲ ။ ကျောင်းသားတွေ ရိုင်းရင်ရိုင်းတယ်ပြောသေးတယ် ။
ကောင်းလိုက်တဲ့ ပညာရေး ။ ဒို့တွေအတွက် တော့ ဖာပညာရေးကြီးကို သင်ကြားခွင့်ကြုံရတာ ဂုဏ်ယူလို့သာ နေကြပါတော့ ။

1 comments:

  1. အမှန်တရားတွေကို ဖော်ထုတ်ပြဖို့ ညီငယ်တို့လို မျိုးဆက်သစ်လူငယ်တွေ အများကြီး လိုအပ်ပါတယ်။ခု ငါ့ညီ တို့ ရေးပြထားတာ တလုံးတခုမှအမှားမပါတဲ့ အမှန်တရားတွေ ဆိုတာ လူတိုင်းသိကြတယ်လေ။ ဒါပေမယ် ဒီလို ဘယ်သူကမှ ထုတ်မပြောရဲကြဘူး။ ဒီလိုမျိုး ဖွင့်ဟပြောဖို့ မျိုးဆက်သစ်လူငယ်တွေ အများကြီးလိုအပ်ပါတယ်။ မှားနေတယ်ဆိုရင် တကယ်အမှန်ကို ဘယ်သူပြောမလည်း။ကြိုဆိုပါတယ်။
    အမှန်တရားဖက်မှအမြဲရပ်တည်ပါ၏။


    ခင်မင်မှုဖြင့်-
    အားလုံးကို ပျော်စေချင်တဲ့ -

    ReplyDelete

never ... never ... never ...never ... never Give Up !