Home » » ခွေးဋီကာ

ခွေးဋီကာ

လူသည်ယဉ်ကျေး၏
ခွေးသည် ရိုင်းစိုင်း၏
ခွေးသည် မစင်ကိုစား၏
ခွေးသည် အမြဲတမ်းရန်လိုနေ၏
တစ်ခါတစ်ရံခွေးသည် အလစ်ကိုက်တတ်၏
ခွေး၏ အစွယ်တို့သည် ချွန်ထက်၏
ခွေးရူးကိုက်လျှင် သာ၍ဆိုး၏
ခွေးတို့သည် အသက်ကြီးလေ မာန်ဖီလေဖြစ်၏
ခွေးသည် အင်အားကြီးသောအခါ
လူတို့ထိန်းသိမ်းရန်ခတ်ခဲ၏
ထို့ကြောင့်ခွေးကို အလိုမလိုက်သင့်
ခွေးကိုပြုပြင်သင်ကြားရန်ကားခတ်၏
ခွေးဟူသော မျိုးရိုးနှင့် လိုက်၍
ခွေးကျင့်ခွေးကြံ ပြုတတ်သည်သာဖြစ်၏
ခွေးသည်စားကောင်းသောက်ဖွယ်တို့ကို
ကျွေး၍ မွေးသော်ငြားလည်း
ခွေးစိတ်ဓာတ်သည် မပျောက်
သခင်လစ်သော အခါ ခိုး၍စား၏
ခွေးစိတ်ဓာတ်သည်
အမျိုးဟူ၍ လည်းမသိ
ကြီးနိုင်ငယ်ညှင်း
ဦးရာကစား
သနားသည် မရှိ
ညှာတာရကောင်းမှန်းလဲ မသိ
ခွေးကို ကောင်းကောင်းမွေးလိုသော်
သခင်ကို သိသော ခွေးကောင်းဖြစ်လိုသော်
ခွေးစာကျွေးသော အခါ
မိမိ၏ တံတွေးကိုခွေးစာထဲသို့
ထည့်၍ကျွေးရာ၏
အနည်းငယ် သခင်သိစိတ်ဝင်လာမည်ဖြစ်၏
သို့သော် ခွေးကျင့်ခွေးကြံကားပျောက်သွားမည်ဟု
အရှင်းမထင်သင့် ။ ။ခွေး၏ အနားမှ ဖြတ်သွားသောအခါ
သတိအမြဲရှိပါခွေးသည် အ၀မှ စောင့်နေ၏
ခွေးကြည့်ပေးဖို့ ရန် သခင်မရှိ
ခွေးကိုက်တတ်သည် ။ ။


မင်းမကြောက်

1 comments:

  1. ညီရေ ဟိုနင်ဂျာတွေ ကိုယ်ဖျောက်သလို လုပ်လို့ရတဲ့ software ကိုသေသေချာချာသုံးနော် မကောင်းရင်ပြော၊ ရှိုးဂန်းချီးပေတို့ လာပြီးသမသွားလို့ ၀ါတာရှီတော့ အင်းစိန် ရောက်ပြီးပြီ နင်ဂျာလေးတွေ ထပ်ေ၇ာက်သွားလို့ တော်ကြာ နိုင်ငံရေးအကျဉ်းသား ဓါတ်ပုံတွေထပ်တိုးနေအုန်းမယ် :) (ခွေးတွေကလည်းများလိုက်တာ တရုတ်ပြည်ပို့ရောင်းပစ်ရင် ထောပြီ)

    ReplyDelete

never ... never ... never ...never ... never Give Up !