Home » » လွတ်လပ်သောစာမျက်နှာများ

လွတ်လပ်သောစာမျက်နှာများ

ခေတ်အဆက်ဆက် စာပေသမိုင်းကို ဆန်းစစ်လေ့လာကြည့်မည်ဆိုလျှင် စာပေတို့သည် လူ့လောကပတ်ဝန်း ကျင် အခြေအနေပေါ်တွင် အဓိကတည်မှီနေကြောင်း သိရမည်ဖြစ်သည်။ အေးချမ်းတည်ငြိမ်သော ခေတ်တွင်အနုအရွစာပေတို့ လွှမ်းမိုး၍ တိုက်ရေးခိုက်ရေး များနှင့် ရှုပ်ထွေးနေသော ကာလတွင် ဇာတိသွေးဇာတိ မာန်ကိုဖွဲဆိုသော ကဗျာ၊စာပေများ လွှမ်းမိုးကြောင်း သိရမည်ဖြစ်သည်။ Blogစာ မျက်နှာတွင် ဖော်ပြရန်ရည်ရွယ်၍ သူငယ်ချင်းပေးသော စာအုပ်လေးကို ညွန်းဆိုရန် ရှိ၏။ ဆရာဦးထွန်းလှ ၁၉၃၅ ခုနှစ်က ရေးသား ထုတ်ဝေခဲ့သော ”ဘာလဲဟဲ့ လောကဓံ ” အမည်ရှိ စာအုပ်လေးပင်ဖြစ် ၏။သုံးကြိမ်တိုင်တိုင် ထုတ်ဝေခဲ့ ရ၏။
ဆရာ ၏ အရေးအသားတို့သည် စီးပွာရေးကပ်ဆိုးနှင့် ငမွဲဖြစ်နေသော မြန်မာလူမျိုးတို့ ၏ စိတ်ဓာတ်တွင် မ ခံချင်စိတ်ဖြစ်အောင် ရေး၍ တိုးတက်ကြီးပွားအောင် လုပ်စေလိုသော ရည်ရွယ်ချက်ဖြင့် ” ဘာလဲ ဟဲ့ လော ကဓံ ” ဟူသော စာအုပ်ကို ရေးဖွဲ့ခဲ့ ခြင်းဖြစ်ကြောင်းလဲ ထင်ရှား၏။ဆရာကြီး ၏ အရေးအသားတို့ မှာ ပြတ်သား၏ ။ ထိမိသော စကားလုံးများဖြင့် နာသာခံခတ်ဖြစ်စေ၏။ဆရာကြီးဦးထွန်းလှ သည် သူ့ခေတ်သူ့ အချိန်အတွက် ရေးခဲ့ သည့် စာအုပ်ဖြစ်သော်လည်း ကျွန်တော်တို့ မြန်မာပြည်သူ လူထု၏ ယနေ့အခြေအနေ သည် ဆရာရေးသားထုတ်ဝေသော ၁၉၃၅ ခုနှစ်အခြေအနေထက် ပိုမိုထူးခြား ပြောင်းလဲ လာခြင်း မရှိပေ။ ပြောင်းလဲလာသည် များကို ယခင်ရှေးလူကြီးတို့ သည် ကျွန်တော်တို့ လူငယ်များ ထက်ပို၍ သိလိမ့် မည်ဖြစ်သည်။
ပရမ်းပတာဖြစ်လာသော ပညာရေး၊ သူတစ်လူငါတစ်မင်း အချင်းချင်း မညီညွတ်နိုင်သော နိုင်ငံရေး၊ အောက် ကျနောက်ကျ ဖြစ်နေသော မြန့်မာစီးပွားရေး ၊ သူ့ကျွန်ဘ၀ ရောက်နေရသော မြန်မာနိုင်ငံမှ ပညာရှင်များနှင့် အလုပ်သမားများ ။ ထိုအရာများ သာ ပြောင်းလဲလာသည်ဖြစ်၏ ။ သူတစ်ပါးတိုင်းပြည်တို့ တိုးတက်သကဲ့သို့ မတိုးတက်နိုင် ။ ပညာရှိတို့သည် လည်း မိမိတို့ တတ်ထားသောပညာနှင့် တန်ရာတန်ကြေးကို မရနိုင်သည့် အခါ တိုင်းတစ်ပါးကိုသာ ထွက်၍ အလုပ်လုပ်ရန်ကြံစည်ကြ၏။ အလုပ်သမားတို့ သည်လည်း ပင်ပန်း သလောက် အကျိုးအမြတ် ရှိနိုင်မည့် သင့်တော်ရာကို ထွက်ကြ၏။ ဒါတွေလားဟေ့ ပြောင်းလဲ တိုးတက်လာတာ ဟုပင် မေးရတော့မလို ဖြစ်လာ၏ ။ရှေးယခင်က မြန်မာလူ မျိုးတို့ သည် တိုင်းတစ်ပါးသို့ အလုပ်ထွက်လုပ်ရသည် ဟူ၍ ရှိခဲ့ပါ၏လော့ ။
အာဏာရှင် လက်အောက်မှ လွတ်မြောက်လို၍ တိုင်းတစ်ပါး ၌ ခိုလှုံကြရ၏ ။ အမိမြေကို ပြန်လာဖို့ ရန် အခွင့် အခါမပေး ။အာဏာရှင်လက်ထက်ကမောက်ကမ ဖြစ်လာသော ငွေကြေးတန်ဖိုးများနှင့် ပညာနဲ့မထိုက် တန်သည့် လုပ်ခ လစာများကြောင့်သာ ပညာရှင် အသီးသီးတို့ အဝေးသို့ ရောက်၍ အာဏာရှင် ထီးထီးကြီး ကျန်နေလျှက် တိုင်းပြည်တွင်း၌ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်၍ နေပေတော့၏ ။
နောက်တစ်ချက်က မြန်မာပြည်က နေလို့ မြန်မာပြည် အကြောင်း ပိုသိလိမ့်မည် ဟု မထင်ကြနဲ့ ။ မြန်မာ့သ တင်း အမှန်ကို သိဖို့ ရာတိုင်းတစ်ပါးက သတင်းဝပ်ဆိုဒ်တွေ မှာ လိုက်ကြည့်ရတယ်ဗျ ။အဲ့ဒီတော့မှ အမှန်သိရတာ။ အင်း လိမ်နေသည် ညာနေသည် ဟု အလိမ်အညာ သတင်းကို ပြည်သူကြားသို့ လွတ်နေ သေး၏။ ဘယ်သူလိမ်နေညာနေလဲ သိကြပါရဲ့။ လိမ်နေညာနေတာ မင်းပါလို့ ပြောဝံ့ကြသလော့ ။ပြောကြရ တော့မှာက အခုချိန်ပါပဲ ။ခေတ်ဆိုးစနစ်ဆိုးမှာ တော်လှန်သော စာပေတို့သည် ခေတ်အဆက်ဆက်ရှိ၏။ ပြည်တွင်း၌ ရေးသားထုတ် ဝေဖို့ရာ မဖြစ်နိုင်သည် ကို အားလုံးသိကြပါ၏ ။ ထို့ကြောင့် ဘလော့ စာမျက်နှာများ သည် တော်လှန် သောစာမျက်နှာများ ဖြစ်လာ၏။ စာပေစိစစ်ရေး၏ ဖြတ်တောက်ခြင်း ပြန်လည်ပြင်ဆင်ခြင်း မရှိသော ကျွန်တော်တို့၏ ဘလော့ စာမျက်နှာများသည် လွတ်လပ်၏။


မြလေးနိုင်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !