ကုလ္လူပမ

အစွဲနှင့် ပြုလုပ်လျှင်
မည်သည့်ကိစ္စမျိုးမှ အောင်မြင်မှုမရှိဘဲ
နောက်ဆုံးတွင်
အရှုံးနှင့်သာ
ရင်ဆိုင်ရလိမ့်မည်။
ခရီးသည်နှစ်ဦးသည် ခရီးသွားရာမှ အိမ်ပြန်လာကြသည်။ အိမ်အပြန်ဘာပစ္စည်းမှ ပါမ လာကြ။ အိမ်အပြန် မျက်နှာလှဖို့ အတွက် ပစ္စည်းတစ်စုံတစ်ရာမပါဘဲ ပြန်လာကြသော ခရီးသည် နှစ်ဦးသည် လမ်းတွင် မြက်ရိတ်သ မားရိတ်ထားသော မြက်ပုံနှစ်ပုံ တွေ့ ကြသည်။ခ၇ိးသည် နှစ်ဦးသည် လက်ချည်း အိမ်ပြန်ခြင်း ထက် အပြန်ပစ္စည်း တစ်ခုခုပါသွားလျှင် မျက်နှာပန်းလှလိုက်မည် ဟူ၍ တွေးလျက် မြက်ပုံတစ်ပုံစီ ထမ်း လာကြသည်။မြက်ပုံတစ်ပုံစီ ထမ်းလာကြာသောခရီးသည် နှစ်ဦးသည် လဲအပုံနှစ်ပုံကိုတွေ့ ကြပြန်သည်။ ခရီးသည်တစ်ယောက်က သူထမ်းလာသောမြက်ပုံကို ပစ်ချပြီး လဲပုံကို ကောက်ယူထမ်းသည်။ ကျန်တစ် ယောက်ကမူ ထိုခရီးအကွာအဝေးထိ ထမ်းလာခဲ့သော မြက်ပုံကိုစွန့် မပစ်လိုသည့်အတွက် သူ့ မိတ်ဆွေ ခ၇ီးသည် လဲပုံကို ပြောင်းပြီး ထမ်းသလိုမထမ်းဘဲ မြက်ပုံကိုသာဆက်လက် ထမ်းယူလာ သည်။ခ၇ီးသည်နှစ်ဦးသည် အပြန်ခ၇ီးဆက်လက် လာကြရာလမ်းခရီး၌ သိုးမွေးပုံနှစ်ပုံကို တွေ့ ကြပြန်သည်။ ခ၇ီးသည်နှစ်ဦးအနက်မြက်ပုံကိုပစ်ချပြီး လဲပုံကိုထမ်း လာသောခရီးသည်လဲ ထက်သိုးမွေးက တန်ဖိုးရှိ သည်ဖြစ်၍ ပခုံးပေါ်က လဲပုံကို ပစ်ချလျှက် လဲပုံ၏နေရာတွင် သိုးမွေးကို ထမ်းယူလာခဲ့သည်။ လဲပုံကိုတွေ့ စဉ် က မြက်ပုံကို ထားပစ်ခဲ့ရမှာစိုးသည့်အတွက် လဲပုံကို မယူဘဲ မြက်ပုံကိုသာ ထမ်းယူလာခဲ့သည့် ခရီးသည် သည် သိုးမွေးပုံနှင့်မလဲဘဲ မြက်ပုံကိုသာ ဆက်လက် ထမ်းယူလာခဲ့သည်။
ခ၇ီးသည် နှစ်ဦးအိမ်ပြန်ရောက်သော အခါ တစ်ဦးကလျှောက်ပင်ပင်ပန်းပန်း ထမ်းယူလာခဲ့စော မြက်ပုံကိုသာ ခ၇ီးအပြန်လက်ဆောင်အဖြစ်နှင့် အိမ်ကိုအပ်နှံနိုင်ခဲ့သည်။ဒုတိယခရီးသည်ကမူ အဖိုးထိုက် တန် သောသိုးမွှေးကို အိမ်ပြန်လက်ဆောင်အဖြစ် အိမ်ကိုအပ်နှံနိုင်ခဲ့သည်။ ယင်းခရီးသည် နှစ်ဦး၏ ကွဲပြားချက်မှာ ပထမခရီးသည်သည် ခ၇ီးတစ်လျှောက်လုံးထမ်းလာခဲ့သော မြက်ပုံကို မစွန့် ပစ်နိုင် သောကြောင့် အိမ်အထိ ထမ်းယူလာခဲ့ပြီး ဒုတိယလူကမူ တစ်ခုပြီးတစ် ခု ဆန်းသစ်သော တန်ဖိုးရှိ သောအရာဝထ္ထုကို တွေသည့်အခါ အသုံးမကျသော ပစ္စည်းဝထ္ထုကိုတွေသည့်အခါ အသုံးမကျ သောပစ္စည်းဝထ္ထုကို အစဉ်အလာက သုံးစွဲလာခဲ့သည်ဖြစ်စေကာမူ လွတ်လွတ် ကျွတ်ကျွတ် စွန့် လွှတ်လျှက် တန်ဖိုးရှိသော၊ အသုံးကျသောပစ္စည်းဝထ္ထုကိုသာ ပြောင်းလဲပြီးလက်ခံသည်။ယင်းဥပမာသည် ဆန်းသစ် သော အသုံးကျသောပစ္စည်းဝထ္ထုသစ်ကိုတွေ့ ရသော်လည်းအစဉ်အလာက သုံးစွဲခဲ့သည့်အကြောင်ပြ ချက်ဖြင့် မစွန့် ပစ်နိုင်သူနှင့် အသုံးဝင်သော ဆန်းသစ်သောပစ္စည်း ၀ထ္ထုအသစ်ကိုတွေ့ သောအခါ အဟောင်းကို ရဲရဲ စွန့် ပဟ်လျက် အသစ်ကို သုံးစွဲသူကို ဥပမာထားလျက် အယူအဆဟောင်း၊ အယူအဆဆွေးကို စွဲစွဲမြဲမြဲလက်ခံထားသူနှင့် အယူအဆသစ်ကိုပြောင်းလဲ ယူဆသူ နှစ်ဦးအကြောင်းကို ပြောပြထားခြင်း ဖြစ်သည်။ ယင်းဥပမာသည် မြတ်စွာဘုရားကိုယ်တော်တိုင် ညွှန်ကြားပြောပြ ထားခဲ့သော ဥပမာ ဖြစ်သည်။
ယင်းဥပမာ၏ဆိုလိုရင်းကို ခိုင်မြဲစေလိုသည့်အဘောဖြင့် မြတ်စွာဘုရားသည် ‘ကုလ္လူပမံ ဝေါ ဘိက္ခဝေ..’ စသည့်ဖြင့် ဓမ္မကို ဖောင်နှင့်ဥပမာပေးပြီးဟောပြထားတော်မူသည်။ ‘ကုလ္လ’ ၏ အနက်အဓိပ္ပာယ်သည် ဖောင်ဖြစ်သည်။ ‘ကုလ္လဥပမ’(ကုလ္လဥပမာ) သည် ဖောင်ဥပမာဖြစ်သည်။ ဓမ္မကို ဖောင်နှင့်ဥပမာပေးပြီး ဟောပြထားတော်မှုခြင်းဖြစ်သည်။ ဖောင်သည် တစ်ဘက်ကမ်းကူးဖို့ အတွက်သာဖြစ်သည်။ တစ်ဘက် ကမ်းရောက်သွားသည့်အခါ ဖောင်၏ကိစ္စပြီးဆုံးသွားသည်ဖြစ်၍ ဖောင်ကိုမြစ်ထဲ၌သာထားခဲ ရမည်။ ထိုနည်းအတူပင် ဓမ္မသည်လည်း လိုက်နာကျင့်သုံးဆောက်တည်ရမည့်အရာသာဖြစ်သည်။ ဖက်တွယ် ဆုပ်ကိုင်ထားရမည့် အရာမဟုတ်ပေ။ ဓမ္မကို ချဉ်းကပ်ပုံချဉ်းကပ်နည်း မှန်ကန်ဖို့ လိုသည်။ ချဉ်းကပ်ပုံချဉ်း ကပ်နည်း လွဲမှားသွားလျှင် ချဉ်းကပ်သူသည် အကျိုးမရှိသည့် အပြင် အကျိုးမဲ့သာဖြစ် သွားနိုင်၏။ အုန်းဆံကြိုး သည် ရေခပ်သည့်နေရာ၌ လည်း အသုံးကျသည်။ ကြိုးဆွဲချသေဖို့ အတွက်လည်း အသုံးဝင်သည်။ ဓမ္မသည်လည်း သံသရာတစ်ဘက်ကမ်း ကူးရန်အတွက် အကျိုးရှိသလို ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မမှန်လျှင် သံသရာဝဲသြဂအတွင်းက မလွတ်ကင်းနိုင်ဘဲ တ၀ဲလည်လည် ဖြစ်နေလိမ့်မည်။မည် သည့်ဘာ သာတ၇ား ကိုမဆို၊ မည်သည့်အယူအဆမျိုးကိုမဆို၊ ပုဂ္ဂိုလ်စွဲ ဆရာစွဲ အယူအဆစွဲထားပြီးယုံကြည်ယူဆခြင်းသည် လွဲမှားသောချဉ်းကပ်နည်းဖြစ်သည်။ ငါယုံကြည်ကိုးကွယ်သောဘာသာ တရားကသာမှန်သည်။ တခြားဘာ သာတရားက အမှားဟူ၍လည်းကောင်း၊ ငါ့အယူအဆကသာ မှန်သည်၊တခြားလူများ၏ အယူအဆကမမှန်ဟု တစ်ဘက်သတ်တစ်ကြောင်း ဆွဲချဉ်းကပ်ပုံချဉ်းကပ်နည်းဖြစ်သည်။ အစွဲနှင့်ပြုလုပ်လျှင် မည်သည့်ကိစ္စမျိုးမှ အောင်မြင်မှု မရှိဘဲ နောက်ဆုံးတွင်အရှုံးနှင့်သာ ရင်ဆိုင်ရလိမ့်မည်။
ကာလာမသုတ်၌ မြတ်စွာဘုရား ဟောကြားထားသော တရားမှာလည်း ယင်းအဓိပ္ပာယ်မျိုးကိုပင်ညွှန်ပြထား ခြင်းဖြစ်သည်။‘စာအုပ်ကြီးထဲမှာပါသည်ဆိုသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊အစဉ်အလာက ယူဆခဲ့သည့်အယူအဆ ဖြစ်သည် ဟူသော အကြောင်ပြချက်ဖြင့်လည်းကောင်း၊မိဘ ဘိုးဘွားများ၏ အယူအ ဆဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊ ယုံကြည်ယူဆခြင်းမျိုး မပြုလုပ်ပါနှင့်။
ကုန်ကုန်ပြောလိုက်မည်။ ငါဟောပြောသော တရားစကားများကိုပင် ငါဟောခြင်း၊ ပြောခြင်းဖြစ်သည်ဟူသော အကြောင်ပြချက်ဖြင့် လက်ခံနာယူခြင်းမျိုး မပြုလုပ်နှင့်၊ မိမိ၏ကိုယ်ပိုင်ဥာဏ် မှတ်ကျောက်တွင်တင်ကြည့်ပြီး အဖြေထွက်မှ လက်ခံ နာယူကြရမည်’ ဟူ၍` မိန့် မှာထားတော်မူသည်။မည်မျှ သီဟနာဒ ရဲရင့်ပြတ် သားသောမိန့် ကြားချက် ဖြစ်သနည်း။ဘာသာတစ်ရားသမိုင်း၌ ဘာသာတရား တစ်ခုခုကို ဦးဆောင်ဦးရွက် ပြုသူပုဂ္ဂိုလ်တစ်ဦးအနေနှင့် ယင်းကဲ့သို့ ရဲရဲတောက် မည်သည့်အခါကမိန့်ကြားခဲ့ဖူး သနည်း။မည် သည့်အခါက ကြားခဲ့ဖူးသနည်း။ယင်းမိန့် မှာချက်မျိုးကို မည်သည့်သမိုင်းစာမျက်နှာ၌ မှတ်တမ်းတင် ထားခြင် မျိုး ရှိသနည်း။

မှတ်ချက်....
အာဏာရှင်စနစ်ဟောင်းကို စွန့် ၍ စစ်မှန်သော ဒီမိုကရေစီသည် ဘယ်လိုဘယ်ပုံရှိသည်ကို ဆန်းစစ် လေ့လာ၍ ယုံကြည်ရာကို အနာဂတ် အတွက် လက်ဆောင်တစ်ခု အဖြစ်ပေးခဲ့ကြပါစို့....

ပါရဂူ

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !