Home » » မျိုးဆက်သစ် ဧ။် အရုဏ်ဦး

မျိုးဆက်သစ် ဧ။် အရုဏ်ဦး

စစ်ပြီးခေတ်နှောင်းပိုင်းတွင် မျိုးဆက်သစ် ဟူသောစကားကို သိကြားစပြုလာလေသည်။ကျွန်တော်တို့ သည် ကျွန် တော်တို့ဧ။်သမိုင်း ခေတ်တွင် တွေ့ကြုံ ခံစားလာခဲ့ရ သော သမိုင်းခေတ်များကိုမိမိတို့ ဖြတ်သန်းခဲ့သည့် အချိန်အခါကို လိုက်၍ မျိုးဆက်သစ်ဟူ သော စကားရပ်ဖြင့် နောင်အနာဂတ်ကို မျှော်မှန်းခဲ့ ကြသည်။ မျိုးဆက်သစ်ဟု ဆိုလိုက်သည် နှင့် မျိုးဆက် ဟောင်းဟူသောအတွေးအခေါ်လည်း ရှိနိုင်သည်ဟု ယူဆ ရပေမည်။ မျိုးဆက်ဟောင်း ဟူသောစကားရပ်သည် တကယ်ကတော့ မိမိတို့ဖြတ်သန်း ခဲ့ပြီးသော အတိတ်ကာလ က သမိုင်းခေတ် တစ်ခေတ်ကိုရည်ရွှယ်၍မျိုးဆက်ဟောင်း ဟု ဝိသေသ ပြုခဲ့ခြင်းဖြစ်နိုင် သည်။ မျိုးဟောင်းသည် ကုန်လွန်ခဲ့ပြီး။ သူ့ကို  ပြန်လည်ပြုပြင်၍ မရ။ သို့သော် မျိုး ဆက်ဟောင်းမှ အမွေ အနှစ်ကို မျိုးဆက်သစ်တို့က ဆက်ဆံခဲ့ ရစမြဲ။အမွေ ဆိုသည်မှာ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေဆက်ခံရစမြဲ ။ ခေတ်လူတို့သည် အမိုင်းခေတ် ကို ဖြတ်သန်းယင်း လာမည့် အနာဂတ်ကို မျှော်မှန်းတတ်ကြသည်။အထူးသဖြင့် လူငယ်တို့သည် အတွေ့အကြုံ နည်းသေသော်လည်း နောင်လာ မည့်အနာဂတ်ကိုကား မျှော်မှန်း  တတ်ကြစမြဲ၊ ထို့ကြောင့်ယင်းမျှော်လင့် သည့်အနာဂတ် သမိုင်းခေတ်ကာလ ကိုရည်ရွယ်၍ မျိုးဆက်သစ် ဟူသော စကားရပ်သည် မိမိတို့ သမိုင်းခေတ်ခံစားမှု နှင့်အညီသစ်ထွန်းလာခြင်း ဖြစ်သည်ဟုဆို ရပေ မည်။သမိုင်ခေတ်တိုင်း ၊ ခေတ်တိုင်းတွင် နုပျိုသော်လူငယ်အင်အားစု ရှိစမြဲ။ 
လူငယ်ဆိုသည်မှာ အာရုံခံစားမှု ထက်မြက်သည်။ ဆန်းသစ်မှုကိုလိုလားသည်။ကိုယ်ကျိုးကို သိပ်မကြည့်ဘဲ အများပြည်သူတို့ ဧ။် အကျိုးကို သယ်ပိုးထမ်းရွက်ချင်သော စိတ်ဓာတ် ထက်သန်သည်။ သူတို့ ဧ။် ဘဝရုပ် ပုံလွှာများကို ထုဆစ်ယင်း အနာဂတ်ကို လှမ်းမျှော်ကြည့်တတ် သည်။ကျွန်တော်တို့သည် အင်္ဂလိပ်နယ်ချဲ့ ခေတ်၊ စစ်အတွင်း ဂျပန် ခေတ်၊ ထို့နောက် ပြန်ဝင်လာသော အင်္ဂလိပ်ကိုလိုနီခေတ်များကိုဖြတ်သန်းခဲကြရ သည်။ ငယ်စဉ်ကျောင်း သားဘဝက ကိုလိုနီခေတ်ဧ။် ရသကို ခံစားခဲ့ရသည်။ ထိုအခါ ကျွန်တော်တို့နှင့် ခေတ်ပြိုင်လူငယ်တို့သည် သူတို့ခေတ်ပြိုင် အတွေ့အကြုံကိုခံစားရစမြဲ။ ထိုအခါ ကျွန်တော်တို့သည် ကျောင်းသားဘဝ ၊ ကျောင်းထွက်ပြီးစ စာပေးလေ့လာသောကာလ၊ တာရာမဂ္ဂဇင်းထုတ်ဝေသော ကာလ ၊ ကိုလိုနီခေတ်က လူငယ်တို့သည်သူတို့ဖြတ် သန်းလျှက်ရှိသော သမိုင်းခေတ်ဧ။် လှုပ်ရှားမှု ကိုတုံ့ ပြန် ကြည်။ ကိုလိုနီခေတ်က လူငယ်တို့ သည်  လွတ်လပ်ရေးလှုပ်ရှားမှုဖြင့် ရုန်းကန်ခဲ့ကြသည်။ ဂျပန် ဖက်ဆက်ခေတ်က ဖိနှိပ်ချုပ်ချယ်မှုကို တော် လှန် မှုဖြင့် ဆန့်ကျင်ခဲ့ကြသည်။ စစ်ပြီး အင်္ဂ လိပ်ကိုလိုနီ သမားများ ပြန်ရောက်သော်အခါလွတ်လပ်ေ၇း လှုပ်ရှားမှုဖြင့် တုံ့ပြန်ခဲ့ကြည်။ 
ထို့နောက် ၁၉၄၈ တွင် လွတ်လပ်ရေးရခဲ့သည်။ ယင်းသည် ခေတ်အဆက် ဆက်လူငယ်တို့ ပြုစုပျိုး ထောင်ပါဝင်သော အမျိုးသား လွတ်လပ်ေ၇းလှုပ် ရှားမှုဧ။် အကျိုးသက်ရောက်မှုဟု ဆိုနိုင်ပေ သည်။ယင်းသို့လျှင် ၁၉၄၈ တွင် အင်္ဂ လိပ်နယ်ချဲ့ အစိုးရက မလွဲမရှောင်သာ အောင်ဆန်းအက် တလီစာချုပ် ၊ နုအက်တလီ စာ ချုပ်တို့ဖြင့် အာ ချုပ် အခြာအာ ဏာပိုင်သော ၊ လွတ်လပ်သော နိုင်ငံတော်သစ် ၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော် သစ်မြန်မာနိုင်ငံတော်ကိုထူ ထောင်ခဲ့ကြသည်။ယင်းသို့ဖြင့် ခေတ်အဆက် ဆက်မျိုး ဆက်သစ် လူငယ် တို့ ကြိုးပမ်းဆောင် ရွက်ခဲ့သော လွတ်လပ်ရေးလှုပ်ရှားမှုကြီးဧ။် အသီးအပွင့်ပင် ဖြစ်တော့သည်။ သမိုင်းမှတ်တမ်း ရေးထိုးခဲ့ကြသည်။ လွတ်လပ်ေ၇းရရှိသည် ဆိုသည်မှာ မိမိတို့ဧ။် နိုင် ငံ တော် သစ်ကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် ခွင့်ပင်ဖြစ်သည်။ လွတ်လပ်ရေးရလျှင် ငြိမ်းချမ်းရေး ပါရ  မည် ဟူသောမျှော်လင့်ချက်ပါ ပါလာသည်။ သို့သော် ပြည်သူတို့ ဧ။် မျှော်လင့်ချက်သည် ပြည်သူတို့မျှော် လင့် သကဲ့ သိုဖြစ် ထွန်းလာသည်မဟုတ်။ မမျှော်လင့်သော သမိုင်းဖြစ်ရပ်များစွာဖြင့် ပြည်သူတို့ ထိတွေ့ခံစားလာ ရ  သည်။ ငြိမ်းချမ်းရေးကို အနာဂတ်မျှော်မှန်းချက် အဖြစ်ထားရှိခဲ့ကြသည်။ သို့သော် ခေတ်အဆက်ဆက် တွင် မျိုးဆက်သစ်လူငယ်တို့သည် ရပ်တန့်နေကြသည် မဟုတ်။မိမိတို့ ဧ။် နိုင်ငံတော် သစ်ထူထောင် ရေး ကို လူငယ်တို့ က ဆက်လက်ဆောင်ရွက်လျက်ရှိကြသည်။ကြိုးပမ်းအားထုတ်ကြ ရသည်။ အခက်အခဲ  မျိုးစုံ ကို ကြုံတွေ့ကြရသည်မှာ ယနေ့တိုင်ပင်။ခေတ်အဆက်ဆက်တွင် တွေ့ကြုံလာခဲ့ရသော တာဝန်သည် မျိုး ဆက်သစ် လူငယ်တို့ဧ။် တာဝန်တစ်ရပ်အဖြစ်ပေါ်ပေါက်ခဲ့သည်။ ပထမ မျိုးဆက်ဧ။် မပြီးဆုံးသေးသော တာ ဝန်ကို ဒုတိယ မျိုးဆက်က ဆက်ခံ၍ လုပ်ကြသည်။ ဒုတိယ မျိုးဆက် ဧ။် မပြီးဆုံးသော သမိုင်းတာဝန်ကို တတိယမျိုးဆက် က ဆက်လက်၍ အမွေခံကြသည်။ ယင်းသို့ပင် သမိုင်း ခေတ် အ ဆက်ဆက် မျိုးဆက် သစ်လူငယ် တို့သည် သမိုင်းလှုပ်ရှားမှုများ ကို ဆက်လက်လုပ် ကိုင်နေကြ ရလေသည်။သမိုင်းခေတ်တိုင် ခေတ်တိုင်းတွင် မျိုးဆက်သစ်လူငယ်တို့ဧ။် လှုပ်ရှားမှု ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့မျိုးဆက်သစ်လူငယ်တို့ဧ။် တာဝန်သည် ဘာလဲ ။မိမိတို့ အမွေဆက် ခံခဲ့သော ပထမမျိုးဆက် ၊ ဒုတိ ယမျိုးဆက် ၊ တတိယမျိုးဆက် တို့ဧ။်သမိုင်းတာဝန်အသီး သီး
ကို ဆက်ခံဆောင်ရွက် ကြသည်မှာ သမိုင်း လုပ် ရပ်ဖြစ်သည်။
ကျွန်တော်တို့ဧ။် သမိုင်းပန်းတိုင်သည် ငြိမ်းချမ်းရေး။ မည်သည့် ခေတ်တွင် ဖြစ်စေ မိမိတို့ဧ။်  လုပ်အားဖြင့် ၊ မိမိတို့ယခင် က စွမ်းဆောင်ခဲ့ကြသော မျိုးဆက်တို့ဧ။်အမွေကို ဆက် ခံယင်းငြိမ်း ချမ်းေ၇းပန်း တိုင်းကို သွား ရသည်မှာ ကျန်၇ှိနေသေးသော သမိုင်းတာဝန်ပင် မဟုတ်ပါ လား။ထိုအခါငြိမ်း ချမ်းရေးရ ရှိရေးအ တွက်ညီညွတ်ရေး ဆောင်ရွက်ကြ ရပေလိမ့်မည်။ညီညွှတ်ရေးရရှိနိုင်အောင်ဆောင် ရွက်ရေးတွင် လွတ် လပ်ေ၇း (တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ေ၇း ) စသည်တို့ဖြင့် အသီးသီး ပြီးမြောက် အောင်ဆောင်ရွှက် နိုင်ခြင်းရှိမှသာလျှင် သမိုင်းဧ။် လုပ်ရပ်သည် ပြည်သူတို့ ကို အကျိုးခံစားမှု ရရှိနိုင်မည် မဟုတ်ပါလား။


ဒဂုန်တာရာ
၃-၂-၀၆

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !