ယနေ့လူငယ်တွေ ဝတ်စားဆင်ပြင်ပုံ၊ ပြောဆိုနေထိုင်ပုံ ၊ လူငယ်တွေ တွေးတော့ကြံဆပုံ စသဖြင့်လူငယ် များရဲ့အပြုအမူ အနေအထိုင်တွေနဲ့ လူကြီးတွေ နေခဲ့ ထိုင်ခဲ့ ပြုမူခဲ့တာတွေနဲ့ မတူ ကွာဟမှုတွေက ကြီး လိုက် တာလို့မအောင့်အည်းနိုင်တဲ့ အခါအမေကပြောဆို ညည်းညူမိတယ်။ ဒီလိုပြောမိတဲ့အ ခါဒါအ ဆန်းမဟုတ် ဘူး အမေရယ် ၊ ခေတ်ချင်း ကွာဟ မှုရှိနေတာကိုး ၊ ခေတ်လူငယ်တွေနဲ့လူကြီးတွေနဲ့ ဟာ ကွာ ဟ ရမှာပေါ့။ အမေ အဲဒါတွေကို အပြစ်ပြောလို့လည်း မရဘူး၊ ပြုပြင်ချင်လို့လည်း မဖြစ်ဘူး ၊ ဒါ သူတို့ခေတ် အမေရဲ့ လို့ အမေ့ကို လူငယ်တစ်ယောက် က ပြောပါတယ်။အမေဟာ ခေတ်ရေစီးကြောင်း ကြီး ကို ဘဝင်မ ကျ ဖြစ်နေတဲ့ အဘွားကြီးတစ် ယောက်ဆိုပြီး အဲဒီလူငယ်က အမေ့ကိုသနား နေသလား တော့မသိဘူး။ ဟုတ်ပါတယ်။ အမေတို့ ငယ်ငယ်တုန်းကလည်း လူကြီးတွေ က အမေတို့ အနေအထိုင် တွေပေါ်မှာ ဒီလိုဘဝင်မကျတာတွေ ၊ မကြိုက်နှစ်သက်တာတွေ ရှိခဲ့တာပါပဲ။ ရှိခဲ့လို့လည်း အမေတို့ကို ဝေဖန်လို့ တစ်မျိုး ၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ တမျိုး လုပ်ကြတာကို အမေတို့ ခံခဲ့ကြ ရတာပဲ။ဒါဟာခေတ်ကာလရဲ့ကွာဟမှုကြောင့် ဖြစ်ရ တယ်လို့ အမေလက်ခံပါတယ်။
နို့ပေမယ့်........အမေတို့ခေတ်တုန်းက လူကြီး နဲ လူငယ် ၊ မိဘ နဲ သားသမီး ၊ သက်ကြီးရွယ်အို နဲအပျိုအ ရွယ်သူတွေ ရဲ့ ဆက်ဆံရေးဟာ အခု ထက်ပိုပြီး နီးကပ်သလား ၊ ထိစပ်မှု များသလား ၊ ပိုမိုးနွေးထွေးမှု ရှိသလား ၊တစ်ဘက် က တစ်ဘက်ကို လေးစားမှု ပိုပြီးကြီးသလားလို့ အောက်မေ့ တွေးတောမိ တယ်။ ဟို တုန်းက အိမ်ထောင်တစ်ခုအတွက် အိမ်သား တစ်ယောက် နှစ်ယောက် က ရှာဖွေကျွေးမွေးရင် လုံလောက်တော့ အိမ်သားတွေ အချင်းချင်း အတူနေကြ ၊ တွေ့ ဆုံကြရတဲ့ အချိန်တွေက အများကြီး ရှိ ခဲ့တယ်။အခုခေတ်မှာတော့ စားဝတ်နေရေးက ကျပ်တည်းတော့ အိမ်ထောင်တစ်ခု မှာ အိမ်သားရှိသမျှ ( ရနိုင်ရင် )အားလုံးထွက်ပြီး အလုပ်လုပ်ကြရတယ်။ လုပ်ရတဲ့ အလုပ်က နေ့အလုပ်၊ ညအလုပ်၊ သန်း ခေါင်းတိုင်တဲ့အလုပ် စသည်ဖြင့်ရရာ ကိုလုပ်ကြရတယ်။ ဒါကြောင့် အိမ်သားချင်းတွေ့ ဆုံကြ ရတဲ့အချိန်က အလွန်ကိုနည်းလာတယ်။ အကန့်အသတ်နဲ ရှိလာတယ်။အမေတို့ဆိုရင် အမေနဲ သားသမီးတွေနဲ အတူနေ ၊အတူအိပ်၊ အတူစားပါပဲ။ ဒါပေမယ့် သူတို့မှာ အလုပ်တွေကများလေတော့ အမေက သူတို့ကို စကားပြောချင် လို့ လည်း ပြောချိန်မရ ၊ ရပြန်တော့လည်းပြောချင် တဲ့အကြောင်းအရာက စိတ်ထဲ မရှိတော့တဲ့အချိန် ၊ဒါကြောင့် တစ်ယောက်ကို တစ်ယောက်မြင်တော့ မြင်ရ ပါရဲ့ စကားစမြည် ပြောနေကြရ ၊ အေးအေးဆေးဆေး မိသားစုတွေ အတူနေကြရတဲ့အချိန်က မရှိ တော့သ လောက်ပါပဲ။ တစ်အိမ် တည်း နေရပေမယ့်စိမ်းနေလိုက်ကြတာ။ မအားကြလို့လေ။အဲဒီလိုမိသားစု တောင်မှာ အေးအေးဆေးဆေး ပွန်း ပွန်း တီးတီးနေချိန်မရှိတော့ သလောက်ဖြစ်လာတဲ့အခါမိဘနဲ သားသမီး ရဲ့ ဆက်ဆံရေးမှာလည်း ရှေးက လိုရင်းနှီးပွန်းတီး မှု ကြောင့် လူ့ ယဉ်ကျေး မှု လက်ဆင့်ကမ်းတဲ့ သဘောတွေ နည်းပါးဆုတ် ယုတ်လာ တယ်လို့အမေထင်တယ်လေ။
လူငယ်တွေနဲ လူကြီးတွေ ရဲ မျိုးဆက် တစ်ဆက် က တစ်ဆက်ကို အဲဒီလို ယဉ်ကျေးမှုလက်ဆင့်ကမ်းမှု ၊ စီးဆင်းမှု ၊ တစ်ဘက် က လျော့ပါးဆုတ်ယှတ်လာတာ နဲ့ အမျှ လူငယ်တွေ က တစ်ဘက်က လည်း မျိုးခြား တိုင်း တစ်ပါးယဉ်ကျေးမှု တွေကို ဗွီဒီယို ၊ ရုပ်မြင်သံကြားတွေ ၊ တေးသီချင်း တွေ ၊ရှပ်ရှင်တွေနဲ့ တခြား မီဒီယာတွေကနေပြီးအတိုင်းမသိ ထိတွေ့ ယဉ်ပါးကြပြန်တယ်။ လူငယ်တွေ က အဲဒါကိုသူတို့ခေတ် လို့ဆိုပြီး လက်ခံနေကြပြန်တယ်။ ဒါကြောင့် လူကြီးတွေနဲ အလှမ်းဝေးနေတဲ့ အပြုအမှု တွေ ၊အကျင့်အကြံတွေ ဟာ လူငယ်တွေရဲ့ အကြားအမြင် အတွေ့ အကြုံတွေ ထဲမှာ ရောက်ချက်တိုင်း ရောက်နေကြတော့ တာပေါ့၊ဥပမာ ဆိုပါတော့ ၊ အမေတို့ လူကြီးတွေ ရဲ့ စိတ်တွေ ထဲမှာ သာယာ ကြည်နှုးပြီး ချမ်းမြေ့ပြီး ပျော်ရွှင်လာတဲ့အခါ သာယာတဲ့စိတ်က စေ့ဆော်လို့ တေးသီချင်းများ သီကြည့်မိတယ်လို့အောက် မေ့ခဲ့တယ်။ အခုတော့ အော်ကြီးဟစ်ကျယ် ငေါက်ငမ်းခုန်ပေါက်ပြီး ဆူဆူပူပူ ဒေါနဲ မောနဲသီဆိုတာဟာ တေးသံ ပဲလို့ လူငယ် တွေက သဘောကျနေကြတယ်။ယောကျာင်္းလေးတွေ က သနပ်ခါးလိမ်းကြတယ် ။ ဆံပင်အရှည် ထားကြ တယ်။ နားဆွဲ ၊လက်ကောက် ၊ဘယက်တန်ဆာဆင်ယင်ကြတယ်၊ မိန်းကလေးတွေက ဆံပင်ကိုဖြတ် ၊ ဘောင်းဘီ ကို ဝတ် ၊ အဖေ့ရှပ်အ င်္ကျီမျိုးကိုဝတ်ပြီးအလှဆင်နေကြတယ်။ အဲဒါတွေက ဘာဖြစ်လို့ အပြောင်းတိ ပြောင်းပြန်ဖြစ်ကုန်ရတာလဲလို့ တွေးမိတဲ့အခါအမေတို့ ခေတ် တုန်းက လူငယ်တွေ တွေးခေါ်မြော်မြင်ပုံ နဲ ခုခေတ်လူငယ်တွေတွေးခေါ်မြော်မြင်ပုံချင်း ခြားနားလို့ပဲ ဖြစ်မယ် ထင်တာပဲ။ ဘဝဒဿန လို့ ခေါ်ကြတဲ့ လူ့ ဘဝ ကိုမြင်ပုံ နဲ ပတ်သတ်ပြီး အမေတို့ ငယ်ငယ်ကတော့ နိုင်ငံ က သူ့ကျွန် ဘဝ မှာ ဟုတ်လား ၊ အဲဒီတော့တို့ တစ်မျိုးသားလုံး ရဲ့ ရည်မှန်းချက်ပန်းတိုင် က သူ့ ကျွန်အ ဖြစ်ကလွတ်ကြရေးပဲဆိုတာ စာနယ် ဇင်းတွေ က လည်း တဖွဖွ ရေးကြတာ ၊အသင်း အဖွဲ့ တွေ ကလည်း တယယပြောနေကြတာ၊ နေရှင် နယ်ကျောင်းလို ကျောင်းတွေကလည်း ကျောင်းသာတွေ ကို နေ့တိုင်းဟော ပြောနေတာ ဖြစ်တဲ့အခါ လူငယ်မိန်းကလေးတွေ စိတ်ထဲမှာလည်း တိုင်းပြည်အတွက် သားကောင်း သမီးကောင်းဖြစ် ချင်တဲ့ စိတ်ကပေါ်တယ်။ အလိုတော်၇ိတို့ ၊ ငို့ဘသမားတို့ ၊ အချောင်သမားတို့ ၊ စားဖားတို့ဆိုတာ လူငယ်တွေ ရွံမုန်းစက်ဆုတ်တဲ့အသံ တွေပေါ့၊အဲဒီလို တိုင်းပြည်အတွက အဘိုးတန်တဲ့ သားကောင်း သမီး ကောင်းလေးတွေ ဖြစ်ကြရအောင် ပထမမျိုးချစ်စိတ်ရှိရမယ်။ ဒုတိယ ပညာရှာရမယ်။ တတိယကိုယ်လက်ကြံ့ခိုင်ရမယ် ဆိုတာမျိုးတွေ ကိုလည်းတစ်ဘက် က ရေးသားပြောဆိုလှုံ့ ဆော်နေပြီး အလေးမ အသင်းတွေ ၊ခြေ လျင်အသင်းတွေ စတဲ့ယောကျာင်္းကောင်း မိန်မကောင်းတစ်ယောက် ဖြစ်ပေါ် ရေးအတွက် အလုပ်စခန်းတွေ ကလည်းရှိနေတယ်၊ ဒါကြောင့် ယောကျာင်္းလေးဆိုဂင် ကျားကျားလျားလျား နဲ သန်မာ ထွားကြိုင် မှ တိုင်းပြည်နဲ လူမျိုး ကအားကိုးရမယ့် သားကောင်းဖြစ်လာဖို့ လူငယ်တိုင်းက မျှော်မှန်းသလိုလံမငယ်တိုင်း ကလည်း ဖြစ်စေချင်ကြ တယ်။ဒါကြောင့် ယောကျာင်္းလေးဟာ သနပ်ခါး လိမ်းတယ်ဆို၇င်လူ့ အဖွဲ့ အစည်းက လက်မခံဘူး။ဝိုင်းပြီးသရော်မှာရှတ်ချမှာပဲ။ လူဆိုတာ အဖွဲ့ အစည်းနဲ နေရတာမဟုတ်လား။ ပတ်ဝန်းကျင်က လက်မခံတာကို မလုပ်ဝံ့ပါဘူး။ခုခေတ်မှာတော့ လူငယ်တွေ ရဲ့ ပတ်
ဝန်းကျင်က မင်း ပိုက်ဆံ ရအောင် ဘယ်နည်း နဲ့ဖြစ်ဖြစ်ရှာ ၊ မရှာနိုင်ရင်ဖွတ်ပဲလို့ ရှတ်ချကြ တယ်။ရတယ်ဆိုရင် သုံးပါ ၊ ဖြုန်းပါ ၊ အရက်သောက် ၊ ဘိန်းရှူလုပ်ချင်ရာ လုပ်ပါ။ ရှာနိုင်ရင်အားလုံးတင့်တယ် လို့ ကြွေးကြော်ကြ ၊ အောက်မေ့ကြ တယ်။ ပြီးတော့ မှအချင်းချင်း မှာ ငါကဘယ်သူ ၊ ငါကဘယ်ဝါ လို့ ထင်ပေါ်ကျော်ကြား လာအောင် အမျိုးစုံ သူများထက်ထူးအောင် ဝတ်စားဆင်ပြင်တာ ၊ ကင်းမြီးကောက် ထောင်ပြတာမျိုး ၊ အုန်းပင် စိုက် နေတာမျိုး ၊ တစ်စုံတရာသူများနဲ မတူတာမျိုး လုပ်ပြပြီး ငါဆိုတဲ့အတ္တကို ရှေ့ရောက် အောင်ဆွဲခေါ်ဖို့ ကြိုးစားကြတယ်၊။
လူငယ်လေးတွေ ဝတ်စားဆင်ပြင်မှုတွေမှာ တောလုပ် တောင်လုပ် လုပ်နေကြတာ အဲဒီလို ငါလိုထင်ပေါ် မှု နဲလုပ်ကြနေကြတာပဲ။ သူတို့ မှာ မှန်ကန်မွန်မြတ်တဲ့ ဒဿန မရှိဘူး။ ရှိအောင် လည်း ဘယ်ရပ်ကွက်ကမှ ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူးလို့ အမေထင်တယ်။ခေတ်ပဲ အမေရဲ့ ခေတ်ပဲ ဆိုပြီးခေတ်ေ၇စီးကြောင်းကြီး စီးချင် ရာ စီးဆင်းနေတဲ့ အထဲ လူငယ်တွေ မျောချင်ရာမျောပါနေတာကို အမေတို့ လူကြီးမိဘ ဆရာသမားတွေ က ကြည့်မနေသင့်ဘူး။ ခေတ်ရေစီးကို စီးသင့်တဲ့ ဘက်စီးဆင်းလာအောင် ရေလမ်းသွယ်ဖောက်ပေးသင့်တယ်။ ဒါမှ ကိုယ်လိုရာ ဒီခေတ်ရေစီးကြောင်း ကြီး စီးလာမှာပေါ့လို့ အမေ က ပြော ချင် တယ်။အမေ နဲ ဘဘောတူကြသလား၊
လူထုအဒေါ်အမာ
ကလျာမဂ္ဂဇင်း
၁၉၉၆ ၊ ဖေဖော်ဝါရီလ

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !