Home » » လက်နက်အားကိုး နှင့် ကမ္ဘာကပ်ဆိုး

လက်နက်အားကိုး နှင့် ကမ္ဘာကပ်ဆိုး

ကမ္ဘာကြီးသည်တနေ့ တခြားပြောင်း လဲလာသည်။ဖွံဖြိုးသည်။ သည်ကနေထုတ်ကုန်များ ၊ အဝတ်အစားများ၊ လူမှုအသုံးအဆောင် ပစ္စည်းတို့သည်ပင် မနက်ဖန်(ancient)များဖြစ်သွားသလိုပင်ရှိလာဧ။်။ ဖန်တီးမှုတို့ သည် ဆန်းသစ်လာသည်။တီထွင်မှုတို့သည်ဆန်းပြားလာသည်။မပြောင်းလဲသောအ ရာဟူ၍လည်းမရှိပေ။ ယနေ့ ထုတ်ကုန်များသည်ယမန်နေ့ကထက်ပိုမိုကောင်းမွန်အောင်စွမ်းဆောင်ကြ သည်။လူ တို့ဧ။် တီထွင် ကြံဆ နိုင် သော ဥာဏ်ပညာစွမ်းအားသည် သတ္တလောက်က အတွက်ဖြစ် သည်။လူတို့ အတွက်ပင်ဖြစ် သည်။
ဤသို့ပြောင်းလဲလာသောကမ္ဘာကြီးသည်ရွှာကြီးသဖွယ်ဖြစ်လာသောအခြေအနေတွင် ကမ္ဘာသတင်း များမှာ အ နိတ္တာရုံ ဖြစ်ရပ်ဆိုး များလွမ်းမိုးလျှက်ပင်ရှိသည်။ ရင်နာစရာ ဖြစ်သည်။ပညာ တတ်တွေမျာ ပြားလာ သည်။ အလွန်ကောင်းပေသည်။ တီထွင်မှုတွေမြင့်မားလာသည်။ တီ ထွင်မှုများထဲမှအံမခန်းတီထွင်မှု ။   အ ထွဋ်  အ ထိပ်တွက်ရှိသောတီထွင်မှုသည် လူသတ်လက်နက်မျာအပြိုင်အဆိုင် တီထွင်ထုတ် လုပ်မှု ပင်ဖြစ် သည်။နိုင်ငံ အသီးသီးတွင် ခေါင်းဆောင်ပုဂ္ဂိုလ်များသည် မိမိတို့နိုင်ငံကို လုံခြုံ မှု ရှိရန်သူတစ်ပါး ကျုးကျော်မှုရန် ကိုကာ ကွယ်ရန် လက်နှက်မျာကိုအပြိုင်အဆိုင်ထုတ်လာကြခြင်းဖြစ် ပါတယ်.. မှန်ကန် သော်အချက်အလက်များလည်းဖြစ်ပါတယ်.. အတိတ်ကဖြစ်ရပ် တွေကကမ္ဘာခေါင်းဆောင် တွေအတွက် အမှတ်တရဖြစ်စရာ အချက်အလက်များ ဖြစ်နေ ပါတယ်...အင်အားကြီးမားသောနိုင်ငံများသည်မဖွံ့ ဖြိုးသော် အသိဥာဏ်မကြွယ်သေးသောနိုင်ငံများပေါ်ဗိုလ်ကျစိုးမိုးပြီး ကိုလိုနီပြုခဲ့ ကြတဲ့ သမိုင်းမှတ်တိုင် ကို အတိအကျရှိနေပြီးလေကျွန်တော်တို့ မြန်မာနိုင်ငံသည်ပင် ကိုလိုနီစနစ်စိုးမိုးဖက် စစ် စနစ်စိုးများဖြင့် ရင်းနှီးခဲ့ သောအပြင်းအထန်ခံစားခဲ့ရ သော တိုင်းပြည်တခုပင်ဖြစ်သည်။
အနာဂတ် ကိုမျှော်ခေါ် စဉ်းစား တတ် သော ခေါင်းဆောင်များ ဧ။် လုပ်ရပ်များကို မှားယွင်းသည်ဟုမဆိုပါ။ ယ နေ့အခါတွင် အတိုင်းတိုင်း အပြည် ပြည် တွင် သူ့ထက် ငါလက်နက်များထုတ်လုပ်နေကြခြင်း စုဆောင်း နေ ကြရခြင်းသည် ဘာရည် ရွှယ် ချက်များ ဖြစ်ပါသနည်း။နောက်ထပ် ကမ္ဘာစစ်ကြီး တစ်ခုများ ဖန်တီကြ လေ အုံး မည်လော။ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာ ၊ အသိဥာဏ်ပညာတွေ မြင့်မားလာသော လူသား များ  ဟာဘာ ကြောင့်များ မ ငြိမ်း ချမ်းနိုင် ကြပါသလဲ.............လူတို့ဧ။် လောဘ ၊ ဒေါသ ၊ မောဟ တို့သည် တို့တက် လာသော လူမှုဘဝနှင့်လိုက် ၍ တိုးတက်လာသည့် သ ဘော ရှိဧ။်ကမ္ဘာ့ နိုင်ငံအသီးသီးတွင် အတိတ်သမိုင်း က ဘုရင်များ သက်ဦး ဆံပိုင်စနစ်ဖြင့်အုပ် ချုပ်ခဲ့ကြ သည်။ပြည်သူ ကလိုလားသည် နှင့် မလိုလားသည်ကို မသိပါ။ ခမည်းတော်သေလျှင်သားတော် နန်း တက် သည်။ သားများများမွေးထားသော်ဘုရင် နတ်ရွာ စံသော အခါ သားတော်များနန်းလုကြသည်။ အား လုံးကို သတ် နိုင်သောသူ သည် ရှင်ဘုရင်ဖြစ်သည်။ ရဲရင့်သူ ၊ သတ္တိ ဗျတ္တိ နှင့်ပြည့်စုံ သူဟူ၍ ပင် အမွှမ်း တင် ကြ သည်။
ဤစနစ် သည် မသင့်လျှော်တော့ပါဘူးလို့ လူတွေလက်ခံလာတဲ့ အချိန်မှာ ပြည်သူကြား က ပြည်သူတို့ ရွေးချယ်တင်မြှောက်သော ခေါင်းဆောင်များ ပေါ်ပေါက် လာခဲ့ပါတယ်. သမိုင်းကောင်း ရေးသွားကြ သော ပြည်သူ ကြားကပြည်သူ့ခေါင်းဆောင်များရှိခဲ့ပါတယ်။ပြည်သူ ကြားက ပြည်သူ့ခေါင်းဆောင်များ ဟာ ခေါင်း ဆောင်မဖြစ်ခင် မှာတော့ ပြည်သူ့အကျိုး အတွက် နိုင်ငံအကျိုး အတွက် ဘယ်လို ဘယ် ပုံ အကောင်း ဆုံးဆောင်ရွက်ပါမယ်ဆို ပြီး သကာလ ခေါင်းဆောင်လဲဖြစ်ရော တမျိုး တမည်ပြောင်း လဲသွားကြ သော ခေါင်းဆောင်းများလဲရှိ ခဲ့ပါတယ်..........။ အာဏာဧ။် တန်ခိုး အာဏာဧ။် တန်ဖိုး တို့ကို မစွန်နိုင်  မခွာ ရက် ဖြစ်လာ သော အခါ နန်းမတက်ခင်က ပြည်သူရှေ့ မှာပေးခဲ့တဲ့ ဝန်ခံ ကတိ စကား တွေလည်း ဘယ် ရောက် ကုန်လဲ  တော့ မသိပါဘူး.......။ကမ္ဘာ မှာ ယနေ့ထက်တိုင်တိုက်ပွဲများ အပြင်အထန် ဖြစ်နေသော နေရာများ ရှိပါတယ်။ တိုက်နေကြတယ်ဆိုသော အခါမှာတိုက်ရခြင်းတိုက်ခိုက်ရခြင်း ရဲ့ ရည်ရွှယ်ချက် တွေ လည်း ရှိမှာ ပါပဲ။ အိုစမာဘင်လာဒင် ဆိုရင် ကမ္ဘာကြီး ကို အမေရိကန်ကြီး ဆိုးတာမလို ချင်လို့ တိုက် တယ်။ ဒါလည်းသူတိုက် ရခြင်းရဲ ရည်ရွှယ် ချက်ပါပဲ။
တိုက်ပွဲတိုင်းမှာ သူရည်ရွှယ်ချက် နဲ သူအဓိပ္ပာယ် ရှိရှိတိုက်နေ ကြ တယ်လို့ ပြောလာရင် လည်း ကန့်ကွက် လို့မရပါဘူး။ အဓိပ္ပာယ်မရှိဘူးလို့ ပြောလို့ရတဲ့ စကားတွေ ကတော့ ရာထောင်သောင်း မက ရှိတယ်။ တိုက်
တဲ့ခိုက်တဲ့ အရပ်ဒေသ ကပြည် သူတွေ ၊ လူသားတွေအပြစ်မဲ့ တံစားခံ ဖြစ်ရတယ်။ သေရ တယ်။ လက်နက် ထုတ်လို့ သန်းချီ ကန်နေတဲ့ငွေ တွေ ကို အလုပ်လက်မဲ့ တွေ ၊ ဆင်းရဲသားတွေ ။နောက်ဆုံး တောင်းစား နေရသူတွေကမ္ဘာမှာအများကြီးရှိပါတယ်။  မြောက်ကိုရီးယားပြည် သူတွေ မှာတော့စားရေးနေ ရေးခက် ခဲ့နေပေမယ့် သူတိုရဲ့ အာဏာရှင်ကြီးကတော့ ကမ္ဘာမှာဘယ် သူတို့ မှ မကြောက် ရလောက် အောင်လက်နက် တွေ ထုတ် နေတဲ့ ဖြစ်ရပ်လဲ ရှိပါတယ်..........။ အခုအခါ မြန်မာပြည် အာဏာ ရှင်ကလည်း
အားကျ စိတ်ဝင် လာပြီး တော့မြောက်ကိုး ရီးယား နဲ ပူးပေါင်းပါတယ်။
အဲဒီလိုလက်နက် တွေ ကိုအပြိုင်အဆိုင် ထုတ်လုပ်နေသော ခေါင်းဆောင်များ နှင် လက်နက်
ထုတ် လုပ်ပြီးစီး ချမ်းသာ ဖြစ်နေကြသူများ အတွက် စကားလက်ဆောင် တော့ရှိပါတယ်... ခင်
ဗျား  တို့ရဲ့ အသက်ကို ခင်ဗျားတို့ တန်ဖိုး ထားကြတယ် ငါလည်း မသေချင် သလို သူတို့ က
လည်း သေ ချင်မှာ မဟုတ်ဘူးလို့ ခင်များတို့ စဉ်း စား ကြည့်ကြပါ...........
လက်နက်ကိုယ်စီ ကိုင်ပြီး မင်းဘာကောင်လဲ ၊ ငါဘာကောင်လဲ ဆိုတာမင်းသိရမယ် ဆိုတဲ့ အတွေးတွေ နဲ့ တိုးတက်ပါတယ် ဆိုတဲ့ကမ္ဘာကြီး၊ ဥာဏ်ပညာရှိ လူသားတွေ ဆိုတဲ့စကား နဲ့ နည်းနည်း မှမအပ် ဆပ်ပါ ဘူး။တိုးတက်လာတဲ့ ကမ္ဘာက လက်နက်ကိုင်ဆောင် သောင်းကျန်းသူ နိုင်ငံ ခေါင်းဆောင်ပဲဖြစ်ဖြစ် ၊ တော တွင်း က သောင်းကျန်း သူပဲ ဖြစ်ဖြစ် ခင်တို့ ပြောတဲ့အတိုင်း ပြည်ကို ချစ်တဲ့ စိတ် နဲလုပ်နေတာ ဆိုတဲ့ စကားနဲ ယနေ့ကမ္ဘာကြီးနဲ မအပ်စပ်တော့ပါဘူး။ထုတ်လုပ်ထားတဲ့လက်နက်တွေဟာ လည်း ပစ်ဖိုက ခတ်ဖို့ သတ်ဖို့ အ တွက် ထုတ်လပ်ထားတာ ဖြစ်လေတော့ အပြစ်မဲ့ တဲ့ သတ္တဝါတွေ က သေပေးရ အုံး မှာပဲ လေ။
ပတ်ခတ်လိုက်တဲ့ ကျဉ်တစ်တောင့် ၊ဗုံးတလုံး ၊အနုမြူ ဗုံးတလုံးကြောင့် ကောင်းကျိုး တစုံ တခုဖြစ်ဖူး တဲ့ သာဓက များ ရှေ့ မှာ ရှိခဲ့ သလား။
အနာဂတ် ကိုကြိုတင်သိမြင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဟောခဲ့ ပြောခဲ့ကြတာပါ။  ကောင်းကျိုးတရားတွေ ဆိုးကျိုးတရားတွေ ဆိုပြီး ခွဲခွဲခြားခြား သိအောင် တရား ဒေသနာ တွေပို့ချခဲ့ကြတယ်။ မကောင်းမှန်းသိ လျှက်နဲ့ ကိုယ်ကျိုးအတွက် လုပ်တဲ့ သူတွေအတွက် ပြောစရာစကား ရှိနေပြန်တယ်လေ။ခင်ဗျားတို့ လုပ်နေတဲ့ အလုပ်တွေအတွက် အောက်တန်းကျကျ စကားနဲ့ ပြောရမှာပဲ။ ခင်ဗျားတို့စားနေရတာတွေ ၊  ၀တ် နေရတာ တွေ ၊ နေရတာတွေဟာ ခင်ဗျား တို့အတွက် ထူးခြားတယ်လို့ထင်ရပေမယ့် ခင်ဗျားတို့သေတဲ့ အခါကြတော့ လမ်းဘေးက သူတောင်းစားနဲ့ မခြား မြေကြီးထဲပဲသွားမှာပါ။ ခင်ဗျားတို့ ရဲ့ အကုသိုလ်အမိုက် တရားတွေ နဲ့ ရှာထားတဲ့ ရွှေတွေ ငွေတွေဟာ ခင်ဗျားတို့ နဲ့ အတူပါမလာနိုင်ပဲ အကုသိုလ် အကျိုး ဆက်တွေ ကသာ ခင်ဗျားတို့ ရဲ့ သံသယာ တစ်လျှောက်မှာ လိုက်ပြီး ဒုက္ခတွေပေးမှာပါ။သူတောင်းစားသေတဲ့ အခါ အမြင်မတော်တဲ့လူတွေက ၀ိုင်းဝန်းကူညီပြီး စေတနာ ရှိရှိနဲ့ သဂြို င်္လ်ပေးကြမှာ ဖြစ်ပါတယ် ။ အကုသိုလ် တွေနဲ့ လူတွေ အပေါ်မှာ အနိုင်ကျစိုးမိုးချင်တဲ့ သူတွေကျတော့ အသက်ရှင်စဉ်မှာ လဲ လူတွေက မကြည်ဖြူသလို သေတဲ့ အခါကြတော့လဲ အသုဘ ပို့တောင်မလိုက် ချင်ကြပါဘူး။ကမ္ဘာကို ဖျက်မယ့် လက်နက်တွေ အတွက် ရပ်တန်းက ရပ်ပေးကြပါလို့ ကမ္ဘာခေါင်းဆောင်ကြီး များ ၊စီးပွား ရေးလုပ်ငန်း ရှင်ကြီးများကို မေတ္တာ ရပ်ခံအပ်ပါတယ် ။ 
တီဗွီ ရုပ်သံမှာ မြင်နေရတဲ့ လက်နက်ဘေး ကြောင့် သေသွားတဲ့ ပြည်သူတစ်ဦး ရဲ့ ဖြစ်ရပ်ဆိုးကို ကြည့်  ပြီး  ခင်ဗျားတို့ ရဲ့လက် နက်တွေ စွမ်း လှပြီလို့ ၀ံ့ဝံ့ ကြွား ကြွား ဂုဏ်ယူနေကြမယ် ဆိုရင် တော့ ခင်ဗျား တို့ ဟာ လူမ ဟုတ်တော့  တဲ့ တိရစ္ဆာန်ဘ၀ ကို အလိုလိုရောက်သွား ရတော့တာပါပဲ ။ ။ ။ ။ ။

မြလေးနိုင်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !