ယနေ့လူငယ်များ သတိထားရှိကြဘို့ 
လူငယ်တွေက
လူကြီးတွေဖြစ်လာမည် ဖြစ်၍
လူငယ်ကောင်းတွေ ဖြစ်မှ
လူကြီးလူကောင်းတွေ ဖြစ်လာနိုင်မည်။
လူကြီးလူကောင်းတွေ ဖြစ်မှ
ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်မည်။
ခေါင်းဆောင်ကောင်းတွေ များများဖြစ်လာမှ
နိုင်ငံနှင့် ပြည်သူတွေ
လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း
ဆိုသော အကျိုးထူးတွေ
ခံစားနိုင် စံစားနိုင်ကြမည်။
မိခင်ဝမ်းက ကျွတ်လာသော အူဝဲက ကလေးဖြစ်လာပြီး လူငယ်ဖြစ်လာသည်။ လူငယ်တွေက အရွယ်ရောက်လာပြီး လူလတ်ပိုင်းမှ တစ်ဆင့်လူကြီးတွေဖြစ်လာကြသည်ကို အားလုံးအသိဖြစ်သည်။ လူငယ်တွေက လူကြီးဖြစ်လာသည်ကို အားလုံးသိကြပေမယ့် ဘယ်လိုလူကြီးတွေဖြစ်လာမလဲဆိုတာတော့ မခန့် မှန်းနိုင်ကြပေး။ ခပ်ရိုင်းရိုင်းဆိုရလျှင် လူဆိုးလား၊ လူကောင်းလားလို့ ခန့် မှန်းသိဘို့ ပါ။လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘဟု ဆိုရိုးစကားရှိပါသည်။မိဘတိုင်းက သားသမီးကို ချစ်တတ်ကြသည်မှာ ဓမ္မတာပါ။ သို့ သော် ‘မိဘနှင့်သား ခင်မင်ပုံများ ဆင်ခြင်တုံတရား ထားသင့်သည်’ ဟုတေးပြုစာဆို ဂီတပညာရှင်ကြီးဆရာရွှေတိုင်ညွှန့် ကမိဘမေတ္တာသီချင်း၌ တေးဖွဲ့ ထားခဲ့သည်။သားသမီးကို အဆင်ခြင်မဲ့ ချစ်တတ်ကြ၍ အများအားဖြင့် အလိုလိုက်အားကြီးတော့ အမိုက်စော်ကားခံရတတ်သည်ကို သတိပေး ခြင်းဖြစ်သည်။ ထို့ ကြောင့် ကလေးအရွယ်က စ၍လူငယ်တွေ ဖြစ်လာသည်အထိ ဆင်ခြင်တုံတရားဖြင့် လူကောင်းလူလိမ္မာတွေ ဖြစ်အောင်လက်ဦးဆရာမိဘများက အရင်းခံဖြစ်သည်။ သို့ သော်.. မိဘက လူယဉ် ကျေးဖြစ်၍ ဆင်ခြင်တုံတရားဖြင့် စည်းကမ်းစနစ်တကျထား၍ လူလိမ္မာကလေးများ ဖြစ်အောင် ဆိုဆုံးမခဲ့သော်လည်း နဂိုဗီဇသန္ဓေ ဆိုး၍သော်လည်းကောင်း၊ အတုမြင် အတတ်သင်ဆိုသည့်အတိုင်း အဆိုးကိုအကောင်းထင်၍ အတုခိုးမှားသဖြင့် သားသမီးမကောင်း မိဘခေါင်းဟု၍ သားဆိုးသမီးဆိုးတို့ ၏ မိ ဘ များဟု သမုဒ်ခံရတော့သည်။ ထို့ ကြောင့် ကလေးပြုစုပျိုးထောင်ရေး၊ လူငယ်ပြုပြင်ရေးစူသည်တို့  ဖြစ်ပေါ်လာပါသည်။ လူငယ်တွေက လူကြီးတွေဖြစ်လာမည် ဖြစ်၍ လူငယ်ကောင်းတွေဖြစ်မှ လူကြီးလူကောင်းဖြစ်လာနိုင်မည်။ လူကြီးလူကောင်းတွေဖြစ်မှ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်မည်။ ခေါင်းဆောင်ကောင်းတွေ များများဖြစ်လာမှ နိုင်ငံနှင့်ပြည်သူတွေ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း ဆိုသော အကျိုးထူးတွေ ခံစားနိုင် စံစားနိုင်ကြမည်။ထို့ ကြောင့် ‘တို့ တစ်ကိုယ် ကောင်း စိတ်ထားပယ်၊ အများအကျိုးအတွက် ထမ်းရွက်မယ်’ ဟူ၍လည်းကောင်း၊ ‘ အရာရာတွင်ကျယ်တို့ လူငယ် နောင်တစ်ခေတ်မှာခေါင်းဆောင်ဖြစ်နိုင်တယ်’ ဟူ၍ လည်းကောင်း၊ လွန်ခဲ့သော ၆၃ နှစ် ၁၉၄၃ခု၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းကာလ၊ ဖက်ဆစ်ဂျပန်ခေတ်၌ ဗမာ့နိုင်ငံ အာရှလူ ငယ်အစည်းအရုံးဝင် လူငယ် တွေသီဆိုကြွေးကြော်ခဲ့ကြသည်။အလုပ်လုပ်ဘို့  နောက်ဆုတ်သူ မကြည်ဖြူနိုင်ပါသည်။ ထမ်းရမည် ကြမ်းရ မည် လမ်းမှန်ကိုလိုက်မည်၊ သြော် သားကောင်းမိခင် နောင်ခေတ်တွင်မီ၊ ညာဏ်ပညာစွမ်းတဲ့ဂုဏ်ရည် အာဇာနည်ကလေးများ လိုသည် မွေးရပေမည်၊ အရေးကြီးလျှင် သွေးစည်းမည်၊ အာရှလူငယ်စုံစွာ ကုမ္မာရီ အာရှမယ်တို့ ကလည်း ဤသို့ သီဆိုကြွေးကြော်ခဲ့ကြသည်။ဆိုခဲ့သည့် အတိုင်း တစ်ကိုယ်ကောင်းစိတ်ထား ပယ်၊ အများအကျိုးသည်ပိုးခဲ့ကြပြီး ဖက်ဆစ်စနဟ်ဆိုးကျင့်သုံးခဲ့သော စစ်ဝါဒသမားဂျပန်ကို တော်လှန် တိုက်ခိုက်ခဲ့ပြီး နယ်ချဲ့ သမားကိုဆန့် ကျင်ကာ မြန်မာနိုင်ငံလွတ်လပ်ရေးအောင်ပန်းကိုဆွတ်လှမ်း၍ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာကြသည်။ ယနေ့ ခေတ်လူငယ်များကား အဘယ်နည်း။ မည်သို့ ရည်မှန်းကြ သနည်း။ တစ်ကိုယ်ကောင်းလား၊ အများအကျိုး ထမ်းရွက်ရန်ကောရည်ရွယ်ချက်ရှိပါသလား၊ ဂလိုဘယ်လိုက် ဇေးရှင်းဆိုသော ကမ္ဘာပြုမူဆိုပြီး အမျိုးသားစိတ်ပျောက်နေပါသလား။
ဘယ်လိုအ၀တ်အစားတွေ ၀တ်ဆင်၍ ဘယ်လိုအဆင်အပြင်အမွမ်းအမံတွေ ပြုလုပ်ထားစေကာမူ အမျိုး သား စိတ် မပျောက်ကောင်းသလို၊ အပျော်အပါးတွေ၊ ဖြေဖျော်မှုတွေကိုအာရုံများနေစေကာမူ မြန်မာအမျိုးသား အမျိုးသမီးစိတ်တော့ မပျောက်စေရန် အရေးကြီးပါသည်။‘ မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ် ’ ဟူ၍ ယနေ့ ခေတ်၌ နေ့ တိုင်းလို ပျော်ရွှင်မြူးတူးဖြေဖော်သီဆိုသံမျိုးသာ ကြားနေရသဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံနှင့် ပြည်သူတို့ ၏ ကံကြမ္မာမှာ အဘယ်သို့ ရှိမည်နည်း။ ယနေ့ လူငယ်တို့  စဉ်းစားကြ၊ရန် ဖြစ်ပါသည်။ခေတ်တိုင်းသည် နိုင်ငံနှင့် ပြည်သူတို့ ၏ ကံကြမ္မာမှာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာကြမည့် လူငယ်တွေအပေါ်၌ တည်နေသည်ကို ယနေ့ လူငယ်တွေ သတိရှိရန် လိုလေ သည်။
မြန်မာ့အလင်းသန်းညွှန့် 
သတင်းစာဆရာ
၁၉-၁-၀၆
ပြည်သူ့ လူငယ်
ခေတ်သစ်နဲ့  စနစ်သစ်မှာ
မျိုးဆက်သစ်လူငယ်တွေဟာ
ခေတ်ရေစီးကြောင်းထဲ
အဆိုးအနေနဲ့  စီးမျောမှာလား ၊
အကောင်းအနေဲ့  စီးမျောမှာလားကို
ဆုံးဖြတ်ရလိမ့် မယ် ။
ခေတ်ရေစီးကြောင်းထဲ ပါကို ပါရမယ် ။
ရှောင်လို့ ပြေးလို့ မရ ။
လူငယ်နဲ့ ပတ်သတ်ပြီး မိမိရေးတဲ့  ‘ ပြည်သူချစ်တဲ့  မျိုးဆက်သစ် ’ (ရတနာပုံစာအုပ်တိုက် ၊ ၂၀၀၂ ) နဲဆောင်းပါးတွေဒီနေ့  အထိမဂ္ဂဇင်းနဲ့ ဂျာနယ်တွေမျာ ပါနေတုန်း ။    လူကြီးတွေဖြတ် သန်းလာ ခဲ့တဲ့ခေတ်ကာလတွေကိုဒီနေ့ လူငယ်အတော်များများ မသိကြ ။ခေတ်နဲ့ စနစ် မတူတာကြောင့် ဖြစ်သလို လူကြီး တွေက သူတို့ ကိုယ်တွေတွေကိုလူငယ်တွေ အဆိုးအကောင်း  ခွဲခြားတတ်ဖို့ နဲ့  အများအတွက် ကိုယ်ကျိုးစွန့် တတ်ဖို့ ပြောတာ ဆွေးနွေးတာရေးတာတွေ နည်းတာကြောင့်လည်း ဖြစ်တယ် ။
လူငယ်နဲ့ ဆက်စပ်နေတာက -
(၁) မျိုးဆက်ကွာဟမှု
(၂) မျိုးဆက်သစ်လူငယ်
(၃) ခေတ်ရေစီးကြောင်း
အချက်ကြီးသုံးချက်ဖြစ်တယ် ။ ခက်နေတာက လူကြီးအတော်များများ နဲ့ လူငယ်အတော်များများ ကိုယ်တိုင်ဒီအချက်ကြီးသုံးချက်ကိုကောင်းကောင်းနားမလည်ကြတာဖြစ်တယ် ။ ဒါကြောင့်လည်း လူကြီး လူ ငယ် တွေ ရဲ့  မျိုးဆက်ကွာဟမှုဟာ လျှော့မလာဘဲတိုးလာနေတယ်မဟုတ်လား ။ ထင်ရှားတဲ သက်သေက တော့  မိသားစုအတွင်းမှာ မျိုးဆက်ကွာ ဟမှုရှိနေရာက မဖြေရှင်းနိုင်လေ ကွာဟမှုတိုးလေ ပြဿနာဖြစ် လေမို့  မဖြစ်သင့်တာတွေဖြစ်သွားတာမနည်းတော့ ဘူး ။တချို့ ပေါက်ကွဲသွားရော။မျိုးဆက်ကွာဟမှုကို မသိရင်  လူကြိးတွေလုပ်သမျှ မှန်ပြီး လူငယ်တွေက လူကြိးတွေအောက် အမြဲ ရောက်နေရတယ် ။  လူကြီး တွေကအထက်စီးယူ  ထားပြီး‘ ဟေ့ငါကလူကြီး ၊ တော်တန်တိတ်၊ငါပြောသလိုလုပ် ၊ ဒါပဲ ’ နဲ့ ပွဲဖြတ်လေ့ရှိရဲ့  ။ အဲဒီလိုပွဲဖြတ် လိုက်တော့လူကြီးကြောက်လို့ သာ ဖြတ်လိုက်ပေမဲ့ပွဲမပြီးသေးဘူး ။ ဒီတော့ ပြဿ နာမပြတ်ဘူး ။ပြ ဿနာတိုင်း မှာ အမှားနဲ့ အမှန် ၊ အနည်းနဲ့ အများရှိစမြဲ ။ပြဿနာရှိသလို ပြေလည်မှုလည်းရှိရမှာပေါ့ ၊ ဒီတော့ လူကြီးနဲ့ လူငယ်ပြဿနာဖြစ်ရင် လူကြီးကအမြဲအနိုင်ယူတာပြဿ နာပြေလည်တာဟုတ်ရဲ့ လား ။
လူကြီးတွေ အမြဲမှန်အမြဲနိုင်ပြီး လူငယ်တွေက အမြဲမှား အမြဲရှုံးနေရတာ သဘာဝကျရဲ့ လား ။ လူဖြစ် လာရင်လူကြီးဖြစ်ဖြစ် ၊ လူငယ်ဖြစ်ဖြစ် ၊ဘယ်သူမှ အမြဲမှန်နေတာသဘာဝမကျဘူး ။မဖြစ်နိုင်ဘူး ။ဥပမာ- လူကြီးကအရက်သောက်နေပြီး လူငယ်သောက်ရင် ကြိမ်းမောင်းရိုက်နှက် ဆုံးမတာမှန်ပါ့မလား ။ အဲဒီလိုတစ်ဘက်သတ်မဟုတ်ဘဲ လူကြီးအရက်သောက်လို့  ဒုက္ခမျိုးစုံရောက်နေပြီး ကျန်းမာရေးချို့ တဲ့ လာနေပြီ ။ ဒါကြောင့် လူကြီးမှားသလို လူငယ်မမှားစေချင်လို့ ရက်မသောက်ဘို့ ဆုံးမတာ ဖြစ်ကြောင်း ရှင်းပြရင် နားလည်မှု ရနိုင်တယ် ။အဓိကအချက်ဟာ လူကြီးနဲ့ လူငယ်အ သက်အရွယ်ကွာ ခြားမှုကြောင့် ဖြစ်သလို အသိပညာ ( knowledge ) နဲ နည်းပညာ (technology)တိုးတက်မှုကြောင့်လည်းဖြစ်နိုင်ရဲ့  ။လက်ငင်းအခြေအနေမှာ လျင်မြန်တဲ့ အရှိန်အဟုန် (speed) ကြောင့် ကမ္ဘာရွာ (global village)နဲ့ ကမ္ဘာပြု မှု(globalization)ဟာကျယ်ပြန့်လာနေပြီမို့မျိုးဆက်ကွာဟမှုလည်းအကျုံးသင်လာနေပြီ။တစ်နည်းဆိုရင်ဒီခေတ်မှာလူကြီးတွေထက် လူငယ်တွေက ခုန်ပျံကျော်လွှားနေလို့  လူကြီးတွေ အမီလိုက်နိုင်ဘို့မလွယ် ။မလွယ်လေမျိုး ဆက်ကွာ ဟမှုကြီးလေပေါ့ ။ ဒီခေတ်မှာဟောဒီအချက်၉ချက်ကို သိထား ဘိုလိုတယ်။
(၁) မျိုးဆက်ကွာဟမှု
(၂) မျိုးဆက်သစ်လူငယ်
(၃) ခေတ်ရေစီးကြောင်း
(၄) ကွန်ပျုတာ
(၅) နည်းပညာ (technology)
(၆) အသိပညာ (knowledge)
(၇) ကမ္ဘာရွာ (global village )
(၈) ကမ္ဘာပြုမှု(globalization)
(၉) လျင်မြန်အရှိန်အဟုန်(speed)
လက်တွေ့ စမ်းကြည့်လိုက်ပါ ။ ဒီအချက် ၉ ချက်ထဲက ဘယ်အချက်ကိုသိထားသလဲ ။ ဘယ်အ
တိုင်းအတာအထိသိထားသလဲ ။ ဘယ်အတိုင်းအတာအထိသိထားသလဲ ။ လူကြီးတွေ နဲ့ လူငယ်တွေနဲ့  ဘယ် လိုသက်ဆိုင်သလဲ ။ရဲရဲကြီးဖြေကြည့်လိုက်ပါ ။ ဒီအချက်၉ချက်ကိုထားပါဦး ။ အများခေါ်ကြသိနေကြတဲ့ ‘အပေါ်စက် ၊ အောက်စက်’ (TV + deck ) ကို လူကြီးအတော်များများသေ သေချာချာမ ကိုင်တွယ် တတ်ကြ၊ အဖွင့် အပိတ်နဲ့  အသံအတိုးအ ကျယ်လောက်သာလုပ်တတ်ကြ တယ်မဟုတ်လား ။ခေတ်နဲ့ စနစ် မတူတော့တဲ့ ဒီကာလမှာ လူကြီးတွေကသူတို့ သိတာ ၊ ပြောတာ ၊လုပ်တာတွေသာ မှန်တယ်ဆိုတဲ့ ‘လူကြီးလွှမ်းမိုး ရေး ၊ဗိုလ်ကျလွှမ်းမိုးရေး ’ ကိုအသေဆုပ်ကိုင်ထားလေ မျိုးဆက်ကွာဟမှုကြီးလေ ဖြစ်လာမှာသေချာတယ် ။ ‘ ငါ မင်းအရွယ်တုန်းက ’‘ ငါကမင်းထက်အရင်ထမင်းစားတာ ’ ‘ ငါက မင်းကို မွေးထုတ်ခဲ့တာ ’ ‘ မင်းပညာတတ်အောင် ငါလုပ်ပေးတာ ’ ‘ မင်းလို ကွန်ပျုတာ ငါမတတ်လို့ သေမသွား နိုင်ဘူး ’ ‘ မင်း ပါရဂူ (Ph.D) ဘွဲ့ ရပေမယ့်ငါလောက် မင်းမသိနိုင်ဘူး ’ ‘ သောက်စကားရှည်မနေနဲ့ ၊ ငါက လူကြီးကွ ၊ လုပ်ဆုလုပ် ၊ ဒါပဲ ’ အပေါ်မှာ ရေးထားတာကို လူကြီးအတော်များများ ‘ အစာမကြေ ’ ဖြစ်ကောင်း ဖြစ်နေမလားပဲ။‘အဲဒီလူကြီးမျိုးတွေပေါ့ ၊ မျိုးဆက်ကွာဟမှုကိုနားမလည်တဲ့ မဖြေရှင်းတတ်တဲ့ လူကြီးတွေ ’ လို့ လူငယ်တွေက မဲ့ပြုံးပြုံးရင်း ကောက်ချက်ချမှာသေချာတယ် ။လူငယ်တွေမြင်နေတာက ‘လူကြီးတွေ ခေတ်မမီတော့ဘူး ၊သူတို့ ကို အချိန်ကုန်ခံပြီ ရှင်းနေမယ့်အစား speedနဲ့  အမီလိုက်နိုင်ဘို့ ဆက် လုပ်နေတာက ကောင်းမယ်’၊‘လူကြီးတွေ လွှမ်းမိုးရေးနဲ ဗိုလ်ကျ လွှမ်းမိုးရေး ’ ကို‘လူကြီးတွေ ခေတ်မမီတော့ဘူး ’ အချက် ကိုင်ဆွဲထားရင် မျိုးဆက်ကွာဟမှု ဖြေရှင်းရေးမလွယ်ဘူး ။ဒီလိုအနေအထား လုပ်ကြည့်ရဗအာင် ။ လူကြီးဘက်က ဒီလိုအ နေအထား - ‘ခေတ်နဲ့ စနစ်မတူတော့ပါလား ။ လက်ငင်းအများဆုံးသုံးစွဲနေတဲ့အ စားအသောက်တွေဟာ တို့ ခေတ်တုန်းကနဲ့  သိပ်ကွာခြားနေပါလား ။အိမ် တိုင်းလို လိုမှာတစ်မျိုးမဟုတ် တစ်မျိုးသုံး စွဲနေတဲ့အီလက်ထရောနစ်(electronic)ပစ္စည်းတွေဟာ လူကြီးတွေထက်လူငယ် တွေကိုနားလည်ပေးရမယ် ။လူကြီးတွေဖြတ်သန်းလာခဲ့ကြတဲ့ခေတ်တွေမှာ လူနည်းစုလေး အကျိုးအမြတ်ရှိအောင် ၊ ကိုယ်ကိုယ် တိုင်အကျိုးအမြတ်ရှိအောင် အခွင့်အရေးတွေရပေမယ့် စွန့် လွှတ်ခဲ့တာတွေကို ဒီနေ့ လူငယ်တွေကို တစ်ကိုယ်ကောင်းစိတ်မရှိဖို့ ၊အသိပေးဖို့ ၊ ဆွေးနွေးဖို့ လိုတယ် ။ဒါ ဟာ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်လုပ်တာ လုံးဝမဟုတ်ဘူး ။ တစ်နေ့ မှာဒီကနေ့ လူငယ်တွေလည်း လူကြီးတွေ ဖြစ်လာကြမှာပဲ ’လို့ မှန်မှန်ကန်ကန် ဆင်ခြင်နိုင်ဖို့ လိုတယ် ။ 
‘ခေတ်နဲ့ စနစ်မတူတော့တာကို လူကြီးတွေ မသိရှာပါလား ။ လက်ငင်းကာလမှာ ပိုမိုထွန်း ကား တိုးတက်လာနေတဲ့ အသိပညာ ၊နည်းပညာနဲ့ ကွန်ပျုတာတွေကို မသိရှာပါလား ။ သိအောင်လုပ်ဖို့  ကြိုးစားကြပြန် တော့အသက်ကကြီးနေပါရောလား။လူကြီးတွေဟာ လူငယ်တွေကိုပြုစုပျိုးထောင်ပေးတဲ့ ကျေးဇူး ရှိပါလား ။လူကြီးတွေဟာ အိုနာသေကြရာမှာ အခုအိုနေ၊နာနေကြပြီမို့ ဘ၀က ထွက်ခွာသွားဖို့ နီး နေပါရောလား ။လူကြီးတွေကို တက်နိုင်သလောက် နားလည်ကူညီဖို့ လိုတယ် ။တစ်နေ့ မှာ ဒီနေ့ လူ ငယ်တွေလည်းလူကြီးတွေဖြစ်လာကြမှာပဲ ’ လို့ မှန်မှန်ကန်ကန် ဆင်ခြေနိုင်ဖို့  လိုတယ် ။တကယ်လိုတယ် ။အ ထက်ပါအချက်နှစ်ချက်နဲ့  မျိုးဆက်ကွာဟမှုကို ဖြေရှင်းရင်ပြေလည်ဖို့  များနိုင်မလားပဲ ။‘လူကြီးအချို့ ဟာ သူတို့ ကိုယ်ကျိုးစွန့် လွှတ်ပြိး တစ်ဦးတစ်ယောက်ကောင်းစားဖို့  ၊ လူနည်းစုလေး ချမ်းသာသထက် ချမ်းသာ 
* မြင်းကတော့ဒိမြင်းပဲ ၊ စီးသူပြောင်းသွားတာ ။
*ဘဲခေါင်းချိတ်ပြီး ခွေးသားရောင်းတာ ။
*မူလအရက်ပုလင်းထဲ တခြားအရက်ထည့်ထားတာ ။
*နွားချေးပုံကို ရွှေမှုန့်ကြဲထားတာ ။
*ကြောင်ဖြူဖြူမည်းမည်း ကြွက်ခုတ်ရင် ပြိးတာပဲ ။
ခေတ်ရေစီးကြောင်းထဲမှာ သစ်ရွက်ဟောင်းသစ်ရွက်ဆွေးတွေ ၊သစ်ကိုင်းကျိုးသစ်ကိုင်းဆွေးတွေ ၊
ခွေး သေကောင်ပုတ်တွေ ၊ လူသေကောင်တွေ ဖြစ်တဲ့ အဆိုးတွေပါလာသလို ကြာဖူးကြာပွင့်တွေ ၊ ဗေဒါတွေဖြစ်တဲ့ အကောင်းတွေလည်းပါလာတာပဲ ။သဘောကတော့ ခေတ်သစ်နဲ့ စနစ်သစ်မှာ မျိုးဆက်သစ် လူငယ်တွေဟာ ခေတ်ရေစီးကြောင်းထဲ အဆိုးအနေနဲ့ စီးမျောမှာလားကို ဆုံးဖြတ်ရလိမ့် မယ် ။ ခေတ်ရေစိးကြောင်း ထဲ ပါကိုပါရမယ် ။ ရှောင်လို့ ပြေးလို့ မရ ။အရာရာမှာ ပြည်သူက အ ဆုံး အဖြတ် ပေးတာမို့ ပြည်သူထဲမှာ အနည်းစုကလေး ဒါမှမဟုတ် အများစုကြီးအတွက် ကောင်းကျိုး ချမ်းသာ ဆောင်ရွက်ရာမှာ -
* အနည်းစုကလေး နဲ့ ကိုယ်ကျိုးအတွက် ဆောင်ရွက်ရင် ပြည်သူမုန်းတဲ့ မျိုးဆက်သစ်ဖြစ်ပြီး
* အများစုကြီးဖြစ်တဲ့ ဆင်းရဲသူ ဆင်းရဲသားတွေနဲ့  ပညာမဲ့ရှာသူတွေအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ရင် ပြည်သူချစ်တဲ့မျိုးဆက်သစ်ပြည်ချစ်လူငယ်ဖြစ်မျာကို ပိုင်ပိုင်နိုင်နိုင်သိတဲ့သ
တိနဲ့ 
* ပြည်သူ့ လူငယ်ဖြစ်ဖို့ စွမ်းစွမ်းတမံကြိုးပမ်းကြဖို့ လူငယ်ဘ၀ကို ဖြတ်သန်းလာပြီး လူကြီးဖြစ်
နေတဲ့ မိမိက စေတနာသန့် သန့် နဲ့  တိုက်တွန်းလိုက်ပါတယ် ။
တော်ဘု၇ားကလေး(အောင်ဇေ)
၁၅ -၂ -၀၆
ကုလ္လူပမ
အစွဲနှင့် ပြုလုပ်လျှင်
မည်သည့်ကိစ္စမျိုးမှ အောင်မြင်မှုမရှိဘဲ
နောက်ဆုံးတွင်
အရှုံးနှင့်သာ
ရင်ဆိုင်ရလိမ့်မည်။
ခရီးသည်နှစ်ဦးသည် ခရီးသွားရာမှ အိမ်ပြန်လာကြသည်။ အိမ်အပြန်ဘာပစ္စည်းမှ ပါမ လာကြ။ အိမ်အပြန် မျက်နှာလှဖို့ အတွက် ပစ္စည်းတစ်စုံတစ်ရာမပါဘဲ ပြန်လာကြသော ခရီးသည် နှစ်ဦးသည် လမ်းတွင် မြက်ရိတ်သ မားရိတ်ထားသော မြက်ပုံနှစ်ပုံ တွေ့ ကြသည်။ခ၇ိးသည် နှစ်ဦးသည် လက်ချည်း အိမ်ပြန်ခြင်း ထက် အပြန်ပစ္စည်း တစ်ခုခုပါသွားလျှင် မျက်နှာပန်းလှလိုက်မည် ဟူ၍ တွေးလျက် မြက်ပုံတစ်ပုံစီ ထမ်း လာကြသည်။မြက်ပုံတစ်ပုံစီ ထမ်းလာကြာသောခရီးသည် နှစ်ဦးသည် လဲအပုံနှစ်ပုံကိုတွေ့ ကြပြန်သည်။ ခရီးသည်တစ်ယောက်က သူထမ်းလာသောမြက်ပုံကို ပစ်ချပြီး လဲပုံကို ကောက်ယူထမ်းသည်။ ကျန်တစ် ယောက်ကမူ ထိုခရီးအကွာအဝေးထိ ထမ်းလာခဲ့သော မြက်ပုံကိုစွန့် မပစ်လိုသည့်အတွက် သူ့ မိတ်ဆွေ ခ၇ီးသည် လဲပုံကို ပြောင်းပြီး ထမ်းသလိုမထမ်းဘဲ မြက်ပုံကိုသာဆက်လက် ထမ်းယူလာ သည်။ခ၇ီးသည်နှစ်ဦးသည် အပြန်ခ၇ီးဆက်လက် လာကြရာလမ်းခရီး၌ သိုးမွေးပုံနှစ်ပုံကို တွေ့ ကြပြန်သည်။ ခ၇ီးသည်နှစ်ဦးအနက်မြက်ပုံကိုပစ်ချပြီး လဲပုံကိုထမ်း လာသောခရီးသည်လဲ ထက်သိုးမွေးက တန်ဖိုးရှိ သည်ဖြစ်၍ ပခုံးပေါ်က လဲပုံကို ပစ်ချလျှက် လဲပုံ၏နေရာတွင် သိုးမွေးကို ထမ်းယူလာခဲ့သည်။ လဲပုံကိုတွေ့ စဉ် က မြက်ပုံကို ထားပစ်ခဲ့ရမှာစိုးသည့်အတွက် လဲပုံကို မယူဘဲ မြက်ပုံကိုသာ ထမ်းယူလာခဲ့သည့် ခရီးသည် သည် သိုးမွေးပုံနှင့်မလဲဘဲ မြက်ပုံကိုသာ ဆက်လက် ထမ်းယူလာခဲ့သည်။
ခ၇ီးသည် နှစ်ဦးအိမ်ပြန်ရောက်သော အခါ တစ်ဦးကလျှောက်ပင်ပင်ပန်းပန်း ထမ်းယူလာခဲ့စော မြက်ပုံကိုသာ ခ၇ီးအပြန်လက်ဆောင်အဖြစ်နှင့် အိမ်ကိုအပ်နှံနိုင်ခဲ့သည်။ဒုတိယခရီးသည်ကမူ အဖိုးထိုက် တန် သောသိုးမွှေးကို အိမ်ပြန်လက်ဆောင်အဖြစ် အိမ်ကိုအပ်နှံနိုင်ခဲ့သည်။ ယင်းခရီးသည် နှစ်ဦး၏ ကွဲပြားချက်မှာ ပထမခရီးသည်သည် ခ၇ီးတစ်လျှောက်လုံးထမ်းလာခဲ့သော မြက်ပုံကို မစွန့် ပစ်နိုင် သောကြောင့် အိမ်အထိ ထမ်းယူလာခဲ့ပြီး ဒုတိယလူကမူ တစ်ခုပြီးတစ် ခု ဆန်းသစ်သော တန်ဖိုးရှိ သောအရာဝထ္ထုကို တွေသည့်အခါ အသုံးမကျသော ပစ္စည်းဝထ္ထုကိုတွေသည့်အခါ အသုံးမကျ သောပစ္စည်းဝထ္ထုကို အစဉ်အလာက သုံးစွဲလာခဲ့သည်ဖြစ်စေကာမူ လွတ်လွတ် ကျွတ်ကျွတ် စွန့် လွှတ်လျှက် တန်ဖိုးရှိသော၊ အသုံးကျသောပစ္စည်းဝထ္ထုကိုသာ ပြောင်းလဲပြီးလက်ခံသည်။ယင်းဥပမာသည် ဆန်းသစ် သော အသုံးကျသောပစ္စည်းဝထ္ထုသစ်ကိုတွေ့ ရသော်လည်းအစဉ်အလာက သုံးစွဲခဲ့သည့်အကြောင်ပြ ချက်ဖြင့် မစွန့် ပစ်နိုင်သူနှင့် အသုံးဝင်သော ဆန်းသစ်သောပစ္စည်း ၀ထ္ထုအသစ်ကိုတွေ့ သောအခါ အဟောင်းကို ရဲရဲ စွန့် ပဟ်လျက် အသစ်ကို သုံးစွဲသူကို ဥပမာထားလျက် အယူအဆဟောင်း၊ အယူအဆဆွေးကို စွဲစွဲမြဲမြဲလက်ခံထားသူနှင့် အယူအဆသစ်ကိုပြောင်းလဲ ယူဆသူ နှစ်ဦးအကြောင်းကို ပြောပြထားခြင်း ဖြစ်သည်။ ယင်းဥပမာသည် မြတ်စွာဘုရားကိုယ်တော်တိုင် ညွှန်ကြားပြောပြ ထားခဲ့သော ဥပမာ ဖြစ်သည်။
ယင်းဥပမာ၏ဆိုလိုရင်းကို ခိုင်မြဲစေလိုသည့်အဘောဖြင့် မြတ်စွာဘုရားသည် ‘ကုလ္လူပမံ ဝေါ ဘိက္ခဝေ..’ စသည့်ဖြင့် ဓမ္မကို ဖောင်နှင့်ဥပမာပေးပြီးဟောပြထားတော်မူသည်။ ‘ကုလ္လ’ ၏ အနက်အဓိပ္ပာယ်သည် ဖောင်ဖြစ်သည်။ ‘ကုလ္လဥပမ’(ကုလ္လဥပမာ) သည် ဖောင်ဥပမာဖြစ်သည်။ ဓမ္မကို ဖောင်နှင့်ဥပမာပေးပြီး ဟောပြထားတော်မှုခြင်းဖြစ်သည်။ ဖောင်သည် တစ်ဘက်ကမ်းကူးဖို့ အတွက်သာဖြစ်သည်။ တစ်ဘက် ကမ်းရောက်သွားသည့်အခါ ဖောင်၏ကိစ္စပြီးဆုံးသွားသည်ဖြစ်၍ ဖောင်ကိုမြစ်ထဲ၌သာထားခဲ ရမည်။ ထိုနည်းအတူပင် ဓမ္မသည်လည်း လိုက်နာကျင့်သုံးဆောက်တည်ရမည့်အရာသာဖြစ်သည်။ ဖက်တွယ် ဆုပ်ကိုင်ထားရမည့် အရာမဟုတ်ပေ။ ဓမ္မကို ချဉ်းကပ်ပုံချဉ်းကပ်နည်း မှန်ကန်ဖို့ လိုသည်။ ချဉ်းကပ်ပုံချဉ်း ကပ်နည်း လွဲမှားသွားလျှင် ချဉ်းကပ်သူသည် အကျိုးမရှိသည့် အပြင် အကျိုးမဲ့သာဖြစ် သွားနိုင်၏။ အုန်းဆံကြိုး သည် ရေခပ်သည့်နေရာ၌ လည်း အသုံးကျသည်။ ကြိုးဆွဲချသေဖို့ အတွက်လည်း အသုံးဝင်သည်။ ဓမ္မသည်လည်း သံသရာတစ်ဘက်ကမ်း ကူးရန်အတွက် အကျိုးရှိသလို ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မမှန်လျှင် သံသရာဝဲသြဂအတွင်းက မလွတ်ကင်းနိုင်ဘဲ တ၀ဲလည်လည် ဖြစ်နေလိမ့်မည်။မည် သည့်ဘာ သာတ၇ား ကိုမဆို၊ မည်သည့်အယူအဆမျိုးကိုမဆို၊ ပုဂ္ဂိုလ်စွဲ ဆရာစွဲ အယူအဆစွဲထားပြီးယုံကြည်ယူဆခြင်းသည် လွဲမှားသောချဉ်းကပ်နည်းဖြစ်သည်။ ငါယုံကြည်ကိုးကွယ်သောဘာသာ တရားကသာမှန်သည်။ တခြားဘာ သာတရားက အမှားဟူ၍လည်းကောင်း၊ ငါ့အယူအဆကသာ မှန်သည်၊တခြားလူများ၏ အယူအဆကမမှန်ဟု တစ်ဘက်သတ်တစ်ကြောင်း ဆွဲချဉ်းကပ်ပုံချဉ်းကပ်နည်းဖြစ်သည်။ အစွဲနှင့်ပြုလုပ်လျှင် မည်သည့်ကိစ္စမျိုးမှ အောင်မြင်မှု မရှိဘဲ နောက်ဆုံးတွင်အရှုံးနှင့်သာ ရင်ဆိုင်ရလိမ့်မည်။
ကာလာမသုတ်၌ မြတ်စွာဘုရား ဟောကြားထားသော တရားမှာလည်း ယင်းအဓိပ္ပာယ်မျိုးကိုပင်ညွှန်ပြထား ခြင်းဖြစ်သည်။‘စာအုပ်ကြီးထဲမှာပါသည်ဆိုသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊အစဉ်အလာက ယူဆခဲ့သည့်အယူအဆ ဖြစ်သည် ဟူသော အကြောင်ပြချက်ဖြင့်လည်းကောင်း၊မိဘ ဘိုးဘွားများ၏ အယူအ ဆဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့်လည်းကောင်း၊ ယုံကြည်ယူဆခြင်းမျိုး မပြုလုပ်ပါနှင့်။
ကုန်ကုန်ပြောလိုက်မည်။ ငါဟောပြောသော တရားစကားများကိုပင် ငါဟောခြင်း၊ ပြောခြင်းဖြစ်သည်ဟူသော အကြောင်ပြချက်ဖြင့် လက်ခံနာယူခြင်းမျိုး မပြုလုပ်နှင့်၊ မိမိ၏ကိုယ်ပိုင်ဥာဏ် မှတ်ကျောက်တွင်တင်ကြည့်ပြီး အဖြေထွက်မှ လက်ခံ နာယူကြရမည်’ ဟူ၍` မိန့် မှာထားတော်မူသည်။မည်မျှ သီဟနာဒ ရဲရင့်ပြတ် သားသောမိန့် ကြားချက် ဖြစ်သနည်း။ဘာသာတစ်ရားသမိုင်း၌ ဘာသာတရား တစ်ခုခုကို ဦးဆောင်ဦးရွက် ပြုသူပုဂ္ဂိုလ်တစ်ဦးအနေနှင့် ယင်းကဲ့သို့ ရဲရဲတောက် မည်သည့်အခါကမိန့်ကြားခဲ့ဖူး သနည်း။မည် သည့်အခါက ကြားခဲ့ဖူးသနည်း။ယင်းမိန့် မှာချက်မျိုးကို မည်သည့်သမိုင်းစာမျက်နှာ၌ မှတ်တမ်းတင် ထားခြင် မျိုး ရှိသနည်း။
မှတ်ချက်....
အာဏာရှင်စနစ်ဟောင်းကို စွန့် ၍ စစ်မှန်သော ဒီမိုကရေစီသည် ဘယ်လိုဘယ်ပုံရှိသည်ကို ဆန်းစစ် လေ့လာ၍ ယုံကြည်ရာကို အနာဂတ် အတွက် လက်ဆောင်တစ်ခု အဖြစ်ပေးခဲ့ကြပါစို့....
ပါရဂူ
မျိုးဆက်သစ် ဧ။် အရုဏ်ဦး
စစ်ပြီးခေတ်နှောင်းပိုင်းတွင် မျိုးဆက်သစ် ဟူသောစကားကို သိကြားစပြုလာလေသည်။ကျွန်တော်တို့ သည် ကျွန် တော်တို့ဧ။်သမိုင်း ခေတ်တွင် တွေ့ကြုံ ခံစားလာခဲ့ရ သော သမိုင်းခေတ်များကိုမိမိတို့ ဖြတ်သန်းခဲ့သည့် အချိန်အခါကို လိုက်၍ မျိုးဆက်သစ်ဟူ သော စကားရပ်ဖြင့် နောင်အနာဂတ်ကို မျှော်မှန်းခဲ့ ကြသည်။ မျိုးဆက်သစ်ဟု ဆိုလိုက်သည် နှင့် မျိုးဆက် ဟောင်းဟူသောအတွေးအခေါ်လည်း ရှိနိုင်သည်ဟု ယူဆ ရပေမည်။ မျိုးဆက်ဟောင်း ဟူသောစကားရပ်သည် တကယ်ကတော့ မိမိတို့ဖြတ်သန်း ခဲ့ပြီးသော အတိတ်ကာလ က သမိုင်းခေတ် တစ်ခေတ်ကိုရည်ရွှယ်၍မျိုးဆက်ဟောင်း ဟု ဝိသေသ ပြုခဲ့ခြင်းဖြစ်နိုင် သည်။ မျိုးဟောင်းသည် ကုန်လွန်ခဲ့ပြီး။ သူ့ကို  ပြန်လည်ပြုပြင်၍ မရ။ သို့သော် မျိုး ဆက်ဟောင်းမှ အမွေ အနှစ်ကို မျိုးဆက်သစ်တို့က ဆက်ဆံခဲ့ ရစမြဲ။အမွေ ဆိုသည်မှာ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေဆက်ခံရစမြဲ ။ ခေတ်လူတို့သည် အမိုင်းခေတ် ကို ဖြတ်သန်းယင်း လာမည့် အနာဂတ်ကို မျှော်မှန်းတတ်ကြသည်။အထူးသဖြင့် လူငယ်တို့သည် အတွေ့အကြုံ နည်းသေသော်လည်း နောင်လာ မည့်အနာဂတ်ကိုကား မျှော်မှန်း  တတ်ကြစမြဲ၊ ထို့ကြောင့်ယင်းမျှော်လင့် သည့်အနာဂတ် သမိုင်းခေတ်ကာလ ကိုရည်ရွယ်၍ မျိုးဆက်သစ် ဟူသော စကားရပ်သည် မိမိတို့ သမိုင်းခေတ်ခံစားမှု နှင့်အညီသစ်ထွန်းလာခြင်း ဖြစ်သည်ဟုဆို ရပေ မည်။သမိုင်ခေတ်တိုင်း ၊ ခေတ်တိုင်းတွင် နုပျိုသော်လူငယ်အင်အားစု ရှိစမြဲ။ 
လူငယ်ဆိုသည်မှာ အာရုံခံစားမှု ထက်မြက်သည်။ ဆန်းသစ်မှုကိုလိုလားသည်။ကိုယ်ကျိုးကို သိပ်မကြည့်ဘဲ အများပြည်သူတို့ ဧ။် အကျိုးကို သယ်ပိုးထမ်းရွက်ချင်သော စိတ်ဓာတ် ထက်သန်သည်။ သူတို့ ဧ။် ဘဝရုပ် ပုံလွှာများကို ထုဆစ်ယင်း အနာဂတ်ကို လှမ်းမျှော်ကြည့်တတ် သည်။ကျွန်တော်တို့သည် အင်္ဂလိပ်နယ်ချဲ့ ခေတ်၊ စစ်အတွင်း ဂျပန် ခေတ်၊ ထို့နောက် ပြန်ဝင်လာသော အင်္ဂလိပ်ကိုလိုနီခေတ်များကိုဖြတ်သန်းခဲကြရ သည်။ ငယ်စဉ်ကျောင်း သားဘဝက ကိုလိုနီခေတ်ဧ။် ရသကို ခံစားခဲ့ရသည်။ ထိုအခါ ကျွန်တော်တို့နှင့် ခေတ်ပြိုင်လူငယ်တို့သည် သူတို့ခေတ်ပြိုင် အတွေ့အကြုံကိုခံစားရစမြဲ။ ထိုအခါ ကျွန်တော်တို့သည် ကျောင်းသားဘဝ ၊ ကျောင်းထွက်ပြီးစ စာပေးလေ့လာသောကာလ၊ တာရာမဂ္ဂဇင်းထုတ်ဝေသော ကာလ ၊ ကိုလိုနီခေတ်က လူငယ်တို့သည်သူတို့ဖြတ် သန်းလျှက်ရှိသော သမိုင်းခေတ်ဧ။် လှုပ်ရှားမှု ကိုတုံ့ ပြန် ကြည်။ ကိုလိုနီခေတ်က လူငယ်တို့ သည်  လွတ်လပ်ရေးလှုပ်ရှားမှုဖြင့် ရုန်းကန်ခဲ့ကြသည်။ ဂျပန် ဖက်ဆက်ခေတ်က ဖိနှိပ်ချုပ်ချယ်မှုကို တော် လှန် မှုဖြင့် ဆန့်ကျင်ခဲ့ကြသည်။ စစ်ပြီး အင်္ဂ လိပ်ကိုလိုနီ သမားများ ပြန်ရောက်သော်အခါလွတ်လပ်ေ၇း လှုပ်ရှားမှုဖြင့် တုံ့ပြန်ခဲ့ကြည်။ 
ထို့နောက် ၁၉၄၈ တွင် လွတ်လပ်ရေးရခဲ့သည်။ ယင်းသည် ခေတ်အဆက် ဆက်လူငယ်တို့ ပြုစုပျိုး ထောင်ပါဝင်သော အမျိုးသား လွတ်လပ်ေ၇းလှုပ် ရှားမှုဧ။် အကျိုးသက်ရောက်မှုဟု ဆိုနိုင်ပေ သည်။ယင်းသို့လျှင် ၁၉၄၈ တွင် အင်္ဂ လိပ်နယ်ချဲ့ အစိုးရက မလွဲမရှောင်သာ အောင်ဆန်းအက် တလီစာချုပ် ၊ နုအက်တလီ စာ ချုပ်တို့ဖြင့် အာ ချုပ် အခြာအာ ဏာပိုင်သော ၊ လွတ်လပ်သော နိုင်ငံတော်သစ် ၊ ပြည်ထောင်စု မြန်မာ နိုင်ငံတော် သစ်မြန်မာနိုင်ငံတော်ကိုထူ ထောင်ခဲ့ကြသည်။ယင်းသို့ဖြင့် ခေတ်အဆက် ဆက်မျိုး ဆက်သစ် လူငယ် တို့ ကြိုးပမ်းဆောင် ရွက်ခဲ့သော လွတ်လပ်ရေးလှုပ်ရှားမှုကြီးဧ။် အသီးအပွင့်ပင် ဖြစ်တော့သည်။ သမိုင်းမှတ်တမ်း ရေးထိုးခဲ့ကြသည်။ လွတ်လပ်ေ၇းရရှိသည် ဆိုသည်မှာ မိမိတို့ဧ။် နိုင် ငံ တော် သစ်ကို လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင် ခွင့်ပင်ဖြစ်သည်။ လွတ်လပ်ရေးရလျှင် ငြိမ်းချမ်းရေး ပါရ  မည် ဟူသောမျှော်လင့်ချက်ပါ ပါလာသည်။ သို့သော် ပြည်သူတို့ ဧ။် မျှော်လင့်ချက်သည် ပြည်သူတို့မျှော် လင့် သကဲ့ သိုဖြစ် ထွန်းလာသည်မဟုတ်။ မမျှော်လင့်သော သမိုင်းဖြစ်ရပ်များစွာဖြင့် ပြည်သူတို့ ထိတွေ့ခံစားလာ ရ  သည်။ ငြိမ်းချမ်းရေးကို အနာဂတ်မျှော်မှန်းချက် အဖြစ်ထားရှိခဲ့ကြသည်။ သို့သော် ခေတ်အဆက်ဆက် တွင် မျိုးဆက်သစ်လူငယ်တို့သည် ရပ်တန့်နေကြသည် မဟုတ်။မိမိတို့ ဧ။် နိုင်ငံတော် သစ်ထူထောင် ရေး ကို လူငယ်တို့ က ဆက်လက်ဆောင်ရွက်လျက်ရှိကြသည်။ကြိုးပမ်းအားထုတ်ကြ ရသည်။ အခက်အခဲ  မျိုးစုံ ကို ကြုံတွေ့ကြရသည်မှာ ယနေ့တိုင်ပင်။ခေတ်အဆက်ဆက်တွင် တွေ့ကြုံလာခဲ့ရသော တာဝန်သည် မျိုး ဆက်သစ် လူငယ်တို့ဧ။် တာဝန်တစ်ရပ်အဖြစ်ပေါ်ပေါက်ခဲ့သည်။ ပထမ မျိုးဆက်ဧ။် မပြီးဆုံးသေးသော တာ ဝန်ကို ဒုတိယ မျိုးဆက်က ဆက်ခံ၍ လုပ်ကြသည်။ ဒုတိယ မျိုးဆက် ဧ။် မပြီးဆုံးသော သမိုင်းတာဝန်ကို တတိယမျိုးဆက် က ဆက်လက်၍ အမွေခံကြသည်။ ယင်းသို့ပင် သမိုင်း ခေတ် အ ဆက်ဆက် မျိုးဆက် သစ်လူငယ် တို့သည် သမိုင်းလှုပ်ရှားမှုများ ကို ဆက်လက်လုပ် ကိုင်နေကြ ရလေသည်။သမိုင်းခေတ်တိုင် ခေတ်တိုင်းတွင် မျိုးဆက်သစ်လူငယ်တို့ဧ။် လှုပ်ရှားမှု ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့မျိုးဆက်သစ်လူငယ်တို့ဧ။် တာဝန်သည် ဘာလဲ ။မိမိတို့ အမွေဆက် ခံခဲ့သော ပထမမျိုးဆက် ၊ ဒုတိ ယမျိုးဆက် ၊ တတိယမျိုးဆက် တို့ဧ။်သမိုင်းတာဝန်အသီး သီး
ကို ဆက်ခံဆောင်ရွက် ကြသည်မှာ သမိုင်း လုပ် ရပ်ဖြစ်သည်။
ကျွန်တော်တို့ဧ။် သမိုင်းပန်းတိုင်သည် ငြိမ်းချမ်းရေး။ မည်သည့် ခေတ်တွင် ဖြစ်စေ မိမိတို့ဧ။်  လုပ်အားဖြင့် ၊ မိမိတို့ယခင် က စွမ်းဆောင်ခဲ့ကြသော မျိုးဆက်တို့ဧ။်အမွေကို ဆက် ခံယင်းငြိမ်း ချမ်းေ၇းပန်း တိုင်းကို သွား ရသည်မှာ ကျန်၇ှိနေသေးသော သမိုင်းတာဝန်ပင် မဟုတ်ပါ လား။ထိုအခါငြိမ်း ချမ်းရေးရ ရှိရေးအ တွက်ညီညွတ်ရေး ဆောင်ရွက်ကြ ရပေလိမ့်မည်။ညီညွှတ်ရေးရရှိနိုင်အောင်ဆောင် ရွက်ရေးတွင် လွတ် လပ်ေ၇း (တန်းတူ အခွင့်အရေးဖြင့် လွတ်လပ်ေ၇း ) စသည်တို့ဖြင့် အသီးသီး ပြီးမြောက် အောင်ဆောင်ရွှက် နိုင်ခြင်းရှိမှသာလျှင် သမိုင်းဧ။် လုပ်ရပ်သည် ပြည်သူတို့ ကို အကျိုးခံစားမှု ရရှိနိုင်မည် မဟုတ်ပါလား။
ဒဂုန်တာရာ
၃-၂-၀၆
ယနေ့ ခေတ် နဲ့ လူငယ်
ယနေ့လူငယ်တွေ ဝတ်စားဆင်ပြင်ပုံ၊ ပြောဆိုနေထိုင်ပုံ ၊ လူငယ်တွေ တွေးတော့ကြံဆပုံ စသဖြင့်လူငယ် များရဲ့အပြုအမူ အနေအထိုင်တွေနဲ့ လူကြီးတွေ နေခဲ့ ထိုင်ခဲ့ ပြုမူခဲ့တာတွေနဲ့ မတူ ကွာဟမှုတွေက ကြီး လိုက် တာလို့မအောင့်အည်းနိုင်တဲ့ အခါအမေကပြောဆို ညည်းညူမိတယ်။ ဒီလိုပြောမိတဲ့အ ခါဒါအ ဆန်းမဟုတ် ဘူး  အမေရယ် ၊  ခေတ်ချင်း ကွာဟ မှုရှိနေတာကိုး ၊  ခေတ်လူငယ်တွေနဲ့လူကြီးတွေနဲ့ ဟာ ကွာ ဟ ရမှာပေါ့။ အမေ အဲဒါတွေကို အပြစ်ပြောလို့လည်း မရဘူး၊ ပြုပြင်ချင်လို့လည်း မဖြစ်ဘူး ၊ ဒါ သူတို့ခေတ် အမေရဲ့ လို့ အမေ့ကို လူငယ်တစ်ယောက် က ပြောပါတယ်။အမေဟာ ခေတ်ရေစီးကြောင်း ကြီး ကို ဘဝင်မ ကျ ဖြစ်နေတဲ့ အဘွားကြီးတစ် ယောက်ဆိုပြီး အဲဒီလူငယ်က အမေ့ကိုသနား နေသလား တော့မသိဘူး။ ဟုတ်ပါတယ်။ အမေတို့ ငယ်ငယ်တုန်းကလည်း လူကြီးတွေ က အမေတို့ အနေအထိုင် တွေပေါ်မှာ ဒီလိုဘဝင်မကျတာတွေ ၊ မကြိုက်နှစ်သက်တာတွေ ရှိခဲ့တာပါပဲ။ ရှိခဲ့လို့လည်း အမေတို့ကို ဝေဖန်လို့ တစ်မျိုး ၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့ တမျိုး လုပ်ကြတာကို အမေတို့ ခံခဲ့ကြ  ရတာပဲ။ဒါဟာခေတ်ကာလရဲ့ကွာဟမှုကြောင့် ဖြစ်ရ တယ်လို့ အမေလက်ခံပါတယ်။
နို့ပေမယ့်........အမေတို့ခေတ်တုန်းက လူကြီး နဲ လူငယ် ၊ မိဘ နဲ သားသမီး ၊ သက်ကြီးရွယ်အို နဲအပျိုအ ရွယ်သူတွေ ရဲ့ ဆက်ဆံရေးဟာ အခု ထက်ပိုပြီး နီးကပ်သလား ၊ ထိစပ်မှု များသလား ၊ ပိုမိုးနွေးထွေးမှု ရှိသလား ၊တစ်ဘက် က တစ်ဘက်ကို လေးစားမှု ပိုပြီးကြီးသလားလို့ အောက်မေ့ တွေးတောမိ တယ်။ ဟို တုန်းက အိမ်ထောင်တစ်ခုအတွက် အိမ်သား တစ်ယောက် နှစ်ယောက် က ရှာဖွေကျွေးမွေးရင် လုံလောက်တော့ အိမ်သားတွေ အချင်းချင်း အတူနေကြ ၊ တွေ့ ဆုံကြရတဲ့ အချိန်တွေက အများကြီး ရှိ ခဲ့တယ်။အခုခေတ်မှာတော့ စားဝတ်နေရေးက ကျပ်တည်းတော့ အိမ်ထောင်တစ်ခု မှာ အိမ်သားရှိသမျှ ( ရနိုင်ရင် )အားလုံးထွက်ပြီး အလုပ်လုပ်ကြရတယ်။ လုပ်ရတဲ့ အလုပ်က နေ့အလုပ်၊ ညအလုပ်၊ သန်း ခေါင်းတိုင်တဲ့အလုပ် စသည်ဖြင့်ရရာ ကိုလုပ်ကြရတယ်။ ဒါကြောင့် အိမ်သားချင်းတွေ့ ဆုံကြ ရတဲ့အချိန်က အလွန်ကိုနည်းလာတယ်။ အကန့်အသတ်နဲ ရှိလာတယ်။အမေတို့ဆိုရင် အမေနဲ သားသမီးတွေနဲ အတူနေ ၊အတူအိပ်၊ အတူစားပါပဲ။ ဒါပေမယ့် သူတို့မှာ အလုပ်တွေကများလေတော့ အမေက သူတို့ကို စကားပြောချင် လို့ လည်း ပြောချိန်မရ ၊ ရပြန်တော့လည်းပြောချင် တဲ့အကြောင်းအရာက စိတ်ထဲ မရှိတော့တဲ့အချိန် ၊ဒါကြောင့် တစ်ယောက်ကို တစ်ယောက်မြင်တော့ မြင်ရ ပါရဲ့ စကားစမြည် ပြောနေကြရ ၊ အေးအေးဆေးဆေး မိသားစုတွေ အတူနေကြရတဲ့အချိန်က မရှိ တော့သ လောက်ပါပဲ။ တစ်အိမ် တည်း နေရပေမယ့်စိမ်းနေလိုက်ကြတာ။ မအားကြလို့လေ။အဲဒီလိုမိသားစု တောင်မှာ အေးအေးဆေးဆေး ပွန်း ပွန်း တီးတီးနေချိန်မရှိတော့ သလောက်ဖြစ်လာတဲ့အခါမိဘနဲ သားသမီး ရဲ့ ဆက်ဆံရေးမှာလည်း ရှေးက လိုရင်းနှီးပွန်းတီး မှု ကြောင့် လူ့ ယဉ်ကျေး မှု လက်ဆင့်ကမ်းတဲ့ သဘောတွေ နည်းပါးဆုတ် ယုတ်လာ တယ်လို့အမေထင်တယ်လေ။
လူငယ်တွေနဲ လူကြီးတွေ ရဲ မျိုးဆက် တစ်ဆက် က တစ်ဆက်ကို အဲဒီလို ယဉ်ကျေးမှုလက်ဆင့်ကမ်းမှု ၊ စီးဆင်းမှု ၊ တစ်ဘက် က လျော့ပါးဆုတ်ယှတ်လာတာ နဲ့ အမျှ လူငယ်တွေ က တစ်ဘက်က လည်း မျိုးခြား တိုင်း တစ်ပါးယဉ်ကျေးမှု တွေကို ဗွီဒီယို ၊ ရုပ်မြင်သံကြားတွေ ၊ တေးသီချင်း တွေ ၊ရှပ်ရှင်တွေနဲ့ တခြား မီဒီယာတွေကနေပြီးအတိုင်းမသိ ထိတွေ့ ယဉ်ပါးကြပြန်တယ်။ လူငယ်တွေ က အဲဒါကိုသူတို့ခေတ် လို့ဆိုပြီး လက်ခံနေကြပြန်တယ်။ ဒါကြောင့် လူကြီးတွေနဲ အလှမ်းဝေးနေတဲ့ အပြုအမှု တွေ ၊အကျင့်အကြံတွေ ဟာ လူငယ်တွေရဲ့ အကြားအမြင် အတွေ့ အကြုံတွေ ထဲမှာ ရောက်ချက်တိုင်း ရောက်နေကြတော့ တာပေါ့၊ဥပမာ ဆိုပါတော့ ၊ အမေတို့ လူကြီးတွေ ရဲ့ စိတ်တွေ ထဲမှာ သာယာ ကြည်နှုးပြီး ချမ်းမြေ့ပြီး  ပျော်ရွှင်လာတဲ့အခါ သာယာတဲ့စိတ်က စေ့ဆော်လို့ တေးသီချင်းများ သီကြည့်မိတယ်လို့အောက် မေ့ခဲ့တယ်။ အခုတော့ အော်ကြီးဟစ်ကျယ် ငေါက်ငမ်းခုန်ပေါက်ပြီး ဆူဆူပူပူ ဒေါနဲ မောနဲသီဆိုတာဟာ တေးသံ ပဲလို့ လူငယ် တွေက သဘောကျနေကြတယ်။ယောကျာင်္းလေးတွေ က သနပ်ခါးလိမ်းကြတယ် ။ ဆံပင်အရှည် ထားကြ တယ်။ နားဆွဲ ၊လက်ကောက် ၊ဘယက်တန်ဆာဆင်ယင်ကြတယ်၊ မိန်းကလေးတွေက ဆံပင်ကိုဖြတ် ၊ ဘောင်းဘီ ကို ဝတ် ၊ အဖေ့ရှပ်အ င်္ကျီမျိုးကိုဝတ်ပြီးအလှဆင်နေကြတယ်။ အဲဒါတွေက ဘာဖြစ်လို့ အပြောင်းတိ ပြောင်းပြန်ဖြစ်ကုန်ရတာလဲလို့ တွေးမိတဲ့အခါအမေတို့ ခေတ် တုန်းက လူငယ်တွေ တွေးခေါ်မြော်မြင်ပုံ နဲ ခုခေတ်လူငယ်တွေတွေးခေါ်မြော်မြင်ပုံချင်း ခြားနားလို့ပဲ ဖြစ်မယ် ထင်တာပဲ။ ဘဝဒဿန လို့ ခေါ်ကြတဲ့ လူ့ ဘဝ ကိုမြင်ပုံ နဲ ပတ်သတ်ပြီး အမေတို့ ငယ်ငယ်ကတော့ နိုင်ငံ က သူ့ကျွန် ဘဝ မှာ ဟုတ်လား ၊ အဲဒီတော့တို့ တစ်မျိုးသားလုံး ရဲ့ ရည်မှန်းချက်ပန်းတိုင် က သူ့ ကျွန်အ ဖြစ်ကလွတ်ကြရေးပဲဆိုတာ စာနယ် ဇင်းတွေ က လည်း တဖွဖွ ရေးကြတာ ၊အသင်း အဖွဲ့ တွေ ကလည်း တယယပြောနေကြတာ၊ နေရှင် နယ်ကျောင်းလို ကျောင်းတွေကလည်း ကျောင်းသာတွေ ကို နေ့တိုင်းဟော ပြောနေတာ ဖြစ်တဲ့အခါ လူငယ်မိန်းကလေးတွေ စိတ်ထဲမှာလည်း တိုင်းပြည်အတွက် သားကောင်း သမီးကောင်းဖြစ် ချင်တဲ့ စိတ်ကပေါ်တယ်။ အလိုတော်၇ိတို့ ၊ ငို့ဘသမားတို့ ၊ အချောင်သမားတို့ ၊ စားဖားတို့ဆိုတာ လူငယ်တွေ ရွံမုန်းစက်ဆုတ်တဲ့အသံ တွေပေါ့၊အဲဒီလို တိုင်းပြည်အတွက အဘိုးတန်တဲ့ သားကောင်း သမီး ကောင်းလေးတွေ ဖြစ်ကြရအောင် ပထမမျိုးချစ်စိတ်ရှိရမယ်။ ဒုတိယ ပညာရှာရမယ်။ တတိယကိုယ်လက်ကြံ့ခိုင်ရမယ် ဆိုတာမျိုးတွေ ကိုလည်းတစ်ဘက် က ရေးသားပြောဆိုလှုံ့ ဆော်နေပြီး အလေးမ အသင်းတွေ ၊ခြေ လျင်အသင်းတွေ စတဲ့ယောကျာင်္းကောင်း မိန်မကောင်းတစ်ယောက် ဖြစ်ပေါ် ရေးအတွက် အလုပ်စခန်းတွေ ကလည်းရှိနေတယ်၊ ဒါကြောင့် ယောကျာင်္းလေးဆိုဂင် ကျားကျားလျားလျား နဲ သန်မာ ထွားကြိုင် မှ တိုင်းပြည်နဲ လူမျိုး ကအားကိုးရမယ့် သားကောင်းဖြစ်လာဖို့ လူငယ်တိုင်းက မျှော်မှန်းသလိုလံမငယ်တိုင်း ကလည်း ဖြစ်စေချင်ကြ တယ်။ဒါကြောင့် ယောကျာင်္းလေးဟာ သနပ်ခါး လိမ်းတယ်ဆို၇င်လူ့ အဖွဲ့ အစည်းက လက်မခံဘူး။ဝိုင်းပြီးသရော်မှာရှတ်ချမှာပဲ။ လူဆိုတာ အဖွဲ့ အစည်းနဲ နေရတာမဟုတ်လား။ ပတ်ဝန်းကျင်က လက်မခံတာကို မလုပ်ဝံ့ပါဘူး။ခုခေတ်မှာတော့ လူငယ်တွေ ရဲ့ ပတ်
ဝန်းကျင်က မင်း ပိုက်ဆံ ရအောင် ဘယ်နည်း နဲ့ဖြစ်ဖြစ်ရှာ ၊ မရှာနိုင်ရင်ဖွတ်ပဲလို့ ရှတ်ချကြ တယ်။ရတယ်ဆိုရင် သုံးပါ ၊ ဖြုန်းပါ ၊ အရက်သောက် ၊ ဘိန်းရှူလုပ်ချင်ရာ လုပ်ပါ။ ရှာနိုင်ရင်အားလုံးတင့်တယ် လို့ ကြွေးကြော်ကြ ၊ အောက်မေ့ကြ တယ်။ ပြီးတော့ မှအချင်းချင်း မှာ ငါကဘယ်သူ ၊ ငါကဘယ်ဝါ လို့ ထင်ပေါ်ကျော်ကြား လာအောင် အမျိုးစုံ သူများထက်ထူးအောင် ဝတ်စားဆင်ပြင်တာ ၊ ကင်းမြီးကောက် ထောင်ပြတာမျိုး ၊ အုန်းပင် စိုက် နေတာမျိုး ၊ တစ်စုံတရာသူများနဲ မတူတာမျိုး လုပ်ပြပြီး ငါဆိုတဲ့အတ္တကို ရှေ့ရောက် အောင်ဆွဲခေါ်ဖို့ ကြိုးစားကြတယ်၊။
လူငယ်လေးတွေ ဝတ်စားဆင်ပြင်မှုတွေမှာ တောလုပ် တောင်လုပ် လုပ်နေကြတာ အဲဒီလို ငါလိုထင်ပေါ် မှု နဲလုပ်ကြနေကြတာပဲ။ သူတို့ မှာ မှန်ကန်မွန်မြတ်တဲ့ ဒဿန မရှိဘူး။ ရှိအောင် လည်း ဘယ်ရပ်ကွက်ကမှ ထိထိရောက်ရောက် လုပ်မပေးနိုင်ဘူးလို့ အမေထင်တယ်။ခေတ်ပဲ အမေရဲ့ ခေတ်ပဲ ဆိုပြီးခေတ်ေ၇စီးကြောင်းကြီး စီးချင် ရာ စီးဆင်းနေတဲ့ အထဲ လူငယ်တွေ မျောချင်ရာမျောပါနေတာကို အမေတို့ လူကြီးမိဘ ဆရာသမားတွေ က ကြည့်မနေသင့်ဘူး။ ခေတ်ရေစီးကို စီးသင့်တဲ့ ဘက်စီးဆင်းလာအောင် ရေလမ်းသွယ်ဖောက်ပေးသင့်တယ်။ ဒါမှ ကိုယ်လိုရာ ဒီခေတ်ရေစီးကြောင်း ကြီး စီးလာမှာပေါ့လို့ အမေ က ပြော ချင် တယ်။အမေ နဲ ဘဘောတူကြသလား၊
လူထုအဒေါ်အမာ
ကလျာမဂ္ဂဇင်း
၁၉၉၆ ၊ ဖေဖော်ဝါရီလ