ပုံတူကူးဆွဲသူများနှင့်ပတ်သတ်၍ ဟားဗေးမက်ကေး ( Harvey Mackay ) ၏ အတွေးကွန်ယက်တစ်ခုကို ဤသို့ ဖွင့်ဟထားလေသည်။
မိတ်ဆွေတစ်ဦးသည် လီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကား မိတ္တူတစ်ခုကို ပြတိုက်သို့ယူဆောင်သွား၍ ပြတိုက် မှူးကို ပြခဲ့သည်ဟု ကျွန်တော်ကိုပြောကြားခဲ့သည်။ ပြတိုက်မှူးသည် ပန်းချီကားကို တစ်ချက် မျှသာ ကြည့် ရှုပြီး ထိုကား ကိုမည်သည့်အချိန်က ရေးဆွဲခဲ့သည်ကိုသာမက ရေးဆွဲသူသည် မည်သည့် လူမျိုး ဖြစ် ကြောင်း ကိုပါ ပြောပြလိုက် သည်။
“ခင်ဗျားဘယ့်နှယ့်လုပ် သိခဲ့တာတုံး”
ကျွန်တော်မိတ်ဆွေက ကမ္ဘာအကြီးမားဆုံး လိမ်ကောက်နည်းကို ရင်ဆိုင်နေရပြီဟု ထင်အတွေးနှင့်မေးလိုက် သည်။
ပြတိုက်မှူးကပြောလိုက်သည်။
“ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့အချိန်ကာလရဲ့ အကျဉ်းသားတွေပါပဲ။ အထူးသဖြင့် ပုံတူ ကူးဆွဲ အဲ့ဒီသူဟာ အသွင်ရှိတယ်။ သူ့ရဲ့စိတ်ကူးစိတ်သန်း စွမ်းရည်ကနည်းပါးချို့တဲ့တယ်။ သူပုံ တူဆွဲဖို့ ရွေးချယ်တဲ့ ပန်းချီ ကား စုတ်ချက်နဲ့ အထူးအလေးထားချက်တွေအားလုံးက အဲ့ဒီအ ချိန်မှာ ရေပန်းစားနေတဲ့ ဟန်နဲ့ အကြိုက်။ သူပုံတူရေးဆွဲတဲ့နေရာရဲ့ အရိပ်တွေကို လှစ်ဟ ပြ တယ်။ အဲ့ဒီ သဲလွန်စတွေက ရွှံ့ပေနေ တဲ့ ဘွတ်ဖိနပ်နဲ့ ခြေရာတွေကိုပါ သူ့နောက်မှာ ကျန် ခဲ့တယ်။ ပိတ်ကား ပေါ်ကနေ သက်သေပြုအော်ဟစ် တယ်။ ကိုယ့်အရေခွံကနေကိုယ်ဘယ်သူ လွတ် အောင် ရုန်းထွက် နိုင်မလဲ။”
Ref : R.D May 2000, Point to Ponder
ဆရာ မောင်မောင်မြင့်သိန်း၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ
မရေးရမနေနိုင်တဲ့ ဒီဘလော့အတွက်ရေချင်တာတွေများပြီး ။ နောက်ဆုံးတော့ အတိုဆုံးနဲ့ အကောင်းဆုံးဖြစ်မယ်ထင်တာဆီကို ဦးလှည့်ခဲ့ပါတယ် ။ နည်းနည်းလေးတော့ အကျိုးရှိမှာပါ ။
ReplyDelete