ရှေးအခါကတည်းက ရှိလာခဲ့သော အရင်းခံလိုအပ်သော အရာတို့ ၌ နှလုံးသားကို ထိစေနိုင်သော အင်းအာ ရှိကြ သည်။ ဥပမာ မှောင်သောည တစ်ညတွင် အထီးကျန်တဲကလေးမှ အလင်းရောင်တစ်ခု။ထိုအ ကြောင်း ခြင်း ရာ ကဗျာဆရာတို့အတွက် အကောင်းဆုံးဦးတည်ချက် ဖြစ်လာသည်။ ယင်းသည် တောင်များ၊ ကုန်းများထက် ပို၍ အဓိပါယ် အနှစ်သာရ ရှိသည်။ သရုပ်ဖော်မှုတွင် ပို၍ ပြည့်စုံသွက်လက်သည်။

တောင်ကုန်းများ သည် ယင်းအကြောင်း အခြင်းအရာ ထက် ပို၍ ကြာရှည် ခံပေမည်။ သို့သော် တောင်ကုန်းတို့ ၌ အရေး ပါမှု နည်းပါးလှ သည် ။ ဤသို့ သဘာဝသည် စိတ်ဝင်းစားဖွယ် ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့ လူသားများကြောင့် ဖြစ်သည်။ သည်မှာ လူသားတို့၏ အကောင်းဆုံး သကေတ သရုပ်သဏ္ဏာန်ပင် ဖြစ်သည်။ ဤ အ ကြောင်းခြင်းရာ တို့ကို ဘယ်သောအခါမှ ပြောင်းလဲပစ်၍ မရနိုင်ပေ။
ရစ်ချက်ဖေးမန်း(န်) ( Richard Frynman) သရုပ်စိတ်ကူး မျက်လုံး၏ အမြင်စွမ်းအင်ကို သဘာဝတရားမှ အတွေး ကွန့်မြူး၍ ဤ သို့ လှစ်ဟ ပြသည်။ ရူပါလေဦး။
သိပ္ပံပညာသည် ကြယ်တာရာများမှ အလှအပကို ယူဆောင်လိုက်သည်ဟု ကဗျာဆရာများက ဆိုသည်။ ကြယ်တာရာ များသည် အဏုမြူဓာတ်ငွေ့လုံးများ မျှသာဖြစ်သည်ဟု ဆိုသည်။ သဲကန္တာရ၏ ညတွင် ကျွန် တော်သည် လည်း ကြယ်တာရာ များကိုမြင်နိုင်သည်။ ခံစား နိုင်သည်။ သို့သော် ကျွန်တော်ပို သာစွာ မြင် သည်လော။ လျော့၍ မြင်သည်လော။ ကျယ်ပြန့်လှသော အာကာသ ကောင်းကင်ပြင် ကြီးသည် ကျွန်တော့် စိတ် ကူးအပြင်တွင် ဖြန့်ကြနေသည်။ ကျွန်တော့်မျက်လုံးသည် နှစ်ပေါင်းတစ်သန်းကာလက အလင်းရောင်ကို ဖမ်းယူနိုင်သည်။ လျှို့ဝှက်ချက် အနည်းငယ်ကို သိခွင့်ရမှု့သည် လျှို့ဝှက် ချက်ကို မထိခိုက် ချေ။

ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။
ိ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !