လူ့ ဘ ၀တွင် ပျောက်ဆုံးနေသော အရာများစွာ ရှိတက်သည်။ ချစ်သူပျောက် လျှင်ရှာကြသည်။ ရတနာ ပျောက် လျှင်ရှာကြသည်။ ရုပ်ဝတ္ထု ပျောက်ဆုံး ခြင်းအတွက် ရှာပုံတော်ဖွင့်ရင်း ကျွန်တော်တို့ လူသားတွေ အမောလှိုင်းများ ရင်ခုန်နေ ကြသည်လေ။ ပျောက်ဆုံး ခြင်းအတွက် ရှာဖွေခြင်းသည် ထာဝရ ရှိနေသော လုပ် ရပ်။ သည်လိုနှင့် ဘ၀ခရီး လမ်းမှာ ပျောက်လေ ရှာလေနှင့် ကျွန်တော် တို့တတွေ.............။
Gid Lahav ဆို သူက ပျောက်ဆုံး နေသော အရာများကို ရှာဖွေရန် နည်းလမ်းများ ကို သူ့အတွေး ကွန် ယက်ဖြင့် ဖွင့်ဟပြသည်။
ပျောက်ဆုံးနေသော အရာများကို ရှာဖွေရန် နည်းလမ်းနှစ်သွယ် ရှိသည်။ ယင်းမှာ မတော်တဆ (သို့မ ဟုတ်) ဆဲရေးတိုင်း ထွာ၍ တစ်အိမ်လုံး ကို တစ်စစီ ဖျက်ချရန်ဖြစ်သည်။ အချိန်ပို၍ ကုန်သည်ဖြစ် သော် လည်း ဒုတိယနည်း က ပို၍ အားရစရာ ဖြစ်သည်။ ကာလကြာရှည်စွာ ပြင်းထန်စွာ ရှာ ဖွေရခြင်း သည် ဂဏှာမငြိမ်ပဲ ရင်ဖိုစေသည်။ စိတ်တင်းရင်းစေသည်။ ပစ္စည်းကို ပြန်တွေ့ပါမှ ထိုစိတ်တို့ပြေ လျှော့သည့် အရသာကို ခံစားရသည်။ ဤပုံစံဖြင့် ပျောက်ဆုံး သော ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိမှုသည် ကျွန်တော်တို့ဘ၀ ကို ကျွန်တော်တို့ ကွတ်ကဲနှိင်သည် ဟူသော ယုံကြည် ချက်ရှိစေသည်။

ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !