Home » » ဆန္ဒရမက်ဆိုတဲ့ ဆာလောင်မှု

ဆန္ဒရမက်ဆိုတဲ့ ဆာလောင်မှု



ကလေးငယ်တစ်ဦးသည် ဆာလောင်မှုကို လှစ်ဟပြသည့် အနေဖြင့်ငိုသည်။ မိခင်က သူ့ကို နို့ချိုတိုက် ကျွေး သောအခါ ကလေးငယ်၏ ဆန္ဒရမက်ပြေ ပျောက်သွားသည်။ အရွယ်ရောက်လာတော့ လိုအင် ဆန္ဒ များကို လောဘမတက်နိုင်လျှင် ပြေရန်မလွယ်ဟု တရား သဘောအရ နားလည်သိရှိ ခံစားမိသည်။ သည် လိုနှင့် ဆန္ဒရမက် ဆိုတဲ့ ဆာလောင်မှုကို ပုထုဇဉ်တို့ ရင်ဆိုင်ခံစား နေကြသည်။ ဆန္ဒရမက် ကို ဘ၀ တွင် မည်သို့ တန်ဖိုးထား သင့် သနည်းဟု ကျွန်တော် စောကြောနေမိသည်။
သည်စော ကြော မှု၏ အဖြကို ဘာဘရာဒီအိန်ဂျယ်လီးစ် ( Barbara De Angelez) ဆိုသူက သူ့အတွေး ကွန် ယက်ဖြင့် လှစ်ဟပြသည်။ ရှု့ပါလေဦး။
ကျွန်တော်တို့ လူသဘာဝတွင် လုံးဝဥဿုန် ခံစားချက်ဝင်ရန် ဈာန်ဝင်စား သ ကဲ့သို့ လွင့်မျောမှုကို တမ်း တ ချက်ရှိသည်။ ကျွန်တော်တို့ ကို ဖြေဖျော်သည့် အရာကား ဆန္ဒရမက် ပင် ဖြစ်သည်။ ရမက် မပါပဲ စာအုပ်တစ် အုပ်ကို ရေးသားလျှင် သင်စိတ်ဝင် စားမှု ခေါင်းပါးသည်။ အသင်း တစ်သင်း ရမက်မပါပဲ ကစားလျှင် ပွဲသည်ငြီးငွေ့စရာ ကောင်းလှသည်။ “ဒီငတိတွေ အိပ်ပျော်နေတယ်” ဟု ပရိတ်သက် က အပြစ်ဆိုမည်။
ဤဆာလောင်မှုကို ကျွေးမွေးရန် ကျွန်တော်တို့သည် ကျွန်တော်တို့၏ ခံစား ချက်များကို အမြင့် ဆုံးအ ဆင့် နိုးကြားနိုင်သူ ကို တုန့်ပြန်ချက် ချီးမြုင့်သည်။ ရုပ်ရှင်သရုပ်ဆောင်များ၊ အားကစား သမားများ၊ ဂီတ ပညာ ရှင်များ သည် ကျွန်တော်တို့၏ စိတ်ဆန္ဒရမက် ကို နိုးကြားစေ တက်သော ကြောင့် သန်းပေါင်း များစွာ ၀င်ငွေရကြသည်။


ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။


0 comments:

Post a Comment

never ... never ... never ...never ... never Give Up !