ယခုတစ်လောတွင် ဂျာနယ်တွေပလူပျံအောင် ထွက်လာသည်ကို အားလုံးသိနေကြပါသည်။ ဂျာနယ် အမည် တွေကလည်း ဗမာလိုကနည်းနည်း အင်္ဂလိပ်အမည်တွေကပိုပြီး များနေရော့သလား ထင်မိသည်။ ထွက် သမျှ ဂျာနယ်တွေကိုလည်းစုံတကာစေ့အောင်မဖတ်နိုင်တော့ပါ။လက်လှမ်းမှီသမျှလေးကိုသာဖတ်နိုင်တော့ သည်။
ဒီလို ဖတ်ရသမျှတွင် မကြာသေးမှီအတိတ်သမိုင်းတွေကို ပြန်လည်ဖော်ထုတ်ထားသည်တို့ ကိုတွေ့လိုက်ရ သော အခါ ကျွန်တော်ဖြင့်အလွန်ဝမ်းသာမိသည်။ဆိုပါစို့ မှတ်မိသမျှကိုပြောရလျှင် “ ဂဠုန်ဦးစော၏ နောက် ဆုံး နေ့များ” “ဗိုလ်ချုပ်အောင်ဆန်း၏ ဈာပန” “ဦးလှ၏ ထောင်နှင့်လူသား” စသည်တို့ဖြစ်သည်။ ထိုထို သော စာများကိုကျွန် တော်ကိုယ်တိုင် ဖတ်ခဲ့ဖူးလှပါပြီ။ တစ်ခေါက်မက ဖတ်ခဲ့ဖူးပါသည်။ သို့ပါလျှက်နှင့်ပင် ပြန်ကာ လှန်ကာ ဖတ်နေမိ သည်။ ဖတ်နေရင်းရော်ရမ်းတွေးနေမိသည်က ဒီနေ့လူငယ်တွေရင်ထဲတွင် ဘယ် လိုခံစား မိကြသလဲဟု မှန်းဆမိ နေညခြင်းဖြစ်သည်။
ကျွန်တော်ပတ်ဝန်းကျင်သို့တကူးတက ရောက်လာတတ်ကြသောလူငယ်များကတော့ စာသမားပေသမား လေး တွေဖြစ်သောကြောင့် ဒီစာတွေကို ရှာဖွေဖတ်ရှုခဲ့ပြီးသားဖြစ်နေကြချေသည်။ ထို့ကြောင့်သူတို့က “ဂျာနယ် တွေကလုပ်စားနေကြတာ” ဆိုတာမျိုး၊ “အလွယ်လိုက်ပြီးအဟောင်းကို ပြန်လည်တူးဆွနေတာပဲ” ဆို တာ မျိုးပြောတတ်ကြသည်။ ဒီအခါတွင် ကျွန်တော်ကပြောမိတတ်သည်။
“အဲလိုလဲမပြောနဲ့လေကွာ။ မင်းတို့က စာပေသမားဖြစ်လေတော့ ဒီစာတွေကို ဖတ်ခဲ့ပြီးသားဖြစ်မှာပေါ့။ ဒါပေ မယ့်လူငယ်ရာခိုင်နှုန်းဘယ်လောက်များမယ်ထင်သလဲ။ လူငယ်တော်တော်များများဟာ လွန်ခဲ့တဲ့နှစ် ၂၀ လောက်က နိုင်ငံရေးတွေ၊ အရေးအခင်းတွေ အကြောင်းကိုသာသိကြတော့တာ။ အဲဒီဟိုဘက်ဆိုရင် မသိကြ တော့ဘူး။ ဒီဂျာနယ်တွေမှာ ရှေးဟောင်းနောက်ဖြစ် မှတ်တမ်းတွေကို တွေ့လိုက်ရတော့ ငါတို့ဒါတွေကို မသိပါ လားရယ်လို့ သူတို့ကိုသူတို့ သိသွားရင်ကို အမြတ်ထွက်တယ်ဆိုရမှာပေါ့။ ဒီထက်ပိုပြီး သက်ဆိုင်ရာ သမိုင်း ကြောင်းတွေ ရှာဖွေမယ်၊ ဖတ်ကြမယ်ဆိုရင်နည်းတဲ့ အမြတ်လား။ အဲဒီလိုလဲ တွက်ဦးမှပေါ့”။
နာမည်ကြီး ၀တ္ထုဆရာတစ်ယောက်က ဒေါက်တာသန်းထွန်းအား “သမိုင်းကို ဘာကြောင့်သင်ရတာလဲ ဆရာ” ဟုမေးရာ “ဆရာကြီးက မအအောင်လို့” ဟု ခပ်တိုတိုဖြေသွားကြောင်း ဖတ်ခဲ့ရဖူးပါသည်။ ထိုစကားတစ်ခွန်း အတွက် သွားလေသူ ဆရာကြီးအားကျေးဇူးအထပ်ထပ် တင်နေမိသည်။ ရုတ်တရက်ကြည့်လိုက်လျှင် သူလေ့ လာရာ ဘာသာရပ်ကို ထိပါးသယောင်မေးလိုက်သောကြောင့် ဘုဆတ်ဆတ် ဖြေလိုက်သည်ဟုထင်ရသည်။ တကယ်ဆိုတော့ တိုတိုနှင့် နားထဲစွဲသွားအောင် ပြောလိုက်သော အဖြေမျိုးညဖစ်သည်။
လူငယ်တို့သည် ကမ္ဘာ့သမိုင်းကို အသာထားလိုက်ဦး မြန်မာ့သမိုင်းကိုတော့ဖြင့် သိနေသင့်သည်။ မြန်မာသ မိုင်းတွင်လည်း ရှေးဟောင်းခေတ်တွေကို အသာထားလိုက်ဦး ကိုလိုနီခေတ်သမိုင်းလောက်ကိုတော့ဖြင့် တီးမိ ခေါက်မိရှိနေသင့်သည်။ ခုတော့ဖြင့် ဗိုလ်အောင်ကျော်ဟု ဆိုလိုက်လျှင် “ဗိုလ်အောင်ကျော်လမ်း” လောက်ကို ပဲသိတာမျိုးဖြစ်နေကြသည်။ လူငယ်လူအတွေပေါ့။
ဒီလိုပြောလိုက်တော့ လူငယ်စာဖတ်ပရိတ်သတ်က ခံပြင်းစိတ်နှင့် “ကျွန်တော်တို့ ဖတ်တယ် ၊ သိတယ်၊ ဒါ ကြောင့်လူငယ်တွေတိုင်းရေးပြည်ရေးကို စိတ်ဝင်စားခဲ့ကြတာကို ဘာကြောင့်မျက်ကွယ်ပြုထားချင်တာလဲ” ဟု ကျွန်တော်ကို ရန်ထောင်ချင်ကြမည်ထင်သည်။ကျွန်တော်ကလည်း ပြန်ပြီးမေးရပါလိမ့်မည်။“ကောင်းပါပြီ မောင်ရင်တို့လို စိတ်ဝင်စားတဲ့ လူငယ်ရာခိုင်နှုန်းဘယ်လောက်များရှိသလဲ။ တောကျေးလတ်ကိုပါ ထည့်တွက် သလား။ ကောင်းပါပြီ လက်ငင်းလွယ်ရာကို တွက်ကြည့်ရအောင် မကြာသေးမှီက သမိုင်းတွေကို ဖော်ပြတဲ့ဂျာ နယ်တွေနဲ့ “ကော့ကော်ကန်ကား၊ ဖော့ဖော်လှန်ထား” ဂျာနယ်တွေမှာ ဘယ်ဂျာနယ်တွေက ပိုပြီးအရောင်း သွက်သလဲ၊ ဘယ်ဂျာနယ်တွေက ပိုပြီးဈေးကြီးသလဲ။ ငါကတော့မသိပါဘူး။ မင်းတို့စဉ်းစားစေချင်လို့ ပြော လိုက်တာပါ” ကျွန်တော်ကတော့ ထိုကဲ့သို့ပင် ပြန်ပြီးမေးလိုက်ရပါလိမ့်မည်။
မနေ့တစ်နေ့က သတင်းစာထဲတွင် ကွယ်လွန်သူ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း မစ္စတာဝင်စတန်ချာချီလ်၏ အံ ကပ်သွားတုကို လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သွားတုဓာတ်ပုံနှင့်တကွပါလာသည်။ လူငယ်တစ်ဦးက ထိုသတင်းကို ဖတ်ပြီး---
“သူတို့အနောက်နိုင်ငံက လူတွေက ထူးထူးဆန်းဆန်းပဲနော်။ ဒီအံကပ်သွားတုကို ဘာလုပ်မှာလဲ။ ပိုက်ဆံရှိလို့ သက်သက်ဝယ်တာလည်းဖြစ်မှာပေါ့နော်”ဟု ပြောပါသည်။
ထို့ကြောင့် ကျွန်တော်က -
ထို့ကြောင့် ကျွန်တော်က -
“ပိုက်ဆံရှိလို့ဝယ်နိုင်တာလည်း ဟုတ်ပါတယ်။ ဒါပေမယ့်ဒီလောက်သာ မဟုတ်သေးဘူးကွဲ့။ ငါတို့ဗုဒ္ဓဘာသာ ၀င်တွေမှာလဲစွယ်တော်တို့၊ ဆံတော်တို့ ဆိုတာတွေကို အမြတ်တနိုးကိုးကွယ်ကြတာ မဟုတ်လား၊ မြတ်စွာဘု ရားနဲ့တော့လည်း မနှိုင်းကောင်းဘူးဆိုတာကို ငါနားလည်ပါတယ်။ ဒါပေမယ့် သူတို့ဗြိတိန်နိုင်ငံတော်ရဲ့ ကျေး ဇူးရှင်ပဲလို့တော့ ရိုသေကြတယ်။ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမဏီက အင်္ဂလန်ကျွန်းကို ၀င်လာတော့မလိုဖြစ် နေပြီး ဂျာမဏီရဲ့ဗွီဝမ်း၊ဗွီတူးဆိုတဲ့ အဝေးပစ် ဒုံးကျည်တွေကလည်း တဝေါဝေါကျနေသည့်အပြင်၊ ဂျာမန်လေ တပ်ရဲ့ ဗုံးဒဏ်ကို မရှုမလှခံနေရချိန် အင်္ဂလန်လည်း နေ့ကျမလား၊ ညကျမလား ဖြစ်နေတဲ့အချိန်မှာ အံခဲပြီးစစ် နိုင်အောင် ဦးဆောင်တိုက်ခဲ့တာ မစ္စတာ ချာချီပဲ။ ပြည်သူတို့ရဲ့ စိတ်ဓာတ်ကိုမြင့်တင်တဲ့ အနေနဲ့ ချာချီလ်ကလက်ညှိုး လက်ခလယ်လေးနှစ်ချောင်းကို အင်္ဂလိပ်စာလုံး V ပုသဏ္ဍာန်ထောင်ပြလေ့ရှိတယ်။ ဗွီဆို တာက (Victory)ပေါ့ကွယ်။ အောင်ပွဲဆင်ကြမယ်ပေါ့။ အဲဒီမှာတင် ဗွီဆိုတာ အတော်ကြီးကို ခေတ်စားသွား တယ်။ အင်္ဂလိပ်စစ်သည်တော်များအတွက် ရာရှင်ပေးတဲ့ စီးကရက်ထဲမှာတောင် ဗွီစီးကရက်ရယ်လို့ ပါတယ်။ အဲဒါကိုယူပြီး ငါတို့မြန်မာပြည်မှာလည်း ဗွီစီးကရက်လိုက်ပေါ်ခဲ့သေးတယ်။ မင်းတို့ဒီခေတ်မှာလည်း ကောင်မ လေးတွေ/ကောင်လေးတွေ ဓာတ်ပုံရိုက်ကြရင် မစ္စတာချာချီလုပ်သလို လက်ချောင်းလေးနှစ်ချောင်းကို ထောင်ထားတာတွေ့ရတယ်။ ဗွီပဲလား... ဘာလဲတော့ ငါမသိပါဘူး။ ထားလိုက်ပါတော့လေ သူတို့ကသမိုင်းကို မမေ့ကြဘူး။ သမိုင်းကိုမမေ့ကြသလို သမိုင်းတွင်အောင် ကျေးဇူးကြီးတဲ့သူတွေရဲ့ ကျေးဇူးကိုလည်းမမေ့ကြ ဘူး။ ဒါဟာအမျိုးသားတည်တံ့မှုအကြောင်းအရင်းထဲမှာ တစ်ခုပါနေတယ်”
ဤသို့လျှင်ပြန်ဖြေခဲ့ပါသည်။
“လူလိမ်မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာထုတ်ယူသည်” ဟူသော စကားရှိပါသည်။ သမိုင်းကို လေ့လာ၍ သမိုင်းထဲက သင်ခန်းစာကို ယူတတ်လျှင် လိမ္မာရေးခြားရှိသောလူငယ်များ ဖြစ်လာပါလိမ့်မည်။ အ ထူးသဖြင့် လူငယ်များသည် သမိုင်းကို ထိုက်သင့်သလောက်တော့ဖြင့် သိနေသင့်ပါသည်။ ယနေ့ခေတ်တွင် လူငယ်များအဖို့ စိတ်ဝင်စားစရာတွေက နယ်ပယ်ပေါင်းစုံနေတော့သည်။ ထို့ကြောင့် သမိုင်းဘက်သို့ မျက်စိ မရောက်နိုင်အောင် ဖြစ်နေသေးသည်။ ထိုအခါများတွင် ဆိုခဲ့သော ဂျာနယ်အချို့က ပြန်ပြောင်းထုတ်ဖော်ပြ လိုက်သဖြင့် သူတို့ကို လူငယ်တွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုက်ရပါသည်။
ကျွန်တော်ရေးလိုသည့် အချက်များ မပြည့်စုံသေးကြောင်း စာဖတ်သူသိပါသည်။ ကျွန်တော်လဲ အခွင့်သင့် လျှင်ဆက်လိုက်ချင်ပါသေးသည်။
ဤသို့လျှင်ပြန်ဖြေခဲ့ပါသည်။
“လူလိမ်မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာထုတ်ယူသည်” ဟူသော စကားရှိပါသည်။ သမိုင်းကို လေ့လာ၍ သမိုင်းထဲက သင်ခန်းစာကို ယူတတ်လျှင် လိမ္မာရေးခြားရှိသောလူငယ်များ ဖြစ်လာပါလိမ့်မည်။ အ ထူးသဖြင့် လူငယ်များသည် သမိုင်းကို ထိုက်သင့်သလောက်တော့ဖြင့် သိနေသင့်ပါသည်။ ယနေ့ခေတ်တွင် လူငယ်များအဖို့ စိတ်ဝင်စားစရာတွေက နယ်ပယ်ပေါင်းစုံနေတော့သည်။ ထို့ကြောင့် သမိုင်းဘက်သို့ မျက်စိ မရောက်နိုင်အောင် ဖြစ်နေသေးသည်။ ထိုအခါများတွင် ဆိုခဲ့သော ဂျာနယ်အချို့က ပြန်ပြောင်းထုတ်ဖော်ပြ လိုက်သဖြင့် သူတို့ကို လူငယ်တွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုက်ရပါသည်။
ကျွန်တော်ရေးလိုသည့် အချက်များ မပြည့်စုံသေးကြောင်း စာဖတ်သူသိပါသည်။ ကျွန်တော်လဲ အခွင့်သင့် လျှင်ဆက်လိုက်ချင်ပါသေးသည်။
လူငယ်များအတွက် ရည်ရွယ်၍ 13.8.2010 ရက်ထုတ် The Hot News ဂျာနယ် Vol-1,No-4 မှ
ဆရာ ဦးအောင်သင်း ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်
ဆရာအောင်သင်း တွေးတာ ပြောတာလေး တွေကြိုက်တယ်..။ အဲလိုပဲ ဖြစ်သင့်တယ်.. ရှေ့က ဘာဖြစ်ခဲ့တယ် ဘာတွေက အတုယူစရာ မမေ့သင့်တာ..တွေပေါ့..။
ReplyDeleteနောက်လည်း စာကောင်းတွေ တွေ့ရင် တင်ပေးပါအုံး မောင် လေးနိုင်ရေ..။
မဗေဒါ (၈၈)