Home » » University ကျောင်းသားများ သိစေရန်

University ကျောင်းသားများ သိစေရန်


University ကျောင်းသားများ သိစေရန် ဆိုလို့ ကြေငြာချက်ထုတ်တယ်လို့ မထင်လိုက်ပါနဲ့။ သိစေလိုတဲ့ စိတ်စေ တနာတစ်ခုတည်းနဲ့ ပဲ အသိပေးချင်တာပါ။ အခုခေတ်မှာ ကျောင်းသားတွေက မင်းသား တွေ့နဲ့ တောင် မှား လောက်ပါပေတယ်။ ပြင်ကြဆင်ကြနဲ့ ။ ကိုယ့်ယို့ကားယားတွေနိုင်လွန်းလို့ သတိပေး ချင်တာပါ။ လူငယ်သဘာဝ အလှ ကြိုက်တယ်ဆိုပေမယ့်လည်း အဲဒီဘက်မှာ ပိုအလေးသာ နေတာတွေ့ ရတော့ သိပ်စိတ်မကောင်းဘူး။
တကယ်တော့ ကျောင်းသားတွေအတွက် ဒါတွေက သိပ်မလိုအပ်လှပါဘူး ။ မင်းသားဆိုတာက လူကြည့် အောင်၊ အများစိတ်ဝင်စားအောင် ဆံပင်ပုံစံအမျိုးမျိုးလုပ်လိုက် အ၀တ်အစားတွေ အမျိုးမျိုး ၀တ်လိုက်နဲ့... ဒါမှ သူတို့က ပိုက်ဆံရမှာလေ..။ ဒါပေမယ့် ကျောင်းသားကြတော့ သူတို့ကို အားကျနေစရာ မလိုဘူးထင်ပါတယ်။ မင်းသား ၀ါသနာ ပါသူကလွဲလို့ပေါ့။ မင်းသားလုပ်မယ့် ကျောင်းသားတွေ ဆိုရင်တော့လည်းမပြောလိုပါဘူး။
ကျောင်းသားတွေမှာ တာဝန်ကိုယ်စီရှိပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ကိုယ်စီ ရည်ရွယ်ချက်အသီးသီးရှိသင့် ပြီး မိမိချမှတ်ထားတဲ့ ရည်ရွယ်ချက်ကို တိကျခိုင်မာတဲ့ ဆုံးဖြတ်ချင်နဲ့ လျှေက်လှမ်း ရမှာဖြစ်ပါတယ်။
လူရယ်လို့ ဖြစ်လာကတည်းက တာဝန်ကိုယ်စီ နဲ့ပါ ။ ဒီနေရာမှာ အကြမ်းဖျင်း တာဝန်ကို (၃)မျိုးလောက်ခွဲ လိုက်ရအောင် ။ အဆင့်အနိမ့်ဆုံးဆိုရင်တောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်း နိုင်ရပါမယ် ။ ဒုတိယတန်းစား အဆင့်လောက်ဆိုရင် မိမိရဲ့ ဆွေမျိုးညာတိကို ကူညီပံ့ပိုးနိုင်သူပါ။ ပထမတန်း စားလူဆိုတာကတော့ ပရဟိတ စိတ်ထားနဲ့ မိမိနိုင်ငံ အကျိုး၊ အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး ဆောင်ရွက် နိုင်စွမ်း ရှိသူပါ ။
ကဲ ... ဒီလိုဆိုတော့ ကျောင်းသားတွေကို ပြည်သူအများက သာမန်ထက်ပိုပြီး မျော်လင့်ထားကြပါတယ်။ ဒါကို သတိထားကြပါ ။ ကျောင်းသားများ သင်တို့ကို လူအများစိတ်ဝင်စားပါတယ်လို့လည်း ပြောပြရအုံးမယ်။ ကျောင်းသားတွေကို အားကိုးချင်စိတ်ရှိတယ် ။
ကျောင်းသားများကလည်း အားကိုးထိုက်အောင် နေထိုင်ပြောဆိုပြီး ကြီးမားတဲ့ ရည်ရွယ်ချက်တွေထားရှိသင့် ပါတယ်။ “ ရိုးရိုးကျင့် မြင့်မြင့်ကြံ ” ဆိုတဲ့ စကားလိုပေါ့ ကျောင်းသားများဟာ မြင့်မြင့်ကြံသင့်တယ်လို့ပြောချင် တာ ။ ဘယ်နေရာ ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် အမျှော်အမြင်ရှိရှိနဲ့ ပညာရှိတဲ့ ကျောင်းသားလူငယ် တွေရဲ့ ဂုဏ်ကို ဖော်ဆောင်ကြစေချင်တယ် ။
ကျောင်းသား အားလုံး ကို ပထမတန်းစား အဆင့်ထဲမှာ ထည့်တွက်ပြီး ရည်ရွယ်ချက်ကြီးမာသော၊ အမျှော် အမြင်ရှိသော ကျောင်းသားတွေ ဖြစ်စေချင်တဲ့ စေတနာနဲ့ ရေးသားတာပါ ။

အားလုံးကို လေးစားစွာဖြင့်

ရေးသားသူ = အချစ်တော်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !