“ဘ၀သည် ဖယောင်းတိုင် မဟုတ် ၊ ခံညားသော မီးရူးတိုင် ကြီးမျိုးဖြစ်သည် ။ ယခု အခိုက်အတန့် ၌ ကျွန်ုပ်၏ လက်ဝယ် ရှိနေသည်၊ ယင်းမီးရူးတိုင်ကြီးကို နောင်လာ နောင်သားတို့ က လက်မ ကမ်းမီ အစွန်း ကုန် ထိန်ထိန် တောက်အောင် ကျွန်တော် ပြုလိုသည်”
မိမိ ၏ ဘ၀ကို လူ့လောက အကျို အတွက် နှင်းအပ် ရန် ဖော်ညွန်းသော ဂျော့ဘနရှ်ရှော့ ( Geopge Bernard Shaw) လေးစား ၍ မဆုံး ။ ယခု တဖန် ဒေးဗစ်ဂျေဝိုပီ (David J. Wople) ဆိုသူ က ကမ္ဘာကြီးနှင့် ထိတွေ့ဖို့ ကလေးများ ကို သူ့ အတွေး အမြင်နှင့် ကွန့်မြူးပြသည်။ ရှုးပါလေဦး။
ကမ္ဘာ လောက ကြီး၏ မကောင်းမှုနှင့် တရားမဲ့ မှုတို့ နှင့် ပက် သက် ၍ ဘုရား သခင်ရှေ့တွင် အသည်း ကွဲစွာ ရပ်တန့် နေခဲ့သူ အကြောင်း ဇာတ်လမ်းကောင်း တစ်ပိုဒ် ရှိသည်။
“ဘုရားသခင် ၊ ဘုရား သခင် ရဲ့လော ကကြီးမှာ ဒုက္ခ၊ သုခတွေ ၊ ဝေဒနာတွေ ၊ ဘေးဒုက္ခတွေ ကို ကြည့် စမ်းပါ ။ ဘာကြောင့် အကူ အညီ မပေးပို့ခဲ့ သလဲ” ဤ တွင် ဘုရား သခင်က တုန့်ပြန် ပြောလိုက်သည်။
“ငါ အကူ အညီ ပို့ခဲ့ပါတယ် ၊ မင်းကို ငါ ပို့ခဲ့သားပဲ”
ကျွန်ုပ် ကလေး သူ ငယ်များ ကို ထို ဇာတ်လမ်း ပြန်ပြော သော အခါ တွင် သူတို့ တစ်ဦးချင်း အား ၊ ကမ္ဘာ ကြီးကို ပြု ပြင် ရန် စေလွတ် လိုက်သည် ဖြစ်ကြောင်း ပြောပြ ရမည်။ ယင်း သည် တဒင်္ဂ(သို့မဟုတ်) တစ်နှစ် အလုပ် မဟုတ်၊ တစ်သက်တာ အလုပ် ဖြစ်သည်။

ဆရာမောင်မောင်မြင့်သိန်း ၏ ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ မှ ပြန်လည်ဖော်ပြပါသည်။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !