ကုန်တော့ပါမည် မြန်မာပြည်

Bogalay Thar's
NTT Co. ltd မှ Alkama Co.,Ltd သို့ မြိတ်သစ်ထုတ်ဒေသမှ ၂၀၁၁-၁၂ သစ်ထုတ်ရာသီတွင်၊သစ်မာတန်(၅၀၀၀၀)(ကညင်)သစ်များရောင်းချထားပြီးဖြစ်သော်လည်း၊သစ်မာတန်(၁၂၀၀၀)ခန့်သာ ထုတ်ပေးနိုင်ခဲ့ပြီး၊ယခု လက်ရှိ မြိတ်မြို့နယ်-ခုံမှော်ကျေးရွာအနီးရှိ မှော်ကြီး(FOB)သစ်
ဆိပ်တွင်၊ သစ်တန်(၂၀၀၀)ခန့် ကျန်ရှိပြီး၊မိုးမိထားသဖြင့် ရန်ကုန်သို့(Local) သစ်များအဖြစ် အဆင့်နှိမ့်ပြီး ပြန်လည်တင်ပို့နေကြောင်းနှင့် ရန်ကုန်တွင် မြိတ်ဒေသမှထွက်ရှိသည့် ကညင်သစ်များအား၊၀ယ်ယူမည့်သစ်ကုန်သည်များမရှိကြောင်း၊တနင်္သာရီမြို့ခံတစ်ဦးမှ အကြောင်းကြားလာပါသည်။



ဒေသခံတွေအနေနဲ့ ကိုယ့်တိုင်း/ ကိုယ့်ပြည်နယ်က ထွက်တဲ့ သယံဇာတရဲ့ အကျိုးဘာမျှ ခံစားခွင့်မရှိပါဘူး။ ရောင်းနေတာလည်း ကုန်လုနီးနီးဖြစ်ပါပြီ။ ထူးကခုတ်ထားတဲ့ သစ်ကွင်းတွေကလည်း ပေါင်လုံးလောက်မှ မချန် ။ ကြည့်ကြည်ပါဦး မြင်တော်မူကြသည့်အတိုင်း ကုလားများသာ ကြီးစိုးနေပါသည်။



ရခိုင်ဒေသအရေး ၀ိုင်းဝန်းကူညီပေး

ရခိုင်ေတွ ဒုက္ခတွေ့ကုန်ပြီ ဒီလိုပဲ နေကြတော့မှာလား

မိတ်ဆွေများခင်ဗျာ ရခိုင်ပြည်နယ်က အကြမ်းဖက်ခံ ရခိုင်တိုင်းရင်းသား နိုင်ငံသားတွေအတွက် အထောက်အပံ့ဖြစ်စေမယ့် အလှူငွေ၊ ပစ္စည်းများ ဝိုင်းဝန်ကူညီနိုင်ကြရန် Facebok တွင် လှုပ်ရှားဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ ထိုကိစ္စ ဦးဆောင်လုပ်ကိုင်မည့် လူပဂ္ဂိုလ်၊ အဖွဲ့အစည်း ရှိနေပြီဆိုပါက အကြောင်းကြားကြပါ။ ရေဘေး၊ လေဘေး၊ ငလျဘေး၊ စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေ အကူအညီ အရေးပေါ်လိုအပ်သလို အကြမ်းဖက်ခံ ဒုက္ခသည်တွေလည်း အကူအညီ လိုအပ်ပါတယ်။

Ko John 

Rule of Law အတိုင်း ဖြစ်စေရန်



ကျွန်တော်တို့ ဘိုးဘွားပိုင်ဖြစ်သော အမှတ်(၈၀) လမ်းမတော်လမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ပြည်မြို့ (အန္တရာယ်ရှိ အဆောက်အဦ) ကိစ္စဖြစ်ပါသည်။ ဤအဆောက်အဦအား ၁၉၆၁ ခုနှစ်တွင် တရုတ်လူမျိုးများအား ငှားရမ်းမိခဲ့ရာ (၉.၄.၆၄) ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ ပြည်သူပိုင်သိမ်းခြင်းကို ခံခဲ့ရပါသည်။ ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းရင်းသားမြန်မာလူမျိုး စစ်စစ်များပိုင် အဆောက်အဦ ဖြစ်ကြောင်း စိစစ်တွေ့ ရှိရသဖြင့် ၁၅.၃.၁၉၇၇ ရက်နေ့တွင် ပြုလုပ်သော ၅၇ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ၆.၁၂.၁၉၇၇ ရက်နေ့ တွင် မူလပိုင်ရှင်များထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါသည်။ တစ်ဆက်တည်း ဌာနလိုအပ်ချက်အရ ဆေးနှင့် ဆေးပစ္စည်းဆိုင်အဖြစ် တစ်လလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ပိုင်ရှင် ဦးသန်းစိုးထံမှ အိမ်ရှင်အိမ်ငှား စာချုပ် ချုပ်ဆိုငှားရမ်းခဲ့ပါသည်။ လစဉ် အိမ်လခ တစ်နှစ်ခွဲ တိတိ ရရှိခဲ့ပါသည်။ ၁၉၇၉ ခုနှစ် ဇွန်လ မှစ၍ ငှားရမ်းခ ပေးချေခြင်း မရှိတော့ပါ။ ၁၉၈၆ ခုနှစ်တွင် ဌာနဆိုင်ရာ စီမံခန့်ခွဲမှု အာဏာ ဖြင့် ၁၉၇၇ ခုနှစ်တွင် ပုံစံ ၃ ဖြင့် ပြန်လည်ပေးအပ်ပြီးဖြစ်သော အခန်းများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဒုတိယအကြိမ် ပြည်သူပိုင် သိမ်းခဲ့ကြောင်း သိရှိပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ တရားဥပဒေများနှင့် လုံးဝဆန့်ကျင်နေပါသည်။ ယခု ဤအဆောက်အဦအား ၃၀.၄.၂၀၁၀ ရက်နေ့တွင် ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အန္တရာယ် အဆောက်အဦးအဖြစ် သတ်မှတ်ထားပါသည်။ အမြန်ဖျက်သိမ်းရေးအတွက် သက်ဆိုင်ရာ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ သော်လည်း ယနေ့အချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိပါ။ အများပြည်သူ လမ်းသွားလမ်းလာများ အနီး ပတ်ဝန်းကျင်လုပ်သားပြည်သူများအတွက် ဘေးအန္တရာယ် အချိန်မရွေးကျရောက်နိုင်ပါသည်။ ယနေ့ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ပုံစံတို့ဖြင့် ပြည်သူ့၏ အသံသည် လွှတ်တော်အသံ ပြည်သူ့ဆန္ဒသည် လွှတ် တော်ဆန္ဒဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေချိန်တွင် ခေတ်နောက်ပြန်စွဲနေသော အယူအဆများ ကြောင့် မတရားအနိုင်ကျင့် ခံနေရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက် Rule of Law အတိုင်း ဖြစ်စေရန် သက်ဆိုင်ရာသို့ လေးစာစွာ တင်ပြခြင်း ဖြစ်ပါသည်။

အပစ်တွေကို ဖြေဖျောက်ဖို့ တိုင်းရင်းသားအရေးတွေ ဆောင်ရွက်နေသူ သူခိုးကြီး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ အပစ်တွေကို ဖြေဖျောက်ဖို့ ကြိုးစားနေသူ (ခ) အောင်သောင်း

အပစ်တွေကို ဖြေဖျောက်ဖို့ တိုင်းရင်းသားအရေးတွေ ဆောင်ရွက်နေသူ သူခိုးကြီး (ဦးအောင်သောင်း) အကြောင်းကို စုံစမ်းသိရသမျှ .....................
ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီးအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူ တွေထဲက အဓိကတရားခံဖြစ်တဲ့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဟာ ပြည်သူ့ဘဏ္ဍာငွေတွေ နဲ့ မသထာရေစာစားပြီး ဆောက်လုပ်နေထိုင်တဲ့ အိမ်ကတော့ နန်းတော်သမျှ ခန်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် အောင်သောင်းအိမ်ကို လှမ်းမြင်ရပါတယ်။ လှိုင်ရတာမွန် အိမ်ယာရဲ့ ထိပ်ဆုံးထောင့်က ခြံပါ။ လှိုင်ရတာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အ၀န်းက အောင်သောင်းရဲ့ ခြံအကျယ်အ၀န်းပါပဲ။ သူဒီအိမ်ခြံကြီးထဲမှာနေတာကို လူမသိစေချင်သလို လူအ၀င်အထွက်ကိုလည်း အထူးအလေးထားပါတယ်။

အောင်သောင်းဟာ ပါဏာတိပါတာကံကို ကျူးလွန်ဖို့ ၀န်မလေးသလို အသူရာအရက်ကိုလည်း အရမ်းကြိုက်ပါတယ်။ အောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးရဲ့
သမီးနန္ဒာအေး နဲ့ လက်ထပ်ပေးထားပါတယ်။

PDF ဖိုင်တွင် ဆက်လက်ဖတ်ရှုပေးပါရန်

Aung Thoung 28 March

forward mail မှ ပြန်လည်ဖော်ပြသည် ............

ပုသိမ်မြို့ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စ



အကြောင်းအရာ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၈) နယ်မြေ ဧရာမင်းဈေးမြေကိစ္စနှင့် ပတ်သက်၍ အကူအညီတောင်းခံခြင်း
၁။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) နယ်မြေ ဧရာမင်းရပ်ကွက်ရှိ ဧရာမင်းဈေး ကို ၁၉၉၀ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့ပြန်လည်နေရာချထားရေး စီမံကိန်းတွင် တိုင်းမှူးဗိုလ်ချူပ်မြင့်အောင် လက်ထက်မှ ဧရာမင်း ရပ်ကွက်နှင့်အတူ ဈေးမြေအား ကွင်းအမှတ် ၁၁၉ မဟာဗောဓိ၊ ဦးပိုင်အမှတ် --/၁၆၄ - အလျှား ၄၀၀ပေx အနံ ၁၂၀ပေ (၁.၁၀ ဧက) အကျယ်အ၀န်းအဖြစ် အခိုင်အမာချထားခဲ့ပါသည်။
၂။ ၂၀၁၀/၂၀၁၁ ခုနှစ်တွင် အမှတ်(၈) နယ်မြေ အုပ်ချူပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သော ဦးရဲနီမှ အာဏာပိုင်အဖွဲ့များ နှင့် မြေစာရင်းအဖွဲ့တို့ ပူးပေါင်းကာ ဧရာမင်းဈေးဆိုင်ခန်းများကပ်လျှက်မှ ကျန်ရှိနေသော အမှိုက်ကန်၊ မီးသတ်ကန်၊ အိမ်သာ တို့ထားရှိသော ၁၈၀ပေx ၁၂၀ပေ အတွင်း အိမ်ယာ ၈ ကွက်ရိုက်၍ မတရား သိမ်းပိုက်ကာ ဈေးသူဈေးသား၊ ရပ်ကွက်စည်ပင် ခွင့်ပြုချက်မရှိဘဲ အနှစ် ၄၀ မြေဂရံများ ပြုလုပ်ရောင်း စားခဲ့ပါသည်။
၃။ အဆိုပါဈေးမြေကွက်အား ၀ယ်ယူထားသောသူများအနက်မှ ဒေါ်စန်းစန်းဌေး အမည်ခံပိုင်ဆိုင်သူ ဦးရဲနီမှ (၈.၁၂.၂၀၁၁) တွင် ခြံများ အခိုင်အမာကာရံပြီး မိုးကောင်းကင် ကေတီဗွီ(KTV) ဖျက်သိမ်းခံအဆောက်အဦအား ရွှေ့ပြောင်း ဆောက်လုပ်လာပါသဖြင့် ဈေးသူဈေးသားများမှ ၁၂.၁၂.၂၀၁၁ ရက်နေ့တွင် တိုင်းဒေသကြီး ၀န်ကြီး ချူပ်အား လည်းကောင်း၊ တိုင်းစည်ပင်၊ မြို့နယ်စည်ပင် အသီးသီးအားတိုင်ကြားခဲ့ပါသည်။
၎။ ၁၆.၁၂.၂၀၁၁ တွင် မြို့နယ်စည်ပင်မှ ဒေါ်စန်းစန်းဌေးအား အဆောက်အဦဆောက်လုပ်မှု ခေတ္တရပ်ဆိုင်းထားရန် ခေါ်ယူတား မြစ်ခဲ့သော်လည်း ဦးရဲနီမှ နေ့ဆိုင်း၊ ညဆိုင်း အလုပ်သမားများ အသုံးပြု၍ အပြီးသတ် အချောကိုင် ဆောက်လုပ်ခဲ့ရာ ၄.၂.၂၀၁၂ ရက်နေ့တွင် ဦးရဲနီသမီးမှ ပြောင်းရွှေ့နေထိုင်လာပြီး ၈.၂.၂၀၁၂ တွင် (E.P.C)မှ မီတာများ တပ်ဆင်လာသည်အထိ မည်သည့်အဖွဲ့အစည်းမှ ဟန့်တားနိုင်ခြင်းမရှိ၍ ဈေးသူ ဈေးသားများမှ တိုင်းဒေသကြီးအား ၂၅.၁.၂၀၁၂ တွင် တစ်ကြိမ်၊ ၄.၂.၂၀၁၂ တွင် တစ်ကြိမ်၊ ၉.၂.၂၀၁၂ တွင် တစ်ကြိမ် သွားရောက်မေးမြန်းခဲ့သော်လည်း ထူးခြားမှု တစ်စုံတစ်ရာမရှိသေးပါ၍ နိုင်ငံတော် သမ္မတကြီးနှင့် တကွ အစိုးရအဖွဲ့များ သိရှိနိုင်စေရန် ဆောင်ရွက်ပေးစေလိုပါကြောင်း အကူအညီတောင်းခံအပ်ပါသည်။

(တင်ပြအစီရင်ခံသူ)
ဦးကံရှိန်


မဟာမဲခေါင်ဒေသခွဲ အစည်းအဝေး စာနယ်ဇင်းရှင်းလင်းပွဲတွင် ဦးခင်ရွှေပြောသော အမှာစကား

ပြည်တွင်းမီဒီယာများအပေါ် ပြင်းထန်စွာ ဝေဖန်ခြင်းနှင့်ပတ်သက်သော (၂၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ အစည်းအဝေး စာနယ်ဇင်းရှင်းလင်းပွဲတွင် ဦးခင်ရွှေပြောသော အမှာစကား

Khin Shwe

မီဒီယာတွေ ဘယ်လိုလဲ

နေပြည်တော် သတင်း

မီဒီယာလောကထဲ ၀င်ရန် ခွင့်ပြုမိန့်ရပြီး သတင်းစာ + ဂျာနယ်+ စာအုပ်ထုတ်ဝေရေးထဲဝင်ရန် (နိုဝင်ဘာ - ၁၅) ရက်တွင် နေပြည်တော်တွင် စုပေါင်း အစည်းအဝေးပွဲလုပ်။
ပြည်ပသို့ ထွက်ခွာ၍ ပညာရှင် + စက်ပစ္စည်း + ........ တွေ ၀ယ်နေ၊ ရှာနေ (စင်္ကာပူ+ ထိုင်ဝမ်+ India + သြစတေးလျှ)
မီဒီယာလောက ကို ကိုင်လှုပ်ရန် ရည်ရွယ်နေ
အမေရိကန် သူဌေးကြီး ရူးပတ်မားဒေါ့ရဲ့ နည်းကို ယူရန် ညွှန်ကြားထား
ကိုကို(စက်မှုတက္ကသိုလ်) + စိတ်လစိ မြတ်ခိုင်တို့မှ အဓိက ပူးပေါင်းကူညီနေ
MRTV - 4 - မျိုးမြတ်သူ၊ ကိုကိုလှိုင်တို့လည်း ပါဝင်
မြတ်ခိုင် ဇာတ်စင်ပြောင်းဖို့ စီစဉ်နေ

ဓာတ်ပုံပါ စာသား အချို့ကို အလွယ်တကူ ဖတ်ရှုနိုင်စေရန် ပြန်လည် ရေးသားခြင်း ဖြစ်သည်။ မီဒီယာလောကကို သင်းခွဲ သပ်လျှိုရန် အစွမ်းထုတ်နေသော အစိုးရအဖွဲ့အစည်းနှင့် ခင်ရွှေ ဇေမ္ဘာဟာ ပြည်သူ့ရန်သူတော်များဖြစ်ကြောင်း သိရှိကြစေ ....

ဖြုတ်ချက်များသော “လေးစားမိသော ဘလော့ဂါ” ဆောင်းပါး



တိုးတက်လာနေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ ပြောလို့ မကုန်တဲ့ အကြောင်းအရာတွေက
များစွာရှိတယ်။ Online လို့လူငယ်လေးတွေပြောနေကြတဲ့ Internet ထဲမှာ
အသိုင်းအ၀ိုင်းတစ်ခုက သီးခြားရှိနေတယ်။ ဘယ်အသိုင်းအ၀ိုင်း
လဲလို့မေးရင်ဘလော့ဂါ(Blogger)တွေပါ။ စာပေ လောကနဲ့ နှိုင်းယှဉ်ပြီးပြောရရင် ဘလော့
ဂါတွေကလည်း သူတို့အသိုင်းနဲ့ သူတို့ စည်းစည်းလုံးလုံး ရှိကြတာကို တွေ့ရပါ
တယ်။ Blogger ဆိုတာက Google က Free ပေးထားတဲ့ servic တစ်ခုပါ။ ဒီ ကောင်က
Website တစ်ခုလို ဖန်တီးခွင့် ပေးထားတာဖြစ်တဲ့ အတွက် စာရေးလို သူ၊
နည်းပညာမျှဝေလိုသူ၊ ဘာသာရေး အားလုံးကို ဘလော့စာမျက်နှာပေါ်မှာ
မြင်တွေ့ရမှာပါ။ ဘလော့ဂါတွေကို အားကြပြီး အသုံးပြုလိုသူ လူငယ်လေး
တွေအတွက် ဘလော့ကို ဘယ်လို create လုပ်ရမယ်။ လန်းဆန်းလှပအောင် ဘယ်လို
တန်ဆာဆင်ရမယ် စသည်အား ဖြင့် အထောက်အကူ ဖြစ်မယ့် ဘလော့ နဲ့ သက်ဆိုင်တဲ့
နည်းပညာတွေကို သီး သန့် မျှဝေပေးနေတဲ့ ဆိုဒ်တစ်ခုကိုလည်း တွေ့မြင်ရပါတယ်။
KP3 family (www.kp3family.blogspot.com) မှာ Blogger နဲ့သက်ဆိုင်တဲ့
နည်းပညာအားလုံး ဖတ်ရှု ပြီး ကိုယ်ရေးမယ့် ဘလော့လေးကို လာ ရောက် ဖတ်ရှုသူတွေ
စိတ်ဝင်စားမှု ရှိအောင် ပြင်ဆင်နိုင်ပါတယ်။
ကွန်ပျူတာနယ်ပယ်ထဲကို ၀င်လာ တဲ့ လူငယ်လေးတွေဟာ ဘယ်နေရာက ပညာရနိုင်မလဲ။
မသိသေးတာ မကျွမ်း ကျင်သေးတာ တွေအတွက် အထောက် အကူရနိုင်မယ့် နေရာတွေကို
ရှာကြ ဖွေကြရတာပဲ။ ဒီလိုကွန်ပျူတာ နယ်ပယ် ထဲ ရောက်လာပြီဆိုတာနဲ့
ကျွန်တော်တို့ အစောဆုံး ရင်းနှီးခွင့် ရတာတော့ ကိုညီနေမင်းရဲ့ နည်းပညာ
မျှဝေပေးတဲ့ ဘလော့ပဲဖြစ်ပါတယ်။ သူသူကိုယ်ကိုယ် မသိတာ အကူအညီလိုတာ
အားလုံးကို ကိုညီနေမင်းက တတ်နိုင်သလောက် ကူညီဖြေရှင်း ပေးတယ်ဗျာ။
သူ့ဘလော့ လိပ်စာကတော့ (www.nyinaymin.org)။ ဒီဆိုဒ်ဟာ ကိုညီနေမင်း
အသစ်ပြောင်း လိုက်ရတဲ့ဆိုဒ်ပါ။ အစောပိုင်းက ကိုညီ နေမင်းရဲ့ဆိုဒ်ကို
မတော်မလျှော်တဲ့ ရုပ်ပုံ တွေနဲ့ ဆင်တူရိုးမှားလုပ်ပြီး အထင်လွဲ အမြင်လွဲ
ဖြစ်အောင် တိုက်ခိုက်တာမျိုး လည်း တွေ့မြင်လိုက်ရပါတယ်။ ဒါက
အစောပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ ကိုညီ နေမင်းရဲ့ မွေးနေ့အတွက် တင်ထားတဲ့
ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်ရတော့ သူရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး
တိုက် ခိုက်မှုတွေလုပ်လုပ် ရည်ရွယ်ချက်က သူကွန်ပျူတာနယ်ပယ်ထဲ
ခြေစုံပစ်ဝင်တဲ့ အချိန်မှာ ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရပြီး အခု
အနေအထားမျိုးမှာ ကွန်ပျူတာနယ်ပယ် ထဲကို ရောက်လာတဲ့ လူငယ်လေးတွေ အတွက်
တက်နိုင်သလောက်အကူအညီ ပေးနေခြင်းပါပဲတဲ့။ မိဝေးဖဝေးတိုင်းတပါး
မှာသွားရောက် အလုပ်လုပ်ကိုင်ရင်း အချိန်လုပြီး အကူအညီ တောင်းလာတာ တွေ
မေးမြန်းလာတာတွေကို တက်နိုင် သလောက်ဖြေရှင်းပေးနေဆဲပါပဲ။
နောက်တစ်ခုက စာရေးဆရာ အမည်မခံတဲ့ ဘလော့ထဲကစာရေးဆရာ တွေပါ။ သူတို့တွေဟာ
စာမူခရတဲ့ စာရေး ဆရာတော့မဟုတ်ဘူး။ ပုံနှိပ်စာလုံးပေါ် မတင်ရပေမယ့်
သူတို့တွေရဲ့ ရေးသားမှု တွေမှာရသမြောက်စာပေတွေ၊ ဗဟုသုတ ပေးနိုင်တဲ့
အကြောင်းအရာတွေ များစွာ ပါဝင်ပါတယ်။ ကိုယ်တွေမသိနိုင်တဲ့ နိုင်ငံ တကာမှာ
ရောက်နေတဲ့ Blogger တွေ ဟာ သူတို့တွေ့ရကြုံရတဲ့ အတွေ့အကြုံ ဗဟုသုတတွေကို
မျှဝေပေးနေခြင်းဟာ ကိုယ်တိုင် မရောက်ပေမယ့်လည်း ကမ္ဘာ
တစ်ခွင်ကအဖြစ်အပျက်တွေကိုဗဟုသုတ အဖြစ် ရရှိစေနိုင်ပါတယ်။ သူတို့တွေ
အချိန်ပေးပြီး ဘလော့ရေး နေကြတာ ငွေကြေးအတွက် မဟုတ်ဘူး။ မျှော်လင့်
လို့လည်းမရပါဘူး။ သူတို့မှာ ၀ါသနာအခံ ရှိတယ်။ စာရေးဆရာတွေကို အားကျ တယ်။
တတ်နိုင်သလောက် ကြိုးစားပြီး ရေးကြတယ်။ သူတို့အတွက် အစားထိုး စာမူခကတော့
မှတ်ချက် တွေပါပဲ။ဘလော့တွေဟာ တစ်ခုနဲ့တစ်ခု လင့်ချိတ် ထားကြပြီး
အပြန်အလှန်ဖတ်ရှုကြတယ်။ မှတ်ချက် ပေးခဲ့ကြတယ်။ အဲဒါ သူတို့ အတွက်
စာမူခပါပဲ။
ပြည်ပမီဒီယာ တစ်ခုက အယ်ဒီတာ တစ်ယောက်ရဲ့ အပြောအရြူသါါနမ တွေရဲ့
အခန်းကဏ္ဍဟာ အရေးပါလှပါ တယ်တဲ့ ။ ရုရှားမှာ ဖြစ်ပျက်သွားတဲ့ သတင်းတစ်ခုနဲ့
ပတ်သက်ပြီး ဘယ် သတင်းကမှ မတတ်လာသေးတဲ့ အချိန် မှာ ဘလော့တစ်ခုမှာ အားလုံး
စုပြုံပြီး ၀င်ကြည့်ခဲ့ရတယ်ဆိုတဲ့ အကြောင်းပါ။ Blogger တွေဟာ
ကိုယ်နဲ့နီးစပ်ရာမှာ ဖြစ် ပျက်နေတဲ့သတင်းလို့ဆိုရမလားပြဿနာ လို့ပြောရရင်
ပိုကောင်းပါတယ်။ သတင်း ထောက်မဟုတ်ပေမယ့် သူတို့ရဲ့ မျှဝေမှု ကြောင့်
ဒုက္ခရောက်နေတဲ့ ပြဿနာ သော်လည်းကောင်း၊ မတော်မတရားမှု တွေကိုသော်လည်းကောင်း
အားလုံးသိရှိ ပြီး ၀ိုင်းဝန်းဖြေရှင်း ပေးနိုင်ကြပါတယ်။ သုံးသပ်ချက်
တွေကိုပါ လွတ်လပ်စွာရေး သားကြတဲ့အတွက် ဖတ်ရှုသူအနေနဲ့ အမှန်အမှားကိုပါ
တစ်ခါတည်း သိရှိနိုင် တဲ့ သတင်းမျိုး ဘလော့ဂါတွေက ဖန်တီး
နိုင်ပါတယ်။ယနေ့အချိန်မှာတော့ Facebook လိုအများသုံး Social Network ကို
လူကြီး၊လူငယ် အသုံးများလာတဲ့အတွက် ဘလော့ဂါတွေရေးသမျှအကြောင်းအရာ တွေကို
င်္ခေနဘသသု ပေါ်မှာ တွေ့မြင်ကြရ မှာပါ။
နောက်ဆုံး ဘလော့ တစ်ခုကို အညွှန်းပြုချင်တာက ကိုသစ်ထူးလွင်ရဲ့ Myanmar
News Now ဆိုတဲ့ ဘလော့ ဟာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ပြည်တွင်း ပြည်ပ
သတင်းမီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေကို စုစည်းဖော်ပြ ပေးထားတဲ့ အပြင်
ပေးပို့လာတဲ့ သတင်းတွေကို လည်း ဖော်ပြပေးနေတာတွေ့ရလို့ သူရဲ့ ဘလော့ဟာတော့
မီဒီယာတွေအတွက် အထောက်အကူပြု ဘလော့ တစ်ခုလို ဖြစ်နေပါပြီ။ ဒါအပြင်
နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ မြန်မာ သတင်းတွေကိုလည်း
လင့်ချိတ်ပေးထား ပါသေးတယ်။ မြန်မာသတင်းအစုံအလင် ကိုဖတ်ရှုနိုင်လို့
လာရောက် ဖတ်ရှုသူများ ကလည်း အစဉ်မပျက်ရှိနေတာ တွေ့ရပါ တယ်။
ရည်ရွယ်ချက်ကောင်းတွေနဲ့လုပ်နေ ကြသူတွေကို ချီးမွမ်းပြီး ဒီလိုဘလော့ထဲ
မှာပဲ ဘာသာတရားကို စော်ကားတဲ့ သဘောတွေ အပုပ်ချတဲ့ တိုက်ခိုက်မှုမျိုး
တွေလည်း တွေ့ရတော့ ဒီမိုကရေစီ လူ့ အသိုင်းအ၀ိုင်းမှာ
လွတ်လပ်ခွင့်ဘောင်ကို ကျော်လွန်သွားပြီ ဆိုတာလဲ သုံးသပ်မိပါ တယ်။
အင်တာနက်ဆိုတာကတော့ ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် လွတ်လပ်မှု ကို
အခွင့်ကောင်းယူပြီး အလွဲသုံးစား မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံလိုပါ တယ်။
မြန်မာပြည်မှာ အင်တာနက် အသုံး ပြုသူလူဦးရေဟာ အလွန်နည်းသေးတဲ့ အတွက်ရော
နိုင်ငံတကာစံချိန်စံညွှန်းညီ မဖြစ်သေးတဲ့အတွက်ပါ တွင်ကျယ်မှုက တော့
နည်းနေပါသေးတယ်။ Blogger ဆိုတာမျိုးကိုလည်း ကြည့်ရှုလို့မရအောင် ပိတ်ဆို့
ထားခဲ့တဲ့အတွက် လူငယ်တွေ အလွယ်တကူမသိနိုင်ကြ သေးပါဘူး။ အခုအချိန်မှာတော့
ဘလော့တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်ပြီဖြစ်လို့ မည်သူ မဆို
ကိုယ်နှစ်သက်ရာ မျှဝေဖြန့်ဖြူးနိုင် မယ့် အကြောင်းအရာတွေကို အလွယ် တကူ
မျှဝေလိုတယ်ဆိုရင် Blogger ထဲမှာ ၀င်ရောက်ဖန်တီးပြီး ရေးသားနိုင်ကြပါပြီ။
အင်တာနက်လိုင်းမကောင်းလို့ ပြောနေ ကြတာကိုလည်း အင်တာနက် အသုံးပြု
သူလောက်ပဲသိမယ်။ တိုးတက်မှု နောက် မှာ နှေးကွေးစွာ ကျန်ရစ်ခဲ့ရတာက မလို
အပ်ဘဲ ထိန်းချုပ်မှုတွေ လွန်ကဲနေလို့ပါ။ ဘလော့စာမျက်နှာတွေကို အလွယ်တကူ
ဖတ်ရှုခွင့် ရလာလို့ Blogger တွေကို လေးစား အားကျမိတဲ့ အကြောင်းမျှဝေ ရင်း
ဂုဏ်ပြုလိုက်ခြင်းပါ။  ။



နောင်တော်လေး (ဘိုကလေး)

ကျွန်တော်၏ လေးစားမိသော ဘလော့ဂါ ဆောင်းပါးတွင် တည်ဆဲအစိုးရနှင့်မည်သူ
တစ်ဦးတစ်ယောက်ကိုမျှ ပုတ်ခတ်စော်ကားခြင်းမပါ။ ဘလော့ဂါများကို အညွှန်းပြု၍
ဆောင်းပါးလေး တစ်ပုဒ်ဖြစ်အောင် ရေးသည်။ ကိုယ်တိုင်စိတ်တိုင်းကျ။
သို့ပေသော်ငြားဖြုတ်ချက်များလွန်းလှ၍ မခံမရပ်နိုင်ဖြစ်ရသော်လည်း
ကျွန်တော် မည်သို့မျှမတတ်နိုင် ဖြုတ်ချက်များကို အနီရောင်ဘောင်ကွက်၍
ကြက်ခြေခတ်လိုက်ပါသည်။ လွတ်လပ်ပြီ ထင်၍ ဤဆောင်းပါးကို
ရေးလိုက်ခြင်းဖြစ်သော်လည်း မလွတ်လပ်သေးကြောင်း သက်သေနှင့်
တကွပို့လိုက်သည် ။

ပြုတ်စော် နံနေပြီ

နေပြည်တော်တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အမျိုးသားလွှတ်တော်အမတ်ဦးခင်ရွှေက
တစ်လလျှင် ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျခံနေရသည်ဟု ၄င်းကပြောသည်။ ထိုသို့ ကုန်ကျခံနေခြင်းမှာ
အများပြည်သူအတွက်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့် လမ်းကြောင်းမှန်သွားနိုင်ရေးအတွက်
အစည်းအဝေးတက်ရောက်ရာတွင် ဟိုတယ်တည်းခိုစရိတ်ငွေသာဖြစ်သည်ဟု ၄င်းကပြောသည်။
၎င်းက “အမတ်တစ်ယောက် တစ်လရတာမှသုံးသိန်း၊ ဟိုတယ်ငှားနေရတာက တစ်ရက်ကို လေးသိန်း
ကုန်တယ်”ဟု ဆိုသည်။ အမတ်များ လွှတ်တော်အစည်းအဝေးတက်ရောက်ရာတွင် နိုင်ငံတော်မှ နေထိုင်
စားသောက်စရိတ်တာဝန်ယူထားသော်လည်း ဟိုတယ်တည်းခိုစရိတ်ကျပ်လေးသိန်းဖြင့် တည်းခိုနေထိုင်
သူမှာ ဦးခင်ရွှေတစ်ဦးတည်းသာဖြစ်သည်။
ဦးခင်ရွှေသည် ဇေကမ္ဘာစီးပွားရေးလုပ်ငန်းစု၏ ဥက္ကဌဖြစ်ပြီး လွှတ်တော်တွင် စီးပွားရေးလုပ်ငန်းရှင်မှာ
ဦးခင်ရွှေနှင့်ဦးဌေးမြင့် နှစ်ဦးသာရှိသည်ဟု ဦးခင်ရွှေက ပြောသည်။
၎င်းက “ရှိတဲ့ငွေက သားစဉ်မြေးဆက်သုံးလို့ မကုန်ဘူး၊ ဘာမှမလုပ်ဘဲလည်းနေလို့ ရတယ်၊ လူများ
ပြောတာထက်ပိုပြောနိုင်လို့  အချိန်တွေ ငွေတွေအကုန်ခံပြီးလုပ်နေတာ၊ ဒါကိုတော့ အသိအမှတ်ပြုပေးပါ”
ဟု နိုဝင်ဘာ ၁၅ ရက်က ယုဇနဂါးဒင်းဟိုတယ်၌ကျင်းပသည့် မြန်မာ့ခရီးသွားဘုတ်အဖွဲ့ ၏ မဲခေါင်ခရီးသွား
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။
ဇွဲဝဏ္ဏ (ကျုံပျော် )
(ပြည်တွင်းထုတ်၊ ဧရာဝတီသတင်းဂျာနယ်၊ အတွဲ ၁၊ အမှတ် ၇ “နေပြည်တော်လွှတ်တော် အစည်းအဝေး
တက်ရောက်သည့် အမတ်ဦးခင်ရွှေ တစ်လ ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျသုံးစွဲဟုဆို” မှ ကူးယူပါတယ် )
--
AMT
11-mingalar,sanchaung
yangon
01510698, 092032925

အယ်လ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် စကားပြောခြင်း အစီအစဉ်

မြင့်လှိုင်။ ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၀
မြန်မာ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက် ဆက်သွယ် စကားပြောခြင်း အစီ အစဉ်တခုကို အယ်လ်ဂျာဇီးယား ရုပ်သံမှ ဒီဇင်ဘာ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) 
ဂရင်းနစ်စံတော်ချိန် မနက် ၁၂ နာရီ ၃၀ မိနစ်၊ မနက် ၇ နာရီ ၃၀ မိနစ်၊ ဒီဇင်ဘာ ၂၃ ရက် (ကြာသ ပတေးနေ့) ဂရင်းနစ်စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၀ မိနစ်၊ ည ၇ နာရီတွင် ထုတ်လွှင့်ပြသကြောင်း သိရှိရပါတယ်။အဲဒီ အစီအစဉ်ကို လန်ဒန် စီးပွားရေးကျောင်း (School of Economic) တွင် ရိုက်ကူးခဲ့တာ ဖြစ်ကာ ကျောင်းသားပေါင်း ၄၀၀ ပါဝင် ကြည့်ရှု ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှနေ အင်တာနက်ကတဆင့် တိုက်ရိုက် ရုပ်သံနဲ့ ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ အစီအစဉ်အတွက် ဒီမိုကရက်တစ် မြန်မာ့အသံက အကူအညီပေးခဲ့ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး တိုက်ရိုက် ရုပ်သံ မေးမြန်းမှု ထုတ်လွှင့်ခြင်း ဖြစ်ပါတယ်။

 ဒီ အစီအစဉ်ကို “ဆုံးဖြတ်ချက်ရဲ့ လမ်းဆုံမှာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခြင်း(At the Crossroads: Dialogue with Aung San Suu Kyi)“ လို့ အမည်ပေးထားပြီး အစီအစဉ်မှူးအဖြစ် ဗရော်နီကာ ပက်ဒရိုဇာ (Veronica Pedrosa) က ဆောင်ရွက်ကာ လန်ဒန်စီးပွားရေးကျောင်းတွင် သုတေသန ပညာရှင်အဖြစ် ဆောင်ရွက်နေတဲ့ ဒေါက်တာဇာနည်၊ လန်ဒန် စီးပွားရေးကျောင်း ပါမော က္ခတဦးဖြစ်ပြီး Gobal Governance အဖွဲ့ရဲ့ တွဲဘက် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မယ်ရီ ကယ်လ်ဒေါ (Mary Kaldor) နဲ့ ဗြိတိန် ဂါဒီးယန်းသတင်းစာ ပုံမှန်ကလောင်ရှင်၊ သမိုင်းသုတေသီ၊ နိုင်ငံရေး ဝေဖန်သုံးသပ်သူ တင်မသီ ဂါတွန် အက်ရှ် (Timothy Garton Ash) တို့လည်း ပါဝင် ဆွေးနွေးခဲ့ပါတယ်။


ထို ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် မြန်မာ့အရေးဆိုင်ရာ ကိစ္စ အတော်များများကို ဆွေးနွေးသွားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေးဦးစွာ ဗရော်နီကာ ပက်ဒရိုဇာက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မေးမြန်းသွားသလို ဒေါက်တာဇာနည်က စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီနောက်မယ်ရီကယ်လ်ဒေါကနိုင်ငံတကာပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွန်ယက်တွင် ဘယ်လို ပါဝင်နိုင်မလဲဆိုတဲ့အချက်ကို မေးမြန်းကာ တင်မသီ ဂါတွန် အက်ရှ်ကတော့ မြန်မာစစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့အမှုတွေကို စုံစမ်း စစ်ဆေးမယ့်ကိစ္စကို မေးမြန်းခဲ့ပါတယ်။ ထို့နောက် ဗရော်နီကာ ပက်ဒရိုဇာက စည်းလုံးမှု တည်ဆောက်ပြီး ပြောင်းလဲမှုကို လုပ်နိုင်မလားလို့ မေးမြန်းသွားပါတယ်။ 
ဒါ့အပြင် မန္တလေးတွင် မွေးဖွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနဲ့လည်း သိကျွမ်း ရင်းနှီးသူ ၁၉၉၈ စီးပွားရေး နိုဘယ်လ်ဆုရှင် အမာတီရာ စန် (Amartya Sen) က ဒေါ်အောင်ဆန်းစုကြည်ခင်ပွန်း မကွယ် လွန်မီက တွေ့ဆုံကြုံခဲ့ရပုံများကို ပြောပြခဲ့ပါတယ်။ အဲဒီနောက် တက်ရောက်လာကြတဲ့ ကျောင်းသား များက မေးခွန်းများကို မေးမြန်းသွားရာ မြန်မာရိုဟင်ဂျာအဖွဲ့က ဦးထွန်းခင်လည်း ပါဝင် မေးမြန်းခဲ့ပါတယ်။

 အခုလို မေးမြန်းမှုများအား ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားခဲ့ပုံများကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။အမျိုးသား ပြန်လည် သင့်မြတ်ရေးကျွန်မတို့အနေနဲ့ အမြဲတမ်းပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ယုံကြည်ပါတယ်။ မြန်မာပြည်မှာ လိုက်လျောညီထွေမှု မရှိတဲ့ အမြင် နှစ်ခု ရှိပါတယ်။ ကျမတို့က ပြောင်းလဲမှု လုပ်ချင်ပါတယ်။ စစ်အာဏာပိုင်တွေကတော့ ပြောင်းလဲမှု မလုပ်ချင် ပါဘူး။ ဒါဟာ အဓိကပြဿနာ ဖြစ်ပါတယ်။ ကျွန်မတို့က မလွတ်လပ်တဲ့ဘ၀ကနေ လွတ်လပ်ခြင်းကို ပြောင်းလဲချင် ပါတယ်။ ကျွန်မတို့ မြန်မာစစ်အစိုးရနဲ့အတူတူ ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်။

 စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ
 ရွေးကောက်ထားတဲ့ ဒီမိုကရေစီကို မလိုချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ ဒါဟာ တွေ့ဆုံ ဆွေးနွေးရေးကိုပဲ ပြန် ရောက်သွားပါတယ်။ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ဒီမိုကရေစီဆိုတာကို ဘယ်လို မြင်သ လဲဆိုတာ အမြင်ဖလှယ်ကြရပါမယ်။ သူတို့အနေနဲ့ ဒီမိုကရေစီတခုခုကို လိုလားတဲ့သဘော မြင်ရပါတယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပုံစံ ဆိုပါစို့။ ကျမတို့က ပြောပြချင်ပါတယ်၊ ကျမတို့ ဘာကို မျှော်လင့် သလဲဆိုတာကို။

 စီးပွားရေး ပိတ်ဆို့မှု

 စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး ဘာမှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ လူသားချင်းဆိုင်ရာ အကူအညီ ပတ်သက်ပြီး ကျမတို့ ပြောတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု တာဝန်ယူမှု ရှိရတယ်၊ လွတ်လပ်စွာ လေ့လာစောင့်ကြည့်မှု ရှိရ မယ်လို့သာ ပြောတာပါ။ ကျမတို့ လူသားချင်းဆိုင်ရာ အကူအညီတွေကို ဘယ်တုန်းကမှ ပိတ်ဆို့မထားပါဘူး။ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်ဆိုတာကို ကြည့်ရင် လူသားချင်းဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ စီးပွားရေးပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက ပိုကောင်းမယ်ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။

 နိုင်ငံတကာပြည်သူတွေအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ
 အားလုံးအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဖို့ကိစ္စကို တောင်းဆိုစေလိုပါတယ်။ ဒါဟာ ပထမဆုံးခြေလှမ်းဖြစ်ပြီး အခုပဲ တောင်းဆိုစေလိုပါတယ်။ နိုင်ငံရေးမှာ အားလုံး ပါဝင်ဖို့ဆိုရင် ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲလိုသူ ကမ္ဘာသားတွေအားလုံးအနေနဲ့ ဒီ အချက်အပေါ်မှာ ရပ်တည်စေလိုပါတယ်။ အခုအချိန်ဟာ ကျမတို့အနေနဲ့ အဲဒီအချက်ကို စတင် လုပ်ဆောင်နေပါတယ်။ ကျမတို့အနေနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှု ရလိမ့်မယ်လို့ ယူဆပါတယ်။

စစ်အစိုးရရဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ စစ်ဆေးဖို့
 ပါမောက္ခ ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆိုတယ်လို့ ကျမထင်ပါတယ်။ ဒါဟာ လိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဲဒီ အတွေးအခေါ်ကို ထောက်ခံပါတယ်။ ဒါဟာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာပါ။ တချို့လူတွေထင်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို စွဲချက်တင် တရားစွဲဖို့ဆိုတာနဲ့ ကွဲကွဲပြားပြား သိစေလိုပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေ ပြောင်းလဲဖို့အတွက်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပါမောက္ခကင်တားနားက ယူဆပါတယ်။

 စည်းလုံးညီညွတ်မှု
 ကျမတို့ ဘာတွေ ကြိုးစားပြီး လုပ်ကိုင်ချင်သလဲဆိုတော့ တိုင်းရင်းသားများရဲ့ ပြင်းပြတဲ့ဆန္ဒ၊ မျှော်လင့်ခြင်း တွေနဲ့ ဦးတည်ချက်တခုကို သွားပြီး အဲဒီ ပြင်းပြတဲ့ဆန္ဒတွေကို အခြေခံတဲ့ ပြည်ထောင်စုစိတ်ဓါတ်တခုကို တည်ဆောက်ရမှာပါ။ ဆွေးနွေးမှုတွေ၊ တွေ့ဆုံပွဲတွေ အများကြီး လုပ်နေပါတယ်။ ကျွန်မတို့ကို တိုင်းရင်း သားအဖွဲ့အများအပြားက ထောက်ခံနေပါတယ်။ ပိုမို ကျယ်ပြန့်လာအောင်လည်း ကြိုးစားနေပါတယ်။ အားလုံး ပါဝင်ရမယ်ဆိုတာ ဒီကနေ့ ကျမတို့ ပြောနေတဲ့ အချက် ပါ။ အားလုံး ပါဝင်ရမယ်ဆိုတာက တိုင်းရင်း သားတွေတင်မကပါဘူး၊ မြန်မာပြည်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူအားလုံး ပါဝင်ပါတယ်။

နောက် ဆယ်နှစ်အကြာ မြန်မာပြည်ကို ဘယ်နေရာမှာ မြင်လိုပါလဲ
 ကျမကတော့ ဒီနေရာမှာပဲ ရှိမှာပါ။ နိုင်ငံရေးအရ ဘယ်နေရာမှာ ရှိမလဲဆိုရင်တော့ ကျမအနေနဲ့ ရုပ်ခန္ဓာ အရ ဒီနေရာမှာ ရှိနေပေမယ့် မျှော်လင့်တာကတော့ ကျမတို့ ဒိထက် အများကြီး အရှေ့ကို ရောက်နေမှာပါ။ ဆယ်နှစ်အကြာကျရင် ကျမအနေနဲ့ ရဲရင့်တဲ့ မြန်မာလူငယ်တွေအတွက် သူတို့ မျှော်လင့်တဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းတွေ ပြည့်စုံတဲ့ မြန်မာပြည်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမယ်လို့ မြင်လိုပါတယ်။
 အခု ဖော်ပြခဲ့တာတွေကတော့ ဆွေးနွေးမှုတွေကို ပြန်လည် ဖြေကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေ တချို့ ဖြစ်ပါတယ်။ အခုလို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှုကို အပြည့်အစုံ ဘာသာပြန် ဖော်ပြခြင်း မဟုတ်ဘဲ အဓိကအချက်များကိုသာ ကောက်နှုတ်ပြီး အဓိပ္ပါယ် ခြုံငုံအောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ ABSDFအဖွဲ့ကိုHomelandsecuritydeptမှABSDF အဖွဲ့အား အကြမ်းဖက်စာရင်းမှပယ်ဖျက် လက် ပြီဖြစ် ကြောင်းသတင်းကောင်းကို Sue Chaffee မှကျနော်တို့အားယနေ့ (12 /22 /2010) မှာဝမ်းမြောက်စွာ လက်ခံရရှိ ပါတယ်။့ ဒီသတင်းကို Homelandsecurity မှမကြာခင်တရားဝင် ထုတ်ပြန် တော့မည်ဖြစ်ကြောင်းကိုရဲဘော်အားလံးသို့ ခရစ်စမတ်လက်ဆောင်အဖြစ်သတင်းကောင်းပါးအပ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် ရုပ်သံ တွင် ကြော်ငြာ ထည့်ချင် သူများပြား

The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် သည် မစ်ချယ်ယိုး ဓာတ်ပုံ - Guardian

သီရိထက် ၊                ၊အင်တာနက် ဗီဒီယိုဆိုင်တစ်ခု ဖြစ်သည့် ယူတုတွင် တင်ထား သောဗီဒီယို များ အနက်လေဒီဂါဂါ ၊ ရီဟာနာ ၊ ဂျပ်စတင် ဘီဘာတို့ ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည်ဗီဒီယိုများ တွင်လည်း ကြောငြာထည့်ချင် သူများပြားကြောင်း အမေရိကန် နိုင်ငံတွင် အခြေစိုက် သည့်ယူတု ရုပ်သံ မှ ကြော်ငြာဌာန တာဝန်ခံ ဒေးဗစ် လီမွန် က Freedom News Group သို့ ပြောသည်။
အမေရိကန် စီပွားရေး လုပ်ငန်းများ အနက် မော်တော်ကားကြော်ငြာ များ နှင့် ကွန်ပျူတာကြော်ငြာများ သည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာပြီးနောက် ထုတ်လွင့် တင်ဆက်ထားသည့် ဗီဒီယို ဖိုင်များတွင် ကြော်ငြာထည့်ချင်ကြသည်ဟု သိရသည်။Ford မော်တော်ကားကုမ္ပဏီ သည် ဒေါ်အောင် ဆန်းစုကြည်၏ ဗီဒီယိုဖိုင် အချို့ တွင် ၂၀၁၁ခုနှစ် မတ်လ မှ စ၍ ကြော်ငြာထည့်ရန် စာချုပ် ချုပ်ဆိုခဲ့ပြီး Dell ကွန်ပျူတာ က မူ ဒေါ်အောင်ဆန်းစုကြည် ၏ တွေ့ ဆုံပြောကြား သည့် ကဏ္ဍများ တွင် အင်တာဗျူး ထည့်ရန် စာချုပ်ချုပ်ခဲ့သည် ဟု သိရသည်။
ယူတု တွင် ကြော်ငြာနိုင်ရန် အတွက် ကြီးမားသော စီးပွားရေးလုပ်ငန်းများက သာရွေးချယ်ကြီပြီး မက်ဒေါနယ် ဟမ်ဘာဂါသည် ၂၀၀၉ ခုနှစ် က နာမည်ကြီး ဂီတ ဗီဒီယို အားလုံး  သီတင်းတစ်ပတ် ကြော်ငြာထည့် ခဲ့ရာ ဒေါ်လာ ရှစ်သောင်း ကျော်ကုန်ကျ ခဲ့သည်ဟု သိရသည်။ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ အထ္ထုပတ္တကို ပြင်သစ် ဒါရိုက်တာ လခ်ဘွန်ဆွန်က မင်းသမီးမစ်ရှယ်(လ)ယိုး နှင့် ရိုက်ခဲ့သည့် အချက်နှင့် ပြန်လည် လွတ်မြောက် လာသည်တွင် နိုင်ငံတကာဉ်ထင်ပေါ်ကျော်ကြားသူ တစ်ဦး ဖြစ်သည့် အချက်များ ကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုများအား စီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားကြ ခြင်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်တွင် ဗီဒီယိုများတွင် ကြော်ငြာထည့် ပါကရနိုင်မည့် စီးပွားရေး အကျိုးအမြတ် များအား ယူတု ကောင်ဆလ်တ် ဌာနတွင် လာရောက်မေးသူ ကော်ပိုရေးရှင်းပေါင်းနှစ် ဆယ်ထက် မနည်းရှိပြီ ဟု သိရသည်။ 
Freedom News Group

အာဏာပြန်လည် ရရှိရန် ကြိုးပမ်းမှု ၊၀န်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ 



တင်ကျော်ကျော်စိုး ၊                       ။ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ နှင့် ၀န်ကြီချုပ် ဟောင်း ဖြစ် သူ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အား ရန်ကုန်မြို့  ကမ္ဘာအေး ရှိ နေအိမ် မှ အင်းစိန် အကျဉ်း ထောင်သို့  ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် မြို့ သတင်းတပ် ဖွဲ့ မှအမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News Groupသို့ အတည် ပြုပြောကြားသည်။၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရ ပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ ခြင်းဖြစ် သည်။ စစ်ထောက်လှမ်းရေး အကြီးအကဲ သည် နိုင်ဝင်ဘာလ ၂ ရက်နေ့  တွင် နေအိမ် အကျယ်ချုပ် မှ အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့  ခံရခြင်းဖြစ်သည်။ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့ ပြောင်းရွှေ့ ပြစ်ဒဏ်ပြောင်း လဲ ခံယူရန် မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့ ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီ ၊ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ မှုး ၊ သတင်းတပ်ဖွဲ့ မှုး၊ အကျဉ်းဦးစီးဌာ န ညွှန်ကြားရေးမှုး၊ အကျဉ်း ဦးစီး ဌာန အင်းစိန် အကျဉ်းထောင် ထောင်ပိုင် နှင့် အခြား တာဝန် ရှိ သူများ လာရောက် တွေ့ ဆုံ ပြီးနောက် အင်းစိန် အကျဉ်းထောင် သို့ ထိုနေ့ မှာ ပင် ရွှေ့ ပြောင်း ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။



နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခံရသည့်ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့  ပြောင်းရွှေ့  ပြစ်ဒဏ် ခံယူရန် စီစဉ်ရခြင်းသည် ၎င်း ၏ အာဏာ ပြန်လည် ရရှိရန် အားထုတ် ကြိပမ်းမှုများကြောင့် ဖြစ်သည် ဟု ဆိုသည်။အာဏာ ပြန်လည် ရယူရန် ကြိုပမ်းမှု ဖြစ်စဉ် နှင့် ပတ်သက် ၍ ထိုအရာရှိက “သူ့ ကိုဘာမှ အစိုးရက ချုပ်ချယ်မထားဘူး  သူ့ လုပ် ဖော် ကိုင်ဖက် တွေ ရဲ့ နာရေး တွေ ၊ ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို ရန်ကုန် တိုင်း ကို သတင်းပို့ ပြီးရင် သွားခွင် ပြုတယ်။ နောက်ပိုင်းမှာ သူက မရိုးမသား လုပ်လာတာတွေရှိတယ်။ သူ့ ထောက်လှမ်းရေး ကွန်ယက်
ကို ပြန်ဖွဲ့ တယ် ။ ရွေးကောက် ပွဲ မတိုင် ခင်မှာ သူ့ ရဲ့ ကွန်ယက်တွေ က ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrateလုပ်လာတာတွေ ရှိတယ်။  နောက်ဆုံး သူ့ ရဲ့  Net Work တွေ ကို အကုန် မိတော့ မှ သူ့ ကို ဖမ်းလိုက်တာ။ အစိုးရကသူ့ ကို တရား ပြန်ဆွဲ မယ် ထင်တယ် ဟု အဆိုပါ အရာရှိ က Freedom News Group သို့ ပြောသည်။

အတည်မပြု နိုင်သည့် သတင်းများ အရ လည်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ၎င်း ၏ ယောက်ဖ ဖြစ်သူ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက် ပွဲ တွင် ပါဝင်လာစေရန် အတွက်နေပြည်တော် အထိ ခေါ် ယူ တွေ့ ဆုံက ပါးနပ် စွာ အသုံးချ ခဲ့ သည် ဟု သိရှိရသည်။
ယခင် ကကလှမ်း မှ အရာရှိ ဟောင်း တစ်ဦးက မူ “ဒါ သူတို့ သက်သက် မဲ့ စွပ်ဆွဲ တာပါ။ လူထု အုံကြွှမှု ဖြစ် ရင် ဗိုလ်ချုပ်ကဒေါ် စု မလွတ်သေး ဘူး ဆိုရင် ပြည်သူတွေ ရှေ့ မှ သူ့ အမှား ကို ၀န် ခံပြီး ရင် ဦးဆောင် မှု ပေး မယ်ဆိုလို့ လုပ်လိုက်တာ။ဗိုလ်ချုပ် က သူ့ ဆံပင် ကို တောင် သူ့ ဘာသူ တောင် သူ ညှပ်ရတာ ဘယ်လိုလုပ် အာဏာသိမ်းမလဲ ဟု ပြောသည်။ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် သည် ၎င်း ၏ ကွန်ယက် ထူထောင် နိုင်ရေး အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် နေပြည်တော် တွင် တွေ့ ဆုံစဉ် က ၀ တပ်ဖွဲ့  နှင့် ရှမ်းမြောက် အဖွဲ့ များ ကို မတိုက်သေး ရန် အကြံပေး ခဲ့ပြီး ၎င်း က မူ ၀ လူမျိုးထိပ်တန်း စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦး ထံ မှ ၎င်း  ကွန်ယက် အတွက် ငွေကြေး မြောက် မြား စွာ ရယူ ခဲ့သည်။
စာရေး ဆရာတစ်ဦးလည်း ဖြစ်ပြီးနိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကမူ “ဒေါ်စု လွတ်ပြီ ဆိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကို အပြင် မှာ ဘယ်ထား တော့ မလဲ ရန်ကုန်မှာက လက်ရှိ စစ်အစိုးရ ကို မကြည်တဲ့ figure တွေ ကပိုများလာတာ ကို သူတို့ ပေါ်လစီက တော့ တစ်ယောက် ၀င် ၊တစ်ယောက် ထွက် ပဲ ဟု ပြောကြားသည်။ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ရာထူး မှ ဖယ်ရှားပြီးနောက် စစ်ထောက် လှမ်းရေး အရှိများ အားထောင်ဒဏ် နှစ်၁၀၀ ကျော်ထိ ချမှတ် ခဲ့သည်။ စစ်ထောက်လှမ်းရေး က ပိုင်ဆိုင်သည့်  A 21 ဆပ်ပြာ၊ခိုစိမ်းဖိနပ်၊ စူပါ ဂျာနယ်၊ စေတမန်တေးသံသွင်း၊ နိုင်ငံတကာ စီးပွားရေး ဂျာနယ် တို့ ကို ယခုဒုတိယ ဗိုလ်ချုပ်ကြီးမြင့် ဆွေ မှ လွှဲပြောင်း ရယူ လိုက်သည်။

 ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ၏  ကျေးဇူးရှင် ဖြစ်သူ မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီဥက္ကဌ ဟောင်း နှင့်အာဏာရှင် ဟောင်း ဦးနေ၀င်းမှာ ၂၀၀၁ ခုနှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ် ခံရပြီး ၂၀၀၂ ခုနှစ် တွင် ကွယ်လွန် ရာဉ် ခေါင်းတလား တွင် နာမည် ပင် ရေး ထိုး ခြင်း ကို စစ်အစိုးရ က ခွင့် ပြု ခဲ့ခြင်း မရှိချေ။ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီး မောင် နှံ တို့ နှစ်ဦး သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ၏ ခင်ပွန်း ဖြစ်သူ  ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ် ကွယ် လွန် စဉ်က အစောဆုံး ၀မ်းနည်း ကြောင်း သ၀ဏ် လွှာ ကို အင်္ဂလိပ် ၊မြန်မာ နှစ် ဘာသာဖြင့် ရေး သား ပေး ပို့ ခဲ့သူ တစ်ဦး ဖြစ်သည်။၎င်း တို့  ၏ သား နှစ်ဦး ဖြစ်သူ ဗိုလ်မှုးကြီး ဇော်နိုင်ဦး နှင့် Bagan Cyber Tech တည်ထောင်သူ ဒေါက်တာရဲ နိုင်ဝင်းမှာ ထောင်ဒဏ် နှစ် ငါးဆယ် ကျော်စီ အပြစ်ပေးထား ခြင်းခံရသည်။ သမီးဖြစ်သူ သင်းလဲ့လဲ့ဝင်းမှာမိသားစု နှင့် အတူ နေအိမ် တွင် အကျယ်ချုပ် ပြစ်ဒဏ် ခံယူနေရသည်။ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့်  သည် ၎င်း ၏ နေအိမ် တွင် အကျယ်ချုပ် ခံယူပြီးနောက် အင်းစိန် ထောင်သို့  အသွားတွင် ဘုရားရှိ ခိုးပြီး ဇနီး ဖြစ်သူ နှင့် လွယ် အိတ် ကလေး လွယ်ကာ ထွက် ခွာသွားသည်။မြန်မာ စစ်အစိုးရက ထိုဖြစ်စဉ်အား သတင်းစာရှင်းလင်း ပွဲ ပြုလုပ်လိမ့် မည် ဟု သိရှိရသည်။

Freedom News Group

ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်ပြည့် စောင့်ကြို

လူထုခေါင်းဆောင်

ငြိမ်းချမ်းရေးမိခင်

အမြန်လွတ်မြောက်ပါစေ

ယနေ့  ညနေ ၄ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟူသော သတင်းကြောင့် အဖွဲ့ချုပ်မှ တာ ၀န်ရှိသူများ လူငယ်အဖွဲ့ဝင်များနှင့် အများပြည်သူများ လမ်းဘေးဝဲယာမှ စောင့်ကြိုနေခဲ့ကြသည်။ ညနေ၃ နာရီ ခန့်မှ လာရောက် စောင့်ကြိုနေကြသော ပြည်သူများ သည် ညနေ ၄ နာရီ ကျော်လွန်၍ လူအုပ်စု အရမ်းများလာ ခဲ့သည်။ ဘဘဦးတင်ဦးမှ မီဒီယာများ လူပရိတ်သတ် များသို့ ကျေးဇူး တင်စကား လိုက်လံ ပြောကြားသည်။ ထိုမှ ၅ နာရီ ထိုးသည် အထိ အခြေအနေထူး မလာသည့် အတွက် ဘဘဦးတင်ဦး ၊ ဘဘဦးဝင်းတင် နှင့် ဒေါ်ဖြူဖြူ သင်း အပါဝင် လူပရိတ်သတ်များ အားလုံးအား ` ဒီညနေအဖို့ မဖြစ်နိုင်တော့ ကြောင်း၊ ညသတင်းကို စောင့်နား ထောင်၍ မနက်တွင် ပြန်လည် လာရောက်ခဲ့ကြရန် မေတ္တာရပ်ခံနေပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ များကိုင်ဆောင်၍ စောင့်ကြိုနေကြသော အနယ်နယ်အရပ်မှ ပါတီဝင်များကို တွေ့ရှိရလို လူငယ်အမြောက်အများလည်း စိတ်အားထက်သန်စွာ စောင့် မျှော်နေကြသည်။ လူငယ်များထဲမှ ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ ဟု ကြွေးကြော်သည်ကို ဘဘဦး တင်ဦးမှ လက်ကာပြ၍ ဟန့်တားထားခဲ့သည်။ မနက်သတင်း ဆက်လက်စောင့် မျှော်ကြပါရန်....

ရေဘေးသင့် ပြည်သူများ သတင်းအဆက်

ဓါတ်ပုံရိုက်ခွင့်လုံးဝရိုက်လို့မရဘူး
လူကြီးတွေက ပိတ်ထားတယ်
ဒေါ်ညိမ်းရဲကင်းက စောင့်ကြပ်နေတယ်

ဖြစ်စဉ်က
ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ ဒေါ်ညိမ်းကျေးရွာစု
ခါးပြတ်ကျေးရွာ၊ ဗန်ဒါပင်၊ သရက်ပင်ဆိပ် အနီးနားမှာရှိ ရွာလေးများ

5/10/2010 ရက်နေ့ကစပြီး ရေတွေတက်လာတယ်
ဘင်္ဂလားပင်လယ်နားမှာနေတဲ့ ခါးပြတ်ရွာ၊ ဗန်ဒါပင်၊ သရက်ပင်ဆိပ်။
ရွာတော်တော်များများကတော့ အဲ့ဒီနေ့ကတည်းက ပြောင်းရွေလာကြတယ်
သူတို့ပြောကြားပုံအရ အရင်တုန်းကတော့ ရေတွေဒီလောက်တက်မလားဘူး။
အခုတက်လာတာက အချိန်ခဏလေးနဲ့တင်ရေတွေတော်တော်ရောက်လာကြတယ်လို့ပြောတယ်။

ရေတက်တဲ့အချိန်မှာ ဖောင်တွဲတွေပျက်ပြီး လူသေတွေပါမျောပါလာကြတယ်
ဒေါ်ညိမ်းရဲဘက်မှ အလုပ်တွေရှုပ်သွားကြတယ်
(7.10.2010)မနေ့ကထိ ရေဘေးဒုက္ခသည်တွေပြောင်းေ၇ွှု့လာမှုက ဒေါ်ညိမ်းရွာ ရဲ့
Shelter မှာ လူပေါင်း (၁၀၀)ကျော်နေပြီ
ရေထပ်တက်လာဖို့က နောက်ထပ် (၄)ရက်ကြာဥိးမယ်
အခုတောင် ရေတွေတအားတက်နေတာ နောက်ရက်ဆို တွေးတောင်မတွေးရဲကြဘူးလို့
ဒေသခံပြည်သူတွေကပြောတယ်။
အခုရေတက်နှုန်းနဲ့တင် ဒေါ်ညိမ်းရွာဝန်းကျင်ရှိလယ်မြေကွက်များ ဒီရေတက်မှု၊
ရေငန်ရေတွေကြောင့် ပျက်စီးမှုတော်တော်များခဲ့တယ်
တာတမံတွေကျိုးတဲ့အတွက်ကြောင့် ရပ်ရွာလူကြိးများ သက်ဆိုင်ရာကုမ္ပဏီများနဲ့
လယ်သမားတွေစုပြိး တာတံမံတွေ ပြန်ုလုပ်ကြတယ်။
ရေက အချိန်နဲ့အညီတက်လာတဲ့အတွက် ဒီနေ့ဆို ပြောင်းေ၇ွှ့ရေဘေးဒုက္ခသည်တွေ
တော်တော်များများ ဒေါ်ညိမ်းရွာများဆောက်လုပ်ထားတဲ့ Shelter ကို
ပြောင်းေ၇ွှ့လာကြပါတယ်။ စားသောက်ရေးအတွက် ရွာခံတွေက လှူဒါန်းကြတယ်။

ပင်လယ်ရေတက်မှုကြောင့် ဒေသခံပြည်သူများဒုက္ခရောက်

ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲ၊ ဒေါ်ငြိမ်းကျေးရွာအုပ်စုအတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများသည် လွန်ခဲ့သော သုံးရက်ခန့်က တိုက်ခက်သည့်လေ ကြောင့် ပင်လယ်ရေလျှံမှုဖြစ်ပွားသဖြင့် အိုးအိမ်များ ပျက်စီးကုန်ကြောင်း ဒေသခံတစ်ဦးမှပြောကြားပါသည်။ အာဏာပိုင်အဖွဲ့အစည်းမှ ဓာတ်ပုံရိုက်ခွင့် မပြုဟုလည်းပြောပါသည်။ ဒေါ်ငြိမ်းကျေးရွာတွင်ဆောက်လုပ်ထား သော Shelter အဆောက်အဦးပေါ်တွင် ကျေးရွားအမြောက်အများမှ ရွာသူရွာသားများလာရောက် တည်းခိုးနေရ ကြောင်းသိရပါသည်။ ပင်လယ်ကမ်းစပ်ရွာများ ဖြစ်ကြသည့် ဗန်ဒါပင်၊ သရက်ပင်ဆိပ်၊ ခပြတ် စသည့် ရွာပေါင်း အတော်များများမှ ဒေသခံပြည်သူများအတွက် အကူအညီလိုအပ်နေကြောင်းလည်း ပြောကြားပါသည်။
ဒီသတင်းကို မပေါက်ကြားစေရန် အာဏာပိုင်များက ဓာတ်ပုံရိုက်ခွင့်မပြုကြောင်း ၎င်းပုဂ္ဂိုလ်ကပင် ပြောကြား သွားပါသည်။ ကူညီထောက်ပံ့လိုသူကြသူများ စုံစမ်း၍ ကူညီနိုင်ကြစေရန် ရရှိသော သတင်းအပိုင်းအစကို တင် ပြပေးခြင်း ဖြစ်ပါသည်။
သတင်းအဆက်
ရေဘေးခံနေရသော ကျေးရွားများမှာ
ခါးပြတ်ရွာ
ဗန်ဒါပင်
သရက်ပင်ဆိပ်
အောင်လှိုင်ရွာ
အေးကုန်း
ပက်ပြဲ
ပြီးတော့
သောင်(ရွာ)
အားလုံးပင်လယ်နားက ရွာတွေကြီးပဲ
ဒေါ်ညိမ်းကျေးရွာစုထဲမှာရှိတယ်ဟုသိရသည်။
ကျေးရွားများမှ အိမ်များ ပျက်ဆီးမှုရှိသည့် အတွက် 
ဒေါ်ညိမ်ကျေးရွာတွင် ဒဂုံအင်တာနေရှင်နယ်က ဆောက်လုပ်ပေးထားသော Schlter အဆောက်အဦးတွင် ဒုက္ခသည်များအားလုံးတည်းခိုနေရသည်။

ကြံ့ဖွတ်ပါတီအင်အားပြ အသုဘ အခမ်းအနား

ခွေးခြင်္သေ့ကြီးဆိုးနေပြီ


ယနေ့ ကြာသပတေးနေ့ ၊ အောက်တိုဘာ (၇)ရက်၊ ၂၀၁၀ ရက်နေ့တွင် ရွာမအရှေ့ ရပ်ကွက် ကြံ့ဖွတ်ပါတီဝင် ကွယ်လွန်သူ ဇင်းမင်း အသက် (၃၄)နှစ် ၏ အသုဘပို့ အခမ်းအနားသို့ ကြံ့ဖွတ်ပါတီဝင်များသည် ၀တ်စုံအပြည့် ၀တ်ဆင်လျှက် လိုက်ပါပို့ဆောင်ကြကြောင်း တွေ့ရှိရသည်။
ကြံ့ဖွတ်ပါတီသည် နိုင်ငံတော်၏ အာဏာကို အရယူမည်ဟု ကြုံးဝါးလျှက် ပါတီဝင်ရရှိရေး ကြိုတင်မဲ ရရှိရေးတို့ ကို ငွေအင်းအား အမြောက်အမြားသုံး၍ လုပ်ဆောင်နေသည်များကို ကြားသိနေရပါသည်။ ယနေ့ အသုဘပို့ အခမ်းအနားသို့ ကြံ့ဖွတ်ပါတီဝင် အမြောက်အများသည် ၀တ်ဆုံအပြည့်ဖြင့် အင်အားပြ ပုံစံမျိုးလိုက်ပါ ပို့ဆောင် ကြောင်းလည်းတွေ့ ရှိရပါသည်။ မဟုတ်မမှန်လုပ်ကြံဇာတ်များခင်း၍ တိုင်းပြည် အာဏာကို တရားဝင်ပုံစံမျိုးဖြစ် အောင် နည်းအမျိုးမျိုးဖြင့် ကြံစည် ဆောင်ရွက် နေသောလုပ်ဆောင် ချက် များကို ပြည်သူများအနေနှင့် နားမ ယောင်မိကြစေရန် သိနိုင်သမျှ သိရှိစေရန် ရည်ရွယ်၍ ရရာသတင်းများကို ရှာကြံစုဆောင်းဖော်ထုတ်နေပါ သည်။
ပါတီစုံရွေးကောက်ပွဲအတွက် လုပ်ဆောင်နေကြသော ပါတီများတွင် ကြံ့ဖွတ်ပါတီတစ်ခုသာလျှင် ငွေအင် အားအလုံးအရင်းသုံး၍ အခြေခံ ပြည်သူများကို စည်ရုံးသိမ်းသွင်းနေမှု့များမှာ တစ်ဖက်သက်ဆန်သော လုပ် ရပ်များသာဖြစ်ပါသည်။ ပါတီငွေဟုပြောနေသော ငွေများသည် အနှစ် နှစ်ဆယ်အတွင်း မတရားသောနည်း အမျိုးမျိုးဖြင့် ရှာကြံစုဆောင်းလာကြသော ငွေများသာဖြစ်ပါသည်။ 

 

အန်အယ်လ်ဒီရပ်တည်ခွင့်

အန်အယ်လ်ဒီရပ်တည်ခွင့် လျှောက်ထားချက် တရားရုံးကမှတ်ပုံတင်ခွင့်ပြု
ဝီရ   /   ၀၆ အောက်တိုဘာ ၂၀၁၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို စစ်အစိုးရက ပယ်ဖျက်လိုက်သည့်အတွက် ပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က စစ်အ စိုးရအား တရားစွဲဆိုရန် ယမန်နေ့၌ ဗဟိုတရားရုံးချုပ်တွင် အမှုတင်ပြလျှောက်ထားချက်ကို တရားရုံးချုပ်က ယနေ့ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ဒီအမှုအတွက် တရားရုံးချုပ်က မှတ်ပုံတင်ခွင့်တော့ ဒီနေ့ ပေးလိုက်ပြီ။ ကျန်တဲ့အပိုင်းက တရားရုံးက သော ကြာနေ့တိုင်း ထုတ်ပြန်တဲ့ အမှုစာရင်းမှာ ကျနော်တို့ သွားကြည့်ပြီး ဘယ်နေ့ ကြားနာမလဲဆိုတာ ထပ်ပြီး သိရ မှာ ဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

အန်အယ်လ်ဒီကို ကိုယ်စားပြု၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီ၏ အထွေထွေအတွင်းရေးမှူးအနေ ဖြင့် လက်မှတ်ရေးထိုးကာ စစ်အစိုးရအား ပါတီ၏ သီးခြားသက်သာခွင့် ဥပဒေနှင့်ဆိုင်သော ပုဒ်မ (၄၅) နှင့် ပုဒ်မ (၅၄) စွဲချက်တို့ဖြင့် တရားမ အထွေထွေလျှောက်လွှာကို ၎င်း၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က ကိုယ်စားသွားရောက်၍ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဦးဉာဏ်ဝင်းက “အခု လျှောက်ထားတဲ့ အချက်ထဲမှာ ပထမအကြိမ်ထက် ထူးခြားတာက အဓိက အစိုး ရတရပ်ရပ်ကို အမှုစွဲရင် နို့တစ်စာ ပါရမယ်။ အခု အဲဒါတွေပါ ပူးတွဲပြီး လျှောက်ထားတာ ဖြစ်တယ်။ ၈၈ ခုနှစ် ကတည်းက ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ်ဟာ ကော်မရှင်က အခုပြဋ္ဌာန်းလိုက်တဲ့ ထပ်မံပြီး မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်ဆိုတဲ့ ဥပဒေဟာ အန်အယ်ဒီအပေါ် အကျိုး သက်ရောက်မှု မရှိဘူးဆိုတာ တရားရင်ဆိုင်ဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ တရားဝင် ရပ် တည်ခြင်းအပေါ် ဒီလို ပယ်ဖျက်လိုက်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ ဒါကြောင့် အခုလို တရားစွဲရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အသစ်ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ သတ်မှတ်ချိန်အတွင်း ပြန်လည် မှတ်ပုံ တင်ခြင်း မရှိသည့် နိုင်ငံရေးပါတီများသည် ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ကြောင်း ရွေးကောက် ပွဲကော်မရှင်၏ ကြေညာချက်နှင့် စပ်လျဉ်း၍ အန်အယ်လ်ဒီက ၎င်းတို့ပါတီ ဆက်လက်၍ တရား ဝင် ရပ်တည် နိုင်ရေးအတွက် စစ်အစိုးရကို ဒုတိယအကြိမ် တရားစွဲဆိုခြင်းဖြစ်သည်။

ပါတီဖျက်သိမ်းကြောင်း ဥပဒေသစ်အရ အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီ (၁၀) ပါတီကို တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ (၁၄) ရက်နေ့က ကြေညာခဲ့သည်။

ရှေ့နေကြီး ဦးဉာဏ်ဝင်းက “၁၉၇၄ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေပုဒ်မ (၁၄) ရဲ့ ပုဒ်မခွဲ (က၊ ခ၊ ဂ၊ ဃ) ထဲမှာ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မဆို ယခင် ရရှိပြီးသား အခွင့်အရေး၊ အကျိုးခံစားခွင့်တွေကို နောက်ဥပ ဒေများ ကြောင့် ဆုံးရှုံးနစ်နာမှု မဖြစ်စေရ၊ မထိခိုက်စေရဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲဒီဥပဒေအတိုင်း နောက် ကြောင်းပြန် သက်ရောက်မှု မရှိစေချင်ရင် ဥပဒေအရ ပြဋ္ဌာန်းပြီး ဖော်ပြရမယ်ပေါ့။ လက်ရှိ ဥပဒေထဲမှာက အဲဒီလို ဖော်ပြထားတာ မရှိသေးတော့ အန်အယ်လ်ဒီအပေါ် အကျိုးသက်ရောက်မှု မရှိဘူး” ဟု ပြောသည်။

အန်အယ်လ်ဒီသည် ၎င်းတို့ပါတီ၏ တရားဝင် ရပ်တည်မှုအပေါ် ပယ်ဖျက်ခြင်းဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ စစ်အစိုးရကို ပြီးခဲ့သည့် ဧပြီလ (၂၉) ရက်က ပထမအကြိမ် တရားစွဲဆိုခဲ့ရာ ၎င်းတို့၏ လျှောက်လွှာကို ရန်ကုန်တိုင်း တရားရုံးချုပ်က လက်ခံရန် ငြင်းပယ်ခြင်းခံခဲ့ရသည်။ 

ပဲခူး လူငယ်နှစ်ဦးကိုသတ်သည့်စစ်ဗိုလ် နေပြည်တော်သို ပြောင်း

 ပဲခူး လူငယ်နှစ်ဦးကို သတ်သည့် စစ်ဗိုလ် နေပြည်တော် သို့ ပြောင်း လဲတာဝန် ထမ်းဆောင်


စက်တင်ဘာလ ၄ ရက်နေ့ ညက ပဲခူးမြို့  ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက်(၂၃) နှစ် ဦးအား ကျဉ်ဘောက်မှာ ကျဉ်ကုန်သည် ထိ ရက်စက်စွာ ပစ်ခတ်ရန် အမိန့် ပေးခဲ့သည့်အခြေစိုက် ခလရ  ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် ပြည်သူကို တရားလက်လွတ်သတ်ဖြတ်သည့် ထို အမှု အတွက် မည်သည့်အရေးယူမှု ကိုမျှ ခံရခြင်း မရှိဘဲ နေပြည်တော် သို့ ပြောင်းရွှေုတာဝန်ချထား ခံခြင်း ရသည် ဟု Freedom News Group မှစုံစမ်း သိရှိရသည်။စက်တင်ဘာလ နှောင်းပိုင်း က ပစ်သတ်မှု တွင် ပါ ၀င်သည့် စစ်သားများနှင့် ဗိုလ်ကြီး သိဒ္ဓိစိုး အားတောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဆေးမေးမြန်းမှု စ တင် ပြီးနောက် ဘုန်းကြီး ၀တ်ခိုင်းထားသည်ဟု သတင်းရရှိပြီး နောက်ပိုင်း တွင်  အများ ပြည်သူများ က တွေ့ မြင် သွား မည် စိုး၍ တပ်ရင်းမှုဒုတိယ ဗိုလ်မှုးကြီး မြင့်စိုး က တပ်ပြင် ထွက်ခွင့် မပေးဘဲ တပ်တွင်းမှာပင် လွတ်လပ်စွာ ထားရှိသည် ဟု သိရသည်။
အောက်တိုဘာလဆန်း တွင် မူ ပစ်သတ်မှု တွင် အမိန့် ပေးသည့် ဗိုလ်ကြီး သိဒ္ဓိစိုး အားနေပြည်တော် မှ  ဆင့်ခေါ်ကာ လက်ရှိရာ ထူးအတိုင်း ပင် ဥမင်လှိုဏ်ခေါင်း ဖောက်သည့်ဒေသ တွင် နာမည် ပြောင်း `၍ ရာထူးတိုးကာ ဗိုလ်မှုး ကိုလေး ဆိုသည့် နာမည်ဖြင့်တာဝန်ထမ်းဆောသ်နေသည် ဟု သိရသည်။ခလရ  ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် စစ်ဗိုလ်ချုပ် တစ်ဦး ၏ သားသမီးတစ်ဦး ပင်ဖြစ်သည်။ လူငယ် နှစ် ဦးအား ရက်စက်စွာသတ်သည့် တရားခံ များ အား သေဆုံးသူ ၏ ဆွေမျိုး အသိုင်းအ၀ိုင်းသာမက ၊ ပဲခူမြို့ သူမြို့ သား များ နှင့် မြန်မာ တစ်နိုင်ငံလုံးမှ တရား နည်းလမ်းကျစွာ ဆုံးဖြတ်ပေးရန်လိုလားကြသည်။ 


Freedom News Group

မန္တလေးတွင် ရွေးကောက်ပွဲ ဆန့်ကျင်ပိုစတာများ ကပ်

ယမန်နေ့က မန္တလေးမြို့ (၆၂) လမ်းနှင့် (၇၈) လမ်းကြားရှိ သိပ္ပံလမ်း၊ (၂၆) လမ်း၊ (၄၁) လမ်းကြားရှိ (၈၄) လမ်းနှင့် အခြားနေရာများတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာများကို ကပ်ထားကြောင်း ဒေသခံများက အတည်ပြုပြောကြားသည်။

အဆိုပါ ကြေညာချက်များကို စက္ကူဖြူပေါ်တွင် ရောင်စုံစာသားဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ ပြည်သူတွေအနေနဲ့ မဲပေးခွင့်ရှိသလို ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိပြီး အဝါရောင် မဲပုံးပုံကို ကြက်ခြေခတ်အနီဖြင့် ခတ်ထားကာ အောက်ခြေ၌ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ (၇) ရက်၊ ဥပဒေအရ မဲမပေးဘဲ သပိတ်မှောက်ကြစို့ဟူသည့် စာသားပါရှိသည်။

ထိုသို့ ရွေးကောက်ပွဲဆန့်ကျင်သည့် ပိုစတာများအား မည်သည့်အဖွဲ့အစည်းက လိုက်လံကပ်ထားသည်ကို မည်သူမျှ မသိရှိသေးပေ။

ယခုအခါတွင် ရန်ကုန်၊ ပဲခူး၊ မန္တလေး စသောမြို့ကြီးများတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား ဆန့်ကျင်သည့် စာရွက်စာတမ်း၊ ပိုစတာများ ဖြန့်ဝေကပ်ထားမှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်လျက်ရှိသည်။

ခေတ်ပြိုင်

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု

အာရှနိုင်ငံတွေက လစ်ဘရယ်နဲ့ ဒီမိုကရက်များ ကောင်စီက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတရပ်ကို မနေ့က ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ ညီလာခံ နောက်ဆုံးနေ့မှာ သီးခြား အခမ်းအနားတရပ် ကျင်းပပြီး အခုလို ဂုဏ်ပြုပွဲကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်းက ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရှိတဲ့ ဆုတဆုလို့ ပြောပါတယ်။
“ဒီဆုက Council of Asian Liberals and Democrats အဖွဲ့ကြီးက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးလိုက်ပါတယ်။ အဲဒါ တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဆုဟာ ပထမဆုံးဆု ဖြစ်ပါတယ်။ ပြီးတော့ ဒါလည်း ဒေါ်စုက ရသွားတယ်ဆိုတော့ မြန်မာပြည်အတွက် အင်မတန် ကောင်းပါတယ်။
“နိုင်ငံတကာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို လူတွေက ပိုသိလာမယ်၊ ပြီးတော့ အခု ဒီဆုကို ကြော်ငြာလုပ်တာကလည်း ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ အခုလက်ရှိ လုပ်နေတဲ့ UK ရဲ့ လစ်ဘရယ် ဒီမိုကရက် အစည်းအဝေးကြီးမှာဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာပြည် အကြောင်းကို ပိုသိလာမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူတို့ ပိုပြီးတော့ စိတ်ဝင်စားလာမယ်ပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကောင်းတယ်၊ မြန်မာပြည် တခုလုံး အတွက်လည်း ကောင်းပါတယ်။”
ဆုပေးပွဲ မတိုင်ခင်မှာလည်း အာရှဒေသတွေက တက်ရောက်လာကြတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေ အကြား မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။
“ဒီဆုပေးပွဲ မတိုင်မီမှာတော့ ကိုယ်စားလှယ်တွေ ကြားထဲမှာ မြန်မာပြည်အကြောင်း ဆွေးနွေးတာ ရှိပါတယ်။ ဥပမာ အခုလက်ရှိ နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ပြီးတော့ စစ်အာဏာရှင်တွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်အတွက် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ပြောင်းလဲမှုတွေ မရှိနိုင်ဘူး၊ အဲဒီလိုမျိုး ဆွေးနွေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတာတော့ မရှိပါဘူး။
“ပြီးတော့ ဆုပေးပွဲ အခမ်းအနားထဲမှာ ဆိုရင် ဆုပေးတဲ့ CALD ရဲ့ ကိုယ်စားလှယ် လူကြီးကတော့ မြန်မာပြည်ကို ဒီ့ထက်ပိုပြီးတော့ ထောက်ပံ့ပေးနိုင်အောင်၊ ကူညီပေးနိုင်အောင် သူ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်၊ ပြီးတော့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သူ အမြဲတမ်းပဲ Support လုပ်နေတယ်ပေါ့။ သူ့ရဲ့ပါတီလည်း မြန်မာပြည် အရေးအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် သူတို့ဘက်က တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။”
ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။
အခမ်းအနား တက်ရောက်လာကြတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ် ပါတီတွေက ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်သွားဖို့ ကြိုးစားသွားမယ့် အကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီ ညီလာခံ အတွင်းမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) ကလည်း ပြောပါတယ်။
ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပြခဲ့ပါတယ်။

VOA News