ဒါကြောင့်ပါ



ဟိုးရှေ့ရှေ့တုန်းက ဘုရင်ကြီးတစ်ပါး ရှိသတဲ့ ။ တစ်နေ့ကျတော့ ဘုရင်ကြီးက အလံဖြူ နဲ့ အနံနီ ဆိုပြီး အလံတိုင် နှစ်ခု စိုက်ပြီး မိန်းမကြောက်တဲ့ ကောင်တွေ အလံနီအောက်ကို သွား မိန်းမ မကြောက်တဲ့ ကောင် တွေ အလံဖြူ အောက်ကိုသွားဆိုပြီး သူ့ရဲ့ နန်းတွင်းမှာ အမိန့်ထုတ်ပါသတဲ့ ။
ပြောပြောဆိုဆိုပဲ မင်းကြီးက သူကိုယ်တိုင် အလံ နီအောက်ကို သွားပြီး မတ်တပ်ရပ်နေသတဲ့ ။ နန်းတွင်းက မူး ကြီးမတ်ရာတွေ တစ်သုတ်ပြီး တစ်သုတ် အလံနီအောက်ကိုရောက်လာကြသတဲ့။ နန်းတော်တွင်းက မူးမတ်တွေ အားလုံးပဲ အလံနီအောက်ကို ရောက်လာကြတယ်ဆိုပါတော့။ နောက်ဆုံး အမတ်ကြီး တစ်ဦးကျန်နေတယ်တဲ့။ အမတ်ကြီးက နန်းတော်ထဲက ထွက်လာပြီး ခပ်တည်တည်ကြီးနဲ့ အလံ ဖြူအောက်ကို တစ်ယောက်တည်းသွား ပြီး မတ်တပ်ရပ်နေတယ်။ 
ဘုရင်ကြီးလည်း အံ့အားသွာတတယ်
မင်းက ဘာလို့ အဲ့ဒီအလံ အောက်မှာသွားရပ်တာလဲ .... မိန်းမ မကြောက်ရဘူးလားတဲ့.................
အမတ်ကြီးက ပြန်ပြောတယ် ......................
  
ဒီလိုပါ မင်းကြီး select လုပ်မှဖတ်လို့ရမယ်
     မိန်းမက မှာထားပါတယ် သူများလုပ်တိုင်းလိုက်မလုပ်ရဘူး 

တဲ့..............  

ဒါကြောင့်ပါ

မီးပျက်ချင်း၏အကျိုးကျေးဇူးအချက်{၂၀}

၁။ကလေးများကိုပျော်ရွှင်စေခြင်း (သတိထားပြီးကြည့်ပါညဖက်မီးလာပြီဆိုရင်ကလေးတွေတဟေးဟေးနဲ့ အော်တာကို  သူငယ်ချင်းတို့မြင်ဖူးပါလိမ့်မယ်။မီးလာမှန်တဲ့နိုင်ငံက ကလေးတွေဆိုရင်ဒီလိုပျော်ရွှင်မူ့
မျိုးကို ရမှာမဟုတ်ပါဘူး)

၂။သဘာဝဘေးအန္တရယ်များဖြစ်ပေါ်လာလျှင်ဓါတ်လိုက်၍မသေဆုံးနိုင်ခြင်း

၃။ဖယောင်းတိုင်လုပ်ငန်းရှင်များအကျိုးစည်းပွားဖြစ်ထွန်းခြင်း

၎။ပြည်ပမှအထူးသဖြင့်တရုပ်ပြည်မှကုန်သည်များကိုအကျိုးစည်းပွားဖြစ် ထွန်းစေခြင်း(မီးချစ်၊ဓါတ်မီး)

၅။စတိုးဆိုင်ပိုင်ရှင်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။.

၆။မီးစက်မီးပေးသောသူများကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။

(တချို့သိချင်မှသိပါလိမ့်မယ။်မီးစက်မီးပေးတယ်ဆိုတာမီးချောင်းတချောင်းကို၁၀၀၊၁၅၀နုန်းနဲ့ အိမ်တွေကို မီး ရောင်းတာကိုပြောတာပါ)

၇။လက်ဖက်ရည်ဆိုင်များရောင်းအားကောင်းလာခြင်း

၈။ကျောင်းသားကျောင်းသူများစာတော်စေနှိုင်ချင်း(ဟုတ်တယ်လေမီးမလာတော့TVမကြည့်ပဲစာ ကြည့်ရ တာ ကို)

၉။မီးစက်နှင့်အပိုပစ္စည်းအရောင်းဆိုင်များပြုပြင်သူများဝင်ငွေဖြောင့်စေခြင်း။

၁၀။စက်သုံးဆီအရောင်းဆိုင်များ၊စက်သုံးဆီမှောင်ခိုရောင်းသူများအားအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။

၁၁။လျှပ်စစ်ဝန်ထမ်းများအားတာဝန်မှသက်သာစေခြင်း။

၁၂။စက်ရုံအလုပ်ရုံမှဝန်ထမ်းများတခါတရံအလုပ်ပင်ပန်းမှုလျော့ကျစေခြင်း။(မီးလည်းမ လာမီးစက်လည်း ပျက်တဲ့အခါမှာပေါ့)

၁၃။ဗီစီဒီအခွေငှားဆိုင်များဝင်ငွေတိုးစေခြင်း။(ဒီလိုပါ၊အခွေငှားပြီးမီးပျက်နေလို့၂ရက်ခရတာကိုဆိုလိုတာပါ)

၁၄။အင်ဗာတာအသုံးပြုများသည့်အတွက်batteryအေ၇ာင်းဆိုင်များအင်ဗာတာအေ၇ာင်းဆိုင်များ အေ၇ာင်း အ ၀ယ် ကောင်းစေခြင်း။

၁၅။လျှပ်စစ်ပစ္စည်းပြုပြင်ရေးservic centerများဝင်ငွေကောင်းစေခြင်း။

၁၆။ထင်းမီးသွေးအေ၇ာင်းဆိုင်များရောင်းအားကောင်းလာခြင်း။

၁၇။ထမင်းဆိုင်များ၊စားသောက်ဆိုင်များများရောင်းအားကောင်းလာခြင်း။

၁၈။နွေအခါယက်တောင်ထုတ်လုပ်သူများအရောင်းအ၀ယ်ကောင်းစေခြင်း။

၁၉။ကလေးသူငယ်များအားကျန်းမာကြံခိုင်စေခြင်း။
(မီးမလာတော့TVတို့Gameတို့မဆော့ရပဲဘောလုံးကန်တာတို့ကြက်တောင် ရိုက်တာတို့ပဲဆော့ရလို့ပါ)

၂၀။တရားအားထုတ်သောလူကြီးသူမများကိုစိတ်တည်ငြိမ်မှု့ရရှိစေခြင်း။

(မလာတော့ဘေးပတ်ဝန်းကျင်ကတီဗီသံကက်ဆက်သံတို့မဆူတော့လို့ပါ)


ဟဲဟဲတကယ်တော့မီးမလာရင်ငါလည်းမနေတတ်တာတော့အမှန်ပါပဲ
တခုတော့ရှိတယ်တို့ဗမာတွေသတ္တိကအနောက်နိုင်ငံကြီးတွေထက်သာပါတယ်။
တချိုကနိုင်ငံကလူတွေကမီးပျက်ရင်အထိတ်တလန့်အော်တာကိုရုပ်ရှင်ကားတချို့မှာတွေဖူးတယ်။
တို့နိုင်ငံမှမီးပျက်ရင်ကလေးတောင်မအော်ဘူးလေဒါ့ကြောင့်ဗမာတွေသတ္တိရှိတယ်လို့ပြောတာပေါ့။
မီးပျက်တာနဲ့ပက်သက်လို့ကဗျာစပ်ထားတာလေးလည်းရှိသေးတယ်။
ဘဝ
ဖုန်ထူနေပူ၊ကြွေးကထူသည်
မီးကလည်းပျက်၊
ရေလည်းငတ်၍
ဖုန်းဘေကတတ်
ငွေရှာခက်လျှက်
လိုင်းကားကကြပ်
လမ်းကပျက်ပြီး
ချစ်သူကမုန်း
ဖဲကရှုံးနှင့်
သုံးစားမရတဲ့ဘ၀ပါလားနော်။

သစ္စာ
နေ့ခင်းခါလမင်းသာ
ညခင်းခါနေမင်းထွက်ပါလို့
ငှက်တွေနော်ရေမှာပျော်
ငါးတွေနော်လေပေါ်ဝဲပြီး
ဆန်တပြည်သုံးမတ်နဲ့
ဆီတပုံးသုံးကျပ်ဖြစ်ခါမှ
မြန်မာပြည်မီးမှန်ပါ့မယ်လုံးဝယုံထား။

မီးလာပြီ၊မီးလာပြီ
ပျော်ပျော်နေသေခဲ
မော်တော်နေရေထဲ
အိမ်မှာနေအမေဆဲ
ရန်ကုန်မှနေဗုန်းကွဲ
နေပြည်တော်နေအသားမည်း
အမြင့်ဆုံးကိုတတ်
အချစ်ဆုံးကိုဖက်ပြီးအော်လိုက်မယ်


မီးလာပြီ၊မီးလာပြီ၊ မီးလာပြီ
အမြှော်အမြင်ကြီးမားသောခေါင်းဆောင်ကောင်းကြီး များကြောင့် နိုင်ငံကြိးလည်း ဖာဖြစ်ခါနီးပါပြီ ........

Custom message for G-gtalk


အာဇာနည်နေ့အတွက်
လူသေပေမယ့် နာမည်မသေဘူး။
အာဇာနည်နေ့ဆိုတာ အဲ့ဒီလိုလူတွေ
အတွက် သတ်မှတ်ခဲ့တဲ့ နေ့ထူးနေ့မြတ် ----

နောက်ချင်ပြောင်ချင်သော မတွေ့ရမမြင်ရသည့် အွန်လိုင်းမိတ်ဆွေများအတွက်
လှောင်ချင်ရင် ကြက်တူရွေးမွေး
ပြောင်ချင်ရင် ဂတုံးတုံးထား
Don't make joking ! ! !

အလုပ်အဆင်မပြေတဲ့ သူငယ်ချင်းအတွက်
ဘာကွ - - -မင်းတတ်ထားတဲ့ ကွန်ပျူတာ
ပညာနဲ့ဆိုရင်တစ်လကို လေးသောင်းခွဲ
ပေးမယ် --- ဟုတ်လား ???

လျှပ်စစ်မီအတွက် မှတ်မှတ်ရရ
အမြင့်ဆုံးကို တက် အချစ်ဆုံးကိုဖတ်ပြီး
အကျယ်ဆုံးသုံးခါ အော်လိုက်မယ်
မီးလာပြီ
မီးလာပြီ
မီးလာပြီ :P

စိတ်ဝင်စားမိသော message 
စိတ်အေးချမ်းမှုဟာ..
အခြေခံကျတဲ့..လွတ်လပ်မှုတမျိုးပါဘဲ

ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ ....
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ ....

ကျေးဇူးပြု ပြီး
"သူ၏အကြောင်း ကောင်းမကောင်းကို
ကြောင်းကျိုးဖွေရှာ မကြည့်ပါနှင့်
ကိုယ်သာမူလ အဓိကမို့
ကိုယ်၏အကြောင်း ကောင်းမကောင်းသာ စိစစ်ပါ"

လောကဒဏ်ကိုခံ လောကဓံကိုတွန်းလှန်လို့ 
မသေမချင်းရွက်လွင့် မယ့် ငါဟဲ့ .....ယောင်္ကျား......
.လုပ်သလိုမဖြစ်သေးချိန်မှာ ဖြစ်သလိုမလုပ်ပါနဲ

စကားတစ်ခွန်းလောက်ပြောချင်ပါတယ်
နှစ်ခါမပြောဘူးနော် ---
သုံးစရာမရှိလို့
လေးလေးစားစား နဲ့ပြောမယ်
ပိုက်ဆံ ငါးထောင်လောက်ချီးပါလား ၊၊၊

ချစ်သူက အီးတုံး ကိုယ်ကလှိုင်းလုံး
မြစ်ဧရာ နဒီကြောမှာ မျောလို့ မဆုံး
တဘုံးဘုံး.. ချစ်သူက အမြုပ်
ငါလှိုင်းလုံးက အုတ် တဒုတ်ဒုတ်

အရေးကြီးရင် မတ်စေ့ ထားခဲ့ပါ.......
ဒီထက်ပို အရေးကြီးရင် ကျပ်စေ့ ထားခဲ့ပါ...................

နင်ပျင်းမှ Hi ရအောင်
ငါနင့်ပျော်တော်ဆက်မဟုတ်ဘူး ......
နင်မေးတိုင်းဖြေရအောင်လည်း ဒါရဲစခန်းမဟုတ်ဘူး ....
နင်မုန်းချင်တိုင်းမုန်းရအောင်လည်း
ငါ့နင့်ရည်းစားမဟုတ်ဘူး ရှင်းတယ်နော်???

ရန်ကုန်ကိုလာလည်ပါ~~အဲ့မှာ
rockerတွေကအိမ်ရှင်emo တွေကအိမ်ဖော်
~~Rapperတွေကမာလီ~~
punk တွေကခြံ စောင့်~~~
ဘယ်လောက်ပျော်ဖို့ ကောင်းလဲ

အမှားများကို
မှားရန်အတွက် ကြိုးစားပမ်းစား
လိုက်လံရှာဖွေနေသူများအား
လူငယ်ဟုခေါ်သည်

အသဲကွဲ message များ
လမ်းခွဲလိုက်ပါ ချစ်သူ....
.ပြီးတော့မှ ၀မ်းနည်းမနေနဲ့ SoRrY ပဲ...
အဲဒီ့နေရာမှာတင် လဲသေလိုက်
ဦးကျော်သူဆီ ဖုန်းဆက်ပေးမယ်...
သံယောဇဉ်လက်ကျန်လေးရှိလို့ 
ရက်လည်မှာ HiP hOp ShOw လေးပါ
ထည့်ပေးမယ်

သင့်အကြည့်ကို(မျက်လုံး)ကို
ဖမ်းမိသူအတော်များပါလိမ့်မယ်။...
သင့်အချစ်(နှလုံးသား)ကိုတော့...
သင်ချစ်ရမယ့်သူတစ်ယောက်သာ..ဖမ်းမိပါလိမ့်မယ်။

onlineလေးကတွေ့ခဲ့ကြပေမယ့်
အလွန်အလှမ်းဝေတဲ့ချစ်သူလေးကို
ယုံမှန်ပြီးတောချစ်ခဲ့ပါတယ်
ယောင်းယမ်းပြီးတော့
ပုံပြောမသွားပါနဲ့
မခံစားရဲတဲ့ ကိုယ့်နှလုံးသာကို
အမှန်တရားလေးနဲ့တန်းဖိုးထားစံထားစေချင်

အမှန်ကိုပြောပင်မဲ့ယုံကြည်မှု့မရှိတော့ဘူး
အဲ့ဒါလူလိမ်ကိုဒဏ်ခတ်လိုက်တာပဲ . . .

ငါရဲ့သတိရခြင်းတွေ*♥...♥*´`*•.¸♥...♥ ♥...♥¸.•*မင်းဆီမှာအသံမြည်ဖို့*♥...♥*´`*•.¸♥...♥ ♥...♥¸.•*´`*♥...♥ဘယ်နံပါတ်ကို´`•.¸♥.....♥...♥¸.•*´`*♥...♥နှိပ်ရမှာလဲချစ်•.¸♥

မနှစ်သိမ့်ပါနဲ့ တော့ No Need.....
ထားခဲ့ပါ The End....
မတားတော့ပါဘူး Good Bye.....
ပြန်လာမယ်ဆိုရင်တော့ So Sorry......
@ction တိုင်းမှာ reaction တော့ရှိတယ် ဆိုတာ မမေ့ပါနဲ့ ....

သူငယ်ချင်းဆိုတဲ့ဝေါဟာရအတွက်
ငါ့နှလုံးသားကိုဒဏ်ခတ်
ငါ့အချစ်တွေအကျဉ်းချခဲ့တာဟာ
နင့်ကိုသိပ်ချစ်လို့ပါ...

အလင်းရောင်တွေမဲ့
အမှောင်ထဲမှာမင်းတစ်ယောက်သာမျက်လွှာချ
မိုးပေါက်တွေကျကမ္ဘာအေးဘုရားလမ်းမပေါ်က
ငါတို့ပြဿနာည......

တုံးလို့မဟုတ်ဘူး...
မသိချင်ယောင်ဆောင်တာ.....
နင်အလိမ်ပေါ်မှာစိုးလို့


ညီမလေးရေ…ညီမလေးရေ…. 
ကျုံးနံဘေးမြက်ခင်းပြင်ပေါ် အန်ချ 
အဲဒါ တစ်ဘဝလုံးပဲဟေ့။ 
မိမိအသည်းနှလုံးရဲ့ စိတ်ချရလောက်တဲ့ 
လုံခြုံမှုထဲမှာ လူတိုင်းဟာ ငိုကြွေးနိုင်ခွင့်
ရှိတယ်မဟုတ်လား။

ခြေလှမ်းများ ကျောခိုင်းလို့
လှည့်ထွက်စဉ် အားလုံးဟာ
အဆုံးသတ်ဖို့သေချာသွားပီ
အဖြစ်က မနှစ်ကနဲ့မတူတော့ပါလား
တို့အချစ်ဟာ ခဏတဖြုတ်နဲ့
ပျယ်လွင့်ပီ ထပ်ပီးမဆွေးချင်
ထပ်ပီး မလွမ်းချင် မိန်းခလေး

ဘာ? (ကို့ ကိုချစ်တယ်) ဟုတ်လား?
ဟိုးမှာ လူတွေတန်းစီနေတယ်။
အဲဒိမှာ ဟိုးနောက်က 1499 ယောက်မြောက်လူကိုတွေ့လား?
အဲဒိမှာ သွားရပ်နေနော်... အလှည့်ကျရင်ခေါ်မယ်။

တကယ်ဆို ငါ တစ်ယောက်တည်းလို့
ဘယ်သူ ပြောလဲ ကြည့်စမ်း . . .
ရင်ထဲမှာ ငါ့ သူငယ်ချင်းလေး ရှိတယ် .
မိုးည တစ်ညရယ် - ကော်ဖီ ခါးခါး တစ်ခွက်ရယ် -
လိုအပ်ချက်ဆိုတာရယ် - ဥပေက္ခာရယ် - ကွက်လပ်တစ်ခုရယ် -

ခင်ရုံပါဆို ရင်ခုန်စရာ ဘာလို့တွေးတာလဲ။
ရိုးရိုးသိတာပါဆိုလဲ ခိုးခိုးကြည့်စရာ မလိုပါဘူး။
ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက
သိသာတယ်နော်။ အခင်မပိုသေးရင်လဲ
အရင်လိုလေးပဲ ဆက်ဆံပေါ့။


 လိုချင်ရင်ယူသွားကြပါ ပေးချင်ရင် comment မှာ ထပ်ရေးထားခဲ့  ... ဟာသပေါ့

ကြိုတင်ဟောကိန်းထုတ်ပေးပါ....


ဒီနှစ် 2010 world cup ဘောလုံးပြိုင်ပွဲကြီးမှာ ရေဘ၀ဲကြီး တစ်ကောင်ဟောကိန်းတွေ ထုတ်သွားလိုက်တာ အတိ အကျတွေကြီးပဲ ။ လောင်းကစားဒိုင်တွေ အလုပ်ဖြစ်ကြတယ် ။ ကျွန်တော်က လည်းမြန်မာလူမျိုးဗျ သိတယ်မှတ် လား ။ တစ်ခုခု ဖြစ်ရင် ဗေဒင်လေး ယဒရာလေး လုပ်လိုက်ချင်တာလေ ။ မြန်မာနိုင်ငံ မှာ လုပ်မယ့် ရွေးကောက် ပွဲ အစုတ်ပလုပ် မှာ ဘယ်သူနိုင်မယ် ဆိုတာကို ကြိုတင်ဟောကိန်းထုတ်စေချင်တာလေ ။

အကြံရတာနဲ့ ရေဘ၀ဲကြီး ဆီကို ကျွန်တော်သွားခဲ့ တယ်ပဲ ဆိုပါတော့ ..... ဟေ ဟေ
ကျွန်တော် ။  ။ ရေဘ၀ဲ ကြီး ခင်ဗျာ ကျွန်တော် မြန်မာနိုင်ငံကနေ တကုတက လာခဲ့တာပါ ရေဘ၀ဲကြီးက ကြိုတင် ဟောကိန်းထုတ်တဲ့နေရာမှာ အလွန်နာမည်ကြီးနေတယ် ။ ကျွန်တော် လည်း ကြိုတင်သိ ချင်တာ လေး မေးပါရစေ ဗျာ ။
ရေဘ၀ဲ ။  ။ မေးစေဗျာ ။ ကျုပ်အစွမ်းကို ကျုပ်ယုံကြည်တယ် ။ ခင်ဗျားအတွက် အကောင်းဆုံးအဖြေ ပေးနိုင် ပါလိမ့်မယ် ။
ကျွန်တော် ။  ။ အင်း ဟုတ်ပြီဗျာ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီနှစ်ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတဲ့ သတင်း ကြားမိတယ် မှတ်လား ။ ဘယ်သူကမှတော့ သိပ်စိတ်မ၀င်စားကြပါဘူး ။ အယုံအကြည်လဲ မရှိပါဘူး ။ ဒါပေ မယ့် တကယ်လို့များ ဖြစ်သွားခဲ့ ရင် ဘယ်ပါတီအနိုင်ရမယ် ဆိုတာလေး သိချင်တယ်ဗျာ ။
ရေဘ၀ဲ  တော်တော် ကြာကြာလေး စဉ်းစားနေတယ် ။ ပြီးတော့မှ ထပြောတယ် ။ ရေဘ၀ဲ ပြောတာလေး သဘောကျလို့ပါ ။
ရေဘ၀ဲ ။   ။ မဟုတ်ဘူးလေ ငါက ဘောလုံးပွဲတွေပဲ ဟောတာ ။ ငါ ဟင်းအိုးထဲမရောက်ချင်သေးဘူး ။ မပြော ပါရစေနဲ့ ။
ကျွန်တော်လဲ စိတ်ပျက်လက်ပျက်နဲ့ အမိမြန်မာ ပြည်ကြီးကို ပြန်လာတယ် ဆိုပါတော့ဗျာ။

စိန်ခေါ်သူ ရေးပေးထားတာကြာပါပြီ ပြင်တုံးဆင်တုံး ဆိုတော့ မတင်ဖြစ်တာပါ ။

ရယ်ရွှင်ဖွယ် ဟာသများ (၂)

မေးလ် အဟောင်းတွေထဲက ပြန်ရှာပြီး ပို့ပေးထားတဲ့ သူငယ်ချင်းကို အရမ်းကျေးဇူးတင်ပါတယ် ။
နိုင်ငံရေးပြစ်မှု
ထောင်ထဲတွင် ဖြစ်သည် ။
ကြက်ဖက မြေခွေးကိုမေးသည်
" မင်း ဘာမှုနဲ့ ကျတာလဲ"
" ရမ်းကားမှုနဲ့ မင်းရော . . ဘာမှုနဲ့ လဲ"
" နိုင်ငံရေးပြစ်မှုနဲ့ လေ . .
ပိုင်အိုနီးယား(တေဇလူငယ်)တစ်ယောက်ရဲ့ ဖင်ကို ဆိပ်မိလို့"
ဆက်ဖတ်ရန်
ပြီးပါပြီ...

တစ်ဈေးထဲပဲ
ဆိုဗီယက် ကွန်မြူနစ်ခေတ်က ဖြစ်သည်။
အစ္စရေးရှိ အမျိုးများထံသို့ ဂျူးတစ်ယောက် စာရေးသည်။
“တို့ဆီမှာ ဘာမဆို ဈေးကြီးတယ် ၊
ကြက်တစ်ကီလိုကို ၇-ရူဘယ်တောင် ပေးရတယ်”
ဂျူးကို ကေဂျီဘီရုံးသုံး ဆင့်ခေါ်ကာ သတိပေးသည် ၊
“ ခင်ဗျား ဒီစာမျိုး ဆက်ရေးနေရင် အပြစ်ပေးရလိမ့်မယ်”
ကြောက်ကြောက်လန့်လန့် နဲ့ အိမ်ပြန်လာပြီး ဂျူးသည် မိမိဧ။် အဝေးရောက်
ညီငယ်ထံ နောက်စာတစ်စောင်ရေးသည် ။
“ တို့ဆီမှာ ပဒေသာပင်ခေတ် ရောက်နေပြီ ၊
တစ်နေ့ ငါ ဈေးဘက်ထွက်သွားတော့ ဈေးထဲမှာ ဆင်ကြီး တစ်ကောင်ကို ၄-ရူဘယ်
ထဲနဲ့ ရောင်းနေတာ တွေ့တယ် . . ဈေး အင်မတန် ပေါတာပဲကွာ . . ဒါပေမယ့်
ငါမှမလိုဘဲလေ လို့တွေးမိတယ် . .နောက် ၃ရူဘယ် ထပ်ဖြည့်လိုက်ရင်
ကြက်တစ်ကောင်ရပြီမဟုတ်လား ”
ဆက်ဖတ်ရန်
ပြီးပါပြီ...

မှားလို့ပါ
မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .
“ ကိုင်း . . . အ၀တ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”
“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ”
ဆက်ဖတ်ရန်
ပြီးပါပြီ...

ခေါင်းရှုပ်မခံနိုင်ဘူး
ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။
“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ် ၊
ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . . ကလေးတစ်ယောက်မွေးဖို့ က
၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”
ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။
“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”
“ဟုတ်ကဲ့ အန်ကယ်”
“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”
“ ဟုတ်ကဲ့ နေပါတယ် ”
“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”
“ ဟုတ်ပါတယ်”
“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”
“ ၉ပါ အန်ကယ်”
“ အေး . . . အဲဒါပဲ . . . ငါ့ကို နောက်လာပြီး အနှောက်အယှက်မပေးနဲ့ ”
ဆက်ဖတ်ရန်
ပြီးပါပြီ...

အမြစ်ရှာသလားလို့ပါ ...
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်
ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ
လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို
စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို
ရှာနေတာမှတ်လို့...
ဆက်ဖတ်ရန်
ပြီးပါပြီ...

ကျွန်တော်လဲ ချစ်တဲ့သူကို ယူမှာပဲ
တနေ့ မှာ သားအဖ (၂)ယောက်စကားလက်ဆုံကြနေကြပါတယ်။ သားက အခုမှ စကားတတ်စ
(၇)နှစ် ပတ်ဝန်းကျင် လောက်ပဲရှိပါအုံးမယ်။ အဲဒီမှာ သားက အဖေ့ ကိုဘာမေးလဲဆိုတော့ 
သား ... အမေ့ ကိုဘာဖြစ်လို့ လက်ထပ်ခဲ့တာလဲ တဲ့  ?
အဖေ... သားမေမေ ကို အဖေ့ အရမ်းချစ်လို့ ပေါ့ ကွ ..
သား... မေမေ ကရော ဖေဖေ့  ကိုချစ်လား ??
အရမ်းချစ် လို့ ဖေ့ ဖေ့ ကို လက်ထပ်ခဲ့ တာပေါ့ ကွ
အဲဒီမှာ သားက တစခန်းထ လာတယ် ...
သား... အဲဒါဆို သားလဲ သားကိုအရမ်းချစ် တဲ့ သူကို ပဲ ယူမှာပေါ့ ဗျာ
အဖေ... ဟေ မင်း မှာအရမ်းချစ်တဲ့ သူ ရှိလားကွ
သား.... သားကိုအရမ်းချစ်တဲ့ သူ ရှိတယ် ...အဘွားပေါ့  ..သားကြီးလာရင်
အဘွားကိုပဲ လက်ထပ်မှာဗျ
အဖေ... ဟာ ဖြစ်မှလားကွ အဲဒါမင်း အဘွား ငါ့ ကိုမွေးခဲ့ အမေလေ ..
သား... ဟာ ..ဖေဖေ မရဘူးဗျာ ...အဘွား ကိုပဲ လက်ထပ်မယ် ...အဖေ့ ကျတော့
သားအမေ ကို လက်ထပ်ပြီး ..သားကျတော့ ဘာလို့  ဖေဖေ့ အမေ့ ကို လက်ထပ်လို
့မရမှာလဲ ...?
အဖေ... ဟေ .......
ဆက်ဖတ်ရန်
ပြီးပါပြီ...

ခြေထောက်များသူ
တိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက် ဖြစ်နေသဖြင့်
စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန်
ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ
၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို
ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး
စိတ်ဆိုးစွာပြောသည် ။
“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”
မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ
ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။
“ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ”
“အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”
“ ဘာဆိုင်းဘုတ်လဲ ”
“ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”
ဆက်ဖတ်ရန်
ပြီးပါပြီ...

ရယ်ရွှင်ဖွယ် ဟာသများ (၁)

သူငယ်ချင်းတစ်ယောက်က ဟာသလေးတွေပို့ပေးထားတဲ့ အတွက် အားလုံးပဲ စိတ်ပြေလက်ပြောက် ဖတ် ရအောင်ဆိုပြီးရေးပေးလိုက်ပါတယ် ။
မြဲမြဲကိုင်

စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။
“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”

ချောလို့ ဟုတ်ဖူး
“ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံးကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ”“ဘာဖြစ်လို့လဲ”
“တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီမနေ့က ပြောင်းထိုင်လိုက်လို့လေ”

ဈေးလျှော့ ပါ
ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊အရောင်းသမ ကို မေးသည်။
“ဈေးဘယ်လောက်လဲ ”
“၄၀ ပါ”
“၃၀ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်”

အမှားကောင်း
အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ဂျပန်ဝန်ကြီးချုပ် မိုရီ သည်အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ခရီးမထွက် ခင် တွင်အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။
အတူ လိုက် ပါမည့် ဘာသာပြန် သူမှ"ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊
How are you?
လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က
I am fine, and you.
လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က
mee too လို့
ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။ ဂျပန်ဝန်ကြီးချုပ်နှင့်သမ္မတ တို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်
မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)
ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည်ဟာသနှော လိုက်သည်) Well, I am Hilary' husband, and you?har har.
မိုရီ။ ။ Me too, har har har
ဆက်ဖတ်ရန်
ပြီးပါပြီ...

တယောဆရာ
လူနာကို ခွဲစိတ်ရန်အတွက် အားလုံးအသင့် ဖြစ်နေပြီဖြစ်သည် . .
. . လူနာက ခွဲစိတ်ဆရာဝန်ကို မေးသည်။
“ ဒေါက်တာ . . ကျွန်တော့ အူအတက်ဖြတ်ပြီးရင် တယောထိုးနိုင်မလား ခင်ဗျာ . . ”
“ ထိုးနိုင်ပါတယ်”
“ ဟန်ကျတာပဲ . . ကျွန်တော် တယော တစ်ခါမှမထိုးဖူးဘူး ။
အခု ထိုးနိုင်တော့မယ်တဲ့”
ဆက်ဖတ်ရန်
ပြီးပါပြီ...

တံဆိပ်ခေါင်းစုတယ်
“ ကျွန်မ သိပ်ပြီး အထီးကျန်နိုင်တာပဲရှင်” ဟု မေရီက မိမိနှင့် တွဲကနေသူလူငယ်ကို ပြောသည်။
“ လန်ဒန်ကို ကျွန်မယောက်ျား ၂ လတိတိ ခရီးထွက်သွားတယ်ရှင်”
“ ဟန်ကျတာပဲ ” ဟု လူငယ်က ၀မ်းသာအားရ ပြောသည်။
“လန်ဒန်ကနေပြီး သူပို့တဲ့စာတွေ လာရင် ကျွန်တော့်ကိုတံဆိပ်ခေါင်းတွေ ပေးနော်”
ဆက်ဖတ်ရန်
ပြီးပါပြီ...



ဘာကောင်လဲ
“ချာတိတ် . . မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ”
“ မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ။ ဖေဖေက မေမေ့ကို
ကြက်မကြီးလို့ ပြန်ပြောတယ်”
“ အဲ့ဒါနဲ့ ငိုရရောလား ကလေးရဲ့”
“ စဉ်းစားကြည့်လေ . . ကျွန်တော်က ဘာကောင်ဖြစ်မလဲ”
ဆက်ဖတ်ရန်
ပြီးပါပြီ...

စိတ်မဆိုးပါနဲ့
“ ခင်ဗျားဟာ အလွန်အလိုက်ကန်းဆိုး မသိတဲ့လူပဲ . . ကျွန်တော့်ဇနီးကိုယ်ဝန်ရှိနေပြီလို့ ကျွန်တော်က ပြော တယ် . . . ဘယ်သူ့ ဗိုက်လဲလို့ခင်ဗျားက မေးတယ် . . ”
“ တောင်းပန်ပါတယ်ဗျာ . . ကျွန်တော်က ခင်ဗျားသိတယ်ထင်လို့  ပါ”
ဆက်ဖတ်ရန်
ပြီးပါပြီ...

အကြမ်းဖက်သမား
မည်သည့်နိုင်ငံတွင် အရက်သမား ပိုများသနည်း ဆိုသည်ကိုဂေါ်ဘာချော့နှင့် ရေဂင်တို့ အလောင်းအစား လုပ်ကြသည် ၊မော်စကိုသို့ ရေဂင်ရောက်လာသည် ၊ ၄င်းလက်ထဲသို့ နာမည်ကျော် "ကာလတ်ရှနီကော့" အော်တိုမက်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပြီး" မြို့ထဲလျှောက်ကြည့်ပါ . .အရက်သမားတွေ့ရင် ပစ်သာပစ်လိုက်ပါ" ဟုဂေါ်ဘာချော့က ပြောသည်။
ရေဂင်သည် မော်စကိုမြို့လယ်ရှိ ရင်ပြင်နီသို့ထွက်လာသည်။လီနင်အုန်ဂူရှေ့တွင် "ရေချိန်လွန်" နေသူ လူတန်းကြီးကိုတွေ့သည် ။ကျည်ကပ် တစ်ကပ်ပြီးတစ်ကပ် ကုန်အောင် ရေဂင်ဆွဲချလိုက်သည် ။ထို့နောက် ဂေါ်ဘာချော့ထံ ပြန်လာပြီး" ခင်ဗျားတို့ဆီမှာ တွေ့သမျှလူတွေတိုင်း အရက်သမားတွေချည်းပါလား . .ကျုပ် တို့ဆီကို လာကြည့်စမ်းပါ"
"စိတ်ချ . . လာခဲ့မယ် . .လာကိုလာခဲ့မယ်" ဟု ဂေါ်ဘာချော့စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ဂေါ်ဘာချော့ . .နယူးယောက်ကို ရောက်လာသည် ။ အမ် ၁၆ တစ်လက် ကိုင်ကာ မြို့ထဲလျှောက်သည်။
နေရာအနှံ့ "ဆေး" သမား များကိုသာ တွေ့သည်။ညနေပိုင်းရောက်လာ သောအခါ ပင်ပန်းပြီး စိတ်တိုနေသော ဂေါ်ဘာချော့သည်ဘရောဒ်ဝေးဘက် တက်သည်။မိုးပျံအဆောက်အအုံဧ။် အထပ် ၆၀ ခန့်တွင် တစ်ထပ်လုံးမီးလင်းနေပြီး ဆူညံသံပုလင်းကွဲသံများ ကြားရသည်။"ဒီနေရာမှာ အရက်သမား တွေရှိမှာပဲ "ဟု တွေးကာ ယင်းအထပ်သို့ တက်သည် ၊ရောက်သော် အရက်ဘားတစ်ခုဖြစ်နေပြီး လူ၅၀ ခန့် မူးရူးပျော်ပါးနေကြသည်ကိုတွေ့သည်။
အားလုံးလဲမူးနေသည်။အားလုံးကို အမ်၁၆ ဖြင့်ဆွဲချလိုက်သည်။နောက်တစ်နေ့သတင်းစာများတွင် " နယူးယောက် ဘားတစ်ခုမှာ နဖူးပေါ်တွင်အမာရွတ်ပါသော အကြမ်းဖက်သမားတစ်ဦးဆိုဗီယက် သံရုံး ၀န်ထမ်းများအားလုံးကို ပစ်သတ်လိုက်ခြင်း"ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ပါလာလေသည်။
ဆက်ဖတ်ရန်
ပြီးပါပြီ...

မယုံဘူးတဲ့
နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းကမိန်းမများကိုစုရုံးစေသည်။
" အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကိုတစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက် ခဲ့ဖူးရင်ရှေ့တစ်လှမ်းတိုးစမ်း"
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာရှိသော မိန်းမတစ်ယောက်သာ နေရာတွင်မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . ." အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်"
ပြီးပါပြီ...

မဟုတ်တဲ့နေရာက ကြီးနေတယ်
မင်္ဂလာဦးည လွန်မြောက်ပြီး ဇနီးမောင်နှံ ၂ယောက် . .ယောက်ျားဖြစ်သူအတွက် ဖိနပ်ဝယ် ထွက်ကြ သည်။ဖိနပ်ဆိုင်တွင် အရောင်းဝန်ထမ်းက နံပါတ် ၄၅ ယူလာသည် ။ လူငယ်စီးကြည့်သည် ။အလွန်ငယ် နေသည်။နံပါတ်၄၆၊ ထို့နောက် ၄၇ မတော်ပါ ဖိနပ်မှာ ငယ်နေသည်။
"ကျွန်မတို့ဆိုင်မှာ ဒိထက်ကြီးတဲ့ နံပါတ်မရှိတော့ဘူးရှင့်"
စိတ်ပျက်လက်ပျက်ထွက်လာကြရင်း ဇနီးဖြစ်သူကပြောသည် . .
"ဘယ်လိုမှမတတ်နိုင်ဘူး ရှင့်ခြေထောက်တွေက ကြီးလွန်းတာကိုး"
"အေးကွာ ငါကတောသားကိုး ဖိနပ်မပါပဲ လမ်းလျှောက်ထွက်တာများလို့ ခြေထောက်တွေတဖြည်းဖြည်း ကြီးလာတယ်ထင်တယ်"
"ရှင် ဘောင်းဘီမ၀တ်ပဲလျှောက်ရင် ပိုတောင်ကောင်းဦးမယ်"
ဆက်ဖတ်ရန်
ပြီးပါပြီ...

အလှူခံ
ရေကူးကန် ဆောက်လုပ်ရေးအတွက် အလှူလာခံရာ
ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို အော်မေးသည် ။
"မိန်းမရေ ဘယ်လောက်လှူလိုက်ရမလဲ"
မိန်းမဖြစ်သူက
"ရေ၃ပုံးလှူလိုက်လေ"
အကောင်းမြင်သမား နဲ့ အဆိုးမြင်သမား
အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည် . . ." ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး . . ..ဒီထက်ပိုပြီးမဆိုး နိုင်တော့ ဘူး"အကောင်းမြင်သမားက အားတက်သရော ပြောသည် . ."ရှိနိုင်သေးတယ် . . ရှိနိုင်သေးတယ်"
ဖော်ဝပ်မေးလ် ထဲမှ ပြန်လည် ဖော်ပြခြင်း ဖြစ်သည်

ငတုံးသုံးယောက်

တစ်ခါက လူတစ်ယောက်ရှိတယ်။ သူကသူ့ကိုယ်သူ ပညာရှိလို့ အထင်ကြီးနေတဲ့သူပေါ့။ သူ့ တပည့် အခြွေအရံတွေကလည်း သူ့နားမှာဝိုင်း မြှောက်ပင့်စားနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့တပည့်တွေထမ်းလာတဲ့ ဝေါယာဉ်ပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ မြို့ထဲကိုထွက်လာရော လမ်းတစ်နေရာလည်းရောက်ရော လူတွေက သူ့ကို ” ငတုံးကြီး ” ဆို လက်ညိုးဝိုင်းထိုးပြီး အော်လှောင်ကြပါလေရော။
ဒီတော့ ပညာရှိဆိုသူက သူ့တပည့်ကို ” လူတွေက ငါ့ကို ငတုံးကြီးလို့ ခေါ်နေပြီ..သွားစမ်းကွာ မင်း ငတုံးသုံးယောက် ရအောင်အမြန်သွားရှာ ဖမ်းခေါ်လာခဲ့။ သူတို့ရှိမှ ငါခံသာမှာ။ မြန်မြန်သာသွားရှာချေ” လို့အမိန့်ပေးလိုက်တယ်။
ဒါနဲ့ တပည့်လုပ်သူလည်း ငတုံးရှာပုံတော် ဖွင့်တော့တာပေါ့။ မြို့တစ်နေရာရောက်တော့ လူတစ်ယောက်က ခေါင်းပေါ်မှာ လေးပင်တဲ့အထုပ် တစ်ထုပ်ရွက်လို့ မသက်မသာပုံစံနဲ့ မြင်းစီးလာတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ” ခင်ဗျားက ဒီလောက်လေးတဲ့အထုပ်ကို ဘာလို့မြင်းပေါ်တင်မစီးဘဲ ခေါင်းပေါ်ရွက်လာရတာလည်း ” လို့ မေးတယ်။ ဒီတော့ မြင်းနဲ့လူက ” ဒီလိုလုပ်မှ ကျုပ်မြင်းသက်သာမှာပေါ့ဗျ ” လို့ပြောတယ်။ တပည့်လည်း ၀မ်းသာသွားတယ်။ ” ခင်ဗျားက ငတုံးဘဲ။ လာကျုပ်နောက်က လိုက်ခဲ့။ ရုံးတော်ကို သွားကြမယ်” ဆို ဖမ်းခေါ်လာခဲ့တယ်။
ဒီလိုနဲ့သွားရင်း မြို့အ၀င်ဂိတ်ကို ရောက်လာတယ်။ အဲ့ဒီမှာ လူတယောက် ၀ါးလုံးတစ်လုံးနဲ့ မြို့အ၀င်ဂိတ်ကိုဖြတ်မရဘဲ အခက်ခဲတွေ့နေတယ်။ သူက၀ါးလုံးကို အလျှားလိုက် လျိုမထည့်ဘဲ ဒေါင်လိုက်ထောင်ဝင်တော့ နိမ့်တဲ့အ၀င်ဂိတ်ထက် ပိုရှည်နေတဲ့ဝါးလုံးက ကန့်လန့်ဖြစ်ပြီး ၀င်မရဖြစ်နေတော့တာပေါ့။ ဒီတော့ တပည့်လုပ်သူက ” ခင်ဗျားလည်း နောက်ထပ်ငတုံးတစ်ယောက်ဘဲ။ ကျုပ်နဲ့လိုက်ခဲ့” ဆိုပြီး သူ့ဆရာပညာရှိဆိုသူရဲ့ အိမ်ကိုခေါ်လာခဲ့တယ်။
အိမ်ကိုရောက်တော့ ” တပည့်တော့ ငတုံး၂ယောက် ရလာပါပြီဆရာ.. နောက်တစ်ယောက်ဘဲ လိုပါတော့တယ် ” လို့ပြောတော့ ပညာရှိဆိုသူက ၀မ်းသာအားရနဲ့ ” ငတုံးတွေရလာပြီပေါ့၊ သူတို့ဘာလုပ်ခဲ့လဲ ဆိုတာအတိအကျ လျှောက်တင်စမ်း” လို့ပြောတယ်။
ဒီတော့တပည့်က ” တစ်ယောက်က မြင်းသက်သာအောင် ခေါင်းပေါ်အထုပ်တင်ပြီး မြင်းကိုစီးတယ်.. ကျန်တစ်ယောက်က မြို့တံခါးကို ၀ါးလုံးရှည်တစ်လုံးနဲ့ ၀င်မရဖြစ်နေလို့ပါ “ လို့လျှောက်တင်လိုက်တယ်။
အဲ့ဒီတော ပညာရှိဆိုသူက ဟက်ဟက်ပက်ပက်ရယ်ရင်း..” ဟား..ဟား..ဟား မင်းတို့ဟာ တကယ့်ကိုငတုံးတွေဘဲ၊ လာ..လာ မင်းတို့ကိုပိုပြီးတော်လာအောင် ငါပြုပြင်ပေးမယ် “
” မြင်းနဲ့လူ.. မင်းက မြင်းရဲ့အလျားထက်ပိုရှည်တဲ့ တုတ်တစ်ချောင်းရှာ.. ပြီးရင်တုတ်ထိပ်မှာ မင်းရဲ့လေးလှပါတယ်ဆိုတဲ့အထုပ်ကိုမြဲမြဲချည်.. ပြီင်္းတော့အဲ့ဒီအထုပ်ကို ပုခုံးမှာထမ်းပြီး မြင်းစီးသွားရင် မင်းရဲ့မြင်း သက်သာသွားလိမ့်မယ်.. “
” နောက်..၀ါးလုံးနဲ့လူ.. မင်းက လွှတစ်ချောင်းရှာလိုက်၊ ပြီးရင်မြို့တံခါးမှာသွားတိုင်း.. တံခါးထက်ပိုရှည်ထွက်နေတဲ့ အပိုင်းကိုလွှနဲ့ဖြတ်လိုက်.. ဒါဆိုမြို့ဂိတ်ဝတံခါးကို မင်းဖြတ်လို့ရသွားလိမ့်မယ် ” လို့ပြောလိုက်တယ်။
အဲ့ဒီတော့ ပညာရှိဆိုသူရဲ့တပည့်က သူ့ဆရာကို အခုလိုပြောလိုက်တယ်။
” ဆရာရေ.. တတိယငတုံးကို တပည့်သွားရှာစရာ မလိုတော့ဘူးဗျ..”

ရှေ့နေတစ်ယောက် အမြန်အလိုရှိသည်

ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တယ်ဗျာ။
အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါ ကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ် ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။
“အိုကွာ ဒါဆိုရင် သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန်
လုပ်မယ်ကွာ”၊
“ဟကောင်ရ အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊
“ဟာ ဒါဆိုရင်တော့ ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊
“သြော် မင်းက ဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။
“ကျွန်တော်ချစ်တာကို သူမသိနိုင်ရင် နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ
ငေးတော့မယ်ကွာ၊ ကိုယ်ချစ်နေရရင် ပြီးတာပါပဲလေ”၊
“ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ ငြိနေဦးမယ်နော်၊ ကြည့်လုပ်
ကြည့်လုပ်”၊
“ဟ မင်းဟာက အမှုတွေ များလှချည်လား၊ တော်ပြီကွာ မချစ်တော့ဘူး”၊
“ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့ အဲဒါမှ ထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်”
တဲ့။
ကဲဘယ်လိုလုပ်ရတော့မလဲဗျာ၊ ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။

မြန်မာပြည်မှာရှိတဲ့ တရားနည်းလမ်းကျသော ဥပဒေလေးတွေနဲ့ ဟသလေး ရေးထားလို့တင်ဖြစ်တာပါ။
နိုင်ငံရေးမပါရင် လုံးဝမတင်ဘူး။

ရေနဲ့ မီး

ရေရှားသူမှ မိုးမျှော်သည် မဟုတ် မီးရှားသူလည်းမိုးမျှော်သည်။
ရေနဲ့ မီး

တစ်ခွန်းဆို တစ်ခွန်းပြောတဲ့သူကြီးရယ်

အာဖျံကွီးတို့တိုင်းပြည်မှာ အာဏာအမဲရိုးကို ကိုက်ချီပြီး တွေ့ရာလူကို မာန်တဖီဖီလုပ်နေတဲ့ နအဖစစ်ခွေး တစ်အုပ်ဟာ အာဏာလက်မလွှတ်ရရေးအတွက် ဥာဏ်နီဥာဏ်နက်မျိုးစုံသုံးပြီး မိုက်တွင်းနက်နက် ဆက်ယက် နေလေရဲ့။ သူတို့ရဲ့ ဥာဏ်နီဥာဏ်နက်တွေက ဘယ်ဘက်မှာသွားပြီး အားကောင်းနေသလဲဆိုရင် ‘မကောင်းမှု မှန်သမျှ နအဖက’ ဆိုတဲ့ ဆိုရိုးစကားအသစ်ကိုတောင် နောင်လာနောက်သားတွေ ဆင်ခြင်နိုင်ဖို့ အမွေအဖြစ် ထားခဲ့ရမလိုလို …။ ဘယ်လိုမကောင်းမှုတွေလဲဆိုတော့ …

(၁) နိုင်ငံရေးဖျက် နအဖစက်
(၂) အုပ်ချုပ်ရေးဖျက် နအဖစက်
(၃) တရားရေးဖျက် နအဖစက်
(၄) ဘာသာရေးဖျက် နအဖစက်
(၅) စီးပွားရေးဖျက် နအဖစက်
(၆) ပညာရေးဖျက် နအဖစက်
(၇) ကျန်းမာရေးဖျက် နအဖစက်
(၈) လူမှုရေးဖျက် နအဖစက်
(၉) စည်းလုံးရေးဖျက် နအဖစက်
(၁၀) ညီညွတ်ရေးဖျက် နအဖစက်
(၁၁) ခေတ်မီရေးဖျက် နအဖစက်
(၁၂) ဖွံ့ဖြိုးရေးဖျက် နအဖစက်
(၁၃) တိုးတက်ရေးဖျက် နအဖစက်
ဆိုသလို သူတို့မှာရှိတဲ့ အာဏာစက်မှန်သမျှဟာ ဖျက်ဆီးတဲ့နေရာမှာသာ အားကောင်းလို့နေလေရဲ့။

နအဖဟာ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေးတွေသုံးပြီး အဲဒီဖျက်ဆီးရေးစက်ကြီး (၁၃)ပါးနဲ့ ကိုယ်တိုင်ကိုယ်ကျ ဖျက်လို့အားမရသေးဘဲ သူတို့ရဲ့စားကြွင်းစားကျန်တွေ ပေးကျွေးပြီး အဖျက်လုပ်ငန်းကို ကူညီဖို့အတွက် လက်ကိုင်တုတ်အဖြစ်ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ၊ ပြည်သူ့စစ်၊ အရန်မီးသတ်၊ အရန်ကြက်ခြေနီ၊ မီဒီယာကို မီဒီယာနဲ့တုန့်ပြန်ရေးအဖွဲ့ဆိုတဲ့ မာဖီးယားဂိုဏ်းဆန်ဆန် အဖွဲ့အစည်းတွေလည်း ဖွဲ့ထားသေးရဲ့။ ပြည်သူတွေကိုကျတော့ လူစုရင်ဖမ်းမယ်၊ အဖွဲ့ဖွဲ့ရင်ဖမ်းမယ်လို့ ခြိမ်းခြောက်ပြီး ငြိမ်ဝပ်ပိပြားအောင် လုပ်ထား လေရဲ့။ ယုတ်စွအဆုံး ဗြဟ္မစိုရ်လူမှုရေးအသင်း၊ နာရေးကူညီမှုအသင်းလို ပရဟိတအကျိုး သယ်ပိုးနေတဲ့ သူ တော်ကောင်းတွေကို တောင် ပြဿနာအမျိုးမျိုး ရှာတတ်လေရဲ့။

နအဖရဲ့ အဲဒီမာဖီးယားဂိုဏ်းဝင်တွေဟာ တီဗွီဖန်သားပြင်ပေါ်ကနေ နအဖခိုင်းစေတဲ့အတိုင်း အလိမ်အညာ လူထု အစည်းအဝေးတွေ လုပ်လားလုပ်ရဲ့။ မျက်နှာပြောင်တိုက်ပြီး မဟုတ်တန်းတရား ကြွေးကြော်သံတွေ အော်လားအော်ရဲ့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီးလာတဲ့ကားကို ၀ိုင်းရိုက်လားရိုက်ရဲ့။ ဒီပဲ ယင်းလူသတ်ပွဲကြီးမှာ လူသတ်လားသတ်ရဲ့။ လူထုအပေါ် သြဇာကြီးမားတဲ့ စာရေးဆရာမကြီး လူထုဒေါ် အမာနဲ့ စာရေးဆရာကြီး ဒဂုန်တာရာတို့ကို သတင်းစာကနေ စော်ကားမော်ကား ရေးလားရေးရဲ့။ ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်ကို လက်သီးနဲ့ ၀င်ထိုးလားထိုးရဲ့။ နိုင်ငံရေးအကျဉ်းသား ကိုသက်နိုင်ဦးကို သေအောင် ၀ိုင်းရိုက်လားရိုက်ရဲ့။ နိုင်ငံတကာကအကူအညီပေးနေတဲ့ အန်ဂျီအိုအဖွဲ့တွေကို နှောက်ယှက် လားနှောက်ယှက်ရဲ့။ ပြည်သူတွေအပေါ် အသားလွတ် ဗိုလ်ကျအနိုင်ကျင့်လားကျင့်ရဲ့။ အဲသလို သူတို့လုပ် ဆောင်နေတဲ့ ဒုစရိုက်လုပ်ငန်းတွေကို စာဖွဲ့ရရင်ဖြင့် အမှိုက်ကားတစီးတိုက်စာ ရလောက်ရဲ့။ နည်းနည်းနော နောမှ မဟုတ်တာ။

အခုလည်းကြည့် … ။ နအဖလုပ်ပုံကိုပြောပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို အပြစ်မဲ့ ဖမ်းဆီးခေါ် ဆောင်သွားလို့ ကျန်ရစ်တဲ့ ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးအမြန် ဆုံးလုပ်ဖို့ ပြည်သူတွေဆီက လူထုလက်မှတ် ကောက်ခံစုဆောင်းမှု (Signature Campaign) လုပ်တယ်။ တိုင်းပြည်အတွက် ဘယ်လောက်ကောင်းတဲ့ ရည်ရွယ်ချက်လဲ။ ဒါကိုလည်း သူတို့နှောက်ယှက်လား နှောက် ယှက်ပြန်ရဲ့။ အဲသလို နှောက်ယှက်တဲ့ကြားက ငိုအားထက်ရယ်အားသန်ဆိုတဲ့ အဖြစ်အပျက်ကလေး အာဖျံ ကွီးကြုံခဲ့ရပုံကို ပြောပြချင်သေးတယ်။

တရက်မှာ အာဖျံကွီးနေတဲ့ ရပ်ကွက်ထဲကို အဲဒီလူထုလက်မှတ်ကောက်ခံလွှာတွေ တိတ်တိတ်ပုန်း ချီတက်လာ တယ်။ တယောက်တဆင့် လက်သိပ်ထိုးလက်ဆင့်ကမ်းရင်း လက်မှတ်တွေကြိတ်ထိုးကြ၊ ကြိတ်စုကြတယ်။ အဲဒီ သတင်းကိုလည်းကြားရော နအဖလက်ပါးစေ မာဖီးယားဂိုဏ်သားတွေ ရပ်ကွက်ထဲကို တအိမ်တက်ဆင်း ကင်း လှည့်ပါလေရော။ ထိုးသလား၊ မထိုးဘူးလား တအိမ်တက်ဆင်း လျှာအရိုးမရှိ လျှောက်မေးနေလေရဲ့။ ထိုးတဲ့လူကလည်း ဘယ်သူကထိုးတယ် ပြောမှာလဲနော့။ နအဖကို သောက်မြင်ကတ်တဲ့သူက တစ်ရပ်ကွက် လုံးဆိုတော့ ထိုးလည်း မထိုးဘူးလို့ပဲ လိမ်ပြောကြတာပေါ့။ အဲဒါကို မာဖီးယားဂိုဏ်းဝင်တွေက မကျေနပ်သေး ဘဲ လက်မှတ်မထိုးဘူးဆိုတဲ့အကြောင်းကို တအိမ်တက်ဆင်း ၀န်ခံကတိအနေနဲ့ လက်မှတ်လိုက်ထိုးခိုင်းပြန် လေရဲ့။ အတော်များ များကတော့ နားအေးပီးရော ထိုးပေးလိုက်ကြတာပေါ့။ အဲ … ဒါပေမယ့် လူ့ဂွစာကြီး အဘကန့်လန့်ရဲ့ အိမ်ကိုလည်းရောက်ရော အဘကန့်လန့်ပြောလိုက်တဲ့ စကားကြောင့် အဲဒီမာဖီယားဂိုဏ်း သားတွေ ကုတ်ကုတ်ကုတ် ကုတ်နဲ့ ပြန်ဆင်းပြေးသွားကြတယ်လို့ အာဖျံကွီးကြားရတယ်။ အဘကန့်လန့်ပြော တဲ့စကားကို တဆင့်ပြန်ကြားရတဲ့အခါ အာဖျံကွီး အူတက်အောင် ရယ်မိပါလေရဲ့။

အာဖျံကွီးကို အူတက်စေတဲ့ အဘ ကန့်လန့်ရဲ့ စကားကတော့ ‘ဟိုတနေ့က မင်းတို့ပဲ မထိုးနဲ့ဆိုလို့ မထိုးဘူး ပြောပြီးပြီပဲ၊ ဒီနေ့ကျမှ ဘာတွေ လာထိုးခိုင်းနေတာလဲ၊ သွားကြ သွားကြ ကန့်လန့်တို့က တစ်ခွန်းဆိုတစ်ခွန်းပဲ၊ မထိုးဘူးဆို မင်းတို့ကြီးတော်ကြီး ခေါ်လာလည်း မထိုးဘူးပဲ’ ပါတဲ့ ခင်ဗျာ။
ဖော်ဝပ်မေးလ်မှ ပြန်လည်ဖော်ပြသည်။

အမျိုးသားများ သတိထားရန်


ချစ်သူရည်းစား ရှိနေပြီဖြစ်ကြသော ချစ်ညီကိုများ အတွက် သတိပေးစကားပြောချင်ပါတယ်။ယနေ့ခေတ်မှာ တက်တူးထိုးတာ တွေခေတ်စားလာပါသည် ။ ချစ်သူစုံတွဲများ ကိုယ့်ချစ်သူရဲ့အမည်တွေကို ခန္ဓာကိုမှာ အမှတ်တရတွေထိုးတတ်ကြပါတယ် ။ မိန်းခလေးများ မဖတ်ရ
အင်း ဆက်တော့ပြောရတော့မှာပဲ
မိန်းခလေးတွေဟာ ကိုယ့်ချစ်သူရဲ့နံမယ်ကို ခါး(နောက်ကျောဘက်)မှာထိုးတတ်ကြပါတယ်။သတိပြုရမှာက အိမ်ထောင်မပြုကြခင် မှာ ကိုယ့်ချစ်သူခါးမှာ ဘာစာသားတွေများရှိနေလဲ။နောက်တစ်ခုက ကိုယ့်နာမယ်က အောက်ဆုံး နေရာမှာ ရောက်နေလားဆိုတာရယ်နဲ့ ...
ဆက်ပြောရအုံးမှာပဲ အရေး ကြီးဆုံးကိစ္စနော်
ဘာလာလာ တို့ ၀င်လာမဆဲ တသဲသဲ 
ဆိုတဲ့ စကားလုံးတွေများ ထိုးထားတယ်ဆိုရင်အလွယ်တကူ ရှောင်နိုင်တိမ်း နိုင်ကြဖို့ ချစ်ကိုကြီးတွေ ဘော်ဒါတွေကို သတိပေးတာပါ။..

လိုရာဆုကိုတောင်းပါ...


လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်းနဲ့ စာဖတ်နေခဲ့၏။ အနီးအနားသို့ ကျွန်တော်နဲ့ ရွယ်တူနီးပါး
အကို သုံးယောက်ရောက်လာကာ ဘေးချင်းကပ်ဝိုင်းတွင်ထိုင်ကြသည်။ သူတို့စကားပြောနေ
ကြသည်။စာဖတ်နေရင်းမှ သူတို့ဝိုင်းဘက်သို့ အာရုံရောက်သွားသည်။ ရခိုင်သံဝဲ၀ဲ၊အသံကျယ်
ကျယ်ဖြင့် တစ်ယောက်ပြောနေသော ဟာသစကားလုံးကြောင့် စာဖတ်ရင်းနဲ့ ရယ်ချင်လာ၏။
စကားက၀ဲသေး အသံကလည်း ကျယ်သေး ပြောတာကလည်း ဟာသဆိုတော့ကာ....
လိုရာဆုကိုတောင်းစေ ဆိုတဲ့စကားပုံလေးနဲ့ သူ့သူငယ်ချင်းကို ရှင်းပြနေတာပါ
 
မိသားတစ်စုဟာအလွန်ဆင်းရဲ ရှာပါတယ်တဲ့ ။ သူတို့တွေ ဆင်းရဲမွဲတေနေတာကို မကြည့်
ရက်တဲ့ ဖန်ဆင်းရှင် တစ်ပါးက လေးနဲ့ မျှားသုံးချောင်းကိုပေးတယ် ။ မြှားတစ်ချောင်းစီကို
ပစ်ပြီး လိုရာဆုကိုတောင်း ပြည့်စေလိမ့်မယ် လို့ ဖန်ဆင်းရှင်က ပြောသွားသတဲ့ဗျ ။
ဘေးနားက မိသားစုဝင်တွေ ကလည်းနားထောင်နေကြတာ ဆိုတော့ဖန် ဆင်းရှင်ကြီး
ပြောသွားတာကို ကြားကြသပေါ့။ ဖန်ဆင်းရှင်ကြီးလည်း ပြန်သွားရော မိန်းမကစပြီး သား
သမီးတွေအဆုံး လိုချင်တာတွေပြောတော့တာပဲဗျို့။ ယောက်ျားလုပ်သူလည်း စိတ်ညစ်လာ
တာနဲ့ (..)ဓမပဲကွာ ဆိုပြီး မြှားတစ်ချောင်းကို ပစ်လိုက်သတဲ့ ။ သူနှုတ်က ထွက်သွားတဲ့
ဟာတွေ အများကြီး ရောက်လာပါလေရောဗျာ။ပိုပြီး စိတ်ညစ်သွားရတာပေါ့။
ဒါနဲ့ အကုန်သွားကွာ ဆိုပြီး နောက်တစ်ချောင်းကို ထပ်ပစ်လိုက်သတဲ့။ သူ့ကိုယ်ပိုင်ပစ္စည်း
လေးပါ ပါသွားပါလေရောဗျို့ ။ အနားက မိန်းမနဲ့ သားသမီးတွေလည်း တအံ့တသြဖြစ်နေ
ကြတာပေါ့။ အင်းနောက်ဆုံးတစ်ချောင်းပဲ ကျန်တော့တယ် ။ ကိုယ့်ပစ္စည်းလေးတော့ကိုယ်
ပြန်ရအောင် ယူရမှာပဲ ဆိုပြီး... ငါ့ဟာလေးတော့ ပြန်လာခဲ့ဆိုပြီး နောက်ဆုံးတစ်ချောင်း
ကိုပစ်လိုက်ရတော့တာပေါ့။ ဘာမှ မဆိုးရိမ်ပါနဲ့ ပြန်ရောက်လာပါတယ်။
တွေးမိတာက “တော်သေးသပေါ့ သုံးချောင်းပေးခဲ့ပေလို့ နှစ်ချောင်းတည်းသာဆိုရင်တော့
ဘ၀ပျက်ပြီ”ဟေ ဟေ
အဟာရရှိသောစာကို ဖတ်သကဲ့သို့ တစ်ခါတစ်ရံ ဦးနှောက်ကို refresh လုပ်သည့်အနေ
နှင့် ဟာသလေးတွေလဲ ဖတ်ကြပါ။ တစ်ခါတစ်ရံပေါ့နော်။

မြလေးနိုင်

မီးလာပြီ


မီလာတဲ့ အခါမြန်မာပြည်က လူတွေဘယ်လောက်ထိ ပျော်ကြတယ်ဆို
တာသိရအောင် ပြောပြလိုက်မယ်...
အမြင့်ဆုံးကိုတက် ...
အချစ်ဆုံးကို ဖက်ပြီး...
အကျယ်ဆုံး 3 ခါအော်လိုက်မယ်...
မီးလာပြီ...မီးလာပြီ...မီးလာပြီ..ဟေ့ :D
ညီမငယ်လေး တစ်ယောက် တင်ထားတဲ့ message လေးကို တင်ပေးလိုက်တာပါ။
ရယ်ရတာပေါ့။