လွယ်တာကို ခက်အောင်လုပ်တာ နိုင်ငံရေး



အသက်ကလေးရယ်တဲ့ ဆိတ်ဝှေးစေ့လောက်ဆိုတော့ နေရာတကာ ဘွာလောင်ဘွာလောင် လုပ်လို့ မကောင်း ဘူး။ဗိုလ်ချုပ်တို့ခေတ် အောင်ဆန်းတို့ခေတ်ကတော့ ဆယ်ကျော်သက်တွေ အလုပ်ဖြစ်တယ်။ အခုချိန်က အိုဗာ 45တွေ ကြီးဆိုးတဲ့ခေတ်ဖြစ်နေတော့ ကိုယ်တွေပြောတဲ့ စကားလူရာသိပ်မ၀င်ဘူး။ တစ်ခါ တစ်လေများ တိုင်းတစ်ပါးပြန်ကျူးကျော်လိုက်စမ်းပါလို့ ဆုတောင်းမိတယ်။ အဲဒီအချိန်ကြမှ လူကြီးတွေ ကြောက်အားကြီးလို့ အမြှီးကုတ်ပြီး လူငယ်တွေကို မြှောက်ပေးကြမှာ။ အခုဟာက အေးအေး သက်သာ နေရ စားရတာဆိုတော့ လူငယ်တွေကို နေရာမပေးနိုင်ဘူး။ ဟုတ် တယ် ဟုတ် ။ `အသက်ကလေးရယ်တဲ့ ဆိတ်ဝှေး စေ့လောက် ၊ မမှီမကမ်း ရမ်းမျှော်ကာ တွေးမိတော့ ခေါင်းတွေလည်းဖြူ ၊ ဦးနှောက်တွေလည်းခြောက်၊ ညစ်တီး နောက်တောက်နဲ့ပြောရရင်တော့ အမိမိုက်သား ဖြစ်လေရော့ လဟယ်။
ငါ့အတွေး နယ်ရယ်မှ မိသားစုအရေး မပါ ၊ စီးပွားရေးအကြောင်း မတွေး၊ အတွေးနယ် ချော်လေရော့ နိုင်ငံရေး အကြောင်းတွေကိုမှ တွေးမိလျှက်သား ဖြစ်နေပါပေါ့လား ။ တစ်ထွာ တစ်မိုက် လူစဉ်မမီတဲ့အတွေးနဲ့ နိုင်ငံရေးကို ဇာချဲ့ ဟာသမဆန်တဲ့ ပျက်လုံးတွေနဲ့ ရေးရော့မဟယ်။
ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံရေး
နိုင်ငံတကာ တီကာကျမ်းအသွယ်သွယ်ကိုတော့ ဖြင့် အင်္ဂလိပ်ပေစာမကျွမ်းလို့ မဖတ်မိပေါင်ဗျာ။ ပြည် တော်သာ မြန်မာပြည်သား ဖြစ်လေတော့ လွတ်လပ်ရေးဖခင်လို့လည်း ဆိုကောင်းရဲ့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးရှင်း တမ်းလေးတော့ ဖတ်မှတ် ဖူးသား။ ဗိုလ်ချုပ်ဆို မမှားလေနဲ့ဦး။ အရာထောင်သောင်း ဗိုလ်ချုပ်အပေါင်းထဲက အနန္တောအနန္တ ခြောက်ပါးသောဂုဏ်အင်ထဲက `ဗုတ်ချိုအန်းဆောင်´ ဗိုလ်ချုပ်အောင်ဆန်း ပေါ့ဗျား။ အနန္တော အနန္တထဲမှာ ဗိုလ်ချုပ်ကိုထည့်ထားတယ်ဆိုတာ သူ့ဂုဏ်အင်နဲ့ ထိုက်တန်လို့နော်။ တခြားဗိုလ်တွေကို စိတ်ရူး ပေါက်ပြီး သွားမထည့်ကြနဲ့ဦး။ ဗိုလ်ချုပ်က ဘယ်လိုမိန့်သလဲဆို နိုင်ငံရေးဆိုတာ `လူတွေရဲ့ စားမှု၊သောက်မှု၊ နေမှု၊ ထိုင်မှု အစုစုဟာ နိုင်ငံရေးလို့ ဆိုရဲ့မှတ်လား။ စားမှုအဆင်မပြေ ၊ နေထိုင်မှုအဆင်မပြေ၊ သွားမှုလာမှု အဆင်မပြေ `မပြေ´တာတွေစုပေါင်းလိုက်ရင် နိုင်ငံရေးရာသီဥတု မုန်တိုင်းထန်နေတာမဟုတ်ဘူးလား။

ဒီအလုပ်ပဲ ရှိတယ်
အရှည်အရှည်မတွေးနဲ့ နိုင်ငံရေးမှာ ကိုယ်ကျိုးမရှာတဲ့ နိုင်ငံရေးသမားနဲ့ ကိုယ်ကျိုးရှာတဲ့ နိုင်ငံရေးသမား နှစ်မျိုးပဲ ခွဲမယ်လို့ နိုင်ငံရေးသမားတစ်ယောက်ကလည်း ပြောဖူးလေရဲ့ဗျာ။ နိုင်ငံရေးမှာက ဗိုလ်ချုပ်ပြောသ လောက်လွယ်တယ်။ ကမ္ဘာနဲ့ချီပြီးလုပ်နေတဲ့ နိုင်ငံရေးကလည်း ဒီအရေးတွေပဲမဟုတ်ဘူးလား။ ဒီအပြင် နိုင်ငံရေး မှာလုပ်စရာရှိသေးလားလို့မေးရင် ရှိစကောင်းပါရဲ့။ နောက်အပိုဒ် အရှည်ချဲ့မယ်။ ရွာကလူတွေ နိုင်ငံ ရေးသမားဖြစ်တာလည်း လူပါးဝတာ မခံနိုင်လို့ ။ ထမင်းလုပ်ပုပ်ချတာကို မခံနိုင်လို့။ မတရားညှင်းပန်း နှိပ်စက် တာကိုမခံနိုင်လို့။ မခံနိုင်တာတွေများပြီး နိုင်ငံရေးသမားဖြစ်တာပဲ။ အခြေခံကတော့ အများပြည်သူမွဲတွေ ဆင်းရဲ နေတဲ့ အဖြစ်တွေကို ကြည့်ပြီး မခံနိုင်မရပ်နိုင် ဖြစ်ကြတာပဲမဟုတ်လား။ ကမ္ဘာနဲ့ချီတဲ့နိုင်ငံရေးမှာရော အာဖရိက ကလူတွေ ငတ်ပြတ်နေတာကို ကျန်တဲ့သူတွေက လက်ပိုက်ကြည့်မနေနိုင်ဘူးလေ။ သူတို့တွေရဲ့ ကျမ်းမာရေး ချို့ယွင်းပြီး ပိန်လှီနေတဲ့အဖြစ်တွေကို သနားစာနာပြီး လုပ်နေကြတာပဲ မဟုတ်လေရော့သလား။ မြန်မာပြည် သား ဦးသန့်က ကိုယ့်နိုင်ငံအရေး ငြိမ်းချမ်းအောင် ဆောင်ရွက်မပေးနိုင်ပေသည့် တခြားသော ကမ္ဘာ့နိုင်ငံတွေရဲ့ မငြိမ်းချမ်းမှုတွေကို ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ကမ္ဘာနဲ့ချီပြီ နိုင်ငံရေးလုပ်တာမဟုတ်ဘူးလား။ နိုင်ငံရေးဆိုရင် တခြားအလုပ်မရှိဘူး။ ဒီအလုပ်ပဲ ရှိတယ်လေ။

အတိုက်အခိုက်နိုင်ငံရေး
ရှိစကောင်းရဲ့ ။ အရှည်ချဲ့မယ်ဆိုတာကို အရှည်ချဲ့ရေးရရင် နှိုင်းဆစရာတော့ ဆင်မကြီးဖင်ပဲ ရှိတော့ မယ်။ နိုင်ငံရေးဆိုတာကို အလွယ်တွေးပြီး ဗိုလ်ချုပ်ပြောတာတွေအလွတ်ရွတ်ပြမိတော့ `ဟကောင် . . . မင်းပြောသလောက်တော့ မလွယ်သေးဘူး´တဲ့။ ဟုတ်ပ။ အချိန်မနှောင်းခင်မှာပဲ နိုင်ငံရေးမှာ ဗိုလ်ချုပ်ပြောသ လောက်တော့ မလွယ်တဲ့ စလပ်ကွက်တွေကို သိရ၊ကြားရတော့တာပဲ။ ပြည်သူ့ကောင်းရာ ကောင်းကျိုး ဘာမှ မလုပ်တဲ့သူတွေလည်း နိုင်ငံရေးနယ်ပယ်မှာ ရပ်တည်နေလေရဲ့။ ဟိုလူကိုတိုက်၊ ဒီလူကို ခိုက်အောင်လုပ် ၊ အပုပ်ချပြီး အမျိုးမျိုးပြောတတ်တဲ့ အတိုက်အခံ နိုင်ငံရေးသမား မဟုတ်တဲ့ `အတိုက်အခိုက်´ နိုင်ငံရေးသမား တွေကလည်း ရှိပြန်ရော။ နိုင်ငံရေးသမားလို့ ပြောတာနော်။ နိုင်ငံရေးမဟုတ်ဘူး။ မင်းသားကြီး နိုင်ငံရေးသမား လို့ ဆိုးလောက်ရဲ့။ တစ်ချိန်တစ်ခါကတော့ ပြည်သူ့အရှေ့ကမားမားမတ်မတ်။ အခုများတော့ မင်းသားချောကြီး တွေ ခေတ်လည်းပြောင်းပါပြီ။ စနစ်လည်းပြောင်းပါပြီလည်း ဆိုရော လက်ရှောင်နေကြရတာနဲ့။ ညှိလိုက် ၊ နှိုင်း လိုက်။ ညှိရင်း နှိုင်းရင်း အချိုသတ် သကာကျွေးခံရတဲ့ နိုင်ငံရေးသမားမျိုးတွေလည်း တွေ့ရလဟယ်။
အော် . . . အော် ဦးဘဂျမ်း ဆိုတဲ့ ကာတွန်း ဘိုးအေကြီး ဘယ်အညှိုးနဲ့များ ရေးထားသလဲ အခုမှ အတွေးပေါ်တော့တယ်။ `ဗမာပြည် လွတ်လပ်ချိန်မှ စ၍ ၊ ယနေ့အထိ ၊ အချို့သော နိုင်ငံရေးသ္မားများ ရရှိခဲ့ သော ဂုဏ်ထူးများမှာ ဖော်ပြပါအတိုင်း ဖြစ်ပါကြောင်း - လောက်ကောင် ၊ စားဖား ၊ အချောင်သမား ၊ သွေဖီရေး သမား ၊ ဖော်လံဖား ၊ လက်ကိုင်ဒုတ် ၊ ခွတုတ် ၊ ဆိတ်ခလောက် ၊ ဖြုတ် ၊ မနုဿီဟ - နောင်ရဆဲလတံ့သော ဂုဏ်ထူးများကို အခွင့်သင့်တိုင်း ဆက်လက်ဖော်ပြမည်ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ ကြေညာအပ်ပါ သတည်း´ ဘဂျမ်း ဆိုပြီး ရေးသွားလေရဲ့ ။ သူသာရှိရင် ယနေ့ခေတ် နိုင်ငံရေးသမားတွေရဲ့ ဂုဏ်ထူး ဂုဏ်ပုဒ် ဘတွေထပ်တိုးလေမလဲ မသိ။


ခက်ပါ့ နိုင်ငံရေး
ရိုးရိုးရှင်းရှင်းနဲ့ နိုင်ငံရေးကြိုးဝိုင်းထဲဝင်ပြီး ဗိုလ်ချုပ်ပြောတာလောက်သိတဲ့ ကျွန်တော်က `လူပါးဝရင် မခံနိုင်။ ဘယ်အကောင်လဲ။ အနိုင်ကျင့်တာဖော်ထုတ်မယ်။ ဘယ်အကောင်လဲ။´ အကောင်အားဖြင့် နှိုင်းဆ ကြည့်တော့ ဧရာမဆင်ကြီးတွေထက် သာတယ်။ ဘုန်းတန်ခိုးအရာမှ ဆဒ္ဒါန်အရှုံးပေးရမှာပေါ့။ အပါးဝတာလည်း သူတို့။ အနိုင်ကျင့်တော့လည်း သူတို့။ သူတို့တွေ ဒီလိုလုပ်နေတဲ့အချိန်မှာ အတိုက်အခိုက်နိုင်ငံရေးသမား တွေကသူတို့အကွက်ကိုနင်းပြီး ကိုယကျိုးရှာ။ အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ မှားနေပြီ။ လွဲနေ တယ်။ ဆိုတာလောက်ပဲ ပြောလို့ရကြမှာပေါ့။ မှန်တိုင်းလည်း လက်မခံ ။ ကိုယ်တိုင်ပြုလုပ်ထားတာတွေက လက်လွန်ခြေလွန်တွေဖြစ်နေတော့ အပါးမ၀သေးတဲ့ နိုင်ငံရေးသမားကို စလပ်ကွက်နဲ့ ပေးကျွေးလိုက်တာမျိုး။ ဟဲ . . . ဟဲ စလပ်ကွက်ထဲ ၀င်အောင်ထည့်တာပေါ့။ အတင်းအဓမ္မကြုံးသွင်းတာမျိုး မဟုတ်ပါဘူး။ တင်းတင်း ကြပ်ကြပ်ချုပ်ထားရာကနေ ကြိုးလေးလျှော့ပေးသွားတဲ့သဘော။
အဆုံးမသတ်နိုင်တဲ့ နိဂုံး
နိုင်ငံရေးမှာပေါ့ဗျာ . . . ဒီလိုနဲ့ ချားရဟတ်ကြီး တစ်ပတ်လည်သလို ဦးတည်ရာကိုလည်း မညွှန်ပြနိုင်။ သမိုင်းဘီးကြီး နောက်ပြည်လည်ဦးမှာလား။ ဘီးကြီးနောက်အလိမ့်မှာ အကြိတ်ခံမထိဖို့လည်း သတိထားနေ ကြရပြန်။ စိုးရိမ်စိတ်များနဲ့ပေါ့။ တစ်ကောင်ကျွေးပြီး သုံးကောင်ရိုက်တဲ့ အကွက်ကလည်းရှိသေး။ နိုင်ငံရေးသမား တွေလည်း မျက်လှည့်အပြခံရ။ ပြည်သူလူထု ဘာဖြစ်လေသည်မသိ။ အညှိုးတကြီး လေကြီးမိုးကြီးနဲ့ ဆော်နေ လိုက်ကြတာ။ ဖင်ထိုင်ခုံက လွင့်ထွက်မသွားစေဖို့ ၊ အာဏာမြဲစေဖို့ ၊ လူရာဝင်စေဖို့ ၊ သူခိုးလက်က တစ်ဝက်ခွဲ ဖို့ ၊ ဖို့ . . .ဖို့ . . . ဖိုဒ် ဆိုတာ မော်တော်ကားကိုပြောတာမဟုတ်။ ကိုယ့်ဖို့တွေချည်း ဖြစ်နေကြလို့လေ။ အော်…. အော် ၊ ဒါကြောင့် …. ဒါ့ကြောင့် နိုင်ငံရေးဆိုတာ လွယ်မယောင်နဲ့ခက် ၊ တိမ်မယောင်နဲ့နက် နိုင်ငံ ရေးဆိုတာ ရှုပ်ထွေး ပွေလီတဲ့ လောကကြီးသဖွယ် ဖြစ်နေရပါပေါ့လား . . . ။

နောင်တော်လေး
ရေးသားပြီးတာ တစ်လကိုးသီတင်းကြာ


နေပြည်တော်ကို ရောက်ခဲ့သည်

ရေပန်းဥယာဉ် အ၀င်အ၀ကို ၇ိုက်လာတာပါ။ ကုန်းခေါင်ခေါင်မှာတည်ထားမှတော့ အဲဒီအတွက် ငွေကုန်ကြေးကျ ဘယ်လောက်များ လိမ့်မလဲ စဉ်စားသာ ကြည့်ကြပေတော့။

နေပြည်တော်ဆိုတာကြီးက ဘယ်လိုဘယ်လိုကြောင့်လဲတော့ မသိ Google earth ကနေ ရှာကြည့်တာတော့ မတွေ့ရဘူး။ ခိုးကြောင့်ခိုးဝှက် နေကြတဲ့နေရာကြီးပေါ့ဗျာ ... အဲဒီနေရာကြီး စတည်တော့ ဆောက်လုပ်ရေး လုပ်သားအဖြစ်နဲ့ေ၇ာက်တယ်ဗျ။ ကုမ္ပဏီတွေရဲ့ ညစ်ကြီးကပ်ကျယ် လုပ်မှုတွေကြားမှာ မမြတ်လဲလုပ် ရှုံးလဲ ခံ လုပ်ခဲ့ရတာ။ ပျဉ်းမနားမြို့ဟာ အဲဒီအချိန်တုန်းက နယ်ပေါင်းစုံက ခရီးသွားတွေနဲ့ အတော်ကို စည်ကားတယ့် ။ ဈေးထဲမှာဆိုလည်း ကြက်ပျံမကျပေါ့ဗျာ ။ အခုအနေအထား သွားကြည့်ပါလား ဘူတာအဟောင်းကို ဖျက် နေပူကျဲကျဲ ကွင်းပြင်ထဲမှာ ဘူတာရုံကြီး အကြီးကြီးဆောက် တကယ်ကို့ စိတ်ပျက်စရာပါဗျာ ။ လုပ်တိုင်း ဖြစ်တယ် ဆိုပြီး ရှောက်လုပ်နေတာ ။သောက်ဆံတွေက ဘယ်က ဘယ်လိုရနေကြလဲ မသိဘူး။ အကြွေးတွေ သာလယ်ပင်းမြုပ်နေတယ်လို့ သတင်းကြားရတယ် ။ ဘကြီးသားတို့ကတော့ နည်းနည်း မှမလျှော့ဘူးနော် ။
ပြောချင်တာက ဘူတာရုံကြီးနဲ့ တစ်ဆက်တည်းပါပဲ ။ သူတို့ဆောက်တဲ့ ဘူတာရုံကြီးလည်း ကြီးပါတယ် ခန်းလည်း ခန်းနားလှပါပေတယ်။ သို့ပေသည့် ဗျာ ဘူတာရုံဆောက်ပြီး ခြံခတ်ထားတာကြီးက ဧရာအန္တလား ။ မလိုအပ်ဘဲနဲ့ မြေကြီး အလဟသ ဖြုန်းတာတွေ တွေ့ရတယ်ဗျာ ။ ရုံးကြီးတွေ ဆောက်ထားလိုက်ပြန်တော့ လည်း မြေနေရာတွေ အဆောက်အဦးအတွက် လိုအပ်သည်ထက် ပိုပြီးယူထားကြတာ သက်သက် မြေကြီး ဖြုန်းတဲ့ အစိုးရပဲ။ တောင်သူတွေ ဒေသခံတွေမှာတော့ ဒီလယ်တွေမှာ စိုက်ပျိုးစားသောက်တဲ့ အလုပ်ကို စွန့်ပြီး အိုစာကနေ မင်းစာ အဖြစ်ပေးလိုက်ကြရတာ။ လယ်သမားကြီး တစ်ယောက်က ပြောလိုက်ပါသေး တယ်။ ငါတို့ လယ်တွေအတွက် တန်ရာတန်ကြေးပေးပြီး သိမ်းတာ မဟုတ်ဘူးတဲ့။ အဲဒါကို တိုင်စာတက်ပြီး တောင်းရအုံးမယ်။ တောင်းမှ ရမယ့်ကောင်တွေတဲ့။ အစိုးရကပြည်သူ့မျက်နှာ မကြည့် ဘူးလို့ပြောရင် ဦးသိန်းစိန်က နေရာတကာ လိုက်ကြည့်နေနိုင်မလားဆိုပြီး ပြောကြအုံးမယ်။ ဦးသိန်းစိန် နေရာတကာ လိုက်မကြည့်ပေမယ့် ကိုယ့်အောက်က ကောင်တွေ ဘယ်လို လုပ်နေတယ် ဆိုတာ တော့ အမှန်အတိုင်းသိအောင်လေ့လာဗျ ။ ခြံကြီးတွေ ဧရာအန္တယူထားပြီး သစ်ပင်ကျတော့ ဟုတ်တိ ပတ်တိစိုက်လားမေး။ ကွင်းပြင်ကြီးထဲမှာ ထီးထီးကြီးတွေ။ ၀န်ထမ်းအိမ်ရာတွေမှာတော့ ငှက်ပျောပင်လေးတွ ပန်းပင်လေးတွေ အရိပ်ရအောင် စိုက်ထားတာကို မြင်ရပါတယ်။ တကယ့်ဗျာ တောတွေ တောင်တွေကို ကတုံးဖြစ်အောင် လုပ်ပြီး ပြန်လည်ပြုစုရတာ။ ထားသင့်တာထားလို့ အတိုင်းအတာနဲ့ လုပ်သွားတယ်လို့ ကျွန်တော်ကတော့ မမြင်ဘူးဗျ။ လုပ်ချင်ရာ စွပ်လုပ်သွားတာပဲ မြင်တယ်။
ပြည်သူလူထုကလည်း လုပ်သမျှ မင်းစာချည်းဖြစ်နေလို့ ဒီမင်း ဒီအစိုးရ ပြောင်းချင်သလို ဟန်လုပ်ပြီး ပြောင်း နေပေမယ့်လည်း ဒီပုပ်ထဲက ဒီပဲ ဆိုတာကို သိနေကြတယ်လေ။ ဘယ်တော့မှ မယုံဘူး။ သေတောင်မယုံဘူး။ အစိုးရကို အဲလောက်အထိ မေတ္တာရှိတဲ့ ပြည်သူတွေပါ။ ဘယ်သူကောင်းမကောင်းဆိုတာတော့ ရှင်းပြစရာ မလိုဘဲ သိပါတယ်။ မကောင်းဘူးဗျာ ။ နောက်မှပဲ ဆက်ပြောတော့မယ်.... ။

“သူကြီးဘုရား ရွာသားကောင်းမှု”





ပြောတော့မပြောချင်ပါဘူးဗျာ………..

မပြောချင်တဲ့အတွက်လည်း စာနဲ့ရေးပြီးဖော်ပြလိုက်ပါတယ်…………

ဘာတဲ့……..လျှပ်စစ်စွမ်းအား(၁) ကနေ ကုမ္ပဏီတွေကို အလှူခံကောက်ပါတယ်. သဒ္ဒါတရားအနည်းအများမဆို ကုသိုလ်ပါဝင်လှူဒါန်းကြပါစို့ဆိုပြီး…ဗျို့ဟစ်သဗျ……..

အကြောင်းအရာက မီးမရရှိတဲ့ကျေးရွာတွေကို အလင်းရောင်ပေးဖို့အတွက်မို့ အလင်းရောင်ရရှိရေးအတွက်

Solar Energy Plate တွေကိုဝယ်ယူရန်အတွက် အလှူကောက်ခံတာပါ။

တစ်အိမ်ထောင်ကို ကျပ်(၄၅၀၀၀) တိတိဖြင့်လှူဒါန်းနိုင်ကြကြောင်းသိရရှိပါတယ်

ဗျို့ဟစ်တော့လည်း…..ကုမ္ပဏီတွေကလည်း မနေနိုင်ဘူး… ဘယ်ကုမ္ပဏီက ဘယ်လောက်လှူပါလိမ့်

ငါတို့ကလည်း ဘယ်လောက်လှူမယ်ပေါ့……….

ဒီဌာနမှ နာမည်ရဖို့အတွက် ကုမ္ပဏီတွေကလည်း လှူကြပါတယ်။ ဒီလိုကုမ္ပဏီတွေကလှူဒါန်းကြတာကို

မီးမရရှိတဲ့ကျေးရွာတွေက သိပါ့မလား…

ဒါကြောင့် ကြေငြာမောင်းခတ်ပြီး ဖော်ပြပေးလိုက်တာပါ။

အလှူလက်ဖက်နဲ့ မျက်နှာလုပ်သလိုပဲ….သူကြီးဘုရားရွာသားကောင်းမှူ ပေါ့ဗျာ

ကုသိုလ်ရေးပေမို့

ကျွန်တော့်ညီလေးတစ်ယောက် တက္ကသိုလ်ဝင်းတန်းကို အမှတ် ကောင်းကောင်း တစ်ဘာသာကို၄၀
ကျော်နဲ့ ဘာသာရပ် အသီးသီးကိုအောင်မြင်တဲ့အတွက် ရမှတ်ပေါင်းက နှစ်ရာ့ နဲ့မှ ခြောက်ဆယ်ကျော်... ။ ညီလေး ရေ မင်းအမှတ် ကတော့ မဆိုးပါဘူးကွာ ဒါပေမယ့် အခြေအနေအရရော အမှတ်အရပါ အဝေးသင်ပဲ တတ်မှရမှာပါ။ ညီလေးကို ဒီလို ဆုံးမစကား တွေ ပြောပြီး ဖောင်မှာ ညီလေး စိတ်ဝင်စားတဲ့ မေဂျာတွေ ဖြည့် ခိုင်းပါတယ်။ ညီလေးက ဘူမိဗေဒ ကို ဦးစားပေးလျှောက်ပါ တယ် ခင်ဗျာ။ ဘူမိ နဲ့ ကျောင်းပြီးရင် စင်္ကာပူမှာ အလုပ်ကောင်းကောင်း လစာကောင်းကောင်း ရနိုင်တယ်လို့ သူ့ဆရာမက ပြောထားလို့ပါတဲ့ ခင်ဗျာ။ တိုင်းပြည်နဲ့ လူမျိုးကို သိပ်ချစ်တဲ့ ညီလေး။ မေဂျာလျှောက်တာတောင် နိုင်ငံခြားမှာ အလုပ် သွားလုပ်ဖို့ ရည်ရွယ်ပြီး လျှောက်တယ်။ ထားပါတော့လေ။ ဒီခေတ်ထဲမှာ လူငယ်လေးတွေအများစုဟာ ဒီလိုမျိုး အတွေးတွေ ပဲ ရှိနေကြတယ်မှတ်လား။
ညီလေးက လက်ရှိ အလုပ်လုပ်နေတဲ့ အတွက် 109 110 ဖြစ်နေတဲ့ ကျွန်တော် က ဖောင်သွားတင်ပေးမယ်လို့ ပြောလိုက် တယ်။ ဒါနဲ့ ကျွန်တော်လဲ စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းဝင်းကြီးထဲကို ရောက်လာဖြစ်တာပေါ့။ တက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်ပေမယ့်လည်း စိမ်းလန်း စိုပြည်သာယာလှတဲ့ ရန်ကုန် တက္ကသိုလ် ၀င်းကြီးထဲကို ကျွန်တော် တို့တွေ ရောက်ခဲကြတယ် မဟုတ်လား။ သိပ်ရောက်ချင်တာပဲ။ တက္ကသိုလ် ၀င်းကြီးထဲကို ပြောတာပါနော်။
တက္ကသိုလ် ၀င်းထဲကို ရောက်တော့ ကားတွေကို တန်းဆီနေတာပဲ။ TTC ကျောင်းသားလေးတွေ ဘောကန်နေကြ တယ်။ မိဘတွေက အပြင်ကနေ ကားတွေနဲ့ စောင့်နေကြတယ်။ BED တက်နေကြတဲ့ ဆရာမလေးတွေကိုလဲ မြင်ရသေးတာ ပေါ့ဗျာ။
ဘူမသိ ကိုးမသိနဲ့ ဆိုတော့ ခပ်တည်တည်ပဲ တက္ကသိုလ် ၀င်းကြီးထဲကို ၀င်လာတယ်။ ကျွန်တော်တို့ မေဂျာကျတုံးက သွားကြည့် ရတဲ့ အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည် ဆိုတဲ့ နေရာကိုပဲ ကျွန်တော် သွားလိုက်ပါတယ်။ မေးမြန်း စုံစမ်း ကြည့်လိုက်တော့ အားကစားဆောင်မှာ သွားတင်ရမှာ ဆိုပြီး လက်ညှိုးညွှန်လိုက်ပါတယ်။ သူလက်ညှိုး ထိုးတဲ့ ဘက်ကို ကျွန်တော် ပြန်လျှောက်ပါတယ်။ အားကစားဆောင် မတွေ့ပါဘူး။ ဒါနဲ့ ခုံလေးနဲ့ ထိုင်ပြီး မုန့်ရောင်းနေတဲ့ အစ်မ တစ်ယောက်ကို သွားထပ်မေးရတာပေါ့။ သူက မောင်လေးတဲ့ ဒီမုန့်တန်းလေး ဆုံးရင် ဟိုဘက်ကို ကွေ့လိုက်တဲ့ ရှေ့နား လေးမှာပဲတဲ့ .. သူကပဲ  တံဆိပ်ကောင်း ကပ်ပြီးသွားပြီလား မောင်လေး .. တံဆိပ်ကောင်းလိုတယ်လေ .. ကျွန်တော်က မကပ်ရသေးဘူးဆိုတော့ ဒီမှာ ကပ်သွားလို့ရတယ်ဆိုတာနဲ့ တံဆိပ်ကောင်းပါ တစ်ခါတည်း ကပ်လိုက်ပါတယ်။ တစ်ရာ ပဲကျပါတယ်။ အဲဒီအမ ကပဲ သေသေချာချာကပ်ပေးလိုက်ပါတယ်။
သူ့ကို ကျေးဇူးတင်စကားလေး ပြောပြီး ကျွန်တော် လျှောက်လာခဲ့ပါတယ် ခင်ဗျ။ အားကစားဆောင် အရှေ့ရောက် တော့ လဲ တံဆိပ်ကောင်း ကပ်ပြီးပြီးလားလို့ ဆယ်ရောက်လောက်ကမေးသေးတယ်ဗျ ... နည်းနည်း တော့ ပိုမှာပေါ့ နော်။ ကပ် ပြီးပါပြီ ဆိုတဲ့ အကြောင်း ပြန်လည်ဖြေကြားရင်း ဖောင် တင်တဲ့ဆီ ရောက်သွားပါတယ်။ နေ့သင်တန်း အပ်ရန် ဆိုတဲ့ နေရာ တွေပဲတွေ့တယ်ခင်ဗျ။ အဝေးသင် အပ်ရန် ဆိုတာကို မတွေ့ဘူး။ အဲဒီနေ့သင်တန်း အပ်ရန် ဆိုတဲ့ နေရာကို ပဲသွား ပြီး အဝေးသင် အပ်မှာ ဆိုတော့ ဟိုဘက် ချောင်လေး ထဲကို လက်ညှိုးညွှန်လိုက်တယ် ခင်ဗျ။ အော် ဟုတ်ကဲ့ ဆိုပြီး ထွက်လာခဲ့ပြန်ပါရော။ ဂျောင်လေးထဲကိုရောက်တော့ အစ်ကို နှစ်ယောက်က ကျောင်းအပ်လက်ခံနေတယ်ဗျ။ ညီလေးက ကိုယ်တိုင်လာတင်တာလား တဲ့ ။ မဟုတ် ပါဘူး ... ကျွန်တော် ညီလေး အတွက်ပါလို့ ... ပြန်ဖြေလိုက်တာပေါ့ဗျာ။ သူက စလစ်ရေးပေးနေတယ်။ ပါးစပ်ကလည်း ပြောနေပါတယ် ခင်ဗျ ... တစ်လပိုင်းလောက်ကို အကြောင်းကြားစာပို့ ပေးမယ် .. တကယ်လို့ အကြောင်းကြားစာ မရောက်ရင် .. ကျွန်တော် ပထမ သွားခဲ့တဲ့ နေရာမှာ သွားစုံစမ်းပါတယ်။ မသေချာတဲ့ အတွက် တစ်ခါတည်း လမ်းညွှန်လိုက်တာပါ။
သူက စလစ်ကလေး ပေးတော့ ကျွန်တော် ကလှည့်ထွက်တာပေါ့ ။ ညီလေး အလှူခံထည့်ပါတဲ့ ။ ကျွန်တော်ကလည်း အော် ... ဆိုပြီး မြန်မာငွေ ကျပ် ၂၀၀ တိတိကို အဲဒီ အကို့လက်ထဲ ရိုရိုသေသေ လက်နှစ်ဖက် နဲ့ ကမ်းပေးလိုက် ပါတယ်။ သူ့ကိုလည်း ကျေးဇူး တင်ပါတယ် ဆိုပြီး ကျွန်တော် ပြန်ထွက်လာခဲ့ပြီ။

စဉ်းစားတယ် .. စဉ်းစားတယ် .. ကျွန်တော် တစ်လမ်းလုံး စဉ်းစားပါတယ်။ သိပ်ချစ်ဖို့ ကောင်းတာပဲလို့ တွေးမိပါသေး တယ်။ ကျွန်တော် တို့တွေ အလုပ်ကိစ္စရှိလို့ အကြောင်းကိစ္စရှိလို့ အစိုးရဌာနဆိုင်ရာ ရုံးတွေသွားကြတဲ့ အခါ အလှူခံ ဌာန တစ်ခု အမြဲရှိနေတာ လိုရာကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သလို ကုသိုလ်လည်း ရတယ်လေဗျာ။

ကျွန်တော်က အကောင်းမြင်ဝါဒနဲ့ ရေးတာပါနော် ။ တစ်ချို့က ပြောကြသေးတယ်။ ရုံးတွေမှာ စာတန်းတွေ ကပ်ထားတယ် ငွေမပေး ရန်လို အဲ ဟုတ်ပါဘူး ငွေပေးရန် မလို ။ နောက်တစ်ခုက လာဘ်ပေးလာဘ်ယူ လွန်ကြည်ဖြူ .. အော် မှားပြန်ပြီဟ လာဘ်ပေးလာဘ်ယူ တို့ရန်သူ တဲ့ ။ ကျွန်တော်တို့ ရဲ့ အသစ်စက်စက် President ကြီးက Clean Government ပြီးတော့ Good Government တဲ့လေဗျာ ......

ကြံ့ဖွတ်က ခင်းပေးနေတဲ့ ကွန်ကရစ်လမ်းများ

နိုင်ငံတော် အာဏာကို မတရားရယူထားသော စစ်ခေါင်းဆောင်ကြီးများ၏ ကြံ့ဖွတ်ပါတီသည် နိုင်ငံတော် ဖွံ့ဖြိုးရေး မြို့ရွာများအတွင်း လမ်းကျဉ်းများကောင်းမွန်စေရန် ရန်ကုန်မြို့ရှိ လမ်းကျဉ်းများကို ကွန်ကရစ်လမ်းများ အဖြစ် ပြောင်းလဲလာသည်မှာ အတော်များများပင် ခရီးရောက်ခဲ့ပြီးဖြစ်သည်။
စေတနာသဒ္ဓါတရား ထက်သန်စွာ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ပြည်သူကောင်းကျိုးအတွက် နာမည် ကောင်းရလို၍ လုပ်နေခြင်း မဟုတ်ကြောင်း ထင်ရှားစေရန် :P လမ်းကျဉ်းများ၏ ထိပ်များ၌ ကွန်ကရစ်လမ်းပြီး သည်နှင့် ကြံ့ဖွတ်မှ ဦးစီးဦးဆောင်၍ အများကောင်းကျိုး အတွက် ဆောင်ရွက်ပေးထားခြင်း ဖြစ်ကြောင်း ကဗျဉ်း မော်ကွန်း ကျောက်တိုင် စိုက်ထူ၏။ ဤသည်က တစ်ကြောင်း။ အခြားအကြောင်းအချက် တစ်ခုမှာ ပါတီတွင်း လူများ များရောက်လာစေရန် လမ်းခင်းပေးပါမည်.. ပါတီဝင်ကြပါ... ဟု တိုက်တွန်းသည်။ တစ်အိမ်တစ်ဆင်း ပါတီဝင်စာ ရင်းများ လိုက်လံကောက်ခံသည်။ ထို့ပြင် ပါတီဝင်အင်အားနည်းသော လမ်းများတွင် ကွန်ကရစ်လမ်း မခင်းပေးပါ။ ဤအချက်သည်လည်း စေတနာ သဒ္ဓါတရားထက်သန်လွန်ကြောင်း ဖော်ပြနေသည့် အကြောင်း တစ်ချက်ပင် ဖြစ်သည်။
ဤ အချက်ကို ထင်ရှုားစေလို၍ သာဓကတစ်ခု ဖော်ပြပေးလိုပါသည်။ လမ်းအတွင်း အလှူအတန်းများတွင် ရပ်မိ ရပ်ဖ သဖွယ် လမ်းအရေးကိစ္စများဆောင်ရွက်နေသူ တစ်ဦးသည် လမ်းတွင် ကွန်ကရစ်လမ်း ဖြစ်မြောက်ရေးအ တွက် နာယကအဖြစ် လမ်းထဲမှ လူကြီးများမှ တင်မြှောက်သဖြင့် လမ်းအတွင်း ကြံ့ဖွတ်ပါတီအတွင်း ၀င်ကြရန် လိုက်လံ စည်းရုံးရသည်။ လမ်းရာအိမ်မှူးများ သိကြပြီးသား ဖြစ်သည့်အတိုင်း ကြံ့ဖွတ် ပါတီဝင်ဖြစ်ပြီး ဖြစ်သည်။ လမ်းလူကြီးသည် ဖော်ပြပါ ပုဂ္ဂိုလ်အား ကြံ့ဖွတ်ပါတီကို ၀င်ရန်ပြောသည်။ ၎င်းင်းပုဂ္ဂိုလ်မှာ သူကိုယ်တိုင် မ၀င်နိုင် ပါ။ မိန်းမဖြစ်သူအား ကြံ့ဖွတ်ပါတီ စာရင်းအတွင်း ထည့်ပေးပါမည်ဟုပြောသည်။ ထိုအခါလမ်းလူကြီးက ခင်ဗျား ကဘယ်ပါတီဝင်မို့ ကြံ့ဖွတ်ထဲ မ၀င်နိုင်ရသလဲ ဟု အထွန့်တက်သည်။ တစ်ခြားပါတီဝင်ဆိုလည်း ပါတီဝင်ကဒ် ပြ စမ်းပါဟု ဘာမဆိုင် ညာမဆိုင် စကားကြောရှည်သည်။
သည်းမခံနိုင်တော့သော တင်ပြပါ ပုဂ္ဂိုလ်သည် ထိုးမည်ကြိတ်မည်အထိ ဖြစ်ပြီး ခင်ဗျားက ဘာကောင်မို့လို့ ပြရ မှာလဲဟု စိတ်ဆိုးမာန်ဆိုးပြောသဖြင့် အနီးအနားမှ ပုဂ္ဂိုလ်များက ဖြန်ဖြေပေးခဲ့ရသည်။ လမ်းအတွင်း ကြံ့ဖွတ်ပါ တီဝင်လိုသူ နည်းပါးနေသဖြင့် ယခုတိုင် ကွန်ကရစ်လမ်း မဖြစ်သေးပေ။ ပြည်သူပြည်သားတို့အတွက် ကိုယ်ကျိုး မရှိ ဆောင်ရွက်ပေးနေသော ကြံ့ဖွတ်ပါတီကြီးသည် လမ်းခင်းရန်အတွက် ငွေကြေးလဲ ကောက်ခံသည်။ ပါတီဝင် အင်အားလည်း တိုးပေးရသည်။

ပြည်သူ့အကျိုးအတွက် အစစ် အမှန်ဆောင်ရွက်ပေးနေသော ကြံ့ဖွတ်ပါတီ ဖြစ်ကြောင်း စာပါအကြောင်းအရာ များကို ဖတ်ရှုခြင်းအားဖြင့် သိစေအပ်သည်။

ဘာမျှ မထူးခြားသောနေ့ (သို့) အလိမ်ခံရတဲ့နေ့



လူတိုင်းလူတိုင်း နေ့စဉ်တာဝန်ကိုယ်စီနှင့် သံပတ်ပေးထားသလို လှုပ်ရှားသွားလာ စားသောက်နေကြ ပါတယ်။ အဲ… ဒါပေမယ့် အဲဒီနေ့က နည်းနည်းလေး ပိုပြီးထူးခြားတယ်လို့ ထင်ရပါတယ်ဗျာ။ ဘာကြောင့်လဲ ဆိုရင် မြန်မာပြည်သူလူထုက လုံးဝစိတ်မ၀င်စားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့လေ… ။ ဘာပိုထူးခြားသလဲ ဆိုတော့ အလုပ်ရှုပ်တစ်ခု လုပ်ရဦးမှာပဲဆိုတဲ့ အတွေးတွေနဲ့လေ ..။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားပါတယ်။ တို့ပြည်သူလူထု တစ်ရပ်လုံး လိမ်လည်မှုကြီး နောက်တစ်ခု ကြုံရဦးမှာပဲ . … ။ အတွေ့အကြုံ ဖြစ်နေကြ ဖြစ်စဉ်တစ်ခုပေါ့။
7/11/2010 မတိုင်ခင် ကတည်းက ဟာသတစ်ခုလို လုပ်ပြောနေကြတာ … အံ့သြပါရဲ့… ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့်သူရွေးမှာကို ဘာကြောင့် အဲသည်လောက် ပေါ့ပျက်ပျက်ဖြစ်နေတာလဲ… ပေါ့ ။ လား..လား ကိုယ်တော်ချောတွေက ကြိုတင်မဲတွေနဲ့ တင် OK နေပြီတဲ့လေ။ ဒီသတင်းက နားစွန်နား ဖျား နားကြားလွဲတာမဟုတ်ဘူး နော် ။ ဒဲ့ဒိုး ကြီးကို ကြားရတာဗျ ။ သြော် .. ဒါကြောင့် ရင်ခုန်စရာမရှိ တဲ့ Game ကစားပွဲ တစ်ခုလိုပါပဲ။ အဖြေက အရှေ့က အမေးက နောက်ကျနေသေး … ။
ဒါနဲ့ပဲ အဲဒီမဲပေးမယ့် နေ့ကို ရောက်လာပါလေ ရော။ ကျွန်တော်တို့ အလုပ်က မနက် ၄ နာရီလောက်ထ ရတယ်။ အင်း … လောကကြိး ကတော့ သာသာယာယာပဲ ဗျ။ နံနက် စောစောစီးစီး လူကို လှောင်ပြုံး ပြုံးပြ နေသလိုပဲ ။ဒီကောင်တွေ အလိမ်ခံရ တော့မယ်ဆိုပြီးလေ …။ ( ကျွန်တော်ကို တစ်စုံ တစ်ယောက်က မင်းတို့ ကို လိမ်တော့မယ်လို့ လာပြောနေသလိုပဲ ဗျာ။ ) အဲဒါနဲ့ ရပ်ကွက်ဘာကြီး ဆို လဲပဲ….. ဆိုင်ကိုလာပြီး အလိမ်ညာဌာနကို လက်ဖက်ရည်ပို့ပေးပါ ဆိုပြီး အော်ဒါမှာ သွားတယ်။ အဲဒီ တာဝန်ကို ယူဖို့ ဆိုင်ကလူကြီးက တာဝန်ပေးတယ်။ ဒါနဲ့ပဲ သြော် … သွားကြည့် လိုက်ဦးမယ်… ဘယ်လို လိမ်မှာလဲ ဆိုတာကို….
လက်ဖက်ရည်ဗန်းကြီး မနိုင့်တနိုင်နဲ့ ကိုင်ပြီး ၀င်သွားတော့ တော်တော်ကို အလုပ်ရှုပ်နေတယ်လေ.. ။ စကားတွေပြော အတင်းတွေတုတ်နေရလို့ … ပါရ်။ လည်ဂတုံအင်္ကျီ လုံချည်သန့်သန့်နဲ့ … ဟယ် လိမ် မယ့် သူကလည်း ခပ်သန့်သန့် ပါပဲလား … မထင်ရပါဘူး ..လေ။ ဆရာမတွေကလည်း ရှိတယ်ဗျ။ ကျွန် တော်က သူတို့ကို လက်ဖက်ရည်ပန်းကန် လိုက်ချပေးတော့ ပြောလိုက်ပါသေးတယ် … ` ဒါမျိုး သောက်ရခဲတယ် .. နှစ်ပေါင်း ၂၀ မှာ ဒီတစ်ကြိမ် စသောက်ရတာ (သူတို့လည်း နှစ် ၂၀ ကျော်ကိုတော့ မမေ့ ကြဘူးနော် ) ရပ်ကွက်က ဘာကောင်ကြီးလဲ .. အဲသူက စေတနာ ဗလပွနဲ့ လက်ဖက်ရည် တစ် ယောက်ကို တစ်ခွက်ကြီးများတောင် တိုက်တာ´ ဆိုပြီး လေ။ သြော် .. ပြောရဦးမယ် အဲဒီမှာ ဆရာမ တစ်ယောက်က ဘာမှမစားရသေးတဲ့ အတွက် ကြက်ဥထမင်း ကြော်မှာစားတယ်..ဗျ။ အဲဒီအကြောင်း ကို အလှူဒါယိကာကြီးဆီ သတင်းပို့တော့´ ဟေ .. အေ အေး ငါရှင်းလိုက်ပါ့မယ်ကွာ ´ ဆိုပြီး မျက်နှာ ကြီး ရှစ်ခေါက်ချိုးနဲ့ ကာလတန်ဖိုး ကျပ်ငွေ ၅၀၀ ကို တုန်တုန်တုန်တုန် နဲ့ ထုတ်ပေးပါတယ်ဗျာ ။ ဖတ် ရသူတွေ သာဓုခေါ်ချင်စိတ် ပေါက်မှာ ဆိုးလို့ နည်းနည်းလျှော့ ရေးပေးထားတယ်နော်.. ။
သိပ်မကြာခင်မှာပဲ နောက်ထပ် အလိမ်အညာဌာန တစ်ခုကနေ အဲဒီလို အလှူဒါယိကာ တစ်ဦး ပေါ်ပေါက်လာပါတယ်။ ဒီတစ်ကြိမ်မှာလဲ ကျွန်တော်ပဲလေ … သြော် .. ငါ သိပ်အကျိုးပေးပါလား လို့တောင် ထင်မိတယ်။ ဒီတစ်ကြိမ်ကျတော့ အလိမ်ခံမယ့် သူ .. အနည်းငယ် ရောက်လာတယ်.. ဘာ ကြောင့် လာသလဲလို့ မေးတော့ .. တစ်ချို့က မဲမပေးရင် တစ်ခုခု ဖြစ်မှာ ဆိုးလို့ .. တစ်ချို့ကျတော့ ကြံ့ဖွတ်မဲ ဖြစ်သွားမှာ ဆိုးလို့တဲ့ လေ။ စိတ်ဝင်စားလို့ လာတာတော့ မဟုတ်ပါဘူး ..
ကျွန်တော်လဲ မထူးခြားတာ (သို့) ထူးခြားပြီး ပြောင်းလဲမှုမရှိတဲ့ အုပ်ချုပ်သူအတွက် မဲပေးတဲ့ အကြောင်း ရေးတာ ဘာကြောင့်လဲဆိုတော့ အမှန်တရားကို အကြောက်တရားဖျောက်ပြီး ရင်ဆိုင်ဖို့ ပါပဲ…. ။ နောင်နှစ်နောင်နှစ်များမှာလဲ အလိမ်မခံရပါစေနဲ့လို့ စုတောင်းရင်း ….. ။


စိန်ခေါ်သူ

မဖြေခင်ကတည်းက အောင်ပြီးသားဗျ

အော် ပြောစရာမလိုတဲ့ အကြောင်းတွေ ပြောချင်သေးသည်။ ဖြစ်ပုံကတော့ မဆန်းပါဘူးဗျာ။ အစကတည်းက အားလုံးသော ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များ သိနှင့်ကြပြီးသားပင်ဖြစ်ပါသည်။ အာဏာရဲ့ တန်ဖိုးကြီးမားပုံ ကို အာဏာရထားတဲ့ ပုဂ္ဂိုလ်တွေက အသိဆုံးပေါ့။ ဒီတော့ ... ဒီအာဏာဆိုတာကို လက်လွတ်ဆုံးရှုံးရမယ့် လုပ် ရက်မျိုး သူတို့တွေကလုပ်ပါ့မလား။ စဉ်းစားကြရမှာပေါ့နော်။ ဒါပေမယ့် မျှော်လင့်ချက်ကလေးတွေနဲ့ ရွေး ကောက်ပွဲဝင်ကြတယ်။ မျှော်လင့်ထားသလိုတွေဖြစ်လာပါတယ်။ 
မဲရုံတွေမှာ တချို့နေရာတွေက မဲပေးမည့်သူတောင် မရှိကြဘူး။ တချို့နေရာတွေကြတော့ လဲ လက်မှတ်အတင်း ထိုးခိုင်းတယ်။ ခြစ်တာကတော့ မဲရုံးက ကိုယ်စားလောင်းတွေ ခြစ်မှာပေါ့။ ကိုယ်စားလှယ်လောင်းတိုင်းလည်း ခြစ် လို့မရသေးဘူး။ အဖြေကတော့ သိပြီးသားပဲလေ....

အရှင် ရုက္ခစိုးနတ်မင်းကြီး

me : အရှင် ရုက္ခစိုးနတ်မင်းကြီး ကျွန်တော်မျိုးအမိုက်အမဲလေးကို ဗွေမယူပါနဲ့ .... အရှင့် ပါတီဘယ်ပါတီ မှန်းမ သိ တဲ့ အတွက် ခြစ်မိခြစ်ရာ အမှန်ခြစ် ခြစ်ခဲ့မိပါတယ်။

ရုက္ခစိုး : အောင်မာ အောင်မာ ဘယ်သူများလဲ မှတ်တယ်။ မင်းကိုကွ။ မင်း ငါ့ဆီက ထောက်ပံ့ ငွေယူတုံး က တော့ မင်းပဲ ငါ့ပါတီကို မဲပေးပါမယ်ဆို။ အခုတော့ မင်းက မျက်နှာလွဲခဲပစ် လုပ်လိုက်တယ်ပေါ့။ မဲတစ်မဲ က အခုအခြေ အနေမှာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ မင်းမသိဘူးလား။

me : မှန်လှပါ့ရ် ... ရုက္ခစိုးနတ်မင်းကြီး .... မဲပေးမယ်ဆိုပြီး ကြိုတင်ငွေယူမိတာက အိမ်မှာစားစရာမရှိလို့ပါ။ နောက်ပြီး ရုက္ခစိုးနတ်မင်းကြီးတို့ ရဲ့ပါတီ စည်းရုံးရေးမှူးတွေကလည်း အတင်းဆွဲဆောင်တာနဲ့ ယူလိုက် မိတာပါ။ အမှန်တကယ်ပြောရရင် နိုင်ငံရေး ဆိုတာကို သိလည်း မသိပါဘူး။ ဘယ်သူတွေ ဘာအကြံနဲ့ လုပ်ကြ တယ်ဆို တာလောက်ပဲ သိပါတယ် ဘုရား။ 

ရုက္ခစိုး : အေ့ အေ့ မင်းဘာကို ဆိုလိုချင်တာလဲကွ။ မင်းစကားက ငါ့ကိုနည်းနည်းစော်ကားလာသလိုပဲ။ မင်း တော့ နာချင်ပြီထင်တယ်။

me : မှန်လှပါ့ရ် ... ပါတီစတင်တည်ထောင်ကတည်းက အရှင်ရုက္ခစိုးနတ်မင်းကြီးတို့ရဲ့ ပါတီဟာ ကိုယ်တိုင်ပြ ဌာန်းထားတဲ့ ဥပဒေကို ကိုယ်တိုင်တောင် မလိုက်နာဘူးလို့ တစ်ခြားပါတီ တွေကပြောပါတယ်။ အဲဒါကြောင့် ကျွန်တော်မျိုးလဲ ဥပဒေလိုက်နာတဲ့ ပါတီဘယ်ပါတီရှိလဲ လို့ လိုက်ကြည့်မိပါတယ်။ နောက်ဆုံးတော့ ဘယ်ပါ တီမှ ရွေးစရာမတွေ့ ပါဘူးဘုရား။ 

ရုက္ခစိုး : ဘာကွ ဘာကွ အဲဒါဆိုမင်း ဘယ်ပါတီကို ရွေးခဲ့လဲပြောစမ်း ။ မြန်မြန်ပြောစမ်း။ ဟေ့ကောင်ပြောလေ ကွာ။ မင်းငါ့ကို ဒေါသထွက်အောင်လုပ်နေတာလား။ သေနတ်စာမိတော့မယ်။ 

me : ခဏ ခဏ ခဏလေး နေပါအုံးဘုရား။ တပည့်တော်မျိုးပြောပါ့မယ်။ ရှာရင်းဖွေရင်း ဘာမှမတွေ့တဲ့ အဆုံး ခါးပိုက်ထောင်ထဲက ချပါတီ ကိုပဲ မဲပုံးထဲ ထိုးထည့်ခဲ့မိပါတယ် ဘုရား အားအား အား အေ့ အေ့ အေ့ အေ့....

ရုက္ခစိုး : ကောင်းကွာ... ငါ့လည်းကျွေးအုံး ... အုံး အုံး အုံး 


me : ရော့ အဲလောက် ငတ်နေလဲ စားသွားပါ့ ရ်

ကြံ့ ဖွတ် ၏ ကလေးကုလား လမ်းစဉ်

 ခွေးခြင်္သေ့

ကြံ့ဖွတ်ပါတီ၏ စည်းရုံးရေးလမ်းစဉ်များနှင့် ပတ်သတ်၍ သူတစ်ဖတ်သားနှင့် မတူ တမူကွဲနေသိပုံစံများကို တစ်ကမ္ဘာလုံးသို့လည်း သိရှိစေချင်ပါသည်။ မြန်မာပြည်အခြေခံလူတန်း၏ အခြေအနေမှာ နိုင်ငံရေး သဘော တရားကို အတွင်းကျကျ သိရှိပြီးသူ လေ့လာနေသူနည်းပါးလှပါသည်။ ဤသို့သောအခြေအနေတွင် မဟုတ် မမှန် အကြံအဖန်များလုပ်လိုသော ကြံ့ဖွတ်ပါတီအတွက် အခွင့်အခါကောင်းပင်ဖြစ်နေတော့သည်။
ပြည်သူတို့၏ စိတ်ထဲတွင် နာကျဉ်းမုန်းတီးမှုများ အရိုးစွဲနေပါသည်။ ယခုအခါတွင် ကြံ့ဖွတ်ပါတီသည် အခြေခံ လူတန်းစား၊ အလုပ်သမားလူတန်းစား ဖြစ်သော စိုက်ကားသမားများကို ငွေနှစ်သောင်း အတိုးမရှိချေးပေးပါ သည်။ တစ်လအတွင်း အရစ်ကျပြန်လည်ပေးချေရမည်ဟု ပြောပါသည်။ ထိုငွေချေးယူလိုသူများသည် ရွေး ကောက်ပွဲအတွက် ကြံ့ဖွတ်ပါတီအား ကြိုတင်မဲ ပေးကြရမည်ဟု အလုပ်သမားလူတန်းစားအသိုင်းအ၀ိုင်းအ တွင်းမှ ကြားသိနေကြရပါသည်။
လမ်းကြိုလမ်းကြားများကို ကွန်ကရစ်လမ်းခင်းပေးမည်ဟုပြောပြီး ကြံ့ဖွတ်ပါတီအင်အားဖြည့်တင်းနေသည်။ လမ်းတစ်ခုအတွင်းမှ ကြံ့ဖွတ်ပါတီအစည်းအဝေးပွဲတွင် ကြံ့ဖွတ်ပါတီ၏ စည်းရုံးရေးမှုးတစ်ယောက်ပြောကြား ချက်များကို ပြန်လည်ပြောပြပါသည်။ “ ကျွန်တော်တို့ ပါတီအနေနဲ့က ရွေးကောက်ပွဲမှာလည်း ရှုံးစရာ မရှိတော့ ဘူး။ အခုလောလောဆယ် ပါတီအင်အားက နှစ်ဆယ့်ခြောက်သန်းကျော်နေပြီ။ ကျွန်တော်တို့ ဒီလမ်းတွေခင်း ပေးနေတာကလည်း နိုင်ငံတော်အစိုးရနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ ပါတီပိုင်ငွေနဲ့ လုပ်ပေးခြင်းသာဖြစ်ပါ တယ်။ ” ထိုသို့ လုပ်ပေးရန်အတွက် လမ်းအတွင်းမှ ကြံ့ခိုင်ရေးအင်အား ၃၀၀ ကျော်ကို ပထမဆုံးစာရင်းတင် ပေးရမည်ဟုပြောသွားခဲ့သည်။ပါတီခေါင်းဆောင်ကြီးများသည် ပြိုင်ဖက်မရှိ ချမ်းသာကြွယ်ဝကြပါ၏။ မျိုးနဲ့ရိုးနဲ့ ချမ်းသာတာလား။ ခိုးလို့ဝှက်လို့ချမ်းသာတာလား ပြည်သူတွေအသိ ပင်ဖြစ်ပါသည်။
တကယ်ကို ပြည်သူတွေကောင်းစားဖို့လုပ်နေတာလား ?ဆိုတဲ့မေးခွန်းက မေးစရာဖြစ်လာပါတယ်။ တကယ် ကိုစေတနာရှင်ကြီးတွေ ပီသပါသလား။ ပါတီအင်အား ရဖို့အတွက် အမျိုးမျိုး အဖုံဖုံ လှည့်ကွက်တွေကို စဉ်းစား ကြံစည်ပြီး ချည်ပြီးတုတ်ပြီး လုပ်မယ့် ရွေးကောက်ပွဲသည် မကြာမှီလာတော့မည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ချည်ပြီးတုတ်ပြီး ပိုင်ပြီအထင်နှင့် လုပ်ခဲ့သော်လည်း ခွေးရှုံး ရှုံးခဲ့ရပြီဖြစ်သည်။ ယခုတစ်ခါရွေးကောက်ပွဲ အတွက် အနှစ်နှစ်ဆယ်လုံးလုံး စဉ်းစား ကြံစည်ထားသော အကြံအစည်များဖြင့် အာဏာရှင် ဆက်လက်တည် မြဲရေး အတွက် အစွမ်းကုန်ကြိုးစားနေကြခြင်းသာ ဖြစ်ကြောင်း သိစေအပ်ပါသည်။

သူခိုးက နွားကောင်းရွေးသော နိုင်ငံရေးစနစ်.

နိုင်ငံရေးပါတီအများအပြား ပေါ်ထွက်လာပြီး စည်းမဲ့ကမ်းမဲ့ တာဝန်မဲ့ ပြုလုပ်မည်စိုးသဖြင့် လိုက်နာရမည့် စည်းကမ်းဥပဒေကို အစိုးရက ပြဋ္ဌာန်းလေ့ရှိ၏။ အထူးသဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့် သုံးသော နိုင်ငံများ၌ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းကြသည်။ တင်းကျပ်သည့်ဥပဒေကို ပြဋ္ဌာန်းသော နိုင်ငံတွင် နိုင်ငံရေးပါတီအနေဖြင့် ပြည်သူ့အကျိုး ဆေင်ရွက်နိုင်မည့်အလားအလာ နည်းပါးသွားသည်ကို တွေ့ ရ၏။ ဥပဒေမရှိပါက နိုင်ငံရေးပါတီများ တာဝန်မဲ့ပြုမူနိုင်မည့် အခွင့်အလမ်းရှိသဖြင့် မှန်ကန်သော နိုင်ငံရေးပါ တီများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းရန် အလွန်အရေးကြီးသည်။

ဤနေရာတွင် “နိုင်ငံရေးပါတီများဆိုင်ရာဥပဒေ” နှင့် “နိုင်ငံရေးပါတီဥပဒေ” ကို ပြတ်သားစွာ ခွဲခြားသိ မြင်နိုင်ရန်လိုသည်။ နိုင်ငံရေးပါတီဥပဒေဆိုသည်မှာ ပါတီအတွင်း၌ လိုက်နာကျင့်သုံးရမည့် ဥပဒေများ ပင်ဖြစ်သည်။ ဥပမာ ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီဝင်များ လိုက်နာရမည့်စည်းကမ်းသည် ပါတီဥပ ဒေဖြစ်သည်။ “နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ” ဟူသည်မှာ နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းဖြစ်သည်။ ဥပမာ ပါတီအချင်းချင်းဆက်ဆံရာ၌ လိုက်နာရမည့် စည်းကမ်းသည် နိုင်ငံရေးပါတီများ လိုက်နာရမည့်စည်းကမ်းဖြစ်သည်။ ဂျာမနီတွင် Law on Political Parties (နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ) ဟု ခေါ်၍ တောင်ကိုရီုးယားတွင် Political Parties Act (နိုင်ငံရေးပါတီများအက်ဥပဒေ) ဟု အမည်တွင်သည်။

နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကိုလိုက်၍ နိုင်ငံရေပါတီပုံစံအမျိုးမျိုးပေါ်လာသည်။ သို့သော်လည်း အမေရိ ကန်နှင့် အနောက်ဥပဒေ၌မူ နိုင်ငံရေးပါတီမပေါ်မီကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေကြသဖြင့် နိုင်ငံ ရေးပါတီကိစ္စကို အခြေခံဥပဒေ၌ ဖော်ပြခြင်းမရှိပါ။ ဖွံ့ဖြိုးစနိုင်ငံအတော်များများတွင် အခြေခံဥပဒေအရ နိုင်ငံ ရေးပါတီဥပဒေ ရေးဆွဲကြ၏။ သို့သော်လည်း ပေါ်ထွက်လာသော နိုင်ငံရေးပါတီများတွင် လူပုဂ္ဂိုလ်များကသာ လွှမ်းမိုးသည်ကို တွေ့ရ၏။ အခြေခံဥပဒေ၌ ပြဋ္ဌာန်းခြင်းသည် ပြင်ဆင်ရန်ခက်ခဲသဖြင့် နိုင်ငံရေးပါတီများ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲသည်ဟုဆိုသည်။ လွှတ်တော်၌ ဥပဒေပြု၍ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခြင်းသည် ပြင်ဆင်ရန် လွယ်ကူသဖြင့် လုပ်ကိုင်ရသည်မှာ ပို၍ အဆင်ပြေသည်ကို တွေ့ရသည်။

၂၀၀၈ နအဖအခြေခံဥပဒေ အခန်း (၁၀) သည် နိုင်ငံရေးပါတီများနှင့်သက်ဆိုင်၏။ အခန်း (၁၀) ကိုအသုံးပြု၍ နိုင်ငံရေးပါတီများ၏ ရပ်တည်ခွင့်ကို အစိုးရက အချိန်မရွေးပိတ်ပင်နိုင်သည်။ အားကောင်းသော နိုင်ငံရေး ပါတီကို အခန်း (၁၀) က ရိုက်ချိုးပစ်နိုင်၏။ အစိုးရကို ဆန့်ကျင်သော ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်သည် (သို့မဟုတ်) အားပေးကူညီသည်ဆိုပါက နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ပိုင်ခွင့်မရှိဟု အခန်း (၁၀) ၌ ဖော်ပြထားသည်။ နိုင်ငံခြားအစိုးရ (သို့မဟုတ်) နိုင်ငံခြား အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံခြားပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်းနှင့်အခြားအထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲပါက နိုင်ငံရေးပါတီအဖြစ်မှ ရပ်တည်ခွင့် ဆုံးရှုံးသည်ဟုဆိုသည်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုသောအခါတွင်လည်း ပါတီအဖြစ် ဆုံးရှုံးသည်ဟုဆိုသည်။ 

နိုင်ငံခြားနှင့် ဆက်သွယ်မှုများပြားနေသော ယခုခေတ်တွင် အလွယ်တကူအကြောင်းရှာ၍ နိုင်ငံရေးပါတီကို ပယ်ဖျက်နိုင်သော နည်းပင်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်၍ နိုင်ရန် အလား အလာရှိပါက အခန်း (၁၀) နှင့် ထိပ်တိုက် တွေ့ဖွယ်ရှိတယ်။ အခြေခံဥပဒေအရ နိုင်ငံရေးပါတီကို ပယ် ဖျက်နိုင်စွမ်းရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော်ကလည်း နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် ဥပဒေများ ကို လိုအပ်သလို ပြဋ္ဌာန်းနိုင်သည်ဟု ပုဒ်မ (၄၀၉) ကဆိုသည်။ စည်းကမ်းဥပဒေ စိတ်ကြိုက်သတ်မှတ်ပြီး နိုင်ငံရေးပါတီများ၏လည်ပင်းတွင် ကြိုးကွင်းစွပ်ထားသည့် အခြေခံဥပဒေပင်ဖြစ်၏။ 

နအဖဖန်တီးလိုက်သော နိုင်ငံရေးလောကသည် နအဖစီးပွားရေးလောကနှင့် အတူတူပင်ဖြစ်၏။ နအဖနှင့် ပုလင်းတူဘူးဆို့ ကျိတ်ဝိုင်းလုပ်သော စီးပွားရေးသမားများ ချမ်းသာလာသကဲ့သို့ နအဖနှင့် ကျိတ်ဝိုင်း လုပ်နိုင်သော နိုင်ငံရေးပါတီများ ကြီးပွားချမ်းသာကြမည်ဖြစ်သည်။ နအဖအခြေခံဥပဒေပုဒ်မ (၄၀၅) တွင် ဖော်ပြထားသော “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ” ဟူသည်မှာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဘ၀တွင် နအဖအာဏာပိုင်တို့၏ ညွှန်ကြားချက်ကို နာခံခြင်းပင်ဖြစ်သည်။ နိုင်ငံရေးပါတီကို အလွယ်တကူအပြစ်ပေး၍ ပယ်ဖျက်နိုင်သော နအဖအခြေခံဥပဒေကြောင့် လွတ်လပ်သော နိုင်ငံရေးပါတီ ထွက်လာရန် ခက်ခဲမည်ဖြစ်သည်။ ကန့်သတ်ချုပ်ချယ်မှုနည်းလေလေ နိုင်ငံရေးပါတီအနေဖြင့် တာဝန်သိစွာ ရှင်သန်ကြီးထွားရန် အခွင့်အလမ်းများလေလေဖြစ်သည်။

နအဖပြဋ္ဌာန်းသော နိုင်ငံရေးစနစ်သည် အနှစ်သာရအားဖြင့် တရုတ်ကွန်မြူနစ်အစိုးရ၏ နိုင်ငံရေးပါ တီစနစ်နှင့်တူသည်။ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်၌ နိုင်ငံရေးပါတီများ ဆွေးနွေးတိုင်ပင်၍ ပူးပေါင်း ဆောင်ရွက်ခြင်းသည် တရုတ်ပြည်၌ ကျင့်သုံးသော ပါတီစုံစနစ်ဟုဆိုသည်။ ပါတီချင်း ပြိုင်ဆိုင်ကြသော အနောက်တိုင်းစနစ်နှင့် ကွဲပြားခြားနားသကဲ့သို့ တပါတီစနစ်နှင့်လည်း ကွဲပြားသည်ဟု တရုတ်စာတမ်းတွင် ဖော်ပြသည်။ ပါတီစုံတိုင်ပင်ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သည့် နည်းသည် တရုတ်ပြည်နှင့် အသင့်တော် ဆုံးဖြစ်သည်ဟုဆို၏။ တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီအပြင် အခြားပါတီ (၈) ပါတီ ရှိသေး၏။ ယဉ်ကျေး မှုတော်လှန်ရေးကာလ (၁၉၆၆-၁၉၇၆) ၌သာ ပါတီစုံစနစ် ရပ်ဆိုင်းခဲ့ပြီး ၁၉၇၈ တွင် ပြန်လည်ကျင့် သုံးသည်ဟု ဆို၏။ ၁၉၉၃ ၌ ကျင်းပသော (၈) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၌ ပါတီစုံပူးပေါင်း ဆောင်ရွက်ရေးနှင့် နိုင်ငံရေးဆွေးနွေးရေးမူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းလိုက်သည်ဟု ဆို၏။ 

ဗမာစစ်တပ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ နေရာမျိုးကို ရယူထားခြင်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ကဲ့သို့ပင် ဗမာစစ်တပ်သည် ရာသက်ပန်အာဏာရှင်ဖြစ်နေ၏။ ဥပဒေပြုလွှတ်တော်တွင် စစ်ဗိုလ် (၂၅) ရာခိုင်နှုန်းယူ၍ ကျန် (၇၅) ရာခိုင်နှုန်းကို စစ်ဗိုလ်ဟောင်းနှင့် အရပ်သားများ ပြိုင်ဆိုင်ရမည်ဖြစ်သည်။ စစ်တပ်က ဦးဆောင်သည်ကို အရပ်သားများက ပူးပေါင်းဆောင်ရွက်ရသည့် နိုင်ငံရေးစနစ်ပင်ဖြစ်သည်။ နအဖ မကျေနပ်သော နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ကြပ်ပြေးသန်းရွှေ စီစဉ်သော နိုင်ငံရေးစနစ်ပင်ဖြစ်၏။ ရွေးကောက်ပွဲသည် တဖက်သတ်အနိုင်ကျင့်သော လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံခြားလေ့လာသူများကို ၀င်ခွင့်မပေးခြင်းပင်ဖြစ်သည်။

တရုတ်ဒီမိုကရေစီ စက္ကူဖြူစာတမ်းကို ၂၀၀၅ အောက်တိုဘာလ၌ ထုတ်ပြန်သည်။ အနှစ်သာရမှာ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်၌ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်၏။ ကွန်မြူပါတီ၏ အောင်မြင်မှုကို မှတ်တမ်းတင်သည့် စာတမ်းဖြစ်သဖြင့် ပြည်သူများ သိန်းချီသေဆုံးရသော အမှားမျိုးကို ကွယ်ဝှက်ထားသည်။ ဒီမိုကရေစီစနစ်မျိုးစုံတွင် တရုတ်ဒီမိုကရေစီသည် တရုတ်လူမျိုးနှင့် အသင့်တော်ဆုံးဟုဆိုသည်။ ဒီမိုကရေစီကိစ္စတွင် အတုယူစရာမလိုဟု တရုတ်ကွန်မြူနစ်က ယူဆသည်။ ဤပုံစံအတိုင်း နအဖကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်တွင် အားလုံးပူးပေါင်းဆောင်ရွက်သည်ကို ဒီမိုကရေစီအစစ်အမှန် ဖြစ်သည်ဟု အခြေခံဥပဒေ၌ ၀ါဒဖြန့်ထား၏။ တရုတ်ပြည်၏ ချို့ယွင်းချက်နှင့် အားနည်းချက်ကို ပါတီကေဒါများ သိကြသော်လည်း ကြားကာလပြဿနာအဖြစ် သဘောထားပြီး တိုးတက်ဖွံ့ဖြိုးလာပါက ဤပြဿနာများ ပျောက်သွားလိမ့်မယ်လို့ ယူဆကြ၏။ ခေါင်းဆောင်ကို အမှားကင်းသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့် ပါတီကေဒါနှင့် ၀န်ထမ်းသည် ဆွေးနွေးမှုကို နားမလည်ပါ။ ဤနေရာ၌လည်း တရုတ်ပါတီကေဒါနှင့် ဗမာစစ်ဗိုလ်သည် အသွင်တူကြပေသည်။

အဂတိလိုက်စား၍ အာဏာအလွဲသုံးစားလုပ်ရာ၌လည်း တရုတ်ကေဒါနှင့် ဗမာစစ်ဗိုလ်အသွင်တူကြသည်။ တရုတ်ပြည်နှင့် မြန်မာပြည်တွင် စီးပွားရေးလုပ်ပါက ကေဒါနှင့် စစ်ဗိုလ်ကို လာဘ်ထိုးရသည်မှာ ထုံးစံဖြစ်၏။ ဗမာစစ်ဗိုလ်နှင့် ဆွေမျိုးသားချင်းများ စီးပွားရေးသောင်းကျန်းသည့်ကိစ္စ၌ စာရင်းအင်းမရှိပါ။ တရုတ်ပြည်၌ စာရင်းလုပ်ထားသည်။ ၂၀၀၃ မှ ၂၀၀၈ အထိ အဂတိလိုက်စားမှုပေါင်း (၈၅၂,၀၀၀) ရှိပြီး ပါတီနဲ့အစိုးရ၀န်ထမ်း (၈၈၁,၀၀၀) အပြစ်ဒဏ်ခံရ၏။ နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရာ၌လည်း ပါတီဝင်နှင့် စစ်ဗိုလ်အသိုင်းအ၀ိုင်းသာ အမြတ်ထွက်ကြသည်။ ဤသို့သော သူခိုးများဖြင့် တည်ဆောက်ထားသော နိုင်ငံရေးလောကို သူခိုးက နွားကောင်းရွေးသော နိုင်ငံရေးစနစ်ဟု ခေါ်ရပေမည်။

ဦးမင်းကျော် forward mail မှ

အခုတော့ ရူးသွားပြီ


ကျွန်တော်သည် နေ့စဉ်နှင့်အမျှ တတ်နိုင်သ၍ လက်လှမ်းမှီရာ စာအုပ်စာတမ်းများကို ရှာကြံဖတ်ခဲ့၏ ။ စာဖတ် ရခြင်း အကြောင်းအရင်းကို ပြောပြလိုသေး၏။ ကျွန်တော်သည်နေ့စဉ်နှင့် အမျှဆိုသလို တိုင်းပြည်ကိုခေါင်း ဆောင်လုပ်နေကြသူများ အဘယ့်ကြောင့်  ဤသို့ ဤပုံ အစိုးအသွမ်း ဖြစ်သွားကြသနည်း ဟုလည်း သိချင်စိတ် ဖြစ်၏ ။ ကောင်းရာကောင်းကြောင်း ပြုပြင်ပြောင်းလဲပေးလိုသော ဆန္ဒသည်လည်း ရှိပါ၏။ အကောင်းဆုံးအကြံ ပြုနိုင်ရန်အလို့ငှာ စာအုပ်စာပေတို့ကို လေ့လာ၏။ ထို့ကြောင့် ပင်လျှင် ကျွန်တော်ကိုယ်တိုင်ရွေး၍ ကျွန်တော် ကိုင်ဆောင်ထားသော “ မင်းမကြောက်” ဟူသော ကလောင် လေး သည် ပင် စာမျက်နှာ ပေါ်မှ ပျောက်နေသည် မှာ ကြာခဲ့ ပြီ ဖြစ်၏။ နေ့စဉ်နှင့် အမျှ ကျွန်တော် ဖတ်မိ သမျှသည်လည်း မနေ့ကအထိ အချဉ်းအနှီးသာဖြစ်၏။ စိတ်ပေါက်ပေါက်ဖြင့် အကောင်းတကာ အကောင်းဆုံး တွေကို ရှာဖတ်၏ ။ ဒီနေ့ ဒီရက် မနက်ထမင်းစားပြီးချိန် ရောက်မှ ပင် ကျွန်တော် ရက်ပေါင်းများစွာ ရှာဖွေနေ သော အရာသည် တွေ့ရပြီ ဖြစ်၏။
ရှေးဦးစွာ ဒီစာကိုဖတ်မိသူအားလုံးအား အနူးအညွတ်တောင်းခံလိုသည်။ ကျွန်တော် အကြံပြုလိုသော မောင် မင်းကြီး သားတို့သည် ကျွန်တော်အား မကျေမနပ်ဖြစ်၍ သတ်ပစ်ချင်လောက်အောင်ရှိသောကြောင့် ကျွန် တော်ပြောပြလိုသော်လည်း လက်ခံကြမည်မဟုတ်ပေ။ သို့ဖြစ်ပါ၍ ဒီစာကို ရလျှင်ရခြင်း ချက်ချင်းမနှေး အ ပြေးသွား၍ မောင်မင်းကြီးသားများအား ပြောပြပေးစေလိုသည်။
ဒီနေ့ဒီရက်ရောက်ကာမှ နောက်ကျပြီဟု မဆိုသာ။ သက်သေသာရကာ တို့ကို ထောက်ပြ၍ ကျွန်တော်သည် စိတ်ကြီး ၀င် အရူးအကြောင်းကို ပြောပြအံ့ဟု အတွေးပေါက်၏ ။ လူတို့သည် မိမိကိုယ်ကိုယ် အထင်ကြီးစိတ် ဖြင့် ရူးသွပ်ခြင်းသို့ ရောက်တတ်ကြ၏ ။ ရူးသွပ်ခြင်း၏ အကြောင်းရင်းကား အဘယ်နည်းဟုဆိုသော် ကျွန်ုပ် ဖတ်ရသော စာအုပ်ကို မပြောပြပဲ စာအုပ်ပါ အချက်အတိုင်း ထောက်ပြ လတ္တံ့။ ရူးသွပ်ခြင်းကား အဘယ် နည်းဆိုသော အဆုံးမသတ်သည့် မေးခွန်းကို မည်သူမျှ ဖြေဆိုနိုင်မည် မဟုတ်။ ရူးသွပ်ခြင်း ဖြစ်ပေါ်နိုင်သော အကြောင်း အရင်းကား အမျိုးမျိုးရှိ၏။ ရူးသွပ်သူများထဲမှ တစ်ဝက်လောက်သည် ဦးနှောက်ပျက်၍ သော် လည်း ကောင်း၊ အရက်ကြောင့်သော်လည်းကောင်း၊ အဆိပ်အတောက်များကြောင့်သော် လည်းကောင်း၊ ဒဏ်ရာ ဒဏ်ချက်များကြောင့်သော်လည်းကောင်း ရူး သွပ်ခြင်းကို ဖြစ်စေ၏။ ကျန်တစ်ဝက်မှာမူကား တစ်စုံတစ်ရာ ချို့ယွင်းမှု မရှိဘဲနှင့် ရူးသွပ်လျှက်ရှိသည်ကိုတွေ့ရ၏။ ထိုဝေဒနာသည်များ အနိစ္စရောက်ကာမှ ဦးနှောက်ကို ထုတ်ယူ၍ အားအကြီးဆုံး ပိုးမွှားကြည့် မှန်ဘီလူးများနှင့် ကြည့်ရှုစစ်ဆေးရာ သာမာန် ကျွန်ုပ်တို့၏ ဦးနှောက် များကဲ့သို့ပင် လတ်ဆက်ကောင်းမွန်လျှက် ရှိကြောင်းတွေ့ရ၏။
အဘယ့်ကြောင့် ရူးသွပ်ရသည်ဆိုသော မေးခွန်းကို နာမည်အကြီးဆုံး စိတ္တဆေးရုံမှ ဆရာဝန်ကြီး တစ်ဦးက သေချာစွာ အဖြေမထုတ်နိုင်သည့် တိုင် အနီးစပ်ဆုံး ဖြေကြားပေးထား၏ ။ ရူးသွပ်သော လူတို့သည် မရူးသွပ် မီက မခံစားရသော မိမိကိုယ်ကို မိမိ အထင်ကြီးသော စိတ်ကို ရူးသွပ်သော အခါမှ ခံစားကြရ၏ ဟုအဆိုရှိ ၏။
၎င်းဆရာဝန်ကိုယ်တိုင်က ....
“ ကျွန်ုပ်ထံတွင် လင်ယူမှားသော မိန်းမ လူမမာတစ်ဦး ဆေးကုနေတာရှိတယ်၊ လင်ယူတဲ့ အတွက် သူ့ကိုချစ် မယ့်လင်ရယ်၊ ရာဂ ငြိမ်းမှုရယ်၊ ကလေးရယ် ၊ ဂုဏ်ရယ် သူမျှော်လင့်ခဲ့ ပါတယ်။ သို့ပေမယ့် သူ့မျှော်လင့်ချက် တွေက အကုန်လွင့်စင်ကုန်တာပဲ၊ သူ့ယောက်ျားက သူ့ကိုမချစ် ၊ ထမင်းလက်ဆုံမစား၊ သူ့လင်နေတဲ့ အပေါ် ထပ်ကိုသွားပြီး သူကိုယ်တိုင်ခူးခပ်ကျွေးရတယ်။ သူ့မှာ ကလေးလဲ မရှိ ဂုဏ်လဲမရှိ ဒါနဲ့ သူရူးပါလေ ရော။ သူ့စိတ်ထဲမှာသူ့လင်ကို ကွာလိုက်ပြီး အပျိုဘ၀က သူ့နာမည်ပြန်ယူထားတယ်၊ သူ့ကိုယ်သူ မှူးမတ် တစ်ဦးနှင့်  အိမ်ထောင်ပြုဖက်လို့ ယုံကြည်နေပြီး လေဒီဆမစ် လို့အခေါ်ခိုင်းတယ်။
ကလေး ကိုဘယ်လောက်လိုချင်သလဲဆိုရင် ညတိုင်းကလေးတစ်ယောက်မွေးနေတယ်လို့သူထင်နေတယ်။ သူ့အခန်းထဲကို ကျွန်ုပ်ဝင်သွားတိုင်း “ ဆရာမနေ့ညက ကျွန်မ ကလေးတစ်ယောက်မွေးတယ်” ဟု ဆီးပြော တယ်” ဟု ဆ၇ာဝန်ကြီးက ဆို၏။ ထိုဝေဒနာရှင် အမျိုးသမီးသည် လူကောင်းဘ၀က မရခဲ့သော ပျော်ရွှင် မှု များကို အရူးဘ၀ရောက်မှ ခံစားနေရ၏။ ထို့အတွက်ကြောင့် ဆရာဝန်ကြီးက “ ကျွန်ုပ်လက်ကို ဆန့်လိုက်ရုံ မျှဖြင့် သူရူးသွပ်သွားတဲ့ ဝေဒနာကို ပျောက်စေနိုင်မည် ဖြစ်သော်လည်း ကျွန်ုပ်သည် ပျောက်အောင်မလုပ် ပေးလို၊ ယခုအတိုင်း သူသည် ပို၍စိတ်ချမ်းသာသည် ” ဟုပြောသည်။
ဤသာဓကတွင် ဝေဒနာသည် အမျိုးသမီးအား ကျွန်ုပ်တို့၏ မြန်မာဆိုရိုးစကားဖြင့် ဆိုရသော် “ လင်ဒရူး” ဟုခေါ်ဖွယ်ရှိ၏ ။ မိမိကိုယ်ကိုယ် အထင်ကြီး၍ မျှော်မှန်းသလို ဖြစ်မလာသော အခါတွင် ရူးသွပ်သွားသော အခါမှစိတ်ချမ်းသာ ပျော်ရွှင်နေသည့် အရူးအား မကုသပဲ ဒီအတိုင်းထားသော် သင့်တော်ပါ၏ ။ ဤသာဓ ကအားဖြင့် ကျွန်ုပ်သည် နိုင်ငံခေါင်းဆောင်များ၏ အရူးထမှုအကြောင်းကို စဉ်းစား၏။ ပုံမှန်အားဖြင့် အကြီးဆုံး ဗိုလ်ချုပ်မှုးကြီး မှအဆင့်ဆင့်သော ဗိုလ်များသည် စိတ်ကြီးဝင် အာဏာရူးရောဂါ စွဲကပ်နေပြီကို သတိချပ်မိ၏။ HIVလိုရောဂါမျိုးသည် ပိုးမွှားဖြစ်၍ မှန်ဘီလူးဖြင့် ကြည့်ကမြင်နိုင်သော်လည်း စစ်ဗိုလ်ကြီးများတွင် စွဲကပ်နေ သော အရူးရောဂါမှာ ပိုးမွှားကောင်မဟုတ်သည့် အတွက် မှန်ဘီလူးဖြင့်ကြည့်၍ကား ရမည်မဟုတ်။ စိတ်တွင်စွဲကပ် နေသာ “ ငါမှငါ ၊ ငါသာ အာဏာနှင့်ထိုက်တန်သည်၊ ငါသာ တိုင်းပြည်ခေါင်းဆောင်လုပ်မည်” ဆိုသော စိတ် ရူးဖြစ်၏ ။ “ လင်ဒရူး “ မှာ သူတစ်ဦးတည်း ရူးနေခြင်း ဖြစ်၍ ကုသခြင်းမပြုပဲ သူ့အားစိတ် ချမ်းသာစေလို၍ ထားသော် ရကောင်း၏ ။ အာဏာရူးကိုကား ဒီအတိုင်း သူပျော်ရွှင်နေပါသည် ဟု ထားမည် ဆိုက မသင့် တော် ကြောင်း သင်လည်း အသိပင်ဖြစ်၏။ လူအသက်ပေါင်း များစွာအတွက် အန္တ ရာယ်ကြီးမား လှ သောကြောင့် ဤ သို့သော စကားမျိုးကို ရှည်လျှားစွာ ကိုးကား၍ ပြောနေခြင်း ဖြစ်၏။ သူတို့သည် စစ်သား ဘ၀လောက်က ပုံမှန် လူကောင်း ဖြစ်တန်ရာ၏။ 

မထိုက်မတန် မင်းအာဏာကို ဆက်ခံပြီးသောအခါ တွင်မှ စိတ်တို့သည် ပုံမှန်မဟုတ်တော့ပဲ ရူးသွားခြင်း သာ ဖြစ်နိုင်၏ ။ ကျွန်တော်ကိုယ်တိုင် တွေ့လျှင်ပင် “ လက်ညှိုးငေါက်ငေါက် ထိုး၍ သင့်တွင် အာဏာရူးရောဂါ ရှိ/ မရှိဟု ” တရားနာ ပရိတ်သတ်အား ဆရာတော်များ က တရားကိုသိစေခြင်း အလို့ငှာ ဒေါပါပါ မာန်ပါပါ နှင့် မေးပုံမျိုး မေးလိုက်ချင်၏။ အမှန်ကို အမှန်အတိုင်း ၀န်ခံမည်ဆိုကား “ ရှိ ” ဟုသာ အဖြေထွက်လာမည်ဖြစ်၏။ ဤ ရောဂါသည် ပိုးမွှားမဟုတ်သော်လည်း ကူးဆက်လွယ်၏ ။ ခွေးသာသာရှိသည် မြေးပေါက်စ ကိုပင်လျှင် အာဏာရူးရောဂါ စွဲကပ်တော့မည်ကို သတင်းများ အရ ပြောနိုင်ပါ၏။ သို့ဖြစ်သောကြောင့် ကုမည်ဆိုက လည်း တစ်ဦးချင်းစီကို ကုသပေးရုံမျှဖြင့် မရသေးချေ။ မျိုးလိုက်ရိုးလိုက် စိတ္တဆေးရုံသို့ ပို့ရမည်သာ ဖြစ် ကြောင်းထပ်မံ အကြံပြုလိုသေး၏။ မြန်မာပြည်တွင် ကုသမည်ဆိုက ရွာသားကြီး အရူးထောင် စိတ္တဆရာ ၀န် များထံတွင် ကုသ၍ ရနိုင်၏။ သို့ သော် ၎င်း ပုဂ္ဂိုလ်များ တွင် “ ပြည်ပ အားကိုး ပုစိန်ရိုး ” ဟု ခေါ်တွင်နိုင်သော ရောဂါ တစ်စုံတစ်ခု ဖြစ်လျှင် တိုင်းတစ်ပါးသို့ သွားရောက်ကုသလိုသော ဆန္ဒသည်လည်း ပြင်းပြ၏။ ထိုတစ် ချက်ကိုတော့ အလိုလိုက်သင့်၏။ 
နိုင်ငံတကာတွင် ရှိသော အကောင့်တကာ့ အကောင်းဆုံး စိတ္တဇ ဆေးရုံသို့ပို့၍ ကုသပေးရမည်ဖြစ်၏။ တိုင်း သူပြည်သားများအနေဖြင့် ရည်ရှည် အကျိုးကို မျှော်ကိုးသည် ဆိုက တိုင်းပြည် စီးပွား ကုန်ချင်သလောက်ကုန် အကုန် အကျခံ၍ ကုသပေးသင့်၏။ သို့မဟုတ်က တစ်မျိုးလုံး အမျိုးတုန်းနိုင်၏ ။ ကျွန်ုပ်၏အကြံပြုချက်ကား အကိုးအကားအထောက်အထား ဖြင့် သင့်တော်လှ၏ ။ မယုံမကြည် ရှိ၍ မဟုတ်သုတ်ခ ဗေဒင်မေးဦးမည် ဆို က အနည်းဆုံး ဆန်နှစ်လုံး ( နို့ဆီဘူးနှစ်ဘူးခန့်)ကုန်နိုင်သေး၏ ။ ကောင်းသောအကြံကို လက်ခံ၍ ကုသမည် ဆိုက တိုင်းပြည်စည်းစိမ် ရှိသမျှဖြင့် အကုန်အကျခံ၍ ကုသပေးနိုင်သော်လည်း အလဟဿ ဆန်နှစ်ဘူး အတွက်တော့ အလွန်နှမြောမိ၏။ ယုံယုံကြည်ကြည်ဖြင့် လိုက်နာစေလို၏ ။ အကောင်းဆုံး စိတ္တဆေးရုံကို ညွှန်ကြားပေးကြရန် မေတ္တာ ရပ်ခံပါ၏ ။ တိုင်းပြည်နှင့် လူထုအကျိုးအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ် ကြလော့ ။ ကူညီကြလော့ ။ မနှေးအမြန် စိတ္တဆေးရုံသို့ ပို့ရန်လောက် သာတိုက်တွန်းနိုင်၏။

မေးကိုလက်ခံရှိသော မိတ်ဆွေအပေါင်းတို့က အာရူးများအား အကြောင်းကြား၍ အားလုံးတစ်စုတစ်စည်း တည်း ကုသကြစေ။ လေယဉ်လက်မှတ်အတွက် ကုလသမဂ္ဂမှ စပွန်စာပေးမည်ဖြစ်သည်။

အခုမှ တဖန် ပေါ်လာပြန်သော ပျောက်ဆုံးနေသည့်  မင်းမကြောက်

လိမ်ကြစေ ... ညာကြစေ ... အားရရင် နားကြပါတော့



ပဲခူးတွင် ဖြစ်ပွားခဲ့သော လူငယ်နှစ်ဦးအသတ်ခံရသည့် ကိစ္စနှင်ပတ်သတ်၍ နာရေးသတင်းဟူသည် သတင်း စာ ထဲတွင်ဖေါ်ပြခြင်း မရှိခဲ့ပါ ။ ရက်လည်ပြီးကာမှ သတင်းစာများတွင် လည့်ပတ် လိမ်ညာပြီး ရေးသား ထားသော သ တင်းများသာ ထွက်လာခဲ့သည်။ ဒီသတင်း အသေးစိတ်ကို Freedom News Group ၏ သတင်း မရေးတတ် သောကြောင့် စစ်တပ် သည် ပြည်သူ ကို အခါ အားလျှော်စွာ သတ် ဟု ၀န်ခံရာရောက် မှာသွားရောက်ဖတ် ရှုမယ် ဆိုရင် အသေးစိတ်သိရမှာပါ။ အဲဒီမှာခွေးတွေ သောင်းကျန်းထားတာလဲ ဗြောင်းဆန်နေပါပြီ။ အမြင်မ တော် တော့ပါဘူး။ ရေးချင်ရာရေးပြီး သတင်း စာမျက်နှာတွေထုတ်နေသော ပုဂ္ဂိုလ်များက ပြည်ပမီဒီယာများကို အမျိုးမျိုး အပုတ်ချ နေပုံမှာလဲ ရေးသူတွေကတော့ မရှက် တတ်လို့ရေးကြတာပါ။ သတင်းစာကိုကြည့်ပြီးတော့ တော်တော်ကျက်သရေတုံးနေပါပြီလို့သာ သဘောထား လိုက်တော့ပါတယ်။ နေ့စဉ်ဘာသတင်း အမှားတွေတွေ့ ရမလဲဆိုပြီးတော့သာ တစ်ခါတစ်ရံ ဖတ်မိခြင်းပါ။
မဖတ်ဘဲနေတော့လဲ ဘာတွေညာနေတယ်ဆိုတာမသိရဘူး။ ဖတ်မိတော့လဲ တော်တော်ကို စိတ်မကောင်း ဖြစ်ရတယ်။ ပြောရင်းရိုင်းမယ်။ ကိုယ်တွေက တုမရိုင်းချင်ဘူး။ စာဖတ်သူကိုအားနာတယ်။ အမှားမှန်းသိရက် နဲ့ ပြောင်ပြောင်တင်းတင်းရေးရဲ တဲ့ သတင်းသမားတွေ ကတော့ မြန်မာ့အလင်း နဲ့ ကြေးမုံ ဖြစ်လာပြီ။ တစ်ချိန် ကတော့ ပြည့်သူ့သတင်းစာ ။ အခုချိန်မှာတော့ ပြည်သူကို ညာတဲ့ သတင်းစာဖြစ်သွားပြီ။ 
မနေ့ကထုတ် သတင်း တစ်ပုဒ်ကို ပြောပြပါရစေအုံး။ ပြည်သူတွေ မလုပ်တတ်တဲ့ လက်နက်ကို ပြည်သူအပေါ် လွှဲချတဲ့ သတင်း။ ရေးလည်းရေးတတ်ပါပေတယ်ဗျာ။ တော်ချက်တွေက တလွဲဖြစ်နေပြီဆိုတာကို သိသိနဲ့ လုပ်နေကြတယ်။ ကိုယ့်အမှားကိုယ်ပြင်ဖို့ တိုက်တွန်းနေယုံနဲ့ လည်း မလုံလောက်တော့ဘူး။ စကားဆိုတာ ရှေ့နဲ့ နောက်ညီအောင်ပြောရတယ်။ နိုင်ငံနဲ့ချီပြီးလိမ်နေလို့ပြောတာပါ။ တစ်တိုင်းပြည်လုံးကိုလိမ်နေတဲ့သူ တွေကို “သူများကိုယ်ပဲလိမ်လို့ရမယ် ကိုယ့်ကိုယ်ကိုယ်တော့ လိမ်လို့မရဘူးလို့ ” သွားပြောလို့လဲ ရမှာမဟုတ် တော့ဘူး။ သူများကိုလည်းလိမ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လိမ်တယ်။ သူတို့အတွက်က ဒီအလုပ်ပဲ ရှိ တော့တာဆိုတော့ မပြောတော့ပါဘူး။ လိမ်ကြပေတော့... လိမ်သမျှသိတယ်လို့ တော့ မှတ်ထားကြပါ။
ဗိုလ်ချုပ်ဈေးကုန်းကျော်တံတား အောက်တွင် တွေ့ရှိရသော ကျောင်းသုံးကော်ပါဗူး နှင့် ထောင်ထားသော ချိန် ကိုက်ဗုံးသတင်း ရေးသားထားပုံလေး အနည်းငယ် တင်ပြပါရစေ။ “ ၂၀၁၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေး ကောက်ပွဲ ပျက်ပြားအောင် သွေးထိုးလှုံဆော်နေမှုများနှင့် အကြမ်းဖက် အဖျက်အမှောင့် လုပ်ရပ်များအား တိုးမြှင့် လုပ်ဆောင်လျှက်ရှိကြရာ ဤဖြစ်စဉ်မှာ မကြာမှီက ပဲခူးမြို့တွင် လူငယ်အချင်းချင်းခိုက်ရန်ဖြစ်ပွား ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ရသည့် ဖြစ်စဉ်နှင့် အချိန်ကိုက် ဟန်ချက်ညီ လုပ်ဆောင်လာခြင်း သာဖြစ်သည်။ ” ဘက်တော်သား သတင်းအရေးအသားများ ကောင်းလည်းကောင်းပါတယ်။ ကိုယ့်ဂုဏ်ကိုယ် ပဲဖော်နေတာလား။ သတင်းအရေးအသားကို ကြည့်ပါ ။ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာက ပြည်သူထဲက လူ ငယ်နှစ်ဦး ဖြစ်ပါတယ်။ သတ်ခဲ့တာက အမူးလွန်နေတဲ့ နိုင်ငံသားကောင်း စစ်ဗိုလ်ကြီးတွေ။ အဲဒီကိစ္စနဲ့ အချိန် ကိုက် လုပ်တယ်ဆိုတော့ကာ “ ပဲခူးမှာလဲ သတ်မယ် ၊ ရန်ကုန်မှာလဲ သတ်အုံးမယ် ဆိုပြီးများ ချိန်ကိုက်ဗုံးလာ ထောင်ထားကြတာလား”  ဖြစ်မှဖြစ်ရလေ သတင်းသမားကြီးတို့ရေ။
မကျေနပ်တာတွေပြောရရင်တော့ အော်အော် ဆဲဖို့ပဲရှိတာပေါ့ဗျာ။ မဆဲတော့ပါဘူး။ မင်းတို့လျှေက်တဲ့လမ်း ကအလိမ်အညာမှန်းသိသိကြီးနဲ့ ငါတို့တွေ ငြိမ်ကုတ်ပြီး ခံနေဆဲပါလို့ သာ အကြောင်းပြန်ရင်း အဆုံးသတ် လိုက်ပါတယ်ဗျာ ။။ 

နောင်တော်လေး

့ကိုယ်ထင်ရာကိုယ်တွေး အာဏာရှင်ပေးမယ့်ဒီမို အရေး


လာမဲ့ ၂၀၁၀ရွေးကောက်ပွဲ မှာ စစ်အစိုးရ ကမြန်မာနိုင်ငံ ကို “စစ်” မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုက ရေစီ ပေးမည်လို့ ပြောထားပါတယ်။၎င်း စာတန်းလေး ကို မြင်ရ သဖြင့် ခဏတာ ပျော်ရွှင်သွားမိပါသည်။ တစ်ပါတီ စနစ်၊ စစ်အာဏာရှင် စနစ်အောက်တွင် ကြပ်တည်းဆင်းရဲစွာ နေထိုင် လာခဲ့ကြသည်မှာ ၁၉၆၂ မှ ယခု ၂၀၁၀ ထိပင်။ ထို့ကြောင်ပဲ ပျော်ရွှင်မိတယ်။ ပျော်ရွှင်မှူဟာ ဘယ်လောက်မှမခံပါဘူး ။ လိုင်းကားပေါ်က အဖြစ်လေးကို သွားသတိရမိတယ်။ လိုင်းကားပေါ်မှာ လူကြီးတယောက်က နေရာမရဖြစ်နေတယ်။ အသက် ၄၀ကျော် လောက်ပါ။ နေရာမရတော့ နေရာအတွက် ရုံးကန် လုပ်ရှားနေတယ်။ သ်ပ်မကြာပါဘူး မဟာကံ ထူးရင် ကြီးဟာ ပြတင်းပေါက် အနီး မှ အမျိုးသမီး ချောချော နံဘေး မှာ ဖင်ချ စရာ နေရာ တခုရ သွားပါ တယ်။ ဒီလိုနဲ့ ခရီးစဉ်တလျှောက် စိးနင်းလာရာ. . . . . . .. . .. . .
မှတ်တိုင်တခုရပ်ရော အဘွားအို တယောက် အသက် ၈၀ နီးပါး တက်လာတယ်။ သူလိုကိုယ်လို နေရာပေး ချင်ကြတယ်။ အဘွားက ယဉ် အကူနားမှာပဲနေ တော့ နောက်ကလူတွေ နေရာပေးလို့မရဘူးဖြစ်နေတယ်။ အနီးဆုံးက ဘ၀အစ ၄၀ကျော် ကတော့ အဘွားတတ်လာတည်းက မျက်နှာ ခပ်ချောချော အမျိုးသမီး ဘက်လှဲ့ ကာ မသိချင်မမြင်ချင်ယောင်ဆောင်နေ တော့သည်။မနေနိုင်လို့ ယဉ်နောက်လိုက် က နေရာလေး တချက်လောက်ဖယ်ပေးကြပါလို့ ပြောတော့ လည်း သူကိုရည်ရွယ်ပြီးပြောနေတယ်လို့ မယူဆပဲ ဖာသီးဖာ သာ နဲ့ နေတယ်။
ပြောလိုက်ပါသေးတယ်မနေနိုင် လို့ အချိုလူတွေများ တယ်ထိုင်ခုံ ကြိုက် တာ ပြတင်းပေါက်ကလည်းနီး ဘေး မှာ ကလည်း ပြာကညို နဲ့ ပတ်ဝန်းကျင်တောင်မေ့နေ တယ်။ ပြောတော့ မကြိုက်ကြဘူး ။ ဟုတ်နေတော့ ပါးစပ် ပိတ်ပြီး ၊ကျွန်တော့် ကို မျက်လုံးချင်းအထာ လာပေးတယ်။ မပြောနဲ့ မင်းလည်း ငါ့လို နေရာရအောင် ယူနိုင်ရင်ယူဆိုတဲ့သဘောလားတော့မသိဘူး။ ငါကတော့ ဒီနေရာကို ဘယ်သူလာလာ မပေးနိုင်ဘူးဆိုတဲ့ အကြည့်နဲ့။
မေ့မေ့ပျောက်ပျေက်နဲ့ နေလိုက်တာ ၃ ၊၄ လ လောက်ကြရင် ၂၀၁၀ ရွေးကောင်ပွဲ ပြီးရင်ဗမာနိုင်ငံ လွတ် လပ် ရေးရပြီ ဒီမိုကရေစီ ရပြီလို့ အသံတွေ ကြားရတော့မှ ပဲ ဘတ်(စ်) ကားပေါ်က ၄၀ကျော် ကာလသား အ ကြောင်း သွား သတိရမိတယ်။
ရွေးကောင်ပွဲနီးလာလေ လေ အေသင်ချိုဆွေ နဲ့ ကြက်ဖ တွဲဆို တဲ့ သီချင်းလေးကို ကြားယောင် နေမိလေ လေပါပဲ။သီချင်းလေးက “ကမ်းမမြင်၊ လမ်းမမြင်၊ အို .. . . ကမ်းမမြင်လမ်းမ မြင်။ ”သီ ချင်းသံကြားတိုင်းရင်ခုန် တယ်။ သူ့သီချင်း လေးတွေ တော်တော် လေးကို ကောင်းတယ်။ နဖူး ပေါ် လက်တင် စဉ်းစား လိုက်ရင် ငါလေရင်မောတယ် တို့။ ပိုးလေးရှိ လို့ အခန်း တံခါးပိတ် ကာ ငါတစ်ယောက်တည်း ကျင့်နေတာတို့။ ကောင်းတယ် စာသားလေးတွေ။ ခုခေတ်၂၀၁၀ ရွေးကောက်ပွဲ နဲ့ ကွက်တိပဲ။ ကိုလေးဖြူ ဆိုတဲ့ လျှောက်. . . လျှောက် သီချင်း၊မှာ ဆိုရင်လည်း စာသားတွေ မိုက်တယ်၊ လျှောက်. . .လျှောက် . . . မင်းတို့လမ်း ၊မင်းတို့ ရွေးပြီးကိုယ်တိုင် ၊ လျှောက်. . . လျှောက် . . . ကျုပ်တို့လမ်း ၊ကျုပ်တို့ရွေးပြီး ကိုယ်တိုင်၊ အကြောင်းပြချက်လုံးဝ လုံးဝ မလိုဘူး၊ စာသားလေးတွေ ကြိုက်လို့ပါ။ ၂၀၁၀ မတိုင် ခင်ကလည်း ကိုယ်ဝိုင်းရဲ့ ၀ဋ်ကြွေး သီချင်းလေးကို အမြဲတမ်းနားထောင် မိတယ်။ ၀ဋ်ကြွေး . . . . . . . . . . . . . အဲ့ စာသားလေးကို ကြိုက်တာ ။ ခေတ်နဲ့ ညီနေတာပဲ၊ ကို မျိုးကြီး ဆိုတဲ့ နားနားပြီးပြောမောမယ် သီချင်းလည်း ကောင်းတာပဲ၊။ “ မကျေနပ်တာ ကျုံ တဲ့ အခါ ပြန်ပြောရင်ရိုင်းတယ်ပြောမယ်၊ မြင်မကောင်းစရာ ၊ရင်နှင့်စရာ စုံလုံး သာ ကမ်းချင်တော့၊ ပါးစပ်ပိတ် . . . ခေါင်းညိမ့် . . .ကြိတ်မှိတ်. . . . .. . . . . . . . . . .ဖြေးဖြေး ဖြေးဖြေး ပြော နားနားပြီးပြောမော မယ်” တဲ့ စသားလေးတွေပါ။ ၂၀၁၀ ခုနှစ်ကိုများရွေး ပြောလေသ လား။
အခုလည်း ကြားရ သမျှ ၊နားထောင်ဘူး သမျှ သီချင်း လေးတွေ ကို ကိုယ့်အတွေးလေးနဲ့ ကိုယ်တွေး ပြီးတော့ ရင်ခုန် နေရတာ ။ ပွဲ ကြီးကလည်းနီး လာပြီ။ရင်ခုန်သံ လည်းမြန်နေရပြီ။ ၂၀၁၀ရွေးကောင်ပွဲ ပြီးကာလ မတိုင်ခင်က အနုပညာရှင် များရဲ့  သီချင်းစာသားလေးတွေ ကို ကြားရပြီး ဒီမိုကရေစီ ပေးမယ့်ရွေးကောင်ပွဲ ကိုလည်း အယုံအကြည်မရှိဖြစ်လာရသလို ပျော်ရွှင်မှုတွေလည်း ပျောက်ကွယ်သွားရပါတယ်။ဘတ်(စ်) ကား ပေါ်က ကာလ သား ကြီး ကြောင့်လည်း ပါတယ်။
သီချင်းစာသားတို့သည် အနု ပညာ ရှင်တို့ သူ့အတွေနှင့်သူ သီဆိုကြခြင်းဖြစ်ပါ သည်။ကျွန်တော်ကတော့ ကိုယ့် အတွေး နှင့် ကိုယ်တွေးကာ မပျော်မရွှင်ဖြစ်ရပါသည်။ တေးရေး ၊တေးဆို တို့နှင့် လုံးဝမသက်ဆိုင်ပါ။ ကိုယ်အတွေးနှင့်ကိုယ် အမျိုးမျိုးတွေးကြပါ။ အာဏာရှင်တည်နေသ၍တော့ တတ်နိုင်တဲ့ ဘက်က တော်လှန် မယ့် သူပါ။

ကိုယ်တိုင်လည်းတွေးကြည့်ပါ ။ နေရာလေး ရသွားတယ်ဆိုရင်ပဲ ထပေးချင်စိတ်မရှိတော့တဲ့ အသက်၄၀ အရွယ်ကိုကို နှာဘူးနဲ့ .... မောင်မောင် သန်း နဲ့

ရေးသားသူ = လင်းသက်ငြိမ်

နားမယောင် လေ နှင့် သတိထား


* မြန် မာ့ အ သံ ၊  မြ ၀ တီ   -    ရန် တိုက် ပေး နေ သည်။
* ကြေး မုံ ၊ မြန်မာ့အလင်း    -     သွေး ထိုး နေ သည်။
* နေပြည်တော် FM ၊ ရန်ကုန် FM၊ ပိတောက်မြေ  
*မန္တလေး FM                           မြှောက်ပင့်ပေးနေသည်။  

ခလောက်  “သံ”   ကောက်ကြံ 
လေလှိုင်း သံ ၊ လူသတ် သမား 
နားမယောင် လေ  နှင့်   သတိထား။                                              


ရေးသားသူ = လင်းသက်ငြိမ်

ပါတီ အတွက်ပေါ်တာဆွဲမယ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သည်လတ်တလော ဗမာနိုင်ငံရေး တွင် အင်အားကြီးမားသော ပါတီ တစ်ခုဖြစ်ဧ။် ။ ပါတီကြီးသည် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်လာမည့် ၂၀၁၀ရွေးကောင်ပွဲ ၌ ပြိုင်ဘက် ပါတီများပေါ် လုံးဝအနိုင်ရမည် ဟုတွေးထားဟန်တူသည်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ လက်ရှိ တရားမ၀င် အစိုးရကလည်း ပါတီဧ။် နောက်ကွယ် တွင် အပြည်ပအ၀ ရပ်တည်ပေးထားသည်။ ပါတီ ကိုယ်စားလှယ် လောင်းများအတွက် ရန်ပုံငွေ မျာလည်း စိတ်ပူရန် မလို။ ပြည်သူလူထု ထံမှ မတရား ယူထားသော အခွန် တို့နှင့် “လန်း” နေ ကြသည်။ လူအင်အားတွင်လည်း ပြောဖွယ်မရှိ။ အတိုက်အခံပါတီ ၀င်များ အားလုံး ပေါင်းတောင် ကြံ့ဖွတ်ကိုမမှီပါဘူး၊ ပါတီဝင်(၆)သန်း။ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်”ေ၇ွးကောက်ပွဲကို အသိအမှတ် မပြု သော တရားဝင်အစိုးရ လောက်တော့ မများပါ။ ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ နောက်မှာ ပြည်သူ တစ်ရပ်လုံးရှိပါတယ်။ ပါတီဝင်(၆)သန်းခန့်ရှိတဲ့ ကြံ့ဖွတ်ဟာ စည်းရုံးရေး နှင့် ပါတီဝင် များလာရေးကို အခြား ပါတီများ မသုံးသော နည်းလမ်း၊ တစ်ကမ္ဘာ လုံး မသုံးသော နည်းတို့နှင့် ပါတီဝင် မှိုလိုပေါ်က်စေရန် အသုံးပြုနေသည်။

၂၀၁၀ေ၇ာက်လာသည်နှင့် တပြိုင်နက် ကျွန်တော် တို့ ဗမာနိုင်ငံ တော်ကြီးသည်။ ခေတ်မှီလာသည် ကမ္ဘာ တလွှား စစ်တပ်လူလိုလျှင် “ ပေါ် တာ “ ဆွဲသည်ကိုသာ ကြားဖူးသည်။ ကျွန်တော်တို့ နိုင်ငံ မှာလည်း လူလို လျှင် စစ်တပ် က “ ပေါ် တာ “ ဆွဲ သည်။ ဒါတွေ က၂၀၀၉ ခုနှစ် ကုန်သော အခါ ၊ မရှိတော့ပါဘူး ။ ခေတ်မှီသွားပါပြီ ။ စစ်တပ်အတွက် “ ပေါ် တာ “ မဆွဲ ပဲ ၊ ၂၀၁၀ ရွေးကောက်ပွဲ တွင်ပါတီဝင်များလာ စေရန် ကြံ့ဖွတ် ပါတီ ကပဲ “ ပေါ် တာ “ ဆွဲ ပါတော့တယ်။ ခေတ်မှီ ဖွံ့ ဖြိုး တိုးတက် သော ကြံ့ဖွတ် ကရေစီ နိုင်ငံ တော် ကြီး တွင် စစ်တပ်ဟာ အဓိက မဟုတ်တော့ပါဘူး ။ ကြံ့ဖွတ်က အဓိက ဖြစ်နေပါပြီ ။ ထို့ကြောင့် ၂၀၁၀ ရွေးကောင်ပွဲအ ပြီးမှာ ကြံ့ဖွတ်က တိုင်းပြည် ကို အုပ်ချုပ်မည်။ စစ်တပ် ကနောက် ကကြိုးကိုင်ပါတော့မယ်။ တိုင်းပြည် အုပ်ချုပ်မဲ့ ပါတီကြီးဟာ တိုင်းပြည် ကို ငြိမ်ဝပ် ပိပြားစွာ အုပ်ချုပ် ရန် ၊ပါတီအင်အား ကောင်း သည်ကို ပြရန် အလို့ငှာ ပါတီ ၀င်ရန် “ ပေါ် တာ” ဆွဲ ၍ အတင်းမတိုးတိုး အောင်လုပ်နေရရှာပါတယ် ။

ပါတီ အင်အားကောင်းရန် ၊ မည်ကဲ့သို့ လုပ်ရမည်ကိုကမ္ဘာ တလွှား ခေါင်းဆောင် အများအပြား နှင့် တိုင်ပင် ၍ လုပ်ခြင်းဖြစ်သည်။ ခေါင်းဆောင်ကြိးနှင့် နောက်ပါ . . . သား တို့သည်။ ကင်းမချီ စား၊ “တော်ပါ “ဆွဲ ကာ၊ ဘော်လဂါ အရက်သောက် ပြိး ရင်းရင်းနှီးနှီး လက်ဆွဲ နှုတ်ဆက် ကာ ဆေးသမား၊ အရက်သမား တို့ နည်းပ ညာများ၊ သဘောင်္ နှစ်စီးဧ။် အကူအညီ ရယူကာ အကောင်အထည် ဖေါ်နေသည်။ယခု လို Idea မျိုးကို တော်ရုံ ဦးနှောက်တွေနဲ့ ဘယ်တွေးမိမလည်း ဗျာ။ မွေးရာပါ ပညာရှင် ၊ပါရမီရှင် ဦးနှောက် နဲ့မှတွေးမိမှာပေါ့ ။ မွေးရာပါ ဘို(ဗိုလ်) ဦးနှောက်တွေ စုပေါင်းထားတဲ့လမ်းစဉ်၊ ကြီးကိုလေးစားပါတယ်။ ထို့ကြောင့် လာမည့် နိုင်ဝင်ဘာ လ (၇) ရက်နေ့မှာ ဖြစ်လာမည့် ရွေးကောက်ပွဲမှာ ချစ်ခင်ရင်နှီးသော ကြံ့ဖွတ် ပါတီဝင်တို့သည်၊ ပေါ် တာ ဆွဲ ခံထားရ သူများနှင့် “ အစ်ကိုကြီး ညီလေး၊ မင်းနှမ ငါ့ပေး ၊ မဲလည်းပေး၊ ပိုက်ဆံ လည်းပြန် ပေးမယ် “ ဆိုတဲ့ အပေးအယူများနှင့် ယှဉ်ပြိုင်ကြတော့မည်။ ပါတီအတွက် “ပေါ် တာ “ ဆွဲတယ်ဟူသော သတင်းမှန်ကန် နေခြင်းကြောင့် ပြည်သူအားလုံး ကို “ ပေါ် တာ “ ဆွဲ မခံစေလို သောဆန္ဒနှင့် ရေးလိုက် ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း မကြားဖူးသော အဖြစ်အပျက်ကြောင့်. .. . .ကြက်သီးထနေရပါသည်။ :P


ရေးသားသူ - လင်းသက်ငြိမ်

ရန်သူမျိုး ငါးပါးထဲမှ အဆိုးဆုံး ရန်သူ


ရန်သူမျိုးငါးပါးထဲမှာ
မညှာမတာ ဘယ်သူ့မှမထောက်တာ
သူခိုး၊ဓားမြထက်ဆိုးတဲ့
ရန်သူဟာ
ဒီကမ္ဘာတစ်ခွင်မှာ
အာဏာရှင်စစ်မီးငြိမ်းမှသာ
ဒို့မြန်မာ
ဒို့လဲ မသွေမလွဲ
အမြဲပဲတော်လှန်ကာ
ဒီအာဏာရှင် အရူးကို
မသေမချင်း
အရှင်းဖြတ်ကြပါ။

သရော်ကာတွန်းများ ကြည့်ရှု့လိုပါက
ဒို့ဗမာ(REALLY BURMA) ညီလေးရဲ့ဆိုဒ်မှာ သွားကြည့် နိုင်ပါတယ် ။ ထပ်တင်ပေးဖို့ လည်း ဆိုင်းပြင်းနေပါတယ် ။

without ဖြစ်နေလို့ Licence ၀င်တာပါ


၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်အစိုးရသည် ၊ ရွေးကောက်ပွဲ ကျင်းပပေး မည့်ရက်အ တိအကျကို နိုင်ငံပိုင်မီဒီယာများမှ တရားဝင်ပြောခဲ့သည်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအနေနှင့် ရွေးကောက်ပွဲ ကာလ အလွန်နီးကပ်နေသဖြင့် ကိုယ်စားလှယ်လောင်း များ အတွက် စာရင်းပေးသွင်းရာတွင် အခက်အခဲများ နှင့်တွေ့နေရသည်။ အကျပ်အတည်းများ နှင့် တွေ့အောင်လည်း အစိုးရကြီးက တမင်လုပ်နေသည်မှာ သံသယဖြစ်ရန်မလို။ စစ်အစိုးရ၏ လက်ကိုင်တုတ် ကြံ့ဖွံ့ (ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အတွက်တော့ အသက်ရှု ချောင်သွားသည်။ အတိုက်အခံ အင်အားစု များ တွင်ကိုယ်စားလှယ်လောင်းများအတွက် (ငွေ ကျပ် ၅သိန်း) ပေးသွင်းရန်အကျပ်အတည်းများရှိ၍၊ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း များ အနည်းငယ်လျော့သွားဖွယ်ရှိကြောင်းကို ပြည်တွင်းရှိနိုင် ငံရေး သမားတစ်ဦးမှ ပြောကြားခဲ့ သည်။


ကြံ့ဖွံ့ကတော့ ပြည်သူ့အရေးတို့အရေးကို အာဏာရရေးလောက် ခေါင်းထဲ မထည့်ပဲ ပြည့်သူ့ ပိုက်ဆံ တို့အ ပိုင်ပြု၍ ကိုယ်စားလှယ်အလောင်းများအဖြစ် ရွေးကောက်ပွဲဝင်ရန် ပုဆိုးတမမ လုပ်နေသည်မှာ ကျောချမ်း စဖွယ်ပါ။ ပုဆိုးမ တယ်ဆိုလို့အထင်မလွဲပါနဲ့ ဘောင်းဘီချွတ်ကာစ ဆိုတော့ မနေတတ်မထိုင်တတ် ဖြစ်နေ တာပါ။။ ရန်ကုန်မြို့ရှိမြို့နယ်အသီးသီးမှ လမ်းသွယ် များကို သုံးမရသော ဘိလပ်မြေ (အင်) များနှင့်လမ်းတွေ တွင်တွင်ကြီး ခင်းပေးနေသည်။ လမ်းတိုင်းရှိဆိုင်းပုဒ်များမှာတော့ ကြံ့ဖွံ့အနံများ ထောင်းလပေါင်း ထနေသည်။ တကယ်တမ်း ငွေကုန်တော့ ပြည်သူတွေပါ ဆိုင်းဘုတ် တင်တော့ ကြံ့ဖွံ့တဲ့။ မဟာဂရုဏာရှင်ကြီးများ ဗိုလ်(ဘို) ဦးနှောက်ကြီးတွေ ပြည်သူငွေနဲ့ရွေးကောက်ပွဲဝင်ပြီး ဒီမိုကရေစီ ကိုရေ ရော ပါ တော့မယ်။


အာဏာရှင်ကြီး တို့ကလည်း သူတို့လက်ကိုင်တုတ်ကလေးအတွက် အစွမ်းကုန်ညစ်ပတ်ပေး နေတယ်။ စစ်အစိုးရကိုယ်တိုင်ကလည်း without (တရားမ၀င်ကြီး) ဖြစ်နေတော့ Licence ၀င် ရအောင် ရွေးကောက် ကွဲကို ဖွတ်အတင်း ကျင်းပတာပါ ။ ဒီမိုကရေစီပေးချင်လို့တော့ မထင် ဘူး Licence ၀င်တာလို့ပဲထင်တယ်။ နိုင်ငံတကာမှာ စစ်အာဏာရှင်စနစ်ရဲ့ ကြိုးကိုင်ခံဒီမိုကရေစီမွေးဖွားလိုခြင်းသက်သက်ဖြစ်သည်။ ဒီမိုကရေစီ ဆို အသံတောင်ကြား ချင်တဲ့ဟာတွေမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုရင် ကြိုးကွင်းကြီးပြေးမြင်နေပုံရတယ်။ စစ်အစိုးရ လက်မှ ဒီမိုကရေစီ ယူခြင်းထက် ခွေးရူးပါးစပ်ထဲမှ အရိုးလုရတာကမှ ပို၍လွယ်ကူသည်။ စစ်အစိုးရသည် ဒီမိုကရေစီ ဘယ်တော့မှ မပေးဘူးဆိုတာကို သံသယမရှိယုံကြည်သည်။ ပေးခဲ့သည်ရှိသော် စစ်ခွေးစနစ်ရောထားသော ဒီမိုကရေစီ (အာပင် ) ကြီးသာ ဖြစ်မည်ကို အကြွင်းမဲ့ယုံကြည်ပါသည်။


ရေသားသူ - လင်းသက်ငြိမ်

တစ်ခုမှ မလုပ်နဲ့


OR





No or Yes ဆိုတာ ဘာမှ လုပ်စရာမလိုဘူးလို့ပြောတာ ။ မဟုတ်ရင် No လည်း Yes ဖြစ်သွားမှာပဲ ။ အားလုံးသဘောပေါက်ပြီးသားပါ။



ခြေဦးတောင်မလှည့်မိကြပါစေနဲ့။


 
100% နှုန်းကျော်ပြီး ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မယ်။

ဘောင်ထဲကထွက်ဖို့


ဘောင်ထဲက ထွက်ဖို့လို့ဆိုလိုက်တဲ့အခါ ပြောင်ချင်လှောင်ချင်သူတွေအတွက်တော့ လှောင်ချင်ပြောင် ချင်စ ရာ စကားလုံးတစ်ခုပါပဲ။ စိတ်ထဲမှာက တစ်ယောက်တည်းဖြစ်နေတဲ့ ခံစားချက်တွေ လူတွေကိုချပြဖို့ကြတော့ ကိုယ့် သေတွင်းကိုယ်တူးသလိုဖြစ်နေမယ် ။ စဉ်းစားရတာတွေက ဒီလိုလုပ်လိုက်ရင် ငါ့နောင်ရေးတွေ မိသား စုအရေး တွေ အားလုံးကိုရှုတ်နေတာပါပဲ ။ တကယ်လဲ ဘာမှ မလုပ်ရဲဘူး ။ ပြောနေကြတာကလည်း ပြောနေ ကြတာပဲ။ပြောရင်းဆိုရင်းကြားထဲကပဲလုပ်ချုင်တာလုပ်တာတွေ ခံခဲ့ကြရတာပဲ ။ ဒီလိုပြောပြန်တော့ အနှောင့် အသွားက မလွတ်ပြန်ဘူး ။
စဉ်းစားလွန်းလို့ကို ရှုတ်ယှက်ခတ်နေတာ ။ တကယ်ကတော့ မစဉ်းစားပဲနေ ဘာမှကိုမဖြစ်ဘူး။ လုပ်ချင်ရာ လုပ် မဟုတ် သလိုမသိသလိုနေလိုက် နေမြဲနေပေါ့ဗျာ။ ဘာဖြစ်မှာလဲ။ ဘယ်သူမပြုမိမိမှုမှတ်လား။ မိသားစု အရေးက ပိုတယ်။ တိုင်းပြည်အရေးဆိုတာက ငွေရှိတဲ့သူတွေလုပ်မယ့် အလုပ် ငွေနဲ့ အာဏာ ယူကြ မယ့် အ လုပ် ဆိုတော့ ဘာပဲဖြစ်နေဖြစ်နေ ကြည့်နေလိုက်ကြတာပဲ ကောင်းပါတယ်ဆိုတဲ့ သူတွေ အနေ ချောင် တယ်။ တ ကယ်လုပ်တဲ့ ကောင်တွေက အရူးတွေဖြစ်မယ် ။ သေစရာရှိသေပေးနိုင်ပါ တယ် ။ မသေမ ရှင်ဖြစ်နေမှာကိုဆိုးတာ ။ တစ်ခုခုကိုလုပ်လိုက်လို့ အောင်မြင်ရင် အောင်မြင် မအောင်မြင်ဘူး ဆိုရင်တော့ သေ လိုက် တာကောင်းတယ် ။ ဂုဏ်ရှိတယ်လို့လည်းထင်တယ်ဗျာ။ စာလေးတွေဖတ်စာလေးတွေ ရေးပြီး လေ လုံး တွေ ထွားလိုက်တာလို့တော့ မထင်ကြနဲ့ ။ တကယ်လုပ်ကြည့်လိုက်ကြပါ။ 
ကျွန်တော်အစပိုင်းပိုစ်တွေမှာရေးထားတဲ့ ယုံကြည်ချက်အတွက် အသက်စွန့်သူ ဆော့ခရတ္တိဆိုတာ ရှိပါတယ်။ ဆော့ခရတ္တိကတော့ ယုံကြည်ချက်အတွက် အဆိပ်ကိုတောင်ကိုယ်တိုင်သောက်သွားခဲ့သေးတာ ပဲ။ နေသည် ထက် သေတာမြတ်တယ်လို့ တွက်သွားတာပါ။ မှန်လည်းမှန်ပါတယ် ။ ဒီမြန်မာနိုင်ငံမှာက လူတွေ အားလုံး ဘယ် သူမှ ဘောင်ထဲက မလွတ်နိုင်ကြဘူးဗျ။ ဒီခေတ်ဒီအချိန်မှာ ထွက်လာတဲ့ စာအုပ်တွေကိုကြည့် လိုက် ၊ အ ရာ ရာတိုင်းကိုကြည့်လိုက်ဗျာ။ တစ်ခုမှဘောင်ထဲက မလွတ်ဘူး။ ကောင်းပေ့တော်ပေ့ဆိုတဲ့ ဆရာ့ ဆရာ ကြီးတွေလဲ ဘောင်ထဲမှာပဲ အလုပ်လုပ်ရတယ်လို့ထင်တယ်။ ဒီလိုပြောပြန်တော့ ဝေဖန်တယ်တွေ ကြီးတောင့် ကြီးကျယ်တွေဖြစ်တယ် ။ 
တကယ်တော်တဲ့ စာရေးဆရာကြီးတွေရေးတဲ့ စာအုပ်တွေကိုဖတ်တယ်ဗျာ ။ တကယ်လည်းကောင်းပါတယ်။ တကယ်လည်း လူငယ်တွေအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်တို့ ဖတ်နေတဲ့စာအုပ်တွေထဲ မှာ ကောင်းတဲ့သူကို သာဓကပြတဲ့ အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီး နဲ့ သာဓကပြတတ်ကြပေမယ့် အဆိုးကို ချိန်ထိုးပြတဲ့ အခါ မှာ ဆိုးပေ့ဆိုတဲ့ ဦးနေ၀င်းတို့နဲ့ ချိန်းထိုးပြလို့မရဘူး။ ဟစ်တလာဆီကိုလက်ညှိုး ထိုးကြရတယ် ။ လူငယ်တွေကောင်းစေချင်လို့ လူငယ်တွေတော်စေချင်လို့ဆိုတဲ့ ဆရာအားလုံးကို တကယ် လည်းလေးစားပါတယ် ။ လေးစားလွန်းလို့လဲ လေးစားရသူတွေရေးတဲ့ စာသားတွေသာ တင်ဖြစ်တာများပါ တယ်။ ကိုယ်ရေးတာထက်စာရင် လူငယ်တွေကို အကောင်းဆုံး အကျိုးပြုနိုင်မယ်လည်းထင်တယ် ။ 
လူငယ်တွေ အတွက်ဆိုပြီး တကယ်ကောင်းစေချင်တဲ့သူတွေပါ ။ ဒါပေမယ့် ကျွန်တော်တို့ သမိုင်းကိုပြန်ကြည့် မယ်ဆိုရင် ဟိုးရှေ့သမိုင်းကိုတော့ မလေ့လာမိဘူး ။ တကယ်လည်းမသိဘူးဗျာ။ တကယ်သိတာလေးက နည်း နည်းလေးပါ။ တော်တော့်ကိုနည်းနည်းလေးပါတယ် ။ အဲဒီနည်းနည်းလေးထဲမှာကိုပဲ မခံချင်စရာတွေ မခံမ ရပ်နိုင်စ ရာတွေ အများကြီးဖြစ်နေလေတော့ အဲ့ဒီရှေ့ကိုမသွားမိတော့ဘူး ။ အဲဒီအ၀န်းအ၀ိုင်းမှာကိုတောင် ကိုယ်သိ တာတွေက တော်တော်နည်းသေးပါတယ် ။ အသိက နည်းပေမယ့် တကယ်ခံစားနေတာတော့ ဘာကိုထလုပ်ပြီး ဘယ် လို ဘောင်ထဲကရုန်းထွက်မလဲဆိုတာပဲဗျာ။ မင်းကိုဘယ်သူဘောင်ခတ်ထားလဲတော့ လူပိန်းအသိနဲ့ မမေးနဲ့ ဗျို့။ မေးလာရင်တော့ ပြန်ဖြေတတ်တယ်။ တကယ်လွတ် လပ်သလား ဆိုတာတစ်ခုပဲမေးလိုက်မယ်။ တကယ် လွတ်လပ်တယ်ဆိုရင်ပြောစမ်းပါ။ သေရမှာတော့တ ကယ်ကြောက် တယ်ဗျ။ ဆရာအောင်သင်းစာအုပ်ထဲက ပဲနေ့ခင်းက ဖတ်ထားတယ်လေ ။ အသက်ကတော့ တန်ဖိုးအရှိ ဆုံး မို့ လား။ ဘောင်ထဲချောင်ထဲကပဲ အကောင်း ဆုံးဖြစ် အောင်လုပ်ပေး နေကြတာပါ။
ဆရာကြီးတွေလုပ်နေတဲ့အကျိုးပြုလုပ်ငန်းတွေကလည်းဘောင်ထဲမှာပဲရှိတယ်ဆိုတာကျွန်တော်တစ်ယောက် တည်း မှန်တဲ့ အမှန်တရားတော့မဟုတ်ဘူးနော် ။ ဆရာတို့ ဘယ်လိုသွယ်ဝိုက်ပြီးလုပ်နေကြရတယ် ဆိုတာ ဆရာတို့အသိဆုံးပါ။ ဆိုးတဲ့သူကို ဆိုးတယ်လို့ဝေဖန်ရင်ကြာလှပေါ့ ထောင်ထဲမှာပဲနေနေကြရမှာ။ ကျွန်တော် လုပ် နေတဲ့ အလုပ်ကလဲ အပြစ်ရှာပြီးထောင်ထဲထည့်မယ်ဆိုလည်း ရတဲ့အလုပ်ပဲ ။
လုပ်ချင်ရာလုပ် လို့ရတဲ့ ဥပဒေရှိတယ်လေ။ ဘာဥပဒေမှ မတတ်ဘဲ ထည့်လို့လဲ ရသေးတယ်လေ။ အဲ့ဒီတော့ ဘောင်ထဲမှာပဲ အလုပ်လုပ်ပြီး ဘောင်ခတ်ခံနေရတဲ့ ဘ၀ကလွတ်အောင် အဖက်ဖက်က ကြိုးစားနေကြသူ တွေအတွက် ဘာလုပ်သင့်တယ်ဆိုတာနဲ့ ဘယ်လိုလုပ်ကြမယ်ဆိုတာကို ပဲ ဆုံးဖြတ်ရမှာပါ ။
တစ်ခုထလုပ်လိုက် ။ ပြန်ပြီးငြိမ်နေလိုက် ။ အာဏာကိုဆက်ထိန်းထားလိုက် ။ ပြီးတာပဲ ။ အဲဒီသံသရာက မဆုံး တော့ဘူး ။ အသေဆိုးနဲ့တော့ဘယ်သေချင်ကြပါ့မလဲ ။ သတ်မယ်ဆိုတာကိုသိနေတော့ မရဲကြဘူးလေ။ လုပ် ပါစေ ဆိုတဲ့သိခံနိုင်စွမ်းကြီးတဲ့ စိတ်တွေနဲ့ သိခံနေကြမယ်ဆိုရင်တော့ လုပ်တဲ့သူတွေကလုပ်မှာပဲ။ ခံမှန်းသိ နေတော့ လုပ်ပြီပေါ့ ။ ခွေးလေးအရောဝင် ဖင်တတ်ခေါင်းတက်ဆိုတာမျိုးပေါ့ဗျာ ။ ရိုင်းတော့ ရိုင်းတယ် ။
ခံမှန်းသိလေ လုပ်လေပဲ။ ဒီလိုလေးရေးလိုက်ရတော့ နည်းနည်းတော့ပေါ့သွားသေးတာပေါ့ ။ ငါတို့လုပ်လိုက် ရင်ရှင်းသွားမှာပါလို့ တွက်ထားတဲ့ အာဏာရှင်လူသူဌေးတွေပေါ့ဗျာ ။ သမ္မတလည်း သူတို့ပဲလုပ်မယ်တဲ့ ။ ဘယ်လိုစနစ်တွေ ဘယ်လိုဒီမိုကရေစီတွေလဲတော့မသိဘူးဗျို့။ သိနေတာကတော့ မကျေနပ်တာတစ်ခုပဲ။ မကျေနပ်တဲ့အတွက် မင်းဘာလုပ်နိုင်လဲမေးရင်တော့ ဒီဘလော့ကိုရေးတာကလွဲပြီး ကျွန်တော်ဘာမှမလုပ်ပါ ဘူးလို့ ပြောပါစေ။
ဘောင်ထဲက ထွက်ကြရအောင်။

သမ္မတလုပ်ဦးမည်။
ဒါကတော့ သမ္မတရာထူးအတွက်ပြင်ဆင်ထားတဲ့ ၀န်ကြီးချုပ်ဟောင်းတစ်ဦးပါ။
ရာထူးတွေကတော့များပါတယ်။
တကယ်တော်တယ်မတော်ဘူးဆိုတာတော့
ကိုယ့်အမြင်နဲ့ကိုယ်ပေါ့ဗျာ။
ကျွန်တော်ကတော့ ကြက်ခြေခတ်ထားပါတယ်
တော်တော်လေးလဲချမ်းသာပါတယ်။
ဘယ်လိုချမ်းသာလာတယ်တော့ ဘယ်သိနိုင်ပါ့မလဲ။
ပညာရှင်ကြီးတွေဆိုတော့ အလုပ်ကြီးအကိုင်ကြီးတွေလုပ်ပြီး
ချမ်းသာလာတာဖြစ်နိုင်ပါတယ်။
ငွေရှိတယ်ဆိုတော့ တိုင်းပြည်အတွက် အကောင်းဆုံးတွေများလုပ်
ပေးနိုင်လိမ့်မလားမသိဘူးနော်။
ယှဉ်ပြိုင်မယ့်ပါတီခေါင်းဆောင်တွေမှာငွေမရှိလို့ စည်းရုံးရေးတောင် 
ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ကြပါဘူး။ သတင်းစာတွေထဲမှာတွေ့
နေရပါတယ်။ ဖြစ်သင့်တာကို မလုပ်ကြပဲ မဖြစ်နိုင်တာကိုဖြစ်နိုင်မယ်
အထင်နဲ့ ထလုပ်ခဲ့ကြလို့ပါ။
အစောကြီးကတည်းက တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်မယ်
ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ ယှဉ်ပြိုင်ပါတီမရှိပဲ 
အရူးပါတီတစ်ခုတည်း မဲအားလုံးကို ယူသွားပါလိမ့်မယ်။
အရှက်ရှိတယ်ဆိုရင်တော့ အလိုလိုရပ်သွားကြပါလိမ့်မယ်ဗျာ။
အရှက်မရှိသ၍တော့ လုပ်ချင်တာတွေလုပ်နေပါစေ။

ဒီခေတ်ဒီအခြေမှာ ဒီလိုစကားတွေက ရိုင်းတယ်ဆိုရင် ဖတ်ရှုသူအပေါင်းကို လေးလေးစားစားတောင်းပန်ပါ သည်။ဘောင်အတွင်းက လွတ်ကင်းရပါလို၏။

ပြည်သူတွေအားပေးနေသော အာဏာရှင်၏ ဘက်တော်သားများ

အနုပညာရပ်ဝန်းက ပြည်သူချစ်သော အနုပညာရှင်များ လေးစားထိုက်သော လေးစားသင့်သော ပုဂ္ဂိုလ်အား လုံးကို လေးစားပါသည်။ ရုပ်ရှင်သရုပ်ဆောင်လောကမှ သရုပ်ဆောင်များ ဒီနေ့ဒီနေ့ချိန်မှာ အာဏာရှင်နဲ့ လက်တွဲပြီး မိမိတို့ကို အားပေးနေသော ပြည်သူပြည်သားများအား ၀ိုင်းဝန်းအကောက်ကြံတော့မည်ကို တွေ့နေ မြင်နေရပါသည် ။ အာရုံဦးမှ ဖူးသည့်ကြာ ဇာတ်ကား ထွက်ခါစတွင် သူငယ်ချင်း တစ်ယောက် ငှားကြည့်နေ လို့ နားတဲမှာ နိုင်ငံရေး စကားလုံးသံတွေကြားမိပါတယ်ဆိုပြီး ကြည့်လိုက်မိပါတယ် ။ အနည်း ငယ် မျှကြည့် လိုက် ရုံနဲ့ ဖား ကား မှန်းသိ၍ ဆက်မကြည့်ဖြစ်ခဲ့ပါဘူး ။
ပြီးတော့မှ သူငယ်ချင်းကပြန်ပြောပြလို့ သိရပါတယ် ။ လူတွေကို လှည့်ကွက်တွေ အမျိုးမျိုးနဲ့ လိမ်လည်လှည့် ဖျားနေတဲ့ စစ်အစိုးရဲ့ အကြံအစည်တွေထဲမှာ သရုပ်ဆောင်တွေဟာ အားပေးတဲ့ ပရိတ်သတ် မျက်နှာကို ပြန်မ ကြည့်ကြတော့ပါဘူး ။ ငွေပေးပြီး ဆွဲဆောင်နေတဲ့ အာဏာရှင်ဘက်မှ ၀ိုင်းဝန်းပြီး ပြည်သူကိုလှည့်ဖျားနေကြ ပါတယ် ။ လျှပ်ပေါ်လော်လီတဲ့ သူတို့လို စိတ်ဓာတ်တွေနဲ့ နိုင်ငံအရေးဆိုတာလဲ ထည့်မစဉ်းစားကြပါဘူး ။ သူတို့ရမယ့် ငွေမျက်နှာကို သာကြည့် ကြပါတော့တယ် ။ 
နှစ်လလောက်တော့ ရှိပါပြီ ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်း 5 movies ဇာတ်လမ်းလာနေတာတွေ့လို့ လှမ်း ခဏကြည့်မိပါတယ် ဇင်ဝိုင်း ၊ နေမျိုးအောင် ၊ မင်းမော်ကွန်း ၊ထွန်းထွန်း၊ နန္ဒာလှိုင် နဲ့ သက်မွန်မြင့် တို့ သရုပ် ဆောင်သွားကြတဲ့ ဇာတ်ကားတစ်ကားပါ ။ အဖေစစ်ဗိုလ်ကြီး သေသွားပြီး သားဖြစ်သူမင်းမော်ကွန်းက အဖေ ထက်ကြီးလေးတဲ့ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ဖို့ရာ ဗိုလ်လောင်းသင်တန်း သွားတက်တယ်။ စစ်ဗိုလ်ကြီး ဖြစ်တယ် ။
ဒီလိုမျိုး အာဏာရှင်ဖားတဲ့ ဇာတ်ကားတွေ ရိုက်ခြင်းအားဖြင့် သရုပ်ဆောင်တွေ အတွက် အခွင့်အရေးတွေ အများကြီး ရပါတယ် ။ ဖုန်းတွေ ဈေးကောင်းနေတဲ့ အချိန်မှာ လက်ကိုင်ဖုန်းတွေ ချပေးတာတို့ ဘာညာ သတင်းတွေဆိုတာ ထွက်နေပါတယ် ။ နောက်ပြီး ပရိတ်သတ်ကို မိတ်ကပ်သုတ်ပြီး မလိမ့်တစ်ပတ် လုပ်နေ တယ်ဆိုတဲ့ စကားဟာလည်း မှန်ပါတယ် ။
ရှိုးပွဲ ကန်ထရိုက်လုပ်တဲ့ အကိုတစ်ယောက်ပြောတာလေးကိုလည်း မှတ်မိနေသေးတယ် ။ သရုပ်ဆောင် အဆိုတော်ထဲက တစ်ယောက်ပါပဲ ။ သီချင်းဆိုဖို့ ဈေးပြောပြီးသွားပြီ ။ ဆိုမယ့် ညမရောက်ခင် ညနေလောက် ကြတော့ ဖုန်းလာတယ် ။ လူကြီးပွဲရှိလို့တဲ့ ဒီညမလာနိုင်တော့ဘူးတဲ့ ။ ပြန်ရော်ပါ့မယ်တဲ့ ။ အဲ့ဒီလိုရှိတယ်။ အများပြည်သူ အတွက် မဟုတ်ပါဘူး ။ ငွေအတွက်လုပ်တာပါ ။ လူကြီးပွဲဆိုတာ ဘာလဲ ။ လူကြီးတွေကြီး ပဲ စုဝေးကြတဲ့ နေရာမှာ ဒီမင်းသမီးက ဘာလုပ်တာလဲ ။ 
အာဏာရှင်သက်တမ်း တစ်လျှောက် တစ်တားတစ်စင်းဖွင့်ပွဲလုပ်ပြီးရင် ဖားကားတစ်ကား ရိုက်တယ် ။ဆည် တစ်ခုဆောက်ပြီးတိုင်း ဖားကားရိုက်တယ် ။ ငွေနောက်လိုက်နေတဲ့ သရုပ်ဆောင်တွေနဲ့ လိမ်ညာလှည့် ပတ်ချင်တဲ့ အာဏာရှင်ကတော့ ဂွင်ကျနေပါတယ်။
ကွန် မြူနစ်မကောင်းကြောင်း ရိုက်တယ် ။ အဲ့ဒီလို ဇာတ်ကားရိုက်တွေ ရိုက်ပြီး တစ်ဖက်ကငွေယူ တစ်ဖက်ကို မလိမ့်တစ်ပတ် လုပ်နေတဲ့ သရုပ်ဆောင်များကို အားပေးသူ မိဘပြည်သူများအနေနဲ့ အားပေးခြင်းမှာ ရှောင် ရှားကြဖို့  အသိနဲ့ သတိပေးအပ်ပါတယ် ။ အခွင့်အရေးသမား မဟုတ်ပါလေသော ကျွန်တော်မျိုးမောင်ဘဂျမ်း လည်း ဘာမှမတတ်နိုင်တော့ပါ။ အခွင့်အရေးထူးတွေကိုမှ လိုချင်သော . . . သရုပ်ဆောင်များ