အာဏာရူးတို့၏ အာဏာပြလုပ်ကွက်များ

မြန်မာ့သမိုင်းကောင်းတွေပျောက်ပျက်သွားခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ ။ မြန်မာနိုင်ငံရေးလောကကြီးကို အာဏာရှင်တို့ကြီးစိုးခဲ့တာ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး ။ 1990 ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး အ နိုင် ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သို့ အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိပဲ ပါတီ ခေါင်း ဆောင်များနှင့်ပါတီဝင်များအား ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း အတင်းအကြပ်လက် မှတ်ထိုးခိုင်း သည် များ ပြုလုပ်ခဲ့ သည် ။ 
တက္ကသိုလ်ကျောင်းသားများကျောင်းအပ်ရာတွင် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းကြောင်း လက်မှတ် ထိုးခိုင်း နေ သည်မှာ ယနေ့တိုင်ဖြစ်သည်။ ပါတ်စ်ပို့စ် လျှောက်ထားရာတွင်လည်း နိုင်ငံရေးပါတီများနှင့် ကင်းရှင်း ကြောင်း အရူးလုပ်ကွက်များကို မရှက်မကြောက် တောက်တောက် ပြောင်ပြောင်လုပ်လာခဲ့သော နှစ်ပေါင်းမှာ ၎င်းတို့အာ ဏာသိမ်းခဲ့သော သက်တမ်းတစ် လျှေက်ပင်ဖြစ် တော့ သည်။
ယခုအခါ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ရွေးကောက်ပွဲတစ်ဖန်ပြန်လည်ကျင်းပလာပြန်သည်။ ၂၀၀၈ ခုနှစ် တွင်ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်သော အာဏာရှင်ဖိတ်ကြားသူများ နှင့် အာဏာ ရှင်အလို ကျဖွဲ့ စည်း ပုံကို အတင်းအဓမ္မ ထောက်ခံခိုင်းပြီး မဲလိမ်အတည်ပြုပွဲကျင်းပခဲ့သည်ကို ပြည်သူတစ်ရပ် လုံးအ သိ ပင်ဖြစ် ပါသည်။
ယခုအခါတွင် အတင်းအဓမ္မထောက်ခံခိုင်းထားသော ဖွဲ့စည်းပုံကို အခြေခံ၍ ရွေးကောက်ပွဲကျင်းပမည့် ရက် ကို စနစ်မမှန် မူမမှန် ဒီမိုကရေစီပုံစံမကျဘဲ ကြေငြာချက်ထုတ်ပြန်လိုက်ပါပြီ။ 
ပြည်သူတစ်ရပ်လုံးအနေနဲ့က ပြည်သူ့အကျိုးကို မဖြစ်စေသည့် လုပ်ရပ်များကို ပြတ်ပြတ်သားသားဆန္ဒပြကြ ရန်သာရှိသည် ။ ဆူပူမှုကို အကြောင်းပြု၍အာဏာပြန်သိမ်းအုံးမည်ဆိုလျှင်လည်း အဲ့ဒီအတွက်ထပ်ပြီး ဆန္ဒပြ ကြမည်သာ ဖြစ်သည်။ ဒီလိုဒီပုံစံနဲ့ ဒီနိုင်ငံကြီး ဘယ်တော့မှ ပြောင်းလဲလာမည်မဟုတ်သည့်အတွက် ဒီတစ် ကြိမ်သည် အာဏာရှင်သက်တမ်း ကုန်ဆုံးရမည့် နေ့ရက်အဖြစ် ပြတ်ပြတ်သားသားဆုံးဖြတ်၍ တိုက်ပွဲဝင်ကြ ရန်သာဖြစ်သည်။

ကျောင်းသားအရေးတော်ပုံ ပေါ်ပေါက်ရမည်..

မြန်မာနိုင်ငံ၏ အနာဂတ်သည် ယခုနှစ် 2010 တွင်ကြီးမားသော  ပြောင်းလဲမှု့  ကြီးတစ်ရပ်ဖြစ်လာ တော့မည်
ဖြစ်သည်။လူထုအားလုံး၏ဆန္ဒသဘောထား မပါဝင်သောကိုယ်သဘော ကိုယ်ဆောင်သော   ရွေး ကောက်
ပွဲမျိုးအာဏာရှင်ကဦးစီးဦးဆောင်ကျင်းပတော့မည်ဖြစ်သည်။ခေတ်အဆက်ဆက်မြန်မာ့သမိုင်းတွင် ကျောင်း သား ထု၏    အင်အားသည် ကြီးမာသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။   ယခု အခြေအနေသည် ကျွန်တော်
တို့ ကျောင်း သားထု၏ စည်းလုံးမှု့ နှင့်ညီညွတ်သော အင်အား ကိုပြသရတော့မည် အခြေအနေ  ဖြစ်သည်။
ခေတ်အဆက်ဆက်က ကျောင်းသားတို့ သည်မိမိတို့အသက်ကိုပင်ပ မာမထားဘဲနိုင်ငံကောင်းကျိုး နိုင်ငံ ဂုဏ်သိက္ခာအတွက် ရွပ်ရွပ်ချွန်ချွန်ဆောင်ရွက်ခဲ့ကြပါပေသည် ။ ကျွန်တော်တို့၏ ရင်ထဲတွင် မကျေနပ်ချက်တွေများစွာ ရှိသည် ။ နာကျည်းချက်တွေရှိသည် ။အာဏာဖီဆန်လိုတဲ့ဆန္ဒတွေသည် ကိုယ်စီရင် တွင်း၌ ကိန်းအောင်၍ နေသည်ကို ယုံကြည်သည် ။တစ်ဦး တစ်ယောက်စွမ်းအား ဖြင့် ဘာမှ ဖြစ်မလာနိုင်သော်လည်း ပြင်း ထန်သော နာကျည်းချက်ရှိသူတိုင်း ပေါင်းစည်း၍ မဟုတ်မမှန်လုပ်ဇာတ်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရမည့် အချိန်သည် ယနေ့ ကျွန်တော်တို့အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့ ၏တာဝန်တစ်ရပ်ဖြစ်လာ ပေသည်။
ကျွန်တော်တို့ ၏ရှေ့တွင် ကျောင်းသားခေါင်းဆောင်များ မြောက်များစွာရှိခဲ့သည် ။ ယုံကြည်ချက်အတွက် နာကျည်း ချက်တွေအတွက်အသက်တွေစတေးခဲ့ကြသည် ။ နိုင်ငံရေးဟူ သည် လူတို့၏ အရေးဖြစ်သည်ဟုယုံ ကြည်သည်။ လူတို့သည် ဘာကြောင့်မကျေနပ်နိုင်ကြသလဲ ဟုမေးသော် လူတွင် ရသင့်ရထိုက်သော အခွင့်အရေးမရ၍ သာ မကျေနပ်ခြင်းဖြစ်သည်။
နိုင်ငံကို လှည့်ကွက်မျိုးစုံနှင့် မိမိတို့လက်အောက်တွင် သာ ချုပ်ကိုင်ထားလိုသော အာဏာရူးတို့ ၏ သက်တမ်း သည် ကြာရှည်ခဲ့ပြီ။ တစ်နေ့ထက်တစ်နေ့ ဆိုးရွာလာနေသော ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန့်ဖို့ရန်အချိန်
တန်ပေပြီ။ ကျွန်တော် တို့သည် နိုင်ငံကို မြတ်နိုးတတ်သည့်စိတ်ဓာတ် အပြည့်အ၀ရှိကြသည် ။  ကျောင်း သားလူငယ်တို့ သည် မိမိတို့၏ယုံကြည်ချက်တွေအတွက် ရဲရဲဝံ့ဝံ့ဖော်ထုတ်ကြရတော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှ ကျောင်းသားကျောင်းသူများကို နှိုးဆော်တိုက်တွန်းလိုပါသည် ။
2010 ရွေးကောက်ပွဲဟူ သည် အာဏာရှင်စနစ်ကို နည်းတစ်မျိုးဖြင့်အသွင်ပြောင်းခြင်းသာဖြစ်သည် ။ ပြည်သူအများစုမထောက်ခံဘဲ အကောက်ကြံ၊ဖွဲစည်းထားသော 2008 ဖွဲ့စည်းပုံကို အခြေပြု၍ အရာရာတွင်အ လိမ်အညာများဖြင့် လှည့်ကွက်ပြတော့မည်ဖြစ်သော စစ်အာဏာရှင် ငမိုက်သားတစ်စုကိုရဲရဲ ၀ံ့ဝံ့ တော် လှန်ကြပါစို့ ။ ။