မြန်မာနိုင်င်္င အတွင်းမှာရှိ ကြတဲ့ ပြည်သူများ ရဲ့ရင်ထဲမှာ ဘာတွေခံစားနေကြရတယ် ဆိုတာ တစ်ကမ္ဘာလုံး သိကြပေမယ့် ဘယ် သူမှ မကယ်တင်နိုင်ဘူး ဆိုတဲ့အဖြေဟာ စစ်အာဏာရှင်လက်အောက်မှာ နေထိုင်ခဲ့ရတဲ့ အာဏာရှင် သက်တမ်းတစ်လျှောက် ကို ကြည့်လိုက်တာနဲ့ အဖြေပေါ် နေပါသည်။ ပြည်သူတွေ ရင်ထဲမှာ အကြောက်တရာများ ကိန်းအောင်းနေကြသည်။ အကျဉ်းထောင်တွင် မတရား ဖမ်းဆီးထားသောလွပ်လပ်ခွင့် ကို တောင်းဆိုခဲ့ကြသူများနဲ့ ဒီမို ကရေစီ အသိုင်းအ၀ိုင်းများ သာမကကျွန်တော်တို့ တစ်တိုင်းပြည်လုံးအကျဉ်း ကျနေတယ် ဆိုတဲ့ အမြင်နဲ့ ကြည့်ကြမည်။ ပြည်သူတွေ ရဲ့ရင်ထဲကအကြောက်တရား ဟာမည်မျှကြီး ထွားနေကြောင်းပြည်သူများနဲ့ စကားပြောကြည့်လျှင် သိနိုင်ပါသည် ။ မမှန်သောလုပ်ရပ်များကိုသိသည်။
မဟုတ်တာတွေ လုပ်နေ သည်ကို သိသည်။ သိပင်သိညားသူတို့က အာဏာနဲ့ လက်နက်နဲ့ ငါတို့လုပ်လို့လဲဘာ မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး ဟုသာ တွေး သူများကြသည် ။ အားလုံးနီးပါ ဟာအကြောက်တရားကိုလက် ကိုင်ပြီးတော့ အရှေ့ ကိုမထွက်ရဲကြတော့ပါ ။အကြောက်တ ရား များနဲ့ ရှင်သန်ရင်း တစ်ချို့တွေကတော့ အာ ဏာရှင်ပေးတဲ့ အခွင့်အ ရေးကို အဟုတ်ကြီးထင်ပြီး နေရာယူတတ်ကြတာ လေး တွေလဲ ရှိပါသေးသည်။မြန် မာ နိုင်ငံသည် ထေရ၀ါရ ဗုဒ္ဒ ဘာသာ နိုင်ငံဖြစ်ပါသည်။ အာဏာရှင် အသိုင်းအ၀ိုင်းအများစုသည် လည်း ဗုဒ္ဒ ဘာသာဝင်များ ဖြစ်ကြပါသည် ။ မြတ်စွာဘုရား၏ သသနာတွင် ဘုရား၏ တရားများကို နှစ်ပေါင်း၂၅၀၀ကျော် တိုင်တိုင် ထိန်းသိမ်း စောင့်လျှောက်လာခဲ့ကြသူများ သည် သံဃာ တော်များသာဖြစ်သည်။ တရားကို သိသောပုဂ္ဂိုလ်များ ဦးဆောင်လျှက် မတရားမှု့များ ကို ငြိမ်းချမ်းစွာ တားမြစ်ရန်ကြိုးစားခဲ့ပါသည် ။
တကယ်ရင်နာစရာ…
ကမ္ဘာမှာ ဗုဒ္ဒဘာသာ ကြောင့်သွေးမြေတစ်စက် မကျဘူးခဲ့ပါလို့ ပညာရှင်ကြီးတွေပြောခဲ့ ပါသည်။ မှန်ပါသည်။
ယခုအဖြစ်က တော့ ဘုရားတည်ကျောင်းဆောက်ကောင်းမှု့ကုသိုလ် တွေကို သိန်းပေါင်းများစွာ အကုန်အကျ
ခံပြီး လုပ်ကိုင်နေတဲ့ အာဏာရှင် ခေါင်းဆောင်များကမိ မိတို့၏ အာဏာတည်မြဲရေး အတွက် ဘုရား၏သာသ နာ ကိုစောင့် ရှောက်နေကြသော သံဃာတော်ပေါင်းများ စွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ် ။သံ ဃာအတုအယောင် များဟုလည်း စွပ်စွဲခဲ့ပါသည် ။ သင်္ဃန်းကိုချွတ်၍ ထောင် အ၀တ်ဝတ်ပေးခဲ့သည်။ ဤမျှ မိုက်မဲလှသော ခေါင်းဆောင်ကြီးများ မြန်မာနိုင်ငံကို ကောင်းဖို့ပြုပြင်နေ ပါသည်ဟု ပြောခြင်းကိုပြည်သူများ
တကယ်ယုံကြည်ကြ ပါသလော့…..
ဘာတွေလုပ်ကြမလဲ ။့ 
အာဏာရှင်ကြီးများ ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုထဲမှ ဟုတ်ပါဘူး ။ မြန်မာပြည်၏ အချမ်း သာဆုံးပုဂ္ဂိုလ် ကြီးများ။စီး ပွားရေးလုပ်ငန်း ရှင်ကြီးများ စသော ထူးခြား ဆန်းပြားသောဂုဏ်ပုဒ်တွေကလည်း အများ ကြီးပါ ။ကျွန်တော် တို့ တိုင်းပြည်မှာခေတ်အဆက်ဆက် တိုင်းတစ်ပါးမှ ကျူးကျော်လာမှုများကို ခေါင်းဆောင်ကောင်းများနှင့်ပြည် သူများ လက်တွဲလျှက် တော်လှန်ခဲ့ကြပါသည်။ယခုအခါ ပြည်ပမှ ကျူးကျော်မှု့ မဟုတ်ပါ ။ အသားကြားက လောက်ထွက်တဲ့ အရိုင်းအစိုင်း အသိုင်းအ၀ိုင်းတစ်စုကို ကျွန်တော်တို့ပြည် သူအား နဲ့ တော်လှန်ကြဖို့ အချိန် ရောက်နေပါပြီ ။ စဉ်းစားရင်း အချိန်တွေကုန်ခဲ့လို့ စစ်အာဏာသက်တမ်း ရှည်နေတာပါ ။စကြဖို့ အချိန်
တန်ပြီ ။
တန်ပြီ ။
အချိန်တွေကြာလူတွေသာ တစ်သုတ်ပြီး တစ်သုတ်အသက်တွေ စတေးခဲ့ကြရတယ် အခုထိ ဒီအာဏာရှင်က
တည်မြဲနေတုံးပဲ ဒီ ထပ်မက ထပ်အသေခံမယ်။ တစ်နိုင်ငံလုံးပြုတ်ချင်လဲ ပြုတ် ။ မဟုတ်လို့ကတော့ ဒီငနွား
တွေက ဘယ်တော့မှတရားရမယ့်ကောင်တွေ မဟုတ်ဘူး ဆိုတာအားလုံး နားလည်ထားကြပါ ။
စကြစို့
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !