တောင်ကြားတွင်ရှိသော ချုံပုတ်လေးဖြစ်ပါစေ။
သို့ရာတွင်တောင်ကြားမြစ်ကလေး ကမ်းထိပ်တွင် အကောင်းဆုံး
ချုံပုတ်လေးဖြစ်ပါစေ။
သစ်ပင်မဖြစ်လျှင် ချုံပုတ်မျှသာဖြစ်ပါစေ။
ချုံဖုတ်ကလေးမျှ မဖြစ်နိုင်လျှင် မြက်ကလေး ဖြစ်ပါစေ။
သို့သော်လမ်းမကြီးကို သာယာစေသည့် မြတ်ကလေးဖြစ်ပါစေ။
သင်သည် ငါးသလောက်မဖြစ်နိုင်လျှင် ငါးစင်ရိုင်းဖြစ်ပါစေ။
သို့ရာတွင် ငါးစင်ရိုင်းထဲတွင် အလှ ဆုံးဖြစ်ပါစေ။
ကျွန်ုပ်တို့သည် အားလုံး အကြီးအကဲ မဖြစ်နိုင်။ ငယ်သားများလည်းဖြစ်ရဦးမည်။
သို့ရာတွင်အားလုံး အရေးကြီးသောအချက် တစ်ခုရှိပေသည်။
အလုပ်ကြီးလုပ် နိုင်သလောက်လုပ်ရမည်။
သင်သည်လမ်းမကြီးမဖြစ်နိုင်လျှင် လူသွားလမ်းကလေးသာဖြစ်ပါစေ။
သင်သည် နေမင်း မဖြစ်နိုင်လျှင် ကြယ်ပွင့်လေးသာဖြစ်ပါစေ။
အရွယ်ကို လိုက်၍ အောင်မြင်သည် ရှုံးနိမ့်သည်ဟု မတွက်ဆနိုင်ပါ။
ဘာပဲ ဖြစ်ဖြစ် သင်ဖြစ်သမျှမှာ အကောင်းဆုံးဖြစ်ပါစေ။
ကျွန်ုပ်တို့သည် သောက ကင်းဝေး၍ ငြိမ်းချမ်းစွာနေထိုင်လိုပါမူ
အောက်ပါ နည်းလမ်းကို လိုက်နာပါလေ။
သူတစ်ပါးကို မတုပနှင့် ။
ကိုယ့်သတ္တိကို သိအောင်လုပ်။
နဂိုအတိုင်းနေ။
ကိုယ့်သတ္တိကို သိအောင်လုပ်။
နဂိုအတိုင်းနေ။
ဆရာတက်တိုး ၏ ဘာသာပြန်ချက်
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !