Home » » ခွန်အားကိုပေးသောစကားစုများ

ခွန်အားကိုပေးသောစကားစုများ

လူငယ် ဆိုသော ဝေါဟရကို တဖွဖွပြော၍ နေရခြင်းသည် လူငယ်တို့၏ ခေတ်အဆက်ဆက် သမိုင်း ကြောင့်ပင်ဖြစ်၏ ။ အင်္ဂလိပ်ကိုတော်လှန်ခဲ့သည်ကလည်း ကျောင်းသားလူငယ်အုပ်စု ။ အာဏာရှင်ကို   စတင်ဆန္ဒပြခဲ့ကြ တာလဲ ကျောင်းသားတွေ လူငယ်လူရွယ်တွေပဲ မဟုတ်ပါလား။မြန်မာလူငယ်တို့၏သ မိုင်း ကောင်းများသည် ခေတ်အဆက်ဆက် ထင်ရှားခဲ့ကြ၏ ။ခေတ်ပညာတွေကို ဆက်လက်သင်ယူနေကြဆဲ လူငယ်များ။ တိုးတက်မှု့နောက်သို့ အစဉ်တစိုက်လိုက်နေကြသူများသည်လည်း လူငယ်များသာဖြစ်လေ၏ ။
လူငယ်တို့ ခေတ်ဆိုးစနစ်ဆိုးဟူသမျှကို ဘယ်သောအခါမျှ ငြိမ်ခံငုံ့ခံခဲ့သော သမိုင်းမြန်မာပြည်တွင်မရှိခဲ့။ စွမ်းအားရှိသ၍ တော်လှန်ခဲ့ကြတယ် ။ ပုန်ကန်ခဲ့ကြတယ် ။ လူငယ်တို့ အသိပါ။ယခုအခါသည်လည်း ခေတ်ဆိုးစနစ်ဆိုး ဖြစ်ကြောင်း အထောက်အထား သက်သေများကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြရပြီ ။ နောက်လည်းကြုံတွေ့ရအုံးမည်သာ မှတ်ကြပါတော့။
ခေတ်ဆိုးသည် စနစ်ဆိုးသည် အသာထားတော့ လူဟူ၍ ဖြစ်လာသည်ကိုပင် ကျေးဇူတင်ကြရတော့ မည်ဖြစ်သည်။ လူဖြစ်လာ၍သာ ထူးထူးဆန်းဆန်း တို့ကိုတွေ့ကြရ ၊ ကြားကြရ ၊ မြင်ကြရ ကုန်သည် မဟုတ်ပါလား။ သို့နှင့် ဘယ်အတွက် ညည်းညူနေဘိသနည်း ။အတိတ်ရေးကိုတွေး နေ၍လည်း အကျိုးမရှိ မျက်မှောက်ကိစ္စမပြီး အချည်းနှီးပင် ။ လိမ္မာသောသူဟူသရွေ့ဖြစ်ခဲ့သည်များကို တွေးတော၍ မနေကြကုန်။
မြတ်စွာဘုရားကလည်း လွန်ခဲ့သော အရာတို့ကိုတွေးတော နေသဖြင့် အကျိုးမရှိ အကျိုးယုတ်သည် ဟုဟောကြားတော်မူလေသည် ။ ပြီးသရွေးပြီးပါစေ။ လုပ်ခဲ့သ၍ အမှောက်မှောက် အမှားမှားဖြစ်ခဲ့ သည်များကို မေ့ပစ်လိုက်ပါ။ မမှားသော သူဟူ၍ လောက၌ မရှိခဲ့။ တကယ့်ပုဂ္ဂိုလ်ကြီးများပင် လျှင်အမှား မှား အမှောက်မှောက် ပြုကျင့်မိကြ၍ မဟာ အမှားတော်များ မှားခဲ့ကြသည်ကို သတိမူလျှင်လူငယ်တို့ မှားခဲ့သရွေ့ အမှားတို့မှာ မကြီးကျယ်ကြောင်း သိသင့်ပေသည်။
အမှားတွေ့မှ အမှန်ရသည်ကိုလည်း သတိပြုကြပါ ။ အချို့လူများသည် ကြီးပြင်းသည့်တိုင်အောင် လုပ်ကိုင်ခဲ့ သ၍ အမှာမှားဖြစ်ခဲ့တတ်ကြလေသည် ။နောက်ဆုံး အမှန်ကို ရပြီး အောင်မြင်သွားတတ်ကြလေသည်။မိမိ၌ ပူဆွေးစရာ ရှိသမျှတို့ကိုလည်းမေ့လျှော့လိုက်ပါ ။ ဤသို့ဖျောက်ဖျက်ပစ်ရန် မလွယ်ကြောင်းကို ၀န်ခံပါသည်။သို့သော် မေ့ဖြစ်အောင် မေ့လိုက်ပါ ကြီးပွားလိုသူဟူသ၍ လွမ်းစရာဆွေးစရာတို့ကို မေ့ပစ်ကြ ရမည်။
ဤလွမ်းမှု့ဆွေးမှု့ ကလေးများကို မမေ့နိုင်၍ မကြီးပွားလိုက မျောက်လောင်း မျောက်လောင်းနေရာ၌ပင် နေကြပါကုန်။ ဤစာရေးသားခြင်းသည်လည်း ထိုလူစားများအတွက် မဟုတ်ပါ။ကြီးပွားလိုသူတို့အ ဖို့ သာဖြစ် သည်။မိမိအား မချစ်မနှစ်သက်သည့် ပုဂ္ဂိုလ်များအပေါ်၌လည်း မေတ္တာစိတ်ထားကြပါ။ သို့မှ မေတ္တာစိတ် မထားနိုင်လျှင် မုန်းတီးသော စိတ်များကို မေ့ပစ်လိုက်ပါ။”ဘယ်သူမပြု မိမိမှု့” ဟုဆိုရိုးရှိသော်လည်း လောက၌ ရန်သူနှင့် ကင်းသူဟူ၍မရှိ။ဤသူတို့ကို အလုပ်တစ်ခုလုပ်၍ စဉ်းစားနေရခြင်းသည် စိတ်ကို အလွန်ဆင်းရဲစေ၏ ။ အကျိုးယတ်စေသည့် အရာတစ်ခုကို စဉ်းစားနေရခြင်းကြောင့် မိမိတွင်လည်း အကျိုးမရှိ။လူငယ်အပေါင်းသည် လွတ်လပ်သောစိတ်ဖြင့် မိမိဘ၀ တိုးတက်မြင့်မားအောင်ကြံဆောင်ရင်း သမိုင်းပေးတာဝန်များ ကိုလည်း မဖြစ်မနေထမ်းဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါသည် ။

မြလေးနိုင်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !