Home » » လူငယ်တစ်ဦး၏ ခံစားချက်

လူငယ်တစ်ဦး၏ ခံစားချက်

လူငယ်ဆိုသောဂုဏ်ပုဒ်ကို နှစ်သက်၏။ ထို့ထက် ကျောင်းသားလူငယ် ဆိုသည်ကို ပို၍ နှစ်သက် ၏။လူငယ် တစ် ဦးဖြစ်လေတော့ လွပ်လပ်မှု့ ပျော်ရွှင်မှု့တို့ကို တောင်းတ၏။ လွပ်လွပ်လပ်လပ်နေချင်၏။ သို့သော် ပေါ့ပါးလွင့်ပျံ့သောလွပ်လပ်မှု့မျိုး မဟုတ်။ လွပ်လပ်စွာပြောလို၏ ။လွပ်လပ်စွာရေးလို၏ ။ လူငယ်တိုင်းတွင် နိုင်ငံရေးအသိစိတ်အနည်းနှင့်အများ ရှိကြ၏ ။ သို့သော် ယခုခေတ်အခါ၌ နိုင်ငံရေးကို သိပင်သိညားလည်း နိုင်ငံရေးစကားကို မဆို ရဲကြ မပြောရဲကြဖြစ်နေလေသည်။ နိုင်ငံရေးဆိုသောဝေါဟာရသည်ပင် ကြောက်ရွံ့ဖွယ် အတိဖြစ်နေလေသည်။

ကျွန်တော် သိသောမှတ်သားမိသော နိုင်ငံရေး၏ အဓိပ္ပာယ်သည် ”လူတွေ၏ အရေးပင်ဖြစ်၏” လူတွေ အရေးကိုလုပ်ကြရာမှာ လူတွေဘာကြောင့်ကြောက်နေရဘိသနည်း။ ကြောက်ရခြင်း အကြောင်း အရင်းခိုင် မာသည်ကိုသိပါ၏။နိုင်ငံရေး လုပ်သူသည်ပင်ချက်ချင်းမနှေးသေ ရတော့မလိုပြောတတ်ကြသောနလပိန်းတုံး များလည်း ရှိကြသေးသည်ဟု ဆိုလျှင် ရိုင်းစိုင်းရာကြပေ၏ ။ နိုင်ငံရေးသည် ကိုယ်နှင့်မဆိုင် ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ကိုယ်လုပ်မှကိုယ်စားရတာပါ ဟုပြောသော ပါးစပ်တို့ကို ဂွမ်းနဲ့သာစို့ထားသင့်၏ ။ အတိ အကျမှားသည်ဟုလည်း မဆိုပါ ။ ကိုယ်လုပ်မှ ကိုယ်စားရသည်မှာမှန်ပါ၏ ။ ကိုယ်တိုင်ချွေးနှင့် သွေးနှင့်လုပ် ထားသည်တို့ကို ခေါင်းပုံဖြတ်မှန်း မသိဖြတ်နေကြ ခြင်းကို လျစ်လျှူရှု့နေကြသည် ။

လူတွေအရေးဆိုသော နိုင်ငံရေးက ဘာတွေများပါလဲဟု မသိသူ ပေါင်း မြန်မာပြည်တွင် သန်းနှင့်ချီ၍ ရှိ၏ ။ သိအောင်လည်း မကြိုးစားကြ အာဏာရှင်လူပါးဝသမျှကို ကုန်းရုန်း၍ ခံနေကြရ၏ ။လူတွေအရေးနှင့် ပတ်သတ်လို့ တစ်ကမ္ဘာလုံးအတွက် သတ်မှတ်ထားသောလူ့အခွင့်အရေး စားတမ်းလေးကို များ တစ်ခါ တစ် လေ ဖတ်ကြပါတော့။ အဲ့ဒီအခွင့်အရေးတွေ အတွက် အသက်ပေးခဲ့သူများကို ပင် မထောက်ထား မစာနာ အေးအေးသာနေကြ၏ ။ ထိုသူများသည် အခွင့်အခါကောင်းကိုတော့ သိ၏။အခြေအနေပေးလျှင် နေရာကောင်းကို ရအောင်ယူတတ်ကြသေး၏။ မတိုးတက်သည်လည်း မပြောနှင့် တစ်ဦးနှင့်တစ်ဦး ကူညီရန် ဝေးလို့ ခေါင်းပုံဖြတ်ရန်သာ စဉ်းစားနေကြသော မြန်မာမျိုးဖြစ်လာနေ၏။ အမျိုးမျိုးသော လိမ်ညာ မှု့များ မကြာခဏ ကြားနေရသည်ကို သတိပြုသင့်ပါ၏ ။

နိုင်ငံရေးပြီးသော အခါ ဒီမိုကရေစီဟူသော ဝေါဟာရ သည် လူတို့ပါးစပ်ဖျားတွင် တော်တော်လေး ရေပန်း စားလာ၏။ဒီမိုကရေစီ ၏ အဓိပ္ပာယ်ကို ကားကောင်းစွာနားမလည် ။ ကျွန်တော်ကိုယ်တိုင်လည်း ဗိုလ်ချုပ် အောင် ဆန်းမိန့်ခွန်းထဲတွင်သာ အနည်းငယ်ဖတ်ဖူး၏ ။ သိသလောက်ပြောရရင် ဒီမိုကရေစီဆိုတာ ဘာလဲ? ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ခေါင်းဆောင်ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်၏ ။ လုပ်ပုံ ကိုင်ပုံတို့သည် မှားယွင်းလာသော အခါပြည်သူလူထုကပင် ဖြုတ်ပိုင်ခွင့် ရှိ၏ ။ သူထက်တော်သူတစ်ဦးအား ထပ်မံရွေးချယ်၍ တင်မြှောက်ရာ၏ ။ အာဏာဟူသော အရာကို တစ်စုံတစ်ယောက်လက် အတွင်း၌ တရားသေမထား ။ အာဏာကို ကောင်းမှန်းသိသော အခါ အာဏာ ရူးဖြစ်လာ၏။ အာဏာရှင်ဖြစ် လာ တတ်၏။မည်သူ့ကိုမှ တိုက်ခိုက်လိုခြင်းမဟုတ် ။ ကျွန်တော်တို့ လူငယ်များကြား၌ နိုင်ငံရေးနှင့် ဒီမိုကရေစီ ဟူ

သော ဝေါဟာရတို့သည် ကြောက်စရာကောင်းသော စကားအသုံးအနှုံး ဖြစ်နေ၏ ။ ထိုစကားတို့ကိုထွက် မိလျှင် ဘာတွေလာပြောနေတာလဲ ဟုပင် နောက်ပြောင်တတ်ကြ၏ ။ ပြောမိသူက အရူးသ ဖွယ်ပင်ဖြစ်ရ၏ ။ မသိ၍ ကားမဟုတ် ။ ကြောက်၍သာဖြစ်၏ ။ကျွန်တော်၏ ဘလော့စာမျက်နှာ အတွက် ကန့်ကွက်လိုသော သဘောရှိသည့် အွန်လိုင်းမိတ်ဆွေ နှစ်ဦးနှင့် ကြုံခဲ့ပြီဖြစ်၏ ။ ပထမတစ်ဦးမှာ မင်းက ဘာကောင်လဲကွ ဟူ သော စ ကားနှင့် အစချီလာ၏ ။ ကျွန်တော် ဘာကောင်မှမဟုတ်တာ ကျွန်တော်ကိုယ်တိုင်လည်း သိ၏ ။အားလုံးကိုလည်း ၀န်ခံပါ၏ ။ သို့သော် ဘယ်သူကရော ဘာကောင်မို့လည်းဟု ပြန်မေး လို၏ ။မမေးပဲနေ၍ ဘလော့ခ် သာလုပ်ထားလိုက်ပါ၏ ။ အချင်းမပွားလို၍သာ ဖြစ်ပါ၏ ။နောက်တစ်ဦးကား ” ရတဲ့အချိန်ထိ စောင့်ရမှာ ပေါ့ ” ဟု ဆိုကာ အစချီလာ၏ ။ ထိုသူအတွက် လည်း အနည်းငယ်သာ တုန့်ပြန်စကား ဆိုခဲပ၏ ။ ” ယုံကြည်ရာ ကို လုပ်ပါ ” ဟူ၍သာ ဖြစ်၏ ။ ဒီနေ့ဒီအချိန်သည် ကျွန်တော်တို့လူငယ်များစည်းရုံးရေး ဆင်းစရာ မလိုပဲ စည်းလုံးညီညွတ်ပြီးသားဖြစ်နေ ရတော့မည်ထင်၏ ။ ယခုထိ မစည်းလုံးနိုင်ကြသေးပေ။

မစည်းလုံးနိုင်ကြရခြင်း အကြောင်းများစွာရှိ၏ ။ တင်ပြလိုပါ၏ - -

၁။ လူတန်းစား ခွဲခြားစိတ်

၂။ဥစ္စာဂုဏ် ပညာဂုဏ် မောက်မှု့

၃။လူနည်းစု အဖွဲလေး အတွင်းသာစည်းရုံးနေမှု့

၎။တစ်ဦးတစ်ယောက်၏ ခေါင်းဆောင်မှု့ကို နာမခံလိုမှု့

{၁} ငွေကြေး ပြည့်စုံသော အသိုင်းအ၀ိုင်းတစ်ချို့တွင် နိုင်ငံရေး ဆိုသည်ကြောင့် မိမိတို့၏ စီးပွားရေးကို အနှောက်အယှက်ပေးမည် စိုးသောကြောင့် ဘယ်သူဘာလုပ်လုပ် ငြိမ်ငြိမ်လေး ထိုင်ကြည့်၍သာ နေကြ၏ ။ သားသမီး လူငယ်များအားလည်း မဆိုင်သော အလုပ်ဟုဆိုကာ ကြောက်စိတ်ကို ရိုက်သွင်းပေးထား၏ ။ ရှေ့တိုးချင်သော်လည်း ရဲရဲ မတိုးဝံ့ကြသည်ဖြစ်၏။

၂.။ငါလုပ်မှငါစားရမှာ ငါ့မှာငွေရှိဖို့သာ လိုသည်။ ငါပညာတတ်သည် ။ငါ့အတွင်ပူစရာမလို တစ်ဘို့တည်းသ မားဟုလည်း ဆိုနိုင်သည်။ သူယုံကြည်ချက် မှားသည်ဟု မပြောလိုပါ။ ကိုယ်ယုံကြည်ရာ စိတ်အားသန်ရာ ကိုယ်စီ ရှိကြသည်ဖြစ်၏။ သို့သော် အခြေအနေနှင့် အချိန်အခါက တောင်းဆိုလာပါက အမျိုးသမီးများပင် တိုက်ပွဲ ၀င်ခဲ့ ကြသော သဓက တို့ကိုထောက်ထားသင့်၏ ။ ရူးလို့လုပ်တာပါ လို့ပြောချင်သူများအဖို့ အရှေ့ က သေပြီးသူတို့ ပင် အရူးပြန်လုပ်ပေးရန်သာ ရှိ၏။ မလုပ်ချင်နေ မစော်ကားနှင့် ဆိုသော စကားကိုလည်း ပြောချင်သေး၏ ။

၃။လူငယ်တို့သည် မိမိတို့ ပေါင်းသင်းနေထိုင်သော ကိုးယောက် ဆယ်ယောက် အုပ်စုလေးများ တွင်သာစည်းလုံးတတ်ကြ၏။ တစ်ခြားသူများကို တွေ့လျှင် ရန်စောင်နေကြ၏ ။ မိုက်သွေးပြလိုကြ၏ ။ တ ကယ် မိုက်၍လား ဆိုတော့လည်း မဟုတ် ။ အဖွဲ့ကောင်း သည်ဖြစ်၍ ၀ိုင်းဝန်း ထိုးကြိတ်ကြသော ရန်ပွဲပေါင်း ရန်ကုန်နှင့် မြို့ပြဒေသ များတွင် မကြာခဏကြားဖြစ်ပွားလေ့ရှိ၏ ။

၎။တစ်ဦးတစ်ယောက်၏ ခေါင်းဆောင်မှု့ကို ဆရာလုပ်သည် ဟုထင်ကြ၏ ။အကောင်းအဆိုး အကြံဥာဏ်တို့ ကို စုပေါင်းတိုင်ပင် လိုစိတ်မရှိ ။ ကိုယ်ထင်ရာကိုယ် လုပ်ချင်ကြ၏ ။ စုပေါင်းတိုင်ပင် ၍ လုပ်ခြင်းသည်မှား နေသည်များ ကို အမှန်ဖြစ်စေနိုင်၏ ။ အကြောင်းအရာ တစ်ခုကို မိမိတစ်ယောက်တည်း စဉ်းစားသောအခါ ပုဂ္ဂိုလ်စွဲ အယူစွဲဖြင့် စဉ်းစားတတ်ကြ၍ အမှန်မဖြစ်နိုင်သည် ကများ၏ ။ အမြင် အမျိုးမျိုးဖြင့် ၀ိုင်းဝန်းစဉ်းစား သည့် အခါ အကောင်းဆုံး အဖြေတစ်ခု ကိုရတတ်၏။

စုပေါင်းတိုင်ပင်ခြင်းသည် များစွာအကျိုးရှိ၏။ အတိုက်အခံပြောခြင်းသည်လည်း အချင်းများ ဖို့ရန်မဟုတ်အ ကောင်း ဆုံး အဖြေတစ်ခု ထွက်ပေါ်လာဖို့ ရန်သာဖြစ်၏ ။ 1990 ရွေးကောက်ပွဲ အတွင်းက စည်းရုံးရေးဆင်း ကြ သော လူငယ်တစ်စုအကြောင်း အနည်းငယ်ပြောအံ့ ။ ထိုလူစုသည် နယ်လှည့် မဲဆွယ်စည်းရုံးရေး ဆင်းကြစဉ် ရွာတစ်ရွာ သို့ အချိန်မတော် ရောက်ခဲ့၏ ။ ရွာခံများနှင့် စကားပြောကြရင်း အချင်းချင်းအတိုက် အခံ ဖြစ်ခဲ့ကြ၏ ။ ဖြစ်ပုံမှာ လူငယ်တစ်ဦး က လူတွေဟာ အမိန့်ပေးမှ သာနာခံတတ်ကြတယ်။အမိန့်နှင့် ခိုင်းမှသာ မဖြစ်ဖြစ်အောင် ဆောင်ရွက်တတ်ကြသည်ဟု အဆိုသွင်း၏ ။ နောက်တစ်ဦးက ဤအချက်ကို လက်မခံ၊ အတိုက်အခံ ပြန်ပြော၏ ။ အမိန်ပေးလို့ လုပ်ရခြင်း ထက် ကိုယ့်အသိ စိတ်ဓာတ်ကိုယ်လုပ်ရခြင်း ကိုသာ လူတွေသဘောကျသည် ဟု ဆို၏။ စကားများ အတိုက်အခံ တော်တော်ကြာကြာပြောကြ၏ ။ သူတင်ကိုယ်တင် အခြေအနေ နှစ်ရပ်က အမှန် ဘယ်ဟာဟု မကွဲပြား ။ သက်သေသာဓကများ ဖြင့် ပြောဆိုနေကြ၏ ။ ထိုအချိန်တွင် အတိုက်အခံလုပ်သူ အမိန့်ပေးခြင်းကို ဆန့်ကျင်သူက” အချိန်လည်းတော်တော်လင့် ပြီ ဗိုက်ကလည်း ဆာလိုက်တာ ကျွန်တော်ကို မုန့်ဆိုင်လေး ဘာလေးများလမ်း ညွှန်ပေးကြပါလား ဟု ပြောလိုက်၏ ” ။ ထိုအခါ အနား တွင် ရှိသော လူငယ်တစ်ဦးက ” ကျွန်တော်သွား ၀ယ်ပေးပါ့ မယ်ဗျာ” ဟုပြော၍ ပိုက်ဆံပင် မယူပဲ ထွက်သွားလေ၏ ။ ထိုသူ မုန့်ဝယ်ပြီး ပြန်လာသော အခါ အတိုက်အခံ လုပ်သူက ထိုသူအား ” ညီလေး မင်းကို ခုဏက အကို ကအတင်းမုန့်သွားဝယ်ခိုင်း လို့မင်းသွားဝယ်တာလား မင်းသဘောအလျှောက်မင်း သွားဝယ်တာလား ” ဟု ဆိုလိုက်၏ ။ဤ သို့ ဆိုလိုက် သ ဖြင့် စကားဝိုင်းဘေး တွင် ရှိသော လူအား လုံးတို့သည် သဘောပေါက်၍ လက်ခံကြရ၏ ။စကားဝိုင်းလည်း အဆုံးသတ်သွား၏။

အမိန့်ပေးစရာ မလိုပဲ ကိုယ့်အသိစိတ်နှင့် ကိုယ် လုပ်ကြရန်လို၏။ အချင်းချင်း ရန်လိုမုန်းထားစိတ်မရှိပဲ အကောင်းဆုံး လမ်းကို ရွေးချယ်၍ လျှောက်လှမ်းကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်။ယုံကြည်ချက်၊ခိုင်မာသော စိတ်ဓာတ် နှင့် ပြည့်စုံသော လူငယ်များ မြန်မာနိုင်ငံတွင် မရေတွက်နိုင် အောင်ပင်ရှိလိမ့်မည် ဟုယုံကြည်ပါသည်။ ထို့ကြောင့် ဒီခေတ်ဒီသမိုင်းတွင် ပျောက်ကွယ်လုလုဖြစ်နေသော ကျောင်း သာ တို့၏ စည်လုံးသော နိုင်ငံရေးအသိစိတ်နှင့် စစ်မှန်သော ဒီမိုကရေစီ အတွက် အတူလက်တွဲ ကြပါစို့ ။မစစ်မှန်သော လမ်းစဉ်များမှ လုံးဝ စိတ်သုံး၍ ယုံကြည်ချက်တို့ အတိုင်း ဖြစ်ကိုဖြစ်ရမည် ဟုလည်း ယုံကြည်၏။

လူငယ်များ၏ ရှေ့တွင်ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ်လမ်း ပြပေးမည့်သူသည် အမှန်တကယ် လိုအပ်နေ ပါ၏ ။ထိုသူ သည် အချိန်နှင့် တစ်ပြေးညီ လူငယ်တို့အားရဲစွမ်း သတ္တိစိတ်ဓာတ်တို့ ကို မွေးဖွားပေးနိုင်မည့် သူဖြစ်သင့်၏ ။ အချိန်ကောင်းကို ကောင်းစွာအသုံးချနိုင်သူဖြစ်သင့်၏ ။ ထိုသူ၏ နောက်တွင် ရဲစွမ်းသတ္တိဖြင့် စည်း လုံး ညီညာ၍ စည်းကမ်းပြည့်ဝသော အနယ်နယ် အရပ်ရပ်မှ ကျောင်းသာ အပေါင်းတို့သည် တစ်ခုတည်းသော ဦးတည်ချက် အတွက် မလျှော့ သော ဇွဲသတ္တိဖြင့် အကောင်အထည် ဖော်သင့်ပါပြီ ။ လုပ်သင့်ပါပြီ ။ တစ်ချိန်က သခင်မျိုးဟေ့ လို့ကြွေးကြော်ခဲ့ပေမယ့် အခုအချိန် မှာ ဘာတွေဖြစ်နေလဲ ဆိုသည်ကို သိလျှင်သိသည့် အတိုင်း ငြိမ်ခံနေဖို့ မသင့်တော့ပါဘူး ဟုသာ ဆိုချင်ပါတော့သည်။

မြလေးနိုင်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !