ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း Passport ရုံး အနီးတစ်ဝိုက်တွက် Passportလျှောက် ထား ရန်စောင့်စိုင်း နေကြသူများ နှင့် စည်ကားလျှက်ရှိပါသည်။ စည်းမျဉ်းများတင်း ကျပ်ထားသည်ဟု ဆိုသော်လည်း စာအုပ်လျှေက်သူဦးရေ မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာလျှက်ပင် ရှိပါသည် ။ ရုံးအတွင်းသို့ ပွဲစားများ ၀င်ခွင့်မရတော့သည့် အတွက် အပြင်မှာ လမ်းညွှန်ပေးနေကြသော ပွဲစားများနှင့် နယ်မှ လာ ရောက် လျှောက် ထားကြသည့် အလုပ်သမား ပိုမိုများပြားကြောင်းလဲ သတိပြု မိပါသည် ။Passport ရုံးနှင့် ပုံစံ 19ရုံးအနီးနား တစ်ဝိုက်တွင် ပွဲစားများဖြင့် ပြည့်နက်နေပါသည်။
ယခင်က Passport ဖောင်တင် ၊ ပုံစံ 19 လုပ်မည့်သူများအတွက် ပွဲစားများမှ... အနည်းဆုံး 2000 နှင့် အထက် တောင်းခံကြသော်လည်း ယခုအခါတွင် 19 အမြန်လုပ်ပေးမည် 500 ပဲ ပေးပါဟု ဈေးချထားသည်ကို တွေ့ရပါသည်။ ဆိုးရိမ်ရသည်မှာ မအူမလည်Passport လျှောက်သူများ နဲ့ ရုံးအတွင်း က အဟောက်အဟမ်း ထူသော ၀န်ထမ်းများကြား၌ အဆင်မပြေနိုင်ပါ ။ တစ်ချို့ နယ်မှလာသော သူများသည် အတွေ့အကြုံလုံးဝ မရှိသည့်အတွက်မအူမလည်နှင့် တောင်းသမျှ ပေးရ၍ လိုအပ်သည်ထက်ပိုမိုကုန်ကျသည်များရှိပါသည် ။ ပွဲစားများမှာလဲ 500 ပဲပေးပါဟုဆိုကာ အကြောင်းအမျိုး ပြော၍ ငွေကုန်ကြေးကျများကြရပါသည် ။ ရုံးအနီး တစ်ဝိုက် တွင် Passport အတွက် ထိုင်စောင့် နေကြသော လူဦးရေမှာ လမ်းတစ်လျှောက်ကြိတ်ကြိတ်တိုး လျှက်ပင် ရှိပါသည်။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !