Home » » ဘ၀ဆိုတဲ့ ပျော်ပွဲစား

ဘ၀ဆိုတဲ့ ပျော်ပွဲစား


ဘ၀၏ အဓိပ္ပာယ်တွေက များမြောင်လှသည် ။ တင်စားချက် တွေက ကျယ်ဝန်းနက်ရှိုင်းလှသည် ။ ဘ၀ဟူသည် များစွာသောတန် (အလေးချိန်) ပမာဏကြီးလေးသည့် တာဝန်နှင့်ဝတ္တရားတို့ပင်ဖြစ်သည် ဟု အမေရိကန် ကဗျာ ဆရာကြီး ရောဘတ်ဖရေးစ် ( Robert Frost ) က ဆိုဖူးသည် ။ တကယ်တော့နေ့စဉ်နှင့် အမျှ ကျဉ်းမြောင်းလာ သော ကမ္ဘာကြီးတွင် လူသားတို့သည် သဘာဝ နှင့် ထိတွေ့မှုဆုံးရှုံးလျှက်ရှိရာ ထိုထိတွေ့မှုသည် သူ၏ ရွှင်လန်း ချမ်းမြေ့ခြင်းအတွက် အလွန်ပင် လိုအပ်လှသည် ။ 
ဘ၀ကိုပျော်ပွဲစားအဖြစ် နမိတ်ပုံရိပ်တင်စားထားသော ပီဒီဂျိမ်း(စ်) ( PD . James ) ၏အတွေးကွန်ယက်ကိုလည်း ကျွန်တော်တို့ ရင်ထဲစွဲငြိဖို့ လိုသည်ဟု ထင်မြင်မိပြန်သည် ။ ခံစားကြည့်ပါဦး ။
ဘ၀ကို ပျော်ပွဲစားတစ်ခုအဖြစ် နိမိတ်ပုံရိပ် တင်စားနိုင်ပါသည် ။ ပျော်ရွှင်ချမ်းမြေ့ရန်အတွက် အပေါင်းအသင်း ကောင်းလိုအပ်သည် ။ လောဘသက္ကာယ မကြီးမားလှသော မျှော်လင့်ချက်များ ရှိသင့်သည်  အထိုက် အလျှောက် ကျမ်းမာရေးအဆင့်အတန်း ကောင်းမွန်ရမည် ။ ဆက်လက်တိုးသွားလျှင် ပိုမိုကောင်းမွန် မှု တစ်ရပ်ကြုံရမည်ဟူသော ယုံကြည်ချက် ပိုက်ထွေးမှုရှိရမည်ပင် ။

(Ref : R.D, April 2000, Point to Ponder )
ဘ၀အောင်မြင်ရေးဆိုင်ရာ အတွေးကွန်ယက်များ
ဆရာ မောင်မောင်မြင့်သိန်း

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !