Home » » အာဏာရှင် ဒီမိုစနစ်သစ်

အာဏာရှင် ဒီမိုစနစ်သစ်


မြန်မာနိုင်ငံတော်ကြီးကို ချစ်ခင်မြတ်နိုးကြပါသော အာဏာရှင်စစ်ခေါင်း ဆောင်ကြီးများသည် တိုင်းပြည်ကို စိတ်တိုင်းကျပြုပြင်ပေးလိုသောဆန္ဒရှိ၏ ။ပြည်သူလူထုလိုလားတောင့်တနေသော အခြေအနေကိုလည်းသိ၏ ။ထိုသို့သောအကြောင်းရင်းများကြောင့်မိမိတို့လက်ရှိကျင့်သုံးနေသောအာဏာရှင်စနစ်ကိုဖျက်သိမ်းတော့မည် ဖြစ်၏။ ထိုသို့ လုပ်ရခြင်းမှာလဲ ပြည်သူများ၏ ကြည်ညိုလေးစား ခြင်းကို ခံလိုသာသဘောရှိ၏။ သို့ပေသော်ငြား ၎င်းတို့၏ လုပ်ရပ်များသည် အမှားများစွာကြားမှ အမှန်မရှိသည့် လုပ်ရပ်များသာဖြစ်လာ ၏။ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်ဖို့ရန် အလို့ငှာ ဖွဲ့စည်းပုံအ ခြေခံ ဥပဒေကို ရေးဆွဲခဲ့၏ ။ဖွဲ့စည်းပုံ အခြေခံကို အတည်ပြုရန် ပြည်သူအများ၏ သဘောထားကို ကောက်ခံသည့် အနေဖြင့် မဲစနစ်ဖြင့်ဆောင်ရွက်ခဲ့၏ ။ ဒီ မိုကရေစီပုံစံ ကျသော ပထမဦး ဆုံးခြေလှမ်း တစ်ရပ်ပင် ဖြစ်၏။ သို့သော်မဲ ထည့်ရာတွင် ပည်သူများ အမှားမှား အယွင်းယွင်း ဖြစ်ကြမည်ကို စိုးရိမ်သော စိတ်ဖြင့် ကိုယ်တိုင်ပင်အမှန်ခြစ်များ ခြစ်ခဲ့ကြ၏။ ဂုဏ်ယူဝင့်ကြွားစွာပင် မဲအရေအတွက် မည်၍မည်မျှ ရရှိပါသည် ဟုပင်အရှက်တရားမဲ့စွာ ဂုဏ်ယူ ခဲ့ကြသေး၏။ ထိုသူတို့၏ လုပ်ရပ်များကို ကလေးကတောင်ရယ်၏။
(ဤအချက်မှားယွင်းသည် ဟု ဆိုချင်ပါက ထောက်ပြပေးကြရန်) ။
ထိုသို့ မဟုတ်မမှန် လုပ်ကြံဇာတ်များ စွာဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အတွက်စတင်ခဲ့၏။
မှတ်ချက် ။ ။ မဲရုံတွင် တာဝန်ထမ်း ဆောင်သော အမျိုးသမီး တစ်ဦး၏မဲရုံး တွင်ထမ်းဆောင်ခဲ့သောတာ ၀န်မှာ အမှန်ခြစ်ရသော တာဝန်ပင် ဖြစ်သည် ဟု ဆိုသော စကားကြောင့် ဤသို့ အတည်ပြု၏ ။)

ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် စစ်အာဏာရှင် ၏ အခန်းကဏ္ဍသည် အလွန်တရာမှ အရေးပါလှပေသည်ဟုထင်ကြ၏။ဤသို့ထင်ရခြင်းမှာလဲမိမိတို့ရရှိထားသော အာဏာလက်လွတ် ဆုံးရှုံးကြ မည် ကို ကြောက်သောကြောင့်ဖြစ်၏။ စစ်အာဏာရှင်သည်မိမိကိုယုံကြည် ကိုးစားသော သူတို့ အတွက် တန်ခိုးရှင် တမျှ အခွင့်ထူးအရာထူး များကို ပေးစွမ်း နိုင် ၏။ ထို့နောက်မှာပင် ၎င်းတို့၏ လက်ကိုင်ဒုတ် ဖြစ်သော ကြံ့ဖွတ်အသင်းကြီး အားကြံ့ဖွတ် ပါတီ ဟုအမည်ပြောင်း၏။ ကြံ့ဖွတ်ပါတီကြီးတွင် ခေါင်းဆောင် ခေါင်းရွက် သမ္မတနေရာအရွေးခံရန် ၀န်ကြီးချုပ်စစ်ဗိုလ်ချုပ်ကြီး ရာထူးကိုပင် စွန့်လွှတ်ခဲ့၏။တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုး တတ်သောစိတ်ဓာတ် သည် စစ်ဗိုလ်ချုပ်ကြီးများကို မည်သူမျှမှီနိုင်မည် မထင်ပါ ။ အဘယ့်ကြောင့် ကဤမျှ လောက် မကမက်မောမော ချစ်မြတ်နိုး ရပါသနည်းဟုအမေးရှိသော် မြန်မာ နိုင်ငံ၏ ပေါကြွယ်ဝလှသောမြေပေါ်မြေအောက်သရံဇာစများကြောင့်လည်းတစ်ပိုင်းဖြစ်သည်။မြန်မာပြည်သူပိုင်ပစ္စည်း
တို့သည် အာဏာရှင်ခေါင်းဆောင်မိသားစုနှင့် တကွအပေါင်းအပါ အားလုံးကို စွဲဆောင်သိမ်းသွင်းလျှက် ရှိခြင်းကြေင့်တစ်ပိုင်းဖြစ်လေ၏။ 
ထိုအာဏာရှင်လူယုတ်မာ အုပ်စုသည် ယခုအခါတွင် နူးကလိယ လက် နက်ကိုထုတ်လုပ်ရန် ၎င်းတို့၏ ပထွေးဖြစ်သော မြောက်ကိုရီးယားကို အဖေ ခေါ်၍ တိုင်းပြည်၏ ဆန်ရေစပါးတို့နှင့် တကွ အဖိုးတန် ပစ္စည်း များကို အသုံးချ နေ၏။ ပြည်ပအားကိုး ပုစိန်ရိုးဟု ၎င်းတို့သုံးစွဲနေသော စကားလုံးများသည် ၎င်းတို့ ကိုတိုင်ပြုလုပ်လျှက်ရှိသော အမှားများပင်ဖြစ်၏။ ရှေ့သွားနောက်လိုက်မညီသော ပြောစကားများဖြင့် လိမ်ညာလှည့်ပတ်နေသောပုဂ္ဂိုလ်များသည် ပြည်သူလူထုအတွက်ရှေ့ ဆောင်ကောင်းများ ဖြစ်ပါနိုင်ပါမည်
လော ။
ထိုသို့သော အကြောင်းရင်းများကြောင့် ၎င်းတို့ လက်ရှိလုပ်ကိုင်နေသော ဒီမိုကရေစီစနစ်ဟူသည် သာ မာန်ဒီမိုကရေစီစနစ်မဟုတ်သောအာဏာရှင်ဒီမိုကရေစီစနစ်အဖြစ်ကမ္ဘာကပင်အသိအမှတ်ပြုရလိမ့်မည်
ဖြစ်၏။

မင်းမကြောက်

1 comments:

  1. အကြောက်တရား ကိုဖယ်ရှာကြဖို့ ကျောင်းသားတွေညီ
    ညွတ်ကြပါ ။ အကြောက်တရားတွေနဲ့ သာရှေ့ဆက်သွား နေကြမယ် ဆိုသော် ဒို့ပြည်သူဘ၀တွေခွေးဖြစ်မှာသေ ချာပါတယ်....

    ReplyDelete

never ... never ... never ...never ... never Give Up !