Home » » သူတော်ကောင်း တရားအတွက်အသက် စွန့်သူ (သို့)ယုံကြည်ချက်အတွက် အသက်စွန့်သူ

သူတော်ကောင်း တရားအတွက်အသက် စွန့်သူ (သို့)ယုံကြည်ချက်အတွက် အသက်စွန့်သူ

လွန်ခဲ့တဲ့ အနှစ် နှစ်ထောင့်ငါးရာလောက်တုန်းက အနောက်တိုင်း ခေါမ (ဂရိ)ဆိုတဲ့ အရပ်ဒေသမှာအလွန် ဥာဏ်ပညာကြီးမားတဲ့ သုခမိန်ကြီး တစ်ပါး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူ့ နာမည်ကို ဆော့ခရတ္တိပညာရှိလို့ခေါ် ကပါတယ်။ သူဟာBC၄၆၉ မှာမွေးဖွားခဲ့ပြီး BC၄၉၉ မှာကွယ်လွန်ခဲ့တယ်။ အေသင်မြို့နိုင်ငံသားဖြစ်တဲ့ ဆော့ ခရတ္တိပညာရှိဟာ ဆင်းရဲသားမိဘများက မွေးဖွားလာသူဖြစ်တယ်။သို့သော်လူ့ယဉ်ကျေးမှု့ သမိုင်းတစ် လျှောက်မှာတော့ ဆော့ခရတ္တိရဲ့ ထင်ရှားတဲ့ နာမည်နှင့် သူ့ရဲ့ မွန်မြတ်သန့်စင်လှတဲ့ ဂုဏ်သတင်းဟာ ထာဝရထွန်းတောက် နေပါတော့တယ်။ ဘာဖြစ်လို့များ သူ့နာမည် ဂုဏ်သတင်း ထွန်းပခြင်းဖြစ်ရသလဲ ဆိုတော့ သူဟာ မှောင်မိုက်တဲ့ ဘ၀လမ်းမှာ ပညာဆီမီးထွန်းပြီး အလင်းရောင်နှင့်လမ်း ပြသူ ဖြစ်လို့ပဲလို့ ဆိုနိုင်ပါတယ် ။ ဒီထက်ပိုပြီး အံ့သြ ချီးမွမ်းဖွယ် ဖြစ်ခဲ့ရတဲ့ အကြောင်းကတော့ ဆော့ခရတ္တိ ပညာရှိကြီးဟာ မှန်သော သစ္စာတရား အပေါ်မှာ စွဲမြဲစွာ ယုံကြည်တဲ့ သူ့ရဲ့ယုံကြည်ချက်အတွက် သူဟာအသက် ကိုတောင် စွန့်လွှတ်ပြီး ရဲဝံ့စွာ သစ္စာဘက်တော်သား အဖြစ်ရပ်တည်ခဲ့လို့ပါပဲ။  
ဆော့ခရတ္တိကား လူသာမာန်တို့၌ ရှိခဲလှစွာသော သိက္ခာသမာဓိနှင့် ပြည့်စုံသည်သာမက မိမိ၏ဣန္ဒြိယသံဝရ သီလကိုလည်း လွန်စွာစောင့်ထိန်းနိုင်သူ ဖြစ်၏။ လိုဘနည်းခြင်း ၊ သိခံနိုင်ခြင်း နှင့်ဇွဲကောင်းခြင်း အရာ၌ ဆော့ခရတ္တိ ကိုယှဉ်နိုင်သူမရှိ လို့လည်း စာမှာဆိုပါတယ်။ ဆော့ခရတ္တိဟာ လူသားအပေါင်းကို သစ္စာတရားနှင့် ကောင်းကျိုးချမ်းသာ တရားများကို မြတ်နိုးတတ်သူတွေ ဖြစ်အောင်လှုံ့ဆော်ခဲ့ပါတယ်။ လွဲမှားချွတ်ယွင်းနေတဲ့ အေသင်မြို့ နိုင်ငံသားတွေရဲ့ အတွေးဟောင်း အယူ ဟောင်းတွေကိုဆန့်ကျင်ပြီး  လောကသစ္စာ တရားတွေ စွဲမြဲလာအောင် အားထုတ်ခဲ့တယ်။ ဒါကို မသူတော်များ ကြီးစိုးနေတဲ့ အေသင်လူ့အဖွဲ့အစည်းထဲက မရှု့ဆိတ်သူများက အပြစ် မြင်ကြတယ်။ ဆော့ခရတ္တိဟာ လူငယ်လူရွယ်တွေ ကို ဖျက်ဆီးနေ တယ်။ ဂရိနတ်ဘုရားကိုလည်း မကိုးကွယ်ဘူး ။ ဘာသာ ကိုဖျက်တယ်။ ရှေးထုံးစဉ်လာတွေ ကိုလည်း မလိုက်နာဘူး ဆိုပြီး ရုံးတင် တရားစွဲကြတယ်။ မြတ်စွာဘုရား လက်ထက်မှာ ရှင်သာရိပုတြာ နှင့် ရှင်မောဂ္ဂလန် တို့ရဲ့ လက်ဦးဆရာ ဖြစ်တဲ့ သိဉ္စည်း ဆရာ ကြီး ဆိုတာရှိတယ် ။ အဲ့ဒီဆရာကြီးယူဆသလိုပဲ  ဒီလူ့ရွာမှာ ပညာရှိတဲ့ သူထက် ပညာနည်းတဲ့သူက များ တယ် ဆိုတာမှန်ပါတယ်။အေသင်မြို့ဟာ အများသ ဘောကျ ဆုံးဖြတ်တာကို ဒီမိုကရေစီ ဆိုပြီး ယူထားတဲ့ ဒေ သ ဖြစ်တယ် ။ လူအများစု ဆိုတာက ပညာနည်းတဲ့ သူတွေဖြစ်လေတော့ သူတို့ ရဲ့လူပြိန်း ဒီမိုကရေစီက ဆော့ခရတ္တိလို ပညာရှိကို ( သူဟော နေတဲ့ တရားတွေ ဟာ မှားကြောင်း မ၀န်ခံရင် ) သေဒဏ်ကျခံစေဖို့ စီရင်ချက် ချလိုက်တယ် ။ဒီလို သေဒဏ် စီရင်ချက်ခလိုက်တဲ့ အချိန်မှာ အေသင်မြို့ တရားရုံးက တရားသူကြီး တွေကို ဆော့ခရတ္တိပြောဆို ဆုံးမသွားတဲ့ နောက်ဆုံး စကား တွေ ဟာ ယခုတိုင် ဥဒါန်း တွင်ရစ်တယ်။

ဆော့ခရတ္တိ ဘာပြောလဲ ဆိုတော့ " ငါ့အားအဆုံး စီရင်သော အို လူအပေါင်းတို့ ၊ငါသည် သင်တို့ 
အဖို့ စေတနာဖြင့် နိမိတ် ဖတ်ခဲ့ပါ အုံးမည်။ယခု ငါသည် သေရခါနီးပြီ ၊ လူတို့ သည်သေခါနီးအချိန်တွင် အ နာဂတ်ကို ကြိုတင်သိမြင် နိုင်သော အစွမ်း သတ္တိ ထူးကို ရတတ်သည် ၊ ဒါကြောင့် ငါအား သတ်ဖြတ် ကြ ကုန်သော သင်တို့ အတွက် အနာဂတံသကို ငါကြို၍ ပြောဆိုခဲ့မည်၊ သင်တို့ ငါ့အပေါ်၌ ချမှတ် သော အပြစ်ဒဏ်ထက် ပို၍ ကြီးမားလေးလံသော အပြစ်ဒဏ်တို့သည် ငါကွယ်လွန်သည်နှင့် ချက် ချင်း  သင်တို့ ထံသို့လည်းရောက်ရှိ လာပါလိမ့်မည်၊ ယုတ်ညံ့သော သင်တို့ ဘ၀ကို မြင့်မြတ်သော အ ဖြစ်သို့ ရောက်ရှိအောင် ပြောဆိုဆုံးမသော လူကို သတ်ဖြတ်ခြင်းအားဖြင့် ထိုလူ အား တားဆီး ပိတ် ပင် နိုင်သည်ဟု ထင်လျှင် သင်တို့မှားကြပါလိမ့်မည်။ သတ်ဖြတ်ခြင်း အမှု့ကိုပြုသော ထိုနည်းသည် ဂုဏ်သိက္ခာကို ဖြစ်စေသော နည်းလမ်း မဟုတ် ၊ ဖြစ်ကောင်းသော နည်းလည်း မဟုတ်။ သင်တို့အဖို့ အလွယ်ဆုံးလည်း ဖြစ်၍ အမြတ်ဆုံးလည်း ဖြစ်သော နည်းမှာ သူတစ်ပါးကို နှိပ်ဆက်က လူ မပြုမူပဲ သင်တို့ကိုယ်ကို ကောင်းမွန်အောင် ပြုပြင်ခြင်းနည်းသာ အမြတ်ဆုံး ဖြစ်တော့သည် " တဲ့။
ဒီိလို ပြောဆိုခဲ့ပြီးနောက်သူ့ကို အဆုံး စီရင်ဖို့ အတွက် အဆိပ်ခွက်ကို အာဏာပါးကွက် များက လာပေးတဲ့ အချိန်မှာသူ့အနီးမှာ တပည့်တွေကို ၀ိုင်းရံပြီး ရှိနေကြတယ်။ ဒီအခါ တပည့်တွေ ၀ိုင်းရံပြီး ရှိနေကြတယ်။ ဒီ အခါ တပည့်များကအသက်ကို ကယ်ဖို့ ကြံစည် ပြောဆိုကြတယ် ။ အဆိပ်ခွက်ကိုသွန်မှောက်ပြီး အေသင်မြို့ က ဆော့ခရတ္တိ ထွက်ပြေးသွားမယ် ဆိုရင်လည်း အလွယ်တကူ လွတ်မြောက်နိုင်တဲ့ အခြေအနေတွေက ရှိ နေတယ်လေ။ ဒါပေမယ့် ဒီအကြံအစည်တွေ အားလုံးကို ဆော့ခရတ္တိကလက်မ ခံ ဘူး ။ နောက်ဆုံးသေခါနီး အချိန်မှာ အဆိပ်ခွက်ကို လက်မှာကိုင်ရင်းသူ့တပည့်တွေကိုဆော့ခရတ္တိ ပညာရှိ က ဒီလို ဆုံးမပါတယ်။
" တပည့်တို့ ကောင်းမှု့ ဆိုးမှု့ကို စိစစ် ဝေဖန်ခြင်း မရှိဘဲနှင့် အသက် ရှင်လျှက် နေထိုင်တဲ့ ဘ၀မျိုး ဟာ နေထိုက်တဲ့ဘ၀မျိုးမဟုတ်ဘူး။ မသူတော် အကျင့်ကို ကျင့်နေတဲ့ ထိုသူတို့ ပြောဆိုနေသည့် စ ကား မျိုးကို ငါပြောဆိုပြီး အသက်ရှင် လျှက်နေရခြင်းထက်သူတော်ကောင်း အကျင့် ကိုကျင့်ပြီး ငါ ပြောဆိုနေကျ စကားတွေကို ပြောဆိုရင်း သေသွားရသည် ကိုသာ ငါပို၍ အလိုရှိသည်။ ထိုလောက မှာ သေခြင်းတရား ကို ရှောင်ရှားရန်ကား မခက်ပါ ။ သို့သော် ဒုစရိုက်တရားများကို ရှောင်ရှားရန် ကား အဆတစ်မက ပို၍ ခက်ခဲလှ ကြောင်းကို သင်တ ပည့်တို့ မှတ်ရစ်ကြပါလေ။ သူတော်ကောင်း တရားကို စွဲမြဲစွာ ကျင့်သုံး ဆောက်တည်ထားသူ တစ်ဦးအဖို့ ယခုဘ၀မှာ သော်လည်းကောင်း၊နောင် သံ သရာမှာသော် လည်းကောင်း အကုသိုလ်သည် ဖြစ်ဖွယ် မရှိပြီ " တဲ့ ။
ဒါဟာ ဆော့ခရတ္တိ သုခမိန်ကြီး သေခါနီး နောက်ဆုံး အမှာ စကား ဖြစ်ပါတယ် ။ သူ့ဘ၀ဟာ နောက်ဆုံးအန္တိ မကာ လပါ။ဒီစကား ရဲ့အဆုံးမှာတော့ ဆော့ခရတ္တိ ပညာရှိဟာ အဆိပ်ရည်ကို သောက်မျိုပြီး ဘ၀ကိုနိဂုံး ချုပ်ခဲ့ရပါတယ်။ဝမ်း နည်းဖွယ်ကောင်းလှတဲ့ဒီအဖြစ်ဟာ လူလောက အဖို့တော့ ကမ္ဘကျေသော်လည်းဥဒါန်း မကျေတဲ့ အဖြစ်လို့ ဆိုဖွယ်ရာ ဖြစ်ခဲ့ပြီးပါပြီ ။ ဒီနေရာမှာ ဆော့ခရတ္တိဟာ အတွေးအမြင် ဥာဏ်ပညာအလိမ္မာ ရှိတဲ့ လူသားတိုင်း အဖို့ သူ့အသက်နှင့် လဲပြီး ကိုယ်ကျင့်တရား တစ်ခုကို စံနမူနာ ပြသခဲ့သလဲ ဆိုတော့ . . . . . . သူတော်ကောင်းတရားကို လက်ကိုင်ထားတဲ့ လူသားမှန်သမျှဟာ လောက သစ္စာရဲ့ဖြောင့်မှတ်တဲ့ တရား များ အတွက် မိမိရဲ့ ကိုယ်ကျိုး ၊ကိုယ့်အသက် ၊ ကိုယ့်ခန္ဓာကိုပင် ငဲ့ကွက်ခြင်းမရှိအပ် ၊ မှန်သော ယုံကြည်ချက် အတွက် အသက်ကိုပင်လည်း စွန့်သင့် က စွန့်ပြီး မှန်သော တရားဘက်က ရပ်တည်ကြလို့ လမ်း ညွှန် ပြသွား တာပါ ။ဆော့ခရတ္တိပညာရှိလိုပဲ အီတလီ ပြည်သား ဂျီယိုဒါနို ဘရုနို ဆိုသူ ပညာရှင် တစ် ပါးဟာ လည်း လက် ၀ါးကယ်တိုင်ပေါ်မှာ မီးရှို့ အသတ်ခံ ရပြီး သူ့ ယုံကြည်ချက်ကို မစွန့်ဘဲ သူ့အသက်ကို သာ စွန့်ပြီး အမှန်တရား ကိုသက်သေပြခဲ့ဘူးပါတယ်။ လောကမှာ လူဖြစ်ချင်းတူသော်လည်း ဆော့ခရတ္တိ ပညာရှိကိုမှ လူ တွေဟာ လူ့ လောကအဓွန့်ရှည်သမျှ ကာ လပတ်လုံးအောက်မေ့ တသစရာဖြစ်ပြီး ကျန်ရစ်ကြပါတယ် ။ 
ဒါဘာကြောင့်လဲ. . . .
အဖြေကို အလွယ်ကလေး ပေးရရင် ဆော့ခရတ္တိဟာ သူ့ရဲ့မှန်ကန်တဲ့ ယုံကြည်ချက် (သဒ္ဒါ)အတွက် သူ့အ သက်ကိုစွန့်ပြီးသူမှန်ကြောင်းကို သက်သေပြနိုင်ခဲ့လို့ပဲပေါ့ ။ ဒီလိုမဟုတ်ဘဲနှင့် သေဒဏ်က လွတ်မြောက် အောင် တစ်ခြားတစ်နည်းအားဖြင့် (သူ့တပည့်များ အကြံပြုသလို) ဆောင်ရွက်ခဲ့မယ် ဆိုရင် အမှန်တွေဟာ အမှားဖြစ်ကုန်ကြမှာပေါ့။ ဆော့ခရတ္တိဟာသေရမှာ ကြောက်လို့ သူ့ယုံကြည်ချက်နှင့် သစ္စာ ၀ါဒကို စွန့်ခဲတယ် လို့  အပြစ်ဆိုဖွယ် ဖြစ်သွားမှာပေါ့ ။ ဒါမှ မဟုတ်ထောင်ကထွက်ပြေးရင်လည်း ဆော့ခရတ္တိဟာ အမှန်တရား အတွက်ရပ်တည်ရဲတဲ့ သတ္တိ မရှိဘူး သူရဲဘောကြောင်တယ်လို့လောကမှာ ဥဒါန်း တွင်ရစ်မှာပေါ့ ။ဒါကြောင့် ဆော့ခရတ္တိ ဟာ အသက်ခန္ဒာကို စွန့်ခဲ့တယ် ။ သေခြင်းကိုသာသူ့အတွက် ရွေးချယ်ပြီး နောင်လာနောင်သား များ အဖို့ သူတော်ကောင်း တရား နမူနာ ထားရစ်ခဲ့တယ်။ ဒီအမှု ဒီကံကြောင့်သာ လူ့သမိုင်းမှာဆော့ခရတ္တိ ဆိုတဲ့ နာမည်ဟာကမ္ဗည်းတင်လျှက် ထာဝရ ဖြစ်တည်နေတယ်လို့ မှတ်ပါ ။ ရွှေတောင်တက်သူတိုင်းဟာ ဆော့ ခရတ္တိကို နမူနာယူသင့်ပါတယ် ။ ဆော့ခရတ္တိ သေခြင်းဟာ လူတိုင်းရဲ့ သေခြင်းနဲ့ မခြားပါဘူး။ ဘယ်သူ ပဲဖြစ်ဖြစ် သေမှာ မုချပဲ ။ ဒါပေမယ့် ဆော့ခရတ္တိရဲ့ သေခြင်းကိုမှ မြတ်တဲ့ သေခြင်းလို့ လူတွေရဲ့ နှလုံးသည်း ပွတ်က လက်ခံကြတယ် ။ ခုတော့ ဘ၀ရွှေတောင်ထိပ်မှာ ဆော့ခရတ္တိ ရဲ့ ဆင်းတုကြီး တည်ပြီး လူတွေက မြတ်နိုးနေရပြီ မဟုတ်လား။ မြတ်သော သူတို့ရဲ့ ယုံကြည်ချက်ဆိုတာဘာလဲ - - -
အသက်ကိုပင်ဖြစ်စေ စွန့်သင့်တယ်လို့ ထင်မြင်တဲ့အခါ စွန့်ရဲအောင် ဖန်တီးပေးတဲ့ သတ္တိပဲ။ လောက မှာ လူတစ်ယောက်ကိုဥဒါန်း တွင်ရစ်အောင် အထွတ်အထိပ်ကို ရောက်အောင် တွန်းတင်ပေးတဲ့တွန်း အားဟာ ယုံကြည်ချက်အတွက် စွန့်လွှတ် ခြင်းပါပဲ ။
အတုယူ သင့်သော စာတစ်ပုဒ်ကို ကျွန်တော်တို့မျိုးဆက်သစ် လူငယ်များ အတွက် ရည်ရွယ်၍ဆရာဦးဆန်း လွင် ၏ ရွှေတောင်တက် ဒဿန မှ ကူးယူ ဖော်ပြပါသည် ။

မှတ်ချက် ။ ။ ကောင်းမြတ်သော စာပေ၏ တရားတို့ မလွှမ်း မိုးနိုင်တော့သော ပုဂ္ဂိုလ်တို့ သည် ဆော့ခရတ္တိ ၏နောက် နောက်ဆုံး နိမိတ် စကားအတိုင်းသာ အဆုံးသတ် ကြပေလိမ့်မည် ။ မျိုးဆက်သစ်လူငယ် အပေါင်း တို့ " တို့တွေ၏ ယုံကြည်ချက် "တွေသည် ဖုံးကွယ်၍ နေလေသည် ။ ယုံကြည်ချက်အတွက် အသက်ကိုပင် စွန့် သင့်က စွန့်ဖို့ အချိန်သည် ကျရောက်ပြီ ဖြစ်၏။

မင်းမကြောက်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !