Home » » မြန်မာပြည် ၏ နာဇီ

မြန်မာပြည် ၏ နာဇီ


နာဇီလက်သစ်တွေ
ပါတီဖွဲ့ဖြစ်ကြပြီတဲ့
သတိသာ ထားကြပေတော့
ဂျူး - အမိမောင်တို့ရေ
ဟို ရှေးမှာ ရှိခဲ့သမို့လား
ခဏအပ်တဲ့ အာဏာကို
မရအရ ဖတ်တွယ်ပြီးတော့
အကွက်တွေဆင်
တိုင်းပြည်ကို တကယ်ပြင်တော့ မယောင်နဲ့
ဆိုရှယ်လစ် ဆိုင်းဘုတ်တွေတင်
ဖွဲ့စည်းပုံ အသစ်တွေထွင်ပြီး
အဓမ္မ ထောက်ခံခိုင်း
ဗာလာနံ နဲ့ အသေ၀နာ ခဲ့ကြတာ
၂၆ နှစ်မဟုတ်လား ။ ။
နောက်လာတဲ့ မောင်ပုလဲက
ဒိုင်းဝန်ထက် ကဲတယ်နော်
ကောင်းမှန်းသိနေ ကြပြီလေ
ရောင်းတန်းဝင် ပစ္စည်းတွေက ပေါတယ်ကိုးကွ
တောနယ် အချို့က ခလေးတွေမတော့
စာတောင် မသင်နိုင်ကြရှာပါဘူး
ပြောရင်လည်း ရိုင်းပါ့မယ်လေ
မနှိုင်းတော့ပါဘူး
သံဃာတောင် အသေသတ်ရဲမှတော့
ဒေ၀ဒတ်လို့ပြောလဲ နာမယ်မထင်ပေါင်
ခုဘ၀မှာတင် ငရဲမဂ်စေဖို့
ပြုသမျှ မနုကြလေနဲ့
ပြည်သူတွေ သဟာစိတ်တွေနဲ့
မဟာမိတ်လို ကြဲ ။ ။

ရမည်းသင်း ရွှေတွင်းတွင် အလုပ်လုပ်နေစဉ် အဖေ ရေးစပ်ပေးထားသော ကဗျာလေးအား
အခွင့်အခါသင့်လို့ ရေးသားတင်ပြပါသည် ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !