Home » » အတိတ်ကို လွမ်းဆွတ်ခြင်း

အတိတ်ကို လွမ်းဆွတ်ခြင်း

အတိတ်ကဖြစ်ရပ်တွေ ကိုယ်တိုင်မကြုံခဲ့ပေမယ့် အဖေ ကအားလုံးကိုဖြစ်ကြောင်းကုန်စင် ပြောပြ
ခဲ့လေတယ်။ အတိတ်က ဖြစ်ရပ်ဆိုပေမယ့် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးလို့လဲ ရင်နာနာ
နဲ့ အဖေ ပြောခဲ့ပါသေးတယ်။ "အချိန်တွေသာကုန်ဆုံးလာတယ် ငါတို့ ကြိုးပမ်းမှု့တွေက သဲထဲ
ရေသွန် ဖြစ်ခဲ့ရတယ်"တဲ့ ။ငါတို့ အပေါ်နိုင့်ထက်ကလူ ပြုခဲ့တဲ့ လူယုတ်မာ တစ်သိုက်အတွက်
ပြင်းထန်တဲ့ နိုင်ငံရေး စကားနဲ့ ပြောရရင် "ကမ္ဘာကျေသော်လည်း ဥဒါန်း မကျေ" ဆိုတဲ့ စကား
နဲ့ပဲပြောရမှာပဲတဲ့ ။
အဖေ
အတိတ်က ဇာတ်လမ်း တွေက မဆုံးသေးတဲ့ သံသရာထဲမှာ ကြိုးစားမြဲ ကြိုးစားနေကြသူတွေ
ရှိပါတယ် ။ မိသားစုအရေး၊ စီးပွားရေးမပြေလည်မှု့ ဟိုလူ့ကြောက်ရ ဒိလူ့ကြောက်ရ ဘ၀ကနေ
လွတ်မြောက် ဖို့ မိသားစုရဲ့ အဝေးတစ်နေရာကို ထွက်သွားခဲ့ရတယ်။ ပြန်ဆုံတွေ့တဲ့ အခါမှာလဲ
စိတ်ဓာတ်တွေက မပြောင်းလဲ ပေမယ့် ကျောခိုင်းနေရတဲ့ ဘ၀တွေပါ။ အဖွဲ့ချုပ်မှ နှုတ်ထွက်ပါ
သည် ဆိုသော ၀န်ခံဂတိကို လက်မှတ်မထိုးခဲ့ဘူး ။ ထောင်ကျခံလို့လဲ မဖြစ်သေးပြန်ဘူး မိန်း
မနဲ့ သားသုံးယောက်က ရှိနေသေးတယ် ။
အဖေ အတွက်...
အဖေ ပြောပြခဲ့တဲ့ မဲနိုင်လို့ အောင်ပွဲခံတဲ့နေ့ပေါ့ ... ဧရာဝတီတိုင်းရဲ့မြစ် ရိုးတစ်လျှောက်မှာ
" ခမောက်ကလေး တသသနဲ့ အဖွဲ့ချုပ်က အနိုင်ရတယ် " ဆိုတဲ့ သီချင်းသံလေး အဖေဟန်
ကျ ပန်ကျ ဆိုပြခဲ့တာကို သားဘယ်တော့မှ မမေ့ဘူး ။ နားထဲမှာ ကြားယောင်နေဆဲပေါ့ အဖေ။
သားကို ပညာတတ်ဖြစ်ဖို့ လဲမထောက်ပံ့နိုင် ပညာတတ်ဖြစ်စေ ချင်တဲ့ ဆန္ဒကလည်း အဖေအ
ပြင် နှစ်ယောက်မရှိဘူး ။ အဖေရယ် ဘာတွေပဲဖြစ်နေ ဖြစ်နေပါ အဖေကို သားကျေးဇူးတင်
တယ်။ ငွေတွေ အသပြာတွေ မပေးနိုင်ပေမယ့် သားအတွက် အဖေ စကားလက်ဆောင်တွေပေး
ခဲ့တယ်လေ ။
" လူဆိုတာ ဖြစ်ချင်တဲ့ ဆန္ဒရှိရင် ဖြစ်အောင်လုပ်ရတယ်ကွ"
" ဘာကိုပဲလုပ်လုပ် ဇွဲရှိရှိနဲ့လုပ် ၊ အရက်မသောက်နဲ့ ၊လောင်းကစားမလုပ်နဲ ၊ ဆေး
လိပ်မသောက်နဲ့ ၊ မိန်းမ မရှုပ်နဲ့ "
ကွမ်းစားတာ ကို အဖေ မကြိုက်ပေမယ့် မတားလိုပါဘူး တဲ့။ အဖေကိုယ်တိုင်က ကွမ်းစားနေပြီး
ငါ့သား ကွမ်းမစားနဲ့ လို့ပြောရင် အဖေ လူမဆန်ရာကျမယ် ။ " ငါပြောသလိုလုပ် ငါလုပ်သလို
မလုပ် နဲ့ " ဆိုတဲ့ အဖေ မျိုး မဟုတ်ပါဘူး ။ ငါက ရှေ့ဆောင်ဖြစ်လေတော့ ငါလုပ်သလိုလုပ်
ငါ မကြိုက်တာ မလုပ်နဲ့ လို့ပဲ တားမြစ်ခဲ့သူပါ ။ ပြောမရလို့လုပ်ခဲ့ ပြီဆိုရင်လည်း ကိုယ်ဖြစ်ကိုယ်
ခံပဲ " ဘယ်သူမှ မကယ်ဘူးတဲ့။
သားလည်း တက်စွမ်း သလောက်တော့ ကြိုးစားနေပါတယ် အဖေ။ သားဖြစ်ချင်တာတွေ သား
လုပ်ချင်တာတွေကို လွတ်လပ်မှု့မရှိတဲ့ သားတို့ တိုင်းပြည်မှာ လုပ်လို့ရသလောက်ပေါ့ အဖေရယ်။
အဖေ ရေ အဖေလည်း သတင်းတွေကို ကြားနေမှာပါ ။ လူယုတ်မာတွေက အဖေ ပေးတဲ့ကဗျာ
လေးထဲကလိုပဲ လုပ်ချင်ရာလုပ်နေကြပြီ ။ ဒီအတိုင်း သာ ငြိမ်နေကြရင်တော့ တို့လူးမျိုးတွေ ဟာ
အကြောက်တရား အကြီးမား ဆုံး ဆိုတဲ့ ကမ္ဘာ သမိုင်းမှာ တွင်တော့မှာပဲ ။ လုပ်ရမှာတွေ လုပ်စ
ရာရှိတာတွေ က အများကြီးပါ ။ လုပ်ဖို့ အချိန်ဟာလည်း တဖြည်းဖြည်းနဲ့ နည်းနည်းလာပြီ ။
သားဆိုတာကလည်း အဖေ သားဖြစ်နေလေ တော့ မျိုးရိုး အဆက်ဆက်က အဖိုးသွေး ၊ အဖေသွေး
တွေက ဆူပွက်နေတယ် အဖေ။
လှပတဲ့ အနာဂတ်တွေ ဖြစ်မလာခင်မှာ အနာဂတ် အတွက် သားကောင်တွေ ဖြစ်ရမယ်ဆိုလည်း
သားမမှု့ တော့ပါဘူး။ ယုံကြည်ချက် အတွက် သားတို့ လူငယ်တွေရဲ့ စည်းလုံးတဲ့ အင်အားနဲ့
2010 ဆိုတဲ့ သမိုင်း စာမျက်နှာ တစ်ခုကို ဖွင့်ဖို့ သားတို့လူငယ်တွေ စုစည်းချင်တယ် အဖေ။
အဖေ ရဲ့ မျိုးဆက်မှာ
အဖေ သွေးပါတဲ့ သားတွေ
အဖေ လောက်မစွမ်းတောင်
အဖေ ရဲ့ နောက်လိုက်ကောင်းတွေ
ဖြစ်ပါရစေ အဖေ။ ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !