ဒီကမ္ဘာမှာ အမြင့်ဆုံးဖြစ်တဲ့ ဧ၀ရတ်တောင် ဆိုတာကို လူတိုင်းကြားဖူး ကြပါတယ်။ဒီတောင်ဟာ အမြင့်ပေ ပေါင်း ၂၉,၀၀၂ ပေရှိတယ် ။ မိုင်အားဖြင့်ဆိုလျှင် ၅ မိုင်ခွဲလောက် မြင့်ပါ တယ်။ ဧ၀ရတ်တောင်ရဲ့ အမြင့်ပိုင်းကို၁၂လပတ်လုံးရေခဲတွေဖုံးလွှမ်းနေတယ်။လူတွေဟာရှေးအခါကတည်းကဧ၀ရတ်တောင်ရဲ့ထိပ်
ဖျားမှာခြေချနိုင်ဖို့အတွက် ခောတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြတယ်။ အသက်တွေလည်း အမြောက်အများ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေကတော့ အလျှော့မပေးဘူး။အရှုံးမပေးဘူး။ ဧ၀ရတ်တောင် ထိပ်ကို မရောက်မနေဆိုတဲ့ ဇွဲလုံ့လနှင့် ကြိုးစားလာခဲ့ကြတယ် ။၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မှာ လူသားနှစ်ဦးဟာ ဧ၀ရတ်တောင်ထိပ်မှာ ခြေချနိုင်ပါတော့ တယ်။ တောင်ကြီး ဖ၀ါးအောက် ဆိုတဲ့ရှေးလူတွေရဲ့စကားကို သူတို့ အကောင်အထည် ဖော်လိုက်နိုင်ပါပြီ ။ဒီလူ နှစ်ယောက်ကတော့ နယူးဇီလန် ပြည်သား အက်ဒမန် ဟီလာရီ ဆိုသူနှင့် နီပေါပြည်က တောင်ပေါ်သားတစ်ဦးဖြစ်တဲ့ တန်ဇင်း နော်ကီ ဆိုသူတို့ဖြစ်ကြတယ် ။ နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် ဧ၀ရတ် တောင်ထိပ်ကို ရောက်ဖို့ အတွက် လူတို့ စွန့်စား ရှာဖွေ ကြိုးပမ်း ခဲ့ကြရာမှာ ၁၉၅၃ ခုနှစ်ရောက်တော့ ပထမဦးဆုံး အကြိမ် လူသားနှစ်ဦး တောင်ထိပ်ကို ရောက်သွားတယ်လို့ သာမန်အားဖြင့် ဆိုသော်လည်း တကယ်တော့ဒါဟာ သူတို့ နှစ်ယောက် တည်းရဲ့ တစ်ကိုယ်တော် စွန့်စားခန်းကြောင့် ရောက်တာ မဟုတ်ပါဘူးတဲ့ ။ ဧ၀ရတ် တောင်တက်ခရီး စွန့်စားခန်းရဲ့အောင်မြင်မှု့ဟာရဲဘော်ရဲဘက်စိတ် နှင့်ကျရာတာဝန်ကို မခိုမကပ် စုပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ တောင်တက် အဖွဲ့သားများ အားလုံးရဲ့ အားထုတ်မှု့ ကြောင့် ရခဲ့တဲ့ အောင်မြင်မှု့သာဖြစ်ပါတယ် လို့ သူတို့အားလုံး နားလည်ကြပါတယ် ။
ဒီစကားဟာ ကျွန်တော်တို့ ယနေ့ လူငယ်တွေအတွက် အလွန်မှတ်သားထိုက်တဲ့ စကားဖြစ်ပါတယ် ။ " လူတွေဟာ တစ်ယောက်အားနှင့် ယူလို့မရတဲ့ ကိစ္စတွေကို စုပေါင်းအား(တစ်ရာအား) နှင့် ယူသော် ရ၏ ဆိုတဲ့ ရှေးလူတို့ လုပ်ကိုင် ဆောင်ရွက်ပုံ စနစ်ကို မမေ့သင့် ပါဘူး။ " နီတိ ဆရာကြီး များကလည်း အဓွန့်ရှည်သော ခရီးကို တစ်ယောက်တည်း သွားသော် ပျက်စီး ဆုံးရှုံးရာ၏ လို့ ညွှန်ပြကြပါတယ်။ အမှန်တော့ ဘ၀ ခရီးဆိုတာ တစ်ယောက်တည်း သွားအပ်တဲ့ ခရီးလည်း မဟုတ်ဘူး။ သွားလို့လည်း မရပါဘူး။စိတ်ကူးယဉ် ကဗျာတွေထဲမှာ သာ အထီးကျန် ဘ၀ခရီးသည် ဆိုတာရှိပါတယ် ။တကယ့် ဘ၀မှာတော့ လူတွေဟာ ဘယ်ခ ရီးကိုပဲ သွားသွား ခရီးသွားဖော်ချင်း တစ်ဦးကို တစ်ဦး ရိုင်းပင်း ကူညီ သွားကြရမှာသာ ဖြစ်ပါ တယ်။အဆွေ ခင် ပွန်း ကောင်း စိတ်ကို ခေတ်စကားနှင့် ဆိုရင် ရဲဘော်ရဲဘက်စိတ်လို့ ဆိုလို့ ရပါတယ်။ဒီနေရာမှာ တစ်ချို့စိတ်မှာတော့ ဒီလောက် မြင့်မောက်ခက်ခဲတဲ့ ဧ၀ရတ် တောင်တက်ခရီးကို ဘာအကျိုး မြင်လို့ (ဘာအကျိုးရှိမှာမို့ ) တက်ကြတာလဲလို့ အထီးကျန် ဘ၀ခရီးသည် ဆိုတာရှိပါတယ် ။ တကယ့် ဘ၀မှာတော့ လူတွေဟာ ဘယ်ခ ရီးကိုပဲ သွားသွားခရီးသွားဖော်ချင်း တစ်ဦးကို တစ်ဦး ရိုင်းပင်း ကူညီ သွားကြရမှာသာ ဖြစ်ပါ တယ်။ အဆွေခင်ပွန်း ကောင်း စိတ်ကို ခေတ်စကားနှင့် ဆိုရင် ရဲဘော်ရဲဘက်စိတ်လို့ ဆိုလို့ ရပါတယ်။
ဒီနေရာမှာ တစ်ချို့စိတ်မှာတော့ ဒီလောက် မြင့်မောက်ခက်ခဲတဲ့ ဧ၀ရတ် တောင်တက်ခရီးကို ဘာအကျိုး မြင်လို့ (ဘာအကျိုးရှိမှာမို့ ) တက်ကြတာလဲလို့ မေးချင်မေးကြပါလိမ့်မယ်။ လူတွေဟာ ကြီးမားတဲ့ အလုပ်ကို အကျိုးရှိလို့သာ လုပ်ကြတယ်ဆိုတာ သိနားလည်သင့်ပါ တယ်။
ဧ၀ရတ် တောင်တက်တာဟာ ဘာအကျိုးရှိသလဲ . . . .
ဧ၀ရတ် တောင်ထိပ်ဟာ ရှေးက ဘယ်လူသားမှ မရောက်စဖူး။ ဒီနေရာဟာ မရောက်နိုင်တဲ့ အရပ်လို့ ထင်ကြတယ်။ လောကမှာ လူမရောက်နိုင်ဘူးဆိုတဲ့ နေရာ မရှိဘူး ဆိုတာလူတွေက လက်တွေ့ ပြဖို့ လိုတယ် ဒါမှ သာ လူဟာ သတ္တလောက ရဲ့ အရှင်သခင် ဖြစ်တယ် ။ လူစွမ်းအားဟာ ကြီးများမားတယ် ဆိုတာကို သက်သေပြနိုင်မယ် ။ ပြီးတော့ လူ့ရဲ့ရဲစွမ်း သတ္တိ နှင့် လုံ့လ ၀ရိယ ကို ဧ၀ရတ် တောင်တက်ခရီး နှင့် အစမ်းခံတာပဲ ။ ဒီခြေစမ်း ပွဲမှာ အနိုင်ရ လို့ ရှိရင် ဧ၀ရတ် တောင်ဟာ လူတွေရဲ့ ခြေဖ၀ါး အောက်ကိုရောက်သွား မှပဲ ။ ဒီအခါကြတော့ ရှေးက စွန့်ပစ်ခဲ့တဲ့ ကမ္ဘာပေါ်က နေရာတစ်နေရာကိုလူတွေ ဟာ စူးစမ်းနိုင်ပြီ ဖြစ်လို့ လိုအပ်တဲ့အခါ လူတွေအတွက် အသုံးချနိုင်တာပေါ့ ။ ဒီလိုပဲ ကမ္ဘာ့ တောင်ဘက်စွန်း ရေခဲပြင် တွေ ၊ မြောက်ဘက်စွန်း ရေခဲပြင်တွေ နှင့် သမုဒ္ဒရာ ကြမ်း ပြင်တွေရယ် ၊ ဟိုး အာကသ ဟင်း လင်းပြင်တွေရယ် ကိုလည်း လူတွေစွန့်စား ရှာဖွေခဲ့ကြတာပဲ မဟုတ်လား ။ ဒီစွန့်စားမှု့တွေက ပဲ လူတွေကို များစွာ အကျိုးပြုခဲ့ပြီပဲ မဟုတ်လား။
ဧ၀ရတ် တောင်တက်ခြင်းရဲ့နောက် အကျိုးတွေကတော့ ဒီလူစုကို တစ်ကမ္ဘာလုံးမှာ ရှိ ကြတဲ့ အစိုးရတွေ သမ္မတတွေ ဘုရင်တွေ ပညာရှင်တွေ အားလုံးက ချီးမွမ်း ဂုဏ်ပြုခဲ့ကြတယ်။ဘွဲ့ထူး ဂုဏ်ထူးတွေ နှင့် ချီးမွမ်း မြှောက်စားခဲ့ကြတယ် ။ ဒါဟာလည်း အကျိုးတွေပဲပေါ့။သူများ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ လူကို လောကက မြှောက်စားဖို့ အသင့်ရှိတယ်ဆိုတာယုံထားရမယ်။ ဧ၀ရတ် တောင်တက် ၀တ္ထုဟာ အန္တရာယ်တွေနှင့် အခက်အခဲတွေကို အဆွေခင်ပွန်း စိတ်နှင့် အတူတကွ သေတူ ရှင်ဖက် လက်တွဲ မဖြုတ်ကြစတမ်း ညီညကုန်းပြီး ရုန်းခဲ့ကြတဲ့ အတွက် အောင်ပွဲရခဲ့တဲ့ မှတ်တမ်း တစ်ခုသာ ဖြစ်ပါတယ်။ဒီဧရာမ မဟာ တောင်ကြီးကို တက်ခဲ့ကြပြီးတဲ့နောက် တခြား လူသားတွေ အနေနှင့် လည်းသူတို့ရဲ့ ကိုယ်ပိုင် ဧ၀ရတ် တောင်ကြီးတွေကို တက်ကြဦးမှာပါ ။ ဘာဖြစ်လို့လဲ ဆိုတော့လောကမှာ စွန့်စားစရာ အခွင့်အလမ်း တွေက အများသာကလား။
လောကမှာ စွန့်စားရတိုင်းလည်း စိတ်လှုပ်ရှားစရာ ကောင်းသည်တော့ မဟုတ်ပါ ။စွန့်စားမှု့ ကိုလည်း တောင်တက်ခြင်း ဖြင့်သာ ပြုလုပ်နိုင်သည် မဟုတ်ပါ။ လူတွေရဲ့ နေ့စဉ် ဘ၀ထဲမှာလည်း တက်စရာ ဧ၀ရတ် တောင်ကြီးတွေဟာ အများကြီး ရှိပါတယ်။ လူတွေဟာ ဧ၀ရတ်တောင်ကို တက်ခဲ့ကြတဲ့ လူတွေုလို ကိုယ်ကျိုးကို မထောက်ထားတဲ့စိတ် ၊ကြီးမားတဲ့ ယုံကြည်ချက် အဓိဋ္ဌာန် ဆိုတဲ့ မြင့်မားတဲ့ စိတ်ဓာတ်ကို အရင်း ခံပြီး ကြိုးပမ်းကြမယ် ဆိုရင် လူမတတ်နိုင်တဲ့ အမြင့်ဆုံး လူမဆင်းနိုင်တဲ့ အနက် အစောက် ဆိုတာ ဒီကမ္ဘာမှာ မရှိနိုင်ပါဘူး တဲ့ ။
ဒီရွှေတောင်တက် ဒဿနရဲ့ စာပိုဒ်တိုင်းဟာ ကျွန်တော်တို့ အတွက် ခွန်အားတွေပေး နေပါတယ်။ ရဲရင့်ထက်သန် စိတ်တွေကို မွေးပေးတယ်။ ကြောက်စိတ်တွေကို ဖယ်ရှား ပေးတယ်။ကမ္ဘာမှာ လူမလုပ်နိုင်တာ ဆိုလို့ ဘာမှ မရှိတာတော့ သေချာသွားပြီ ။ ကျွန်တော်တို့ နိုင်ငံတွင်လည်း အာဏာရှင်ကို ရည်ရွယ်ချက်တွေနဲ့ တိုက်ခိုက်လာတာ ဆယ်စုနှစ်တွေတောင် ကုန်လွန်ခဲ့ပါပြီ ။ မအောင်မြင်ခဲ့သေးပါဘူး ။ အာဏာရှင်က ဆက်လက်ချယ်လှယ်နေဆဲပါပဲ။ သို့ပေသော် ကျွန်တော်တို့သည် ဧ၀ရတ် တောင်တက် ခရီးကဲ့သို့ ပမာပြု၍ အာဏာရှင် အရုပ်တမာစိုးကို ပြည်သူတွေရဲ့ ဖ၀ါးအောက်ရောက် သည်အထိ ကြိုးပမ်းကြရမည်။တောင်ပေါ်ကို တက်တာတောင် အကျိုးကျေးဇူးများ စွာရှိပါတယ်။ အာဏာရှင်ကို တိုက်ခိုက်နေရတဲ့ရည်ရွယ်ချက် တွေကလည်း ရှင်းပါတယ်။ ရရှိလာမယ့် အကျိုးဆက် တွေ ဟာလည်းကျွန် တော် တို့ အနာဂတ်နိုင်ငံတော် ကောင်းဖို့ တွေသာ ဖြစ်ပါတယ် ။ အဓိက အကျိုးကျေးဇူးတစ်ခု ကတော့ နောင် အနာဂတ် ကလေး ငယ်တို့သည် ယနေ့ ကျွန်တော်တို့ ခံစား ရသလိုဖိနှိပ် မှု့တွေ ခံစရာ မလိုတော့ဘူး ။ အကြောက်တရားတွေ နဲ့ ရှင်သန်စရာ အကြောင်း မရှိတော့ဘူး။တကယ့် လွပ်လပ်မှု့ ရှိတဲ့ တိုင်းပြည် ဆိုတာ အာဏာရှင် မရှိတော့မှ ဖြစ်လာမှာပါ။
ဧ၀ရတ် တောင်တက် အဖွဲ့သည် စုပေါင်း အင်အား ကြောင့်သာ သူတို့ အောင်မြင် ခဲ့ခြင်း ဖြစ်တယ်လို့ လက်ခံခဲ့ကြတယ် ။ အပြည့် အ၀မှန်ကန်တယ်။ ကြီးမာတဲ့ လုပ်ငန်းတာဝန် ကြီး တစ်ရပ်ကို တစ်ယောက်တည်းနှင့် လုပ်၍ မပြီးနိုင် ။ စုပေါင်း အင်အားနှင့်လုပ်ကြရမယ်။ တစ်ယောက်တည်း လုပ်၍ တစ်နှစ်ကြာမည့် ကိစ္စတွင် အားလုံးညီညီညာညာ ၀ိုင်းဝန်းကြမည် ဆိုသော် တစ်လ (သို့မဟုတ် ) တစ်ရက်နှင့် သော် ပြီးနိုင်ပါသည်။
အာဏာရှင်ချေမှုန်းရေးတွင် လူငယ်တို့ သည် တက်ကြွစွာ ပါဝင်၍ ပြည်သူအပေါင်း သည် ရဲရင့်သောစိတ်ဓာတ်တို့နှင့်  အင်အားအပြည့် လိုက်ပါကြလျှင် ရှေ့က ဦးဆောင်သူ တို့ ၏ ဆောင်ရွက်ချက် များ သည် ပန်းတိုင်သို့ အချိန်မနှောင်းပဲ ရောက်ရှိမှာ မလွဲ ဧကံပါပဲ။
ကျွန်တော်တို့ သည် မလျှော့သော ဇွဲ မပေါ့ဆသော လုံလ စွဲမြဲသော ၀ရိယ တရား တို့ ကို လက် ကိုင်ထား လျှက် အလိုရှိရာ ယုံကြည်ရာ ပန်းတိုင်သို့ စုပေါင်း အင်အား ဖြင့် ချီတက် ကြပါစို့ ။ ။
မြလေးနိုင်
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !