Home » » အာဏာရှင် ၏ ဂုဏ်ပုဒ်

အာဏာရှင် ၏ ဂုဏ်ပုဒ်

အာဏာရှင်၏ ဂုဏ်ပုဒ်များ နှင့် ပတ်သတ်၍ ကြံဖန် အဖြေရှာရင်း က မှန်ကန်တဲ့ အဖြေ တွေထွက်လာ
ခဲ့ပါတယ်။ တစ်ခါတုံးက ရွာလူကြီး တစ်ဦးက ပြောပြခဲ့တာလေး မှတ်မှတ်သား သား ဖြစ်ခဲ့တယ် ။ နာ
ယကဂုဏ် နှင့် အနာယကဂုဏ် ဆိုတာ နဲ့ပတ်သတ်ပြီး ရှင်းပြခဲ့တယ် ။ သဘောတရား အပြည့် အစုံကို
ပါသေသေချာချာ မေးထားတော့ အာဏာရှင်ဟာ ဘယ်သို့ သော ဂုဏ်တွေ မြောက်တယ်ဆိုတာ ရှင်းရှင်း
လင်းလင်း သိရတာပါ့ ။အကြီးအမှုးလုပ်သောသူတို့ သည် နာယက ဂုဏ် (၆)ပါးနှင့် ပြည့်စုံရတယ် ။
နာယက ဂုဏ် (၆)ပါး ဆိုတာက ထကြွ ၊ နိုးကြား ၊ သနား ၊ သိခံ ၊ ဝေဖန် ၊ ထောက်ရှု့ ဤ
(၆)ခု ကြီးမှု့ နာယက ဂုဏ် တဲ့ဗျ ။
အကြီးအမှုး တစ်နည်း ပြောတော့ ခေါင်းဆောင်တော့ လုပ်ပါရဲ့ နာယက ဂုဏ် (၆)ပါး ကို မသိနားမ
လည် ဘဲ လုပ်ချင်ရာလုပ် ဘယ်သူကိုမှ မကြည့် တတ်တဲ့ သူတွေကို အနာယက ဂုဏ်နဲ့ နှိုင်း ပြီးပြော
တယ် ။ အနာယက ဂုဏ်ဆိုတာက မြေခွေး ၊ ပုတ်သင် ၊ ကိုင်းပင် ၊ လိပ်မျိုး ၊ ဂဏန်း ၊ နွားသိုး ။
ဆိုတဲ့ (၆) ချက်ပါ။
အဲ့ဒီလောက် အတိုကလေး ရေးထားတာနဲ့ တင် အခု နိုင်ငံတော် ကိုအုပ်ချုပ် မင်းလုပ် နေတဲ့ တစ်နည်း
ခေါင်းဆောင် (သူ့ကိုယ်သူတော့ ဘုရင် )ပေါ့ ဗျာ ။ အဲ့ဒီ ကောင်တွေ ဘာဂုဏ် မြောက်လဲ ရှင်းတယ် ။
မြေခွေးထက် မက ကောက်ကျစ်တဲ့ ဥာဏ်ရှိတယ် ။ ဘယ်လိုလှည့်ပတ်လိမ်ညာ ရမလဲ ဆိုတာကို ပဲ သိ
တယ် ။ နောက်တစ်ချက် က သူတို့ လက်အောက်မှာ ရှိတဲ့ ကောင်တွေက လည်း ဆိုးသည် ကောင်းသည်
ငါမသိ မင်း ဒါလုပ်ဆို ပုတ်သင်ထက်တောင် တော်သေးတယ် ခေါင်း ညှိတ် တတ်တဲ့နေရမှာပြောတာပါ ။
အဲ့ဒီလို ကောင်တွေ က ဘယ်လိုလဲ ဆိုတော့ အခွင့်သာရင် သာတဲ့ ဘက်ကို လိုက် မယ် လေတိုက်ရာ
လိုက်ယိမ်းနေရတဲ့ ကိုင်းပင်တွေလိုပဲပေါ့ ။
ကိုယ့်အိတ်ထဲသာ ကိုယ်ယှက်ထည့် နေတာတော့ ရှင်းပါတယ် ဗျာ။
အာဏာကို ဆုပ်ကိုင်ထားတာများ ဂဏန်း ညှပ်ထား သထက် တောင် ဆိုးသေးတယ် ဗျာ ။ ဘယ်သူတွေ
ငါ့ကို ကြိုက်လို့ ငါမင်းလုပ်နေတာလဲ ဆိုတာမျိုး တစ်ခါမှ မစဉ်းစာ မိလေ ဘူး ထင်ပါတယ် ။ရိုင်းစိုင်း တဲ့
အနေနဲ့ နှိုင်း ကြမယ် ဆိုရင်တော့ နွားသို က ရှုံး တယ် ဗျ။ နွားသိုးက ဘုရား ကို မသိပေမယ့် ဘုရားနှင့်
တကွ ဘုရားသာသနာ ဘုရားရဲ့ တပည့်သံဃာ ကို တော့ ရည်ရွယ်ချက် ရှိရှိနဲ့ မသတ်တာ အမှန်ပါပဲ ။
ကျွန်တော် အမြင်တွေပေါ့ ဗျာ ။ သူတို့ မှာ နာယက ဂုဏ်မြောက်တာလေး များ သိထား ကြရင် လည်း
ပြောကြပါ ။ ကျွန်တော် ကတော့ စဉ်းစားလို့ကို မရလို့ပါဗျာ ။ ကျွန်တော် တို့ နိုင်ငံ ခေါင်း ဆောင်ကြီးတွေ
ရဲ့ ကောင်းကျောင်းကို ပြောချင်တာပေါ့ ။ ပြောစရာအကွက်က မရှိလေတော့ ရှိတဲ့ အကွက်ကိုပဲ ပုံဖော်ပေး
ရတာပါ့။ဤသို့သော အနာယက ဂုဏ်မြောက်ပါသော ခေါင်းဆောင်ကြီးများကို ကောင်းရာသုဂ တိ လားပါ
စေလို့ ဆုတောင်းပေးရင်တောင် နတ်မြတ်နတ် ကောင်းအပေါင်းတို့က မင်းသိသိနဲ့ ဘာလို့ လေကုန်ခံနေလဲ
ဆိုကြလိမ့်မယ် ။ စဉ်းစားကြပေါ့ ဗျာ ။ ငရဲသွားမှာတော့ သေချာပါ တယ်။

မင်းမကြောက်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !