သူငယ်ချင်း နှစ်ယောက် ဆုံဖြစ်ကြ၏ ။ သာကြောင်း မာကြောင်း စကားများ ပြောဆိုရင်း နေ့ လည် စာ အတူစားခဲ့ကြသည် ။ ကျမ်းမာရေး မကောင်းသဖြင့် စကားက သိပ်မပြောချင် ။ ကိုယ်တိုင်ဖိတ်ခေါ်ထား သော သူငယ်ချင်း ဖြစ်လေတော့ အပြည့်အ၀ တာဝန်ကျေအောင် ဆက်ဆံ ရသည်။ သူငယ်ချင်းဖြစ် သူကစကား ပြောရာတွင် ပြတ်ပြတ်ပြောလေ့ရှိသည် ။ ဘုဂလန့် ပြောခြင်း မဟုတ်ပဲ ငြင်းခုံတတ်ကြ သည်။သူသိတာ သူပြော ကိုယ်သိတာ ကိုယ်ပြောနှင့် နိုင်ငံရေး အကြောင်းဘက် စကားလမ်း ကြောင်းပြောင်းသွားခဲ့သည် ။ သူသည် နေ့စဉ်နားထောင်နေရသော သတင်း များမှ အစချီကာ ခမောက်သင်္ကေတ အကြောင်းကိုပြောဖြစ်ကြသည် ။ သူလည်း သတင်းတွေနားထောင် ထား၏ ။ ကိုယ်လည်း နည်းနည်း ပါးပါးဖတ်ထားတာလေးတွေရှိ၏ ။ ပြောရင်း က ဒီခမောက် သင်္ကေတကို ငါတို့ မမွေးခင် ကတည်း က ဒီအဖွဲအစည်း(NLD) က သုံးခဲ့တယ် ဆိုတာ မြန်မာ တစ်နိုင်ငံလုံး မဟုတ်ဘူး ကွာ မြန်မာ အရေး လေ့လာလိုက်စားတဲ့ တစ်ကမ္ဘာလုံး သိကြပါတယ် ။
အခု ခွဲထွက်တဲ့ အဖွဲ့က ဒီသင်္ကေတကို မှ သူတို့ အဖွဲ့အစည်း ရဲ့ သင်္ကေတ အဖြစ်သုံးချင်တယ်ဆို တော့။လူပိန်းနည်း နဲ့ပဲ စဉ်းစားလိုက်အုံး တစ်တိုင်းပြည်လုံး က အဖွဲ့ချုပ်ပဲလို့ ထင်ပြီး သူတို့ကို ထောက် ခံအားပေးအောင် လုပ်တဲ့ သဘောမရောက်ဘူးလား ။ နောက်တစ်ခု က ကွာ ဒီအဖွဲ့အစည်း ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဆုံးဖြတ်ချက်တွေကို သဘောမတူ နိုင်လို့  လက်မခံနိုင်လို့ ခွဲထွက်ပြီးမှ ဘာလို့ ဒီဟာကို ကျမှမရမက ဇွတ်အတင်း လုပ်နေတာလဲ ။ သူငယ်ချင်းက ထပ်ပြောသေးသည် ။ ဟေ့ကောင် သံယောစဉ် ရှိလို့တဲ့ ကွ ။ နေပါကွာ ။ သံယောစဉ်ရှိတယ် ဆိုရင် ခွဲထွက်မလား ကွ တစ်စိတ်တည်း တစ်ဝမ်းတည်း နှစ်ပေါင်းများစွာ လုပ်လာခဲ့ ကြပြီး အခု ချိန်ကြမှ သူတို့ က အဲ့လို ထလုပ်လိုက်တော့ ဒီဘက် က လူကြီး ပိုင်းတွေအတွက်ဘယ်လောက် သိက္ခာကြရလဲ ။ အေးကွာ ။ မြန်မာ ပြည်မှာကလည်း သူတစ်လူငါတစ်မင်း နဲ့ ဘယ်တော့မှ ငြိမ်းချမ်းနိုင် မယ့် တိုင်းပြည်လဲ မသိပါဘူး ။ လူတွေကတော့ ဇော်တွေ ကြီး ပဲနော် ။ လက်နက်ကိုင် ပြီး အာဏာယူမယ့်ကောင်နဲ့ အကွက်လှည့်ပြီး အာဏာယူမယ့် ကောင်တွေနဲ့ ။ အေးဟေ့ ပေဖြစ်နေတော့လည်း ခံပေါ့ကွာ။တူဖြစ်တဲ့ အလှည့် ကျရင်လည်း မထုမိအောင် တော့ နေရမယ်ဟေ့ ။သူငယ်ချင်းဖြစ်သူက လက်ဖက်ရည် သောက်ရင်းမှ ဆက်ပြောသည် ။

ဟေ့ကောင် ဒီလို ဆန့်ကျင်ပြီး ခွဲထွက်သွားတဲ့ အဖွဲ အတွက် ဆန့် ကျင်ဘက် သင်္ကေတစ်ခု တော့ ငါ စဉ်းစားမိတယ်ကွ ။ မင်း မက်မရိုင်းနဲ့ နော်လို့ ပြောလိုက်မိပါတယ် ။ ဟုတ်တယ်လေ ကွာ မင်းစဉ်းစားကြည့်ပါလား NLD က ခမောက်သင်္ကေတ ဆိုရင် ဆန့်ကျင်ပြီး ထွက်သွား တဲ့ National Democratic Force (NDF) အတွက် ဖိနပ်သင်္ကေတလေး ဆိုရင် လိုက်တယ် ကွ။အဲ့ဒါမှ ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်တယ် ။ လုံးဝ NLD ကို ဆန့်ကျင်တယ် ။ ကိုယ်အစွမ်းနဲ့ကို လူထုကို ဆွဲဆောင်မယ် ဆိုတဲ့ သဘောမျိုးကြတော့ ပေမယ်ပေါ့ ။ အခုလို နှစ်ပေါင်းများစွာက NLD သုံးခဲ့တဲ့ တံဆိပ်ကိုမှသုံးချင်တယ် ဆိုတာ . . . . တော်တော်လေးကို မရိုးသားဘူးဟေ့ ။
ကိုယ့်အမြင်ကိုယ့်အတွေးနဲ့ စကားပြောခဲ့တဲ့ စကားဝိုင်းပါ
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !