ဒီလိုမေးခွန်းတွေ မေးလာရင် တော်တော်ကို ဖြေရကြပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင်စိတ်ထဲမှာ နှစ်သက်မိ လို့ ယုံကြ ည်နေမိတာလား ။ ဒါမှမဟုတ် တခြားအရာတွေထက် သာတယ်ထင်လို့ယုံကြည်မှု့ပိုတာလား ဆိုတာကို မိမိကိုယ်မိမိ ခွဲခြားတတ်ဖို့လိုပါတယ် ။ သည်လိုပဲ ယုံကြည်မှု့အမျိုးမျိုးရှိပါတယ်။ ကိုယ်တွေ့လေး တစ်ခုလောက်ပြောပါရစေ။။
ယုံကြည်မှု့ဆိုတာကို ၀ယ်ယူလို့ မရသလို ရောင်းချလို့လည်း မရပါဘူး ။ ယုံကြည်စေချင်ရင် ယုံကြည်နိုင်လောက်တဲ့ လက်တွေ့သက်သေတွေ ပြနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် အထက်တန်းကျောင်းသား ဘ၀ ..... တစ်နေ့တော့ ကျောင်းကို နိုင်ငံတော် အကြီးအကဲ တစ်ယောက်က လာလှူမယ်တဲ့။။။ကလေးဆိုတော့ တစ်ခုခုရရင် ပျော်တာပေါ့ဗျာ... ကျွန်တော့်လိုပဲ ပျော်နေတဲ့ သူတွေရှိတာပေါ့။
နက်ဖန်လို လာမယ် ဆိုတော့ ဒီနေ့ ပိုက်ဆံကောက်တယ်ဗျာ.. ကျွေးမွေး ဧည့်ခံဖို့တဲ့ကျွန်တော်တောင် တွေးမိသေးတယ်.. စားသောက်မယ့် အချိန်ရောက်မှ ဘာကြောင့်လာတာလဲပေါ့။ ဒါနဲ့ပဲ လှူမယ့် နေ့ရောက်လာတော့ စတိတ်စင်ပေါ်မှာ စာလုံးတွေကပ်ပြီး လှူဒါန်းသည်ပေါ့ ။ ကလေးတွေကို စာအုပ်တွေလှူလိုက်တယ်။ ကျောင်းကို TV လှူတယ် ။ အဲ့ဒီမှာ ဘယ်ကဘယ်လို သတင်းထွက်လာတယ် မသိဘူး ဒါတွေအားလုံး ပြန်ပေးရမှာတဲ့ ။ ရိုးသားပွင့်လင်းတဲ့ ကလေးတစ်ဦးက “ ဆရာမ ဆရာမ ဒါတွေက ပြန်ပေးရမှာဆို ... အဲ့ဒါတကယ်လား ”လို့ ထမေးတယ်ဗျာ ။ ဆရာမလည်း လက်ညှိုးကို ပါးစမ်နားကပ်ပြီး တိုးတိုးဆိုတဲ့ ပုံစံလုပ်ပြတယ်။
နောက်မှ သိရတာ တစ်ခုက TV ကကျောင်းသား ဟောင်းတွေ လှူထားတဲ့ TV တဲ့ ။ နောက်နေ့ကျတော့ ည 8:9 နာ ရီ သ တင်း မှာ လှူဒါန်း တဲ့အကြောင်းပါလာတယ်။ မသိတဲ့သူတွေကတော့ အော် ဟုတ်မှာပဲ လို့ထင်မှာပါ။
ဒါကြောင့် ဘယ်လို အရာကို သင်ယုံကြည်ရမယ် ဆိုတာ သင်ဆုံးဖြတ်ပါ ။

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !