အကျဉ်းသား ဘ၀အကြောင်းကို အကျယ်ချုပ်ခံနေရသူတစ်ယောက်က တင်ပြချင်တာပါ ။ နိုင်ငံတကာ ဆိုတဲ့ စကားကို ထည့်မပြောကြေးလို့ အရင်ကြေငြာချက်ထုတ်ရမယ် ။ တစ်ခြားနိုင်ငံက အကျဉ်းထောင်တွေမှာဖြင့် အကျဉ်းသားတွေ ဘယ်လိုနေကြရတယ် ဆိုတာလေးကို ဖတ်မိတဲ့အခါမှာ ငါ့နိုင်က အကျဉ်းသားတွေဘ၀ကို ပြောပြချင်သေးတယ်လေ ။ ဆရာကြီး ဦးဝင်းတင်တို့ ရေးတဲ့ စာတွေမှာတော့ ပါပြီးသားပါ ။ ကိုယ်တိုင် အကျဉ်းကျခံ ပြီးမှ ရေးခဲ့ တဲ့ စာသားတွေလေ။ စိတ်ဓာတ်ကိုလည်း ကြည့်လိုက်ပါဦး ။သောက်ဂရုမစိုက်ဘူး ဟ ကောင်ရလို့ ပြောလိုက်သလိုပဲဗျို့။ လေးစားတယ်ဗျာ ။ ကိုယ်တိုင်ရေးမယ့် အကြောင်းလေးကတော့ ကြားသိရတာလေးတွေကို ပြန်ဖော်ပြမှာပါ ။
ပထမဆုံး ခန္တီးထောင်အကြောင်း ပြောချင်တယ်။
ခန္တီးထောင်ဟာ တောင်ပေါ်တော်တော်မြင့်မြင့် မှာ တည်ဆောက်ထားသော အကျဉ်းထောင်တစ်ခုပါ။ခန္တီးမြို့
ဟာ အောက်ပြည်ဘက်က မြို့တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ရွာကြီးတစ်ရွာသာသာလောက်ပဲ ရှိမှာ
ပါ ။ စစ်တပ်ကြီးဆိုးတယ် ။ ထောင်သားတွေ ကျမ်းမာရေး မကောင်းလို့ ဆေးခန်းပို့တဲ့ အကြောင်းလေးပြော
ပြမယ်ဗျာနော်။
တစ်နေ့မှာ လူတစ်ယောက်ကလမ်းလျှောက်လာတယ် ။ အရှေ့ကိုလှမ်းကြည့်လိုက်တော့ရိုင်ထိုးရိုင်း ထိုးလမ်း လျှောက်လာသူတစ်ယောက်နဲ့ သူဘေးမှာက ရဲနှစ်ယောက်။ အဲ့ဒီဘက်မှာက ရဲတွေဘာတွေဆို ပိုကြောက် ရတယ်မှတ်လား။အဲ့ဒါနဲ့ လမ်းဘေးလေးကို ရှောင်ပေးထားရတယ်။ အနီးကိုရောက်လာတော့ ရိုင်းထိုးရိုင် ထိုးနဲ့လူက လမ်းလျှောက်လာသူဘေးနားရောက်လာတယ်။ သေသေချာချာကြည့်မိလိုက်တော့ မျက်လုံး နှစ်လုံးက ပျူးထွက်ပြီး ငှက်ဖျားတက်နေတဲ့  သူတစ်ယောက်။ ရဲနှစ်ယောက်က ဘေးကတွဲပြီးခေါ်လာ တာမဟုတ် ဘူးနော် ။ လမ်းက ချေက်ကမ်းပါးဆိုတော့ ချောက်ကမ်းပါးစောင်းကို ရောက်သွားရင် ထိန်းပေးတယ်။လက်ထဲမှာလဲ ဒုတ်ကိုင်ထားသေးတယ် ။ ဒုတ်ကလေးနဲ့ ဒီဘက်ကိုပြန်ပို့တယ် ။ လမ်းလျှောက်လာသူလည်း သိချင်စိတ် ရှိတာနဲ့ မလှမ်းမကမ်းကနေလိုက်ကြည့်တယ် ။ လူနာဆေးရုံ သွားပို့တာ ။ ဆေးရုံရှေ့ထိ ကြည့်ဖြစ်အောင်လိုက်ကြည့်တယ် ။ရပြီအဲ့ဒီလောက်ဆိုရင် သတင်းအ တိအကျသိရပြီ ။ အိမ်ကိုရောက်တော့ အနီးအနားက ဆရာမကိုပြန်မေးကြည့်တယ်။
မနက်က ထောင်က လူနာတစ်ယောက် အခြေအနေဘယ်လိုရှိလဲဆိုတဲ့ အခါ သေပြီတဲ့။ကောင်းလိုက် တဲ့သတင်းဗျာ။တွေးကြည့်ကြပါတော့ ။ မျက်လုံးနှစ်လုံး ပျူးထွက်ပြီး ငှက်ဖျားတက်နေတဲ့ သူတစ်ယောက်အတွက် ပါတာစီတမော့နဲ့ဘာမီတွန် နှစ်လုံးပေးတယ် တဲ့ ။ အဲ့ဒါတော်တော်ရောဂါပြင်း ထန်လို့ပါတဲ့ဗျို့ ။အဲ့ဒီထောင်သားတွေဟာ ထုံးအိတ်တွေထမ်းရတယ် ။ ထမ်းရတယ် ဆိုတာ ရိုးရိုးထမ်းရ တာမဟုတ်ပါဘူး ခေါင်းမှာ ထုံးအိတ်ကိုစွပ်ပြီး တောင်မတ်တပ်ကြီးကို အစဉ်လိုက်တက်ကြရတာပါ။ ရှေ့လူတစ်ယောက်က ရပ်သွားတာနဲ့ နောက်လူတွေပါရပ်သွားရတယ်လေ ။ အဲ့ဒီအခါကြရင် ဘေးက ကြည့်နေတဲ့ ထောင်ရဲက ပုဆိုးကို ဆင်နှာမောင်းကျစ်ပြီး တစ်အားကုန်လွှဲရိုက်ပေးလိုက်တယ်တဲ့ ။ ပြန်လှည့်ကြည့်ရင် သူတို့ စကားနဲ့တော့ စောက်ခွက်ဖျက်ရိုက်တယ်ပေါ့ဗျာ။ ကျွန်တော်ကတော့မျက်နှာကို ရိုက်တယ်လို့ ပဲပြောပါ့မယ်။ ရေထမ်းတဲ့ အခါကြတော့ ကျွန်တော်တို့ သာမာန်ရေထမ်းပုံးနဲ့ မဟုတ်ဘူး။
ပီပါကို ဖင်ဖျက်ထားတာ။ စဉ်းစားကြည့်နော် ။အကျဉ်းထောင်က တောင်ပေါ်မှာ ချောက်ကမ်းဘားဘေးက ချောင်းရှိတယ် ။ နှစ်စဉ် ထောင်သားတွေကိုယ့်ကိုယ်ကိုရေထဲခုန်ချပြီး သေဆုံးကြသူပေါင်း နှစ်ဆယ်ကျော်ဝန်းကျင်ရှိပါတယ် ။ခန္တီး မြစ်ထဲမှာ လူသေလာပေါ်လို့ရင် ထောင်သားလို့ သာမှတ်ပါ ။

အခုဆက်ပြောချင်တာက အင်းစိန်ထောင်မှာ
ထောင်ကျသွားသူ တစ်ယောက်ပေါ့ ။ ငွေကြေးက နည်းနည်းတော့ပြည့်စုံတယ် ။ ထောင်ထဲမှာကောင်း ကောင်း မွန်မွန်နေရဖို့ ထောင်မှူးတွေကို ပိုက်ဆံပေးရတယ် ။ အိမ်က ဟင်းတွေဘာတွေချက်ပေးရတယ် ။ အထဲကို ငွေပေးချင်ရင်၁၀၀၀၀ ပို့ချင်ရင် ၂၀၀၀ ပေးရပါတယ် ။ အထဲမှာ အိမ်ကဟင်းပြတ်တဲ့အခါ အကြွေးယူထားတာတွေရှိတယ်လေ။တန်းစီးနဲ့ အဆင်ပြေအောင်တန်းစီးကို ပေးရတာလဲ ရှိတယ်။ ထောင်ပြောင်းရမယ် ဆိုတဲ့အခါ လှေလှော်အင်းနဲ့တွံ့တေး တစ်ခုခုရွေးပေါ့နော် ။ အဲ့ဒါကလည်း ပိုက်ဆံပေးမှ ရွေးခွင့်ရှိတာနော် ။ င၀ိုင်း င၀ိုင်းနဲ့ ပြောတာအလကားပြောတာ မဟုတ်ဘူး။ အဲ့ဒီထောင်တွေက သူဌေးတွေနေတဲ့ ထောင်တွေဗျ။ ထောင်မှာသွားနေပြီး စီးပွားရေးလုပ်လို့ရတယ်။ ငွေအရင်းအနှီးထည့်နိုင်ရင်ပေါ့ဗျာ ။ မဟုတ်ရင်တော့ အလုပ်လုပ်ရတယ် ။ စိုက်ပျိုးရေးတို့မွေးမြူရေး တို့စိုက်ပျိုးရေးတို့လုပ်ရတယ် ။ဧည့်သည်တွေ ဘာတွေလာတွေ့တဲ့ ရက်ဆိုရင်အလုပ်လုပ်စရာမလိုဘူး ။ ကုလားသူဌေးထောင်ကျနေတဲ့သူတစ်ယောက်ဆိုရင် သူ့အဆောင်လေးနဲ့သူ အေးအေး ဆေးဆေးပဲ အိမ်ပြန်ချင်ရင်ပြန်လိုက် သွားစရာရှိရင်သွားလိုက် ။ နှစ်မစေ့မချင်းတော့ ထွက်မပြေးနဲ့ပေါ့ဗျာ ။ ဒါက င၀ိုင်း တန်ခိုးနဲ့ သွားတဲ့ ထောင်ကို ပြောတာပါ။

ထောင်ကထွက်လာပြီး ကြောင်တောင်တောင်ဖြစ်သွားတဲ့ ဘုန်းကြီးတစ်ပါးလည်း ကျွန်တော်တို့ ရွာနားမှာ အခုထိရှိပါသေးတယ် ။ လူတွေနဲ့ စကားမပြောရဲလောက်အောင် ကိုကြောက်သွားလို့ အိမ်က ဘုန်းကြီးဝတ် ပေးထားတာ ။ ကောင်းတာတစ်ခုက တော့ တရားကိုအာရုံစိုက်လုပ်နေခြင်းပါပဲ ။ စကားကိုမပြောတော့တာ ပါ။တစ်ယောက်တည်း အထီးကျန်ဘ၀မျိုးဖြစ်သွားအောင် ဘယ်လိုဆေးတွေနဲ့ လုပ်လိုက်သလဲဆိုတာ စဉ်းစားကြည့်ကြပါ ။
ဒီလောက်ပဲကောင်းပါတယ် ။
တကယ်ကို မိုက်တေပွေပြီး ထောင်ကျတဲ့သူတွေလဲ ရှိတာပေါ့။ သူတို့တွေအတွက်ကျတော့ ထောင်ဆိုတာမဆန်းတော့ပါဘူး ။ ၀င်လိုက်ထွက်လိုက် မျက်နှာတွေတန်းမိနေကြတယ်။ တကယ်ကို အိမ်မှာ စားစရာမရှိလို့ မိုက်တေလေပြီးထောင်ထဲ ကို ၀င်လိုက်ထွက်လိုက် လုပ်ချင်တဲ့ သူတွေနဲ့ ကျွန်တော် ဖတ်တဲ့ Prison အကြေင်းထဲက အတိုင်းသာဖြစ်မယ် ဆိုရင် ပျော်လိုက်ကြမယ့် ဖြစ်ချင်းလို့တောင်တွေးမိပါတယ်ဗျာ ။ ထောင်ထဲမှာ ဂိမ်းကစားမလား ။ တီဗွီကြည့်မလား။ စားချိန်တန်စား အိပ်ချိန်တန်အိပ် ။ ငါတို့ မြန်မာပြည်ကို အဲ့ဒီက ထောင်တစ်ခုလောက် ရွှေ့လားပေးပါလား။

ဘ၀ထဲက ရတဲ့ စာသားများသာဖြစ်ပါတယ် ရေးခွင့် ကြုံလာတဲ့အခါမှာ ဆောင်းပါးတယ်ပုဒ် အဖြစ်တင်ပြခြင်းပါ ။ ရိုင်းစိုင်းသော အရေးအသားတို့ အတွက် ကြိုတင်တောင်းပန်ပါသည်။
ဖတ်၇တာ စိတ်မချမ်းသာစရာပါ...လူအချင်းချင်း နှိပ်စက်ခြင်းကင်းဝေးကြပါစေ...မတရားမှု.တွေ အမြန်ဆုံး ချုပ်ငြိမ်းပါစေ..စစ်အာဏာရှင် အမြန်ဆုံး ကျဆုံးပါစေ...
ReplyDeleteပြုသူအသစ် ဖြစ်သူအဟောင်း ၊ ပေဖြစ်တုန်းခံ တုဖြစ်တော့ နှံ...အတုံအလှည့်ဆိုတာ အနှေးအမြန်လာမှာပါ..
စိတ်မလျော့ကြပါနဲ....