“ သတင်းတွေဟာ ကျုပ်တို့အသက်ပဲ ။ တစ်ချိန်တည်းမှာပဲ ကျုပ်တို့ အသက်တွေဟာလည်း သတင်း ဖြစ်နေ တယ် ” အီရတ်လူမျိုး ရာရှစ်က အာရပ်သတင်းဌာနတွေက စဉ်ဆက်မပြတ် ထုတ်လွှင့်နေတဲ့ အီရတ် အကြောင်း သတင်းတွေကို ကြည့်နေရင်းက ပြောလိုက်တာ ဖြစ်ပါတယ် ။ ရာရှစ်ဟာ ဘဂ္ဂဒက်ရှိ တိုင်းမ်မဂ္ဂ ဇင်းရဲ့ ဗျူရိုက ၀န်ထမ်းတစ် ယောက်ဖြစ်ပါတယ် ။ အရင်ကတော့ ရာရှစ်တို့တစ်တွေဟာ အားအားရှိရင် လက် ဘ နွန် ကလွှင့် တဲ့ သီချင်းကဏ္ဍတွေနဲ့ အီဂျစ်ကလွှင့်တဲ့ ဇာတ်လမ်းတွဲတွေကြည့်လေ့ ရှိကြတယ် ။
အခုတော့ အီရတ်လူမျိုးတိုင်းဟာ အာရပ် သတင်းဌာနတွေ ရှေ့မှာ အချိန်ပြည့်ထိုင်ပြီး အီရတ်က သတင်းတွေ ချည်း ကြည့်နေကြတော့တယ် ။ ဒါမှလည်း ဘယ်မှာတိုက်ပွဲဖြစ်ပြီး လူတွေဘယ် လောက် သေတယ်။ ဘယ်မှာ ဗုံးကွဲလို့ လူဘယ်လောက်သေတယ် ဆိုတာတွေသိကြရတာလေ။
တိုင်းဗျုရိုရဲ့လုံခြုံရေးတာဝန်ခံ ဟာမစ်က အရင်က မင်္ဂလာဆောင်တွေမှာ သီချင်းလိုက်ဆိုတဲ့ အဆိုတော်ပါ။ တစ်နေ့ကျရင် မူလတန်းကျောင်းတစ်ခုခုမှာ ဂီတအနုပညာဆရာဖြစ်ဖို့ မျှော်မှန်းချက်ကြီးရှိသူဖြစ်တယ်။ အခု တော့လဲ သူ့သီချင်းဆိုသံ မကြားရတာ ကြာခဲ့ပါပြီ ။ နိုင်ငံခြားသံရုံးများ ၊ ကုမ္ပဏီနဲ့ အဖွဲ့အစည်းများ အထူး သဖြင့် အမေရိကန်များဆီမှာ အလုပ်လုပ်တဲ့ အီရတ်လူမျိုးများဟာ အန္တရာယ်ကြီးနှစ်ခုကို အမြဲကြောက်လန့် နေကြပါတယ် ။ ပထမအန္တရာယ်ကတော့ မျိုးချစ်စိတ်ဓာတ်ကင်းမဲ့သူများ ၊ မစ္ဆာများလို့ အကြမ်းဖက်သမား များက သတ်မှတ်တာခံရမယ့် အန္တရာယ် ဖြစ်တယ် ။ ဒုတိယအန္တရာယ်ကတော့ ၀င်ငွေကောင်းကောင်းရသူ များအဖြစ် ပြန်ပေးသမားများက အထင်ကြီးပြီး ပြန်ပေးဆွဲခံရမယ့် အန္တရာယ် ဖြစ်ပါတယ်။ ဒါကြောင့်သူတို့တစ် တွေဟာ လူကြားထဲ သွားလာလှုပ်ရှားမနေ၀ံ့ကြတော့ပါဘူး ။
“ကျွန်ုပ်တို့မှာ ရေနံရှိတယ် ။ ဒါပေမယ့် ဓာတ်ဆီမရှိဘူး ။ မြစ်တွေရှိတယ် ။ ဒါပေမယ့်သောက်သုံးဖို့ရေမရှိဘူး။ သေနတ်တွေရှိတယ် ။ ဒါပေမယ့်လုံခြုံမှုမရှိဘူး ”
ဟာမစ်က သာမန် အီရတ်ပြည်သူလူထုရဲ့ ဘ၀ကိုပြောပြခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျော့ဘုရ်က ရွေးကောက်ပွဲအနိုင်ရ အီရတ်အစိုးရလက်ကို အာဏာလွှဲပေးပြီးတဲ့နောက် တိုးတက်မှုတွေ ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်လို့ ပြောခဲ့တယ် ။ ဒါပေမယ့် အီရတ်ပြည်သူများကတော့ ဆန့်ကျင်ဘက်အမြင်တွေပဲ ထုတ် ဖော်ပြောကြပါတယ် ။ အမေရိကန်သုသေသနဌာန Brookings Institute က ထုတ်ပြန်တဲ့စာရင်းများအရ ၂၀၀၅ ခုနှစ် ဇွန်လမှာ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်မီးပမာဏ ၂၀၀၄ ခု ဇွန်လကထက် လျှော့နည်းတယ်လို့ ဆိုပါတယ် ။ ရေနံကြမ်းထုတ်လုပ်မှုလည်း ကျဆင်းပြီး ရေနံထုတ်ကုန်ကရတဲ့ ၀င်ငွေများလဲ ကျဆင်းခဲ့တယ် လို့သိရပါတယ် ။ ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီတန်းစီနေကြတဲ့ မော်တော်ကားတန်းကြီးတွေကလည်း မနှစ်ကထက် ပိုပြီး ရှည်လျားနေပါတယ် ။ ဘဂ္ဂဒတ်မြို့တော်ကြီးရဲ့ ရပ်ကွက်တွေမှာ လျှပ်စစ်မီးကလာလိုက်၊ မလာလိုက် ဖြစ်နေသလို သောက်သုံးရေကလည်း လနဲ့ချီပြီး မလာတဲ့ရက်တွေက အများကြီးရှိပါတယ်။ မီးလာတယ်ဆိုတဲ့နေ့မှာတောင် ၄ နာရီထက်တော့ပိုမလာပါဘူး ။
အီရတ်မှာ ရွေးကောက်ပွဲတွေ လုပ်မယ် ဆိုစဉ်က သမ္မတ ဂျော့ဘုရ်က အီရတ်ရဲ့ အချုပ်အခြာအာဏာကို အီရတ်လူမျိုးတွေလက်ထဲ လွှဲပေးမယ် ။ အီရတ်လူမျိုးတွေဟာ ကိုယ့်လွတ်လပ်ရေးကိုကိုယ် ကာကွယ်စောင့် ရှောက်ပြီး ကိုယ့်စီးပွားတိုးတက်အောင် ကိုယ့်ဟာကိုယ် လုပ်နိုင်ကြမယ်လို့ ပြောခဲ့တယ်။ အခုတော့ရွေး ကောက်ပွဲပြီးလို့ အီရတ်အစိုးရ ဖွဲ့စည်းပြီး သူ့အုပ်ချုပ်ရေးကို သူကိုယ်တိုင် စီမံဆောင်ရွက်နေပြီလို့ ပြောပေ မယ့် တကယ့်လက်တွေ့ကျတော့ အီရတ်စစ်တပ်များဟာ သူ့မြို့တော် ဘဂ္ဂဒတ်တစ်မြို့တည်းကိုတောင် ကာကွယ်ထားနိုင်စွမ်း မရှိပါဘူး။ နေ့စဉ်နဲ့အမျှ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ၊ စစ်ကားတွေကို လမ်းကြားထဲ ကထွက်ပြီး ဓာတ်ဆီပါကင်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုပြီးတောင်များလာပါသေးတယ်။
အီရတ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးပြီးနောက် အစိုးရအသစ်လည်း ဖွဲ့စည်းပြီးခဲ့ပါပြီ။ ဆာဒမ်ဟူစိန်လည်း လက်ရဖမ်းဆီးရမိခဲ့ပါပြီ။ အခြေအနေကတော့ ပိုကောင်းလာတာ တစ်ခုမှ မတွေ့ရပါဘူး ။ စီးပွားရေး၊ လူမှု ရေး၊ ပညာရေး ၊ ကျန်းမာရေး စတဲ့ကဏ္ဍအသီးသီးမှာ ကျဆင်းနေတာချည်းတွေ့နေရပါတယ်။ ဘာသရေး ဂိုဏ်းကွဲတွေကြား စည်းစည်းလုံးလုံးမရှိကြသလို ကာဒ့်လူမျိုးစုတွေနဲ့လည်း ညှိနှိုင်းဆွေးနွေးလို့ကို အဖြေ ထွက်မလာနိုင်သေးပါဘူး ။
အီရတ်ပြဿနာက ဂျော့ဘုရ်လို ထစ်ခနဲရှိ လက်နက်နဲ့ပဲ ဖြေရှင်းချင်တတ်သူတွေ သင်ခန်းစာကောင်း ကောင်းထုတ်ယူသင့်တယ် ။ အနုမြူလက်နက်ကြီးတွေနဲ့ နိုင်ငံတစ်နိုင်ငံကို ချေမှုန်းပစ်လို့ ရနိုင်ပေမယ့် လူမျိုး တစ်မျိုးရဲ့စိတ်ဓာတ်ကို ဘယ်တော့မှ သတ်ပစ်လို့ မရနိုင်ဘူး ဆိုတဲ့သင်ခန်းစာဖြစ်တယ်။ အီရတ်ဆိုတာ အမေရိကန်နဲ့ ဘယ်နေရာမှာမှ မယှဉ်နိုင်တဲ့နိုင်ငံ ပိစိကွေးလေးပဲ ။ နယ်မြေဒေသ အကျယ်အ၀န်းကလည်း အမေရိကန်က ပြည်နယ်ကြီးတစ်ခုလောက်တောင် ရှိတာမဟုတ်ဘူး ။ လူဦးရေဆိုတာလည်း အတူတူပါပဲ။ လက်နက်ဆိုတာကတော့ ဆင်နဲ့ဆိတ်ပေါ့။ ဂျော့ဘုရ်က နိုင်ငံတစ်ခုလုံး ထောင်းလမောင်းကျေသွားအောင် ဖျက်ဆီးချေမှုန်းပစ်လိုက်ပြီး ဒူးထောက်သွားအောင်တော့ အခုထိမလုပ်နိုင်သေးပါဘူး ။ ဘယ်တောမှလည်း လုပ်လို့ ရမှာမဟုတ်ဘူး ။ စိတ်ဓာတ်မသေသ၍ လူမသေဘူး။ လူမသေသ၍ နိုင်ငံလည်း ဘယ်တော့မှ မသေဘူး ဆိုတာ မစ္စတာ ဘုရ် သဘောပေါက်စေချင်တယ် ။
ကျွန်တော်တို့ တိုင်းပြည်မှာက တိုင်းတစ်ပါးရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ပြီးပြီ ။ ကိုယ့်အမျိုးသားခြင်း သတ်ဖြတ် ခြင်းကို လည်း အကြိမ်ကြိမ်ခံခဲ့ကြရပြီးပြီ ။ ဒါပေမယ့် ဘယ်တော့မှ မသေတဲ့ စိတ်ဓာတ်တွေကို အကောင် အထည်ဖော်နိုင်ကြဖို့ ရည်ရွယ်ရေးသားပါသည်။

ဆရာလူထုဦးလှ ၏ ဒီခေတ်မျိုးဆက်ရဲ့ ပန်းတိုင် မှ ဖော်ပြပါသည် ။
ကျွန်တော်တို့ တိုင်းပြည်မှာက တိုင်းတစ်ပါးရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ပြီးပြီ ။ ကိုယ့်အမျိုးသားခြင်း သတ်ဖြတ် ခြင်းကို လည်း အကြိမ်ကြိမ်ခံခဲ့ကြရပြီးပြီ ။ ဒါပေမယ့် ဘယ်တော့မှ မသေတဲ့ စိတ်ဓာတ်တွေကို အကောင် အထည်ဖော်နိုင်ကြဖို့ ရည်ရွယ်ရေးသားပါသည်။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !