၂ ။ ကျွန်ုပ်တို့ တပ်မတော်သားအားလုံးသည် လည်းကောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် စွန့်စွန့်စားစား ဆောင်ရွက်ခဲ့သူအပေါင်းတို့သည်လည်းကောင်း၊ ဤမျှ အပင်ပန်းခံ အဆင်းရဲအနစ်နာ အသေအကြေခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ လက်တဆုပ်မျှရှိသော လူတစု၏ ကောင်းစားမှုကိုသာလည်းကောင်း ၊ ကျွန်ုပ် တို့ ၏ကိုယ်ရေးကိုယ်တာ တိုးတက်မှု့ကိုသာ လည်းကောင်း ရည်ရွယ်မှန်းဆလျက်လုပ်ကိုင်ခဲ့ကြသည် မဟုတ် ဘဲ မြန်မာနိုင်ငံလူထုအပေါင်း လွတ်လပ်ရေးအတွက် ရည်စူးလျှက်လုပ်ကိုင်ခဲ့ကြသည့်အကြောင်းကို ခေါင်း ဆောင် မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသူနိုင်ငံသား အပေါင်းတို့အား အထူးလေးနက် စွာဖော်ပြ လိုက်ပေကြောင်း ။
၃ ။ အကျိုးဖြစ်ချင်ယင် ဒီလူညာတွေ အကျင့်ပျက်တွေ သတ္တိကြောင်တွေကို ရှောင်ရှားကြပါ တိုင်းပြည် လွတ်လပ် ပြီ ခင်ဗျားတို့ အကျိုးတွေကို ထင်ထင်ရှားရှားဘယ်သူမှ လက်တစ်လုံးခြား မလိမ်နိုင်အောင် စီမံ နိုင်မှ ခင်ဗျားတို့ အကျိုးရှိနိုင်မှာဘဲ ။
စစ်အာဏာရှင်လိမ်လာတာတော့ နှစ်ပေါင်း မနည်းတော့ဘူး လိမ်နည်းအမျိုးမျိုးနဲ့လိမ်ညာလာခဲ့တာ အခု လည်းထပ်ပြီး လိမ်ဦးမယ် ။ အလိမ်မခံချင်ရင် အသေခံရမယ် ။ လမ်းနှစ်မျိုးကို ကြိုက်ရာရွေးပြီး အလိမ်မခံ နိုင်ကြတော့ဘူး ဆိုရင်တော့ လူထုအင်အားနဲ့ စစ်အစိုးရ ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲဆိုတာကို ရဲရဲဝံ့ဝံ့ ဆန္ဒပြကန့်ကွက်ကြပါ ။
၎ ။ အာဏာရှင်ဝါဒ ၊ လူမျိုးအချင်းချင်းမုန်းတီးရေးဝါဒ ၊ ဂျပန်ပြည်မှာလို စစ်ကသာလွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက် အာဏာရှင်စနစ် ၊ သက်ဦးစံပိုင် ဘုရင်စနစ်ဝါဒ ၊ ဒီဝါဒမျိုးအငယ်စားဖြစ်တဲ့ ပဒေသရာဇ်မြို့စား ရွာစား ၀ါဒ (Feudalism) အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သားတွေနှင့်ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုး တစ်မျိုးရှိနေယင် အများပြည်သူတို့၏ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေ စီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်စစ်ဝါဒ ဆင်တူရိုးမှားတွေပေါ်လာနိုင်တယ် ။ ဒီဝါဒမျိုးတွေပေါ်လာယင် တိုင်းသူ ပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး ။
ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ် ။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ မြန်မာနိုင်ငံကိုထူထောင်နိုင်အောင်ကြိုးစားရမယ် ။ ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့ မြန်မာ ပြည်ကလူတွေဟာလဲ နစ်နာမယ် ။ ကျွန်တော်တို့ပြည်ကိုလည်း ကမ္ဘာကကြည့်နေလို့ မရတဲ့တစ်နေ့ ဂျပန် ဂျာမဏီ ၀ိုင်းပြီး အနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာကို သတိချပ်ကြရမယ် ။ ဒီမိုကရေစီ ၀ါဒသာ လွတ်လပ် ရေးနှင့် ဆီလျှော်တယ် ။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ် ။ အဲ့ဒါကြောင့်ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ် ။
မငြိမ်းချမ်းနိုင်တဲ့ အာဏာရှင်ခေါင်းဆောင်ကြီးတွေပြောတဲ့ ဒီမိုကရေစီသဘောတရား စစ်စစ်ကို အခြေခံတဲ့ ဒီမိုကရေစီမဟုတ်ဘူး ။ အာဏာရှင်ဒီမိုကရေစီ စနစ်သစ်ကို အသက်သွင်းမယ့်သူတွေ ။ ကန့်ကွက်ကြပါ။
၅ ။ ဖက်စစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလဲ တိုင်းသူပြည်သား လူထုအ ဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ် ၊ အခြားလူမျိုးတွေကိုလည်း ငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံးဓနရှင် နယ်ချဲ့ဝါဒ ။
စစ်အစိုးရရဲ့ အသိုင်းအ၀ိုင်းက အခုအချိန်မှာ ဓနရှင်ဝါဒကိုကျင့်သုံးနေပြီ ။ ငွေနဲ့ စည်းရုံးရေးဆင်းနေတဲ့ ကြံ့ဖွတ်ပါတီကို ဝေးဝေးကရှောင်ကြ ။ သူခိုးလုပ်ရပ်တွေနဲ့ ကြီးပွားချမ်းသာလာကြတဲ့ သူတွေကို တိုင်းပြည် မှာ ခေါင်းဆောင်နေရာမပြောနဲ့ တိုင်းပြည်မှာရှိနေတာတောင် တော်တော်လေး ကျက်သရေတုံးနေပြီ ။
၆ ။ တိုင်းသူပြည်သားအပေါင်း ဘာသတင်းကြားကြား အရမ်းမယုံပါနှင့် အရမ်းမကြောက်ပါနှင့် အရမ်းမလန့် ပါနှင့် အရမ်းမလုပ်ပါနှင့် ဘယ်အခါမဆို သတိဝရိယကြီးစွာထားပြီး အမှုဆင်မခံရအောင် နေ့စဉ်မိမိပြောဆိုပုံ နှင့်တကွ တွေ့ဆုံသော လူအပေါင်းတို့၏ မှတ်တမ်းများကို သေချာစွာမှတ်သားပြီးလျှင် အပြစ်လွတ်အောင် စီစဉ်ထားကြရန် ကျွန်တော်တိုက်တွန်း နှိုးဆော်ခဲ့ပါကြောင်း ။ ။
ဂျပန်ခေတ်က ပြောခဲ့တဲ့ စကားအခုလည်းမှန်တယ် နောင်လည်း မှန်ဦးမှာပဲ ။ တပ်ချင်သလိုတပ်လို့ ရတဲ့ အမှုတွေနဲ့ ဥပဒေပုဒ်မတွေ အကြောင်း ကို ပြည်သူတွေ သဘောပေါက်ပြီးသားပါ ။ လွတ်အောင်ရှောင်ကြ ။
၇ ။ မရေတွက်နိုင်သော သွားလေသူမျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေ အနှစ်တည်းဟူသော အာဇာနည်စိတ် စသည်တို့ကို ကျွန်ုပ်တို့ ယခုအချိန်အခါ၌ သတိရကြပေလိမ့်မည် ။
ထိုထိုသောအာဇာနည် ပုဂ္ဂိုလ်တို့၏လုပ်ငန်းကို ဆုံးခန်းတိုင်အောင် ဆက်လက်၍ ဆောင်ရွက်မည်ဟူ၍ သစ္စာ ပြုကြပါစို့ ။
၈ ။ လူတစ်ဦးတစ်ယောက်သည် မည်မျှလောက်စွမ်းပကားရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှု မရှိဘဲ လျှက် ရာဇ၀င်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင်မဆောင်ရွက်နိုင်ခြင်း ။
တစ်ဦးတစ်ယောက်ကောင်းရုံတော်ရုံနဲ့ မပြီးဆုံးနိုင်တဲ့ တိုင်းပြည်အရေးအတွက် ပြည်သူလူထုအားလုံး တွဲ လက်ညီညီနဲ့ ဆက်လက် တိုက်ပွဲဝင်ကြပါ ။ အပြစ်မဲ့ ထောင်ကျနေသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးခေါင်းဆောင်များအားလုံးကျောင်းသားဟောင်းများအားလုံးအတွက် မျိုးဆက်သစ်တို့ ဆက်လက် တိုက်ပွဲဝင်ကြရမယ် ။ အပြစ်ပြောမကုန်နိုင်သော အာဏာရှင်ကြီးများကိုသာ ထောင်သွင်း အကျင်းချရမည် ဆိုက သံသရာတစ်လျှောက်ထောင်တွင်းမှပင်လွတ်တော့မည်မဟုတ် ။
၉ ။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေအနေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက် ရမည်ဖြစ်သော အရေးကိစ္စသာလျှင်ဖြစ်ပေ၏ ။ အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့် အမျှ လူ့လောကတွင်တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်သည် ။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည် မှာ လူ့ကိစ္စဟု ဆိုရပေမည် ။ ကျွန်ုပ်တို့ စားမှု ၊ သောက်မှု ၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု၊ အစုစုသည် နိုင်ငံရေး ပင်ဖြစ်သည်။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို မဆင်ခြင်မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏ ။
နိုင်ငံတော်၏ ဖခင်ဗိုလ်ချုပ်ပြောသောစကားများအားဖြင့် နိုင်ငံအခြေအနေကို ပြန်လည်သုံးသပ်နိုင်ကြပါစေ။
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !