ဆရာလူထု စိန်ဝင်း ဒီခေတ်မျိုးဆက်ရဲ့ ပန်းတိုင် စာအုပ်မှ ဖော်ပြပါသည်
“ ဘီးလ်ဇိုက်တန်း ” သတင်းစာကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်ဟာခုလို ၀န်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင် အရွေးခံရမယ့် နေရာမျိုးအထိ ရောက်လာဖွယ်ရာ မရှိပါဘူး ။ ”ဂျာမန် အတိုက်အခံခေါင်းဆောင် အက်ဒမန်စတွိုက်ဘား ပြောခဲ့တာဖြစ်ပါတယ် ။ ဟားစတွိုက်ဘားဟာ မကြာမီ ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ လက်ရှိ ဆိုရှယ် ဒီမိုကရက်ဝန်ကြီးချုပ် ဂါးဟဒ်ရှရိုးဒါးနဲ့ ယှဉ်ပြိုင်အရွေးခံမယ့် ရှေးရိုးစွဲ လက်ယာညွန့်ပေါင်းခေါင်းဆောင် ဖြစ်ပါတယ် ။ ဘားက ဘီးလ်ဇိုင်းတန်း သတင်း စာမှာ ဆောင်းပါးတစ်ပုဒ်ရေးရင်း သူငယ်ချင်း ကျောင်းသားဘ၀က အားကစားကဏ္ဍအတွက် ဘီးလ်ကို ၀ယ်ဖတ်ခဲ့တယ် ။ နောက်တော့ တဖြည်းဖြည်း ဘီးရဲ့ နိုင်ငံရေး အယူအဆတွေကို နှစ်သက်သဘောကျသွား ပြီး လက်ယာနိုင်ငံရေး သမားတစ်ယောက်ဖြစ်သွားခဲ့ရတယ်လို့ ရေးသားထားပါတယ် ။
ဘီးလ်ဇိုက်တန်းဟာ ဂျာမနီမှာ လူဖတ်များတဲ့ ပေါ်ပြူလာသတင်းစာ တစ်စောင်ဖြစ်ပါတယ် ။ နေ့စဉ်ဆောင် ရေ ၈ သန်း ထုတ်ခဲ့ရပါတယ် ။ မိသားစုတွင်းဖတ်ရှုမှုကို ထည့်တွက်ရင် စာဖတ်ပရိသတ် ၁၁ သန်းရှိတယ်လို့ ဆိုပါတယ် ။ သတင်းစာကို ပိုင်တာက Alex springer velag ကုမ္ပဏီကြီး ဖြစ်ပါတယ် ။ ဥရောပတစ်လွှားမှာ သတင်းစာနဲ့ မဂ္ဂဇင်းပေါင်း ၃၀၀ ကျောင်ပိုင်ဆိုင်ပါတယ် ။ဘီးလ်ကို စတင်ထုတ်ဝေခဲကတာ နှစ်ပေါင်း ၅၀ ရှိပါပြီ ။ စတင်တည်ထောင်သူ ကုမ္ပဏီပိုင်ရှင် သူဌေးကြီး Alex springs ဟာ အရိုးစွဲလက်ယာဝါဒီကြီးဖြစ်ပြီး အမေရိကန်ကို ထောက်ခံသူ ၊ လွပ်လပ်စွာ ကုန်သွယ်ရေးလုပ်ခြင်းကို ထောက်ခံသူဖြစ်ပါတယ် ။ စစ်အေး တိုက်ပွဲကာလမှာ အမေရိကန်တို့အတွက် အားကိုးရတဲ့ မဟာမိတ်ကြီး ဖြစ်ပါတယ်။
၁၉၈၅ ခုနှစ်မှာ ဟားစပရင်းဂါး ကွယ်လွန်သွားတော့လည်း သူ့ဇနီး ဖရီးဒါစပရင်းဂါးက ရှယ်ယာတစ်ဝက် ကျော်ကျော် ပိုင်ဆိုင်ထားပြီး ရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ Leo kireh ကလည်း ရှေးရိုးစွဲ လက်ယာ သမားဖြစ်တာကြောင့် သတင်းစာရဲ့ ပေါ်လစီ ပြောင်းလဲသွားခြင်း မရှိပါဘူး ။
ဒါပေမယ့် မကြာမီက ဟားလီယို ဒေ၀ါလီခံသွားရတာကြောင့် သူ့ရှယ်ယာတွေ ဘယ်သူ့လက်ထဲ ရောက်သွား မလဲဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ် ။ လက်ယာသမားတွေ အစဉ်အလာအရ လွှမ်းမိုးထားတဲ့ သတင်းစာကြီးရဲ့ ရှယ်ယာတွေ တစ်ခြားလူလက်ထဲ ရောက်သွားပြီး ပေါ်လစီမူဝါဒ ပြောင်း လဲသွားခဲ့ရင် ဟားစတွိုက်ကာအတွက် အကြီးအကျယ် ထိခိုက်သွားနိုင်ပါတယ် ။ ဒီအချက်ကို သိမြင်ကြတဲ့ အာဏာရ ဆိုရှယ်လစ် ဒီမိုကရက်များကလည်း သူတို့လူတွေ ရောက်စေဖို့ နောက်ကွယ်က ကြိုးစား အားထုတ် နေတာများကို တွေ့မြင်နေရပါတယ် ။
ဘီးလ်ရဲ့ သြဇာကြီးမားတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး ။ ၀န်ကြီးချုပ် ရှရိုးဒါးနဲ့ လက်ထောက်ပြော ရေးဆိုးခွင့်ရှိသူ တစ်ဦးက ပြောခဲ့တာပါ ။ ၀န်ကြီးချုပ်ကိုယ်တိုင်ကတော့ ဘီးလ် ကိစ္စထဲမှာ သူတို့ ဆိုရှယ်ဒီ မိုကရက်ပါတီ ၀င်ပြိး ရှုပ်နေတယ်လို့ စွပ်စွဲနေကြတာများကို ငြင်းပယ်လိုက်ပါတယ်။
Alex springer ရဲ့ မုဆိုးမဇနီးသည် ဖရီးဒါးစပရင်းဂါး ကိုယ်တိုင်က လီယိုရဲ့ ရှယ်ယာတွေကို ၀ယ်ယူလေမလား လို့ မှန်းဆသူများ ရှိပါတယ် ။ ဒါပေမယ့် စပရင်းဂါး အင်ပါယာကြီး တစ်ခုလုံးက အရှုံးပြတဲ့ ဘက်ရောက်နေ တာကြောင့် ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်သူများလည်း ရှိပါတယ်။ ဘီးရဲ့ စောင်ရေ ၁၆ ရာခိုင်နှုန်းကျ ဆင်းနေသလို အဓိက သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ ဒိုင်းဝဲလ်ကလည်း အရှုံးပေါ်နေပါတယ် ။ စပရင်းဂါး ကုမ္ပဏီကြီး အနေနဲ့ ကြော်ငြာကရတဲ့ ၀င်ငွေလည်း ကျဆင်းနေပါတယ် ။ ၂၀၀၀ ပြည့်နှစ်က ဒေါ်လာ ၂.၆၁ ဘီလျံရခဲ့ရာက ၂၀၀၁ ခုနှစ်မှာ ၂.၅၈ ဘီလျံသာရခဲ့ပါတယ် ။ အဲ့ဒါကြောင့် ၂၀၀၁ ခုနှစ်မှာ ကုမ္ပဏီအနေ နဲ့ ဒေါ်လာ ၁၇၂ သန်း အရှုံးပြခဲ့ပါတယ် ။ ဒီလိုအရှုံးပြခြင်းဟာ စပရင်းဂါး အင်ပါယာကြီးအနေနဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ် ။
မီဒီယာလုပ်ငန်းတွေကိုငွေထုတ်ချေးတဲ့ ဘဏ်တိုက်အစုကြီးတစ်ခုကလည်း ဒေါ်လာ သန်း ၈၀၀ ပေးပြီး ၀ယ် ယူဖို့ ကမ်းလှမ်းထားပါတယ် ။
ဒါပေမယ့် စပရင်းဂါးရဲ့စီအီးအို မားသီးယပ်ဒေါ့ဖနာက နိုင်ငံစုံ မီဒီယာ သူဌေးကြီး ရူးပတ်မားဒေါ့နဲ့ ဒီနှစ်စက လန်ဒန်မှာ တွေ့ဆုံခဲ့တာကြောင့် မားဒေါ့ရဲ့ အင်ပါယာကြီးထဲ ရောက်ရှိသွားတော့လေမလားလို့လည်း မှန်းဆနေကြပါတယ် ။ ၀န်ကြီးချုပ်ရှရိုးဒါးနဲ့ သူ့ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်များကတော့ အကြီးအကျယ်ပူပန် နေကြပါတယ် ။ မားဒေါ့လက်ထဲ ရောက်သွားရင် လက်ရှိထက်တောင်ပိုပြီး လက်ယာဘက်ရောက်သွားလိမ့် မယ်လို့ သူတို့က ယူဆပါတယ် ။ဒါကြောင့် ၀န်ကြီးချုပ် ရှရိုးဒါးက တခြားမီဒီယာလုပ် ငန်းကြီးဖြစ်တဲ့ WAZ အုပ်စုကို တွန်းအားပေးပြီး ၀ယ်ခိုင်းနေတယ်လို့လည်း ပြောဆိုနေကြပါတယ် ။ WAZ အုပ်စုရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ၄ ယောက်ထဲမှာ ၁ ယောက်ဖြစ်တဲ့ ဘိုဒိုဟွန်းဘာ့ခ်ျက ၀န်ကြီးချုပ် ရှရိုးဒါးရဲ့ လူရင်း လက်ထောက် တစ်ဦးဖြစ်ပါတယ် ။ ဒီလိုဖြစ်ခဲ့ရင်တော့ ဘီးလ်ဟာ လက်ယာသတင်းစာ အဖြစ်ကနေ လက်ဝဲသတင်း စာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ် ။ ရှရိုးဒါးနဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ရှရိုးဒါးအနေနဲ့ ဘာမှ ပါဝင် ပတ်သတ်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ် ။
ဟားစတွိုက်ဘားရဲ့ ခရစ္စတီယန် ဆိုရှယ်ယူနီယံပါတီ မီဒီယာကော်မရှင် ဥက္ကဋ္ဌဖြစ်သူ မားကပ်ဆောဒါ ကတော့ ဒီအချက်ကို လက်မခံပါဘူး ။ လက်ယာမဟာမိတ် ပါတီဖြစ်တဲ့ ဆရစ္စတီယန် ဒီမိုကရက်ယူနီယံ (စီဒီယူ) ပါတီ ဥက္ကဋ္ဌ ၀ုဖ်ဂန်းရှောဘဲလ် ငွေကြေးအရှုပ်တော်ပုံ ပေါ်ထွက်လာတဲ့ အခါမှာ ဘီးလ်က အပြင်းအ ထန် ဝေဖန်ရေးသားတိုက်ခိုက် ရေးသားခဲ့တာကို သူက ထောက်ပြပါတယ်။
“အမှား တစ်ခုလုပ်ခဲ့ရင်တော့ ဘီးလ်က တိုက်မှာပဲ ”
လို့လဲ သူက ပြောလိုက်ပါတယ် ။
လက်ဝဲလက်ယာ နိုင်ငံရေးသမားတွေအားလုံး ဒီကိစ္စကို အလွန်အမင်း စိတ်ဝင်စားနေကြရတဲ့ အကြောင်းက တော့ ရွေးကောက်ပွဲနီးချိန်မှာ သတင်းစာ တွေရဲ့ သြဇာ ဘယ်လောက်ထိ ကြီးမားတယ်ဆိုတဲ့ အချက်ကို သဘောပေါက်လို့ ဖြစ်ပါတယ် ။ သတင်းစာ ကြောင့် လူပုဂ္ဂိုလ်တစ်ယောက် ထိပ်တန်းရောက်သွား နိုင်သလို၊ သတင်းစာကြောင့်လည်း ၀န်ကြီးချုပ်တစ်ယောက် ၊ သမ္မတ တစ်ယောက် ရာထူးက ပြုတ်ကျသွားစေနိုင်ပါ တယ် ။ သတင်းစာရဲ့ အစွမ်း ထက်မြက်မှုကို ဂျာမနီနိုင်ငံရေးသမားများ ကောင်းစွာသိရှိ နားလည်ကြတဲ့ အတွက် ဒါလောက် အရေးကြီး ခွင်ကျယ် လုပ်နေကြတာဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ။

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !