Home » » နိုင်ငံတော်၏အာဏာကို ပိုင်ဆိုင်သူ

နိုင်ငံတော်၏အာဏာကို ပိုင်ဆိုင်သူ

နိုင်ငံတော်ကိုပိုင်ဆိုင်သူသည် ဘုရင်လော(အာဏာရှင်လော) သို့မဟုတ် ပြည်သူလော။
ယင်းအချက်ကို စဉ်းစားစဉ်ခြင်သင့်ကြသည်။ လေးလေးနက်နက်စဉ်းစားဆင်ခြင်ကြည့်
သည့်အခါ နိုင်ငံတော် အာဏာကို အမှန်တကယ်ပိုင်ဆိုင်သူသည် ပြည်သူပြည်သားများ
သာဖြစ်ကြသည်။
နိုင်ငံတော်အာဏာကို ပိုင်ဆိုင်သူသည် အစိုးရအဖွဲ့အစည်းဟု အမည်တပ်ထားသော
အာဏာရှင်များ မဟုတ်နိုင်ပေ။
ပြည်သူပြည်သားများကသာ နိုင်ငံတော်ကို မည်သူမည်ဝါအုပ်ချုပ်ပါဟု အုပ်ချုပ်ခွင့်ပြုကြ
ရမည်။ ထီးနန်းနှင့် ရာဇပလ္လင်သည် ပြည်သူပြည်သားအပိုင်ဖြစ်သည်။ နိုင်ငံတော်၏
အာဏာကို ရယူထားသော ဘုရင်(သို့)သမ္မတတွင် ပုဂ္ဂလိကဘ၀ဟူသည်မှာ မရှိတော့ပေ။
၎င်း၏ မည်သည့်ဥစ္စာပစ္စည်းဖြစ်ဖြစ် ပြည်သူပြည်သားကသာ ပိုင်ဆိုင်သည်။ သူ့သားသမီး
များကိုပင် သူမပိုင်ပေ။ အကယ်၍ ပြည်သူပြည်သားများကသာ စိတ်ရှိလျှင် ဘုရင်အား
မိဖုရားနား မကပ်ရအောင်ပင် တားဆီးပိတ်ပင်နိုင်လေသည်။
ပြည်သူပိုင်ဖြစ်သော နိုင်ငံတော်အာဏာကို ပြည်သူတို့ စိတ်ကြိုက်ဖန်တီးနိုင်သည်။ အာဏာ
ရှင်၏ လှည့်ကွက်များထဲ ရောက်နေသော နိုင်ငံတော်အာဏာကို ပြည်သူတို့ မည်သို့ ပြန်လည်
ရယူကြမည်နည်း ။ ။

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !