Home » » စာဆိုတော်နေ့အမှတ်တရ

စာဆိုတော်နေ့အမှတ်တရ


ဆရာဦးဘုန်းကျော်(နတ်မောက်) ၏ လူကြီးလူကောင်း စာအုပ်မှ စာဆိုတော်နေ့ စာဖတ်ပရိတ်သတ် တစ်ဦးမှ ဆရာထံ ရေးပို့လာသော စာလေးကို ပြန်လည်ဖော်ပြလိုပါသည် ခင်ဗျာ။
ပုံပြင်အမည်က ` စာရေးဆရာနှင့် သူခိုး´ ပါ ။
ရှေးတုန်းက ငရဲပြည်က ယမမင်းကြီးရှေ့ သို့ စာရေးဆရာတစ်ဦးနဲ့ သူခိုးတစ်ယောက် တစ်ပြိုင်နက်ရောက်လာ ကြတယ်။ စာရေးဆရာဆိုသူဟာ ငရဲပြည်မရောက်မီ လူ့ပြည်မှာ တုန်းက အလွန်နာမည်ကြီး ထင်ပေါ် ကျော် ကြားတဲ့ စာရေးဆရာ တစ်ဦးဖြစ်ခဲ့တယ်။ သူခိုးဆိုတာကတော့ အလစ်သုတ် ဖော်ထွင်းသူခိုး၊ လမ်းဓားပြ လုပ်ဆိုတဲ့ အဆိုးမှန်သမျှ အကုန်လုပ်လာတဲ့လူပါ။
သူုတို့ နှစ်ယောက် ယမမင်းကြီး ထံမှောက်မှာ အစစ်အဆေးခံပြီးတော့ ပြစ်ဒဏ်အသီးသီး ချမှတ်ခံကြရပါ တယ်။ ငရဲသားတွေက ငရဲအိုးကြီးနှစ်လုံးထဲမှာ တစ်ယောက်စီထည့်ပြီး ဒယ်အိုးအောက်က ငရဲမီးတွေဟာ မီးတောက်မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့ ကျောက်သားအမိုး တောင် တဖျစ်ဖျစ်မြည်လာတဲ့အထိ ပူပြင်းတယ်လို့ ဆိုပါတယ်။ အဲ ... စာရေးဆရာရဲ့ ဒယ်အိုးအောက်ကျတော့ ငရဲသားတွေက ငရဲမီးသေးသေး လေး ဖိုပေးထားလိုက်ပါတယ်။ အဲဒီ ငရဲမီးသေးသေးလေးဟာ တဖြည်းဖြည်းကြီးကြီး လာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲထိန်လင်းလာနေပါသတဲ့။
နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့အခါမှာ သူခိုးရဲ့ ငရဲအိုးအောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန် လျှော့ပြီး မီးငြိမ်းသွားပါတယ်။ နာမည်ကျော်စာရေးဆရာကြီးရဲ့ အောက်ကမီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်းလာလေ ဖြစ်ပြီး မီးတောက်မီးလျှံတွေ ပိုပြီးကြီးမားလာပါတယ်။ ကြာလေ ပိုပြီးပူလောင်လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့ ငရဲမီး ငြိမ်းသွားတာမြင်ရပြီး သူ့ ငရဲမီးကက အရှိန်ကောင်းလာတာတွေ့ရတဲ့ နာမည် ကျော်စာရေးဆရာက ` ငါဟာပိုက်ဆံမက်မောပြီး ငါ့ကလောင်ကို လွတ်လွတ်လပ်လပ် ရေးချင်ရာရာတွေ ရေး ခဲ့တဲ့ အပြစ်ရှိတာတော့ မှန်ပါတယ်၊ ဒါပေမယ့် သူတစ်ပါးပစ္စည်းကို မတရားလုယက်ခိုးယူနေတဲ့ သူခိုးနှင့် နှိုင်း စာလျှင် ငါ့အပြစ် ဘာမျှမကြီးလှပါဘူး။ ဒီလို ငါ့မှာအပြစ်ကြီးကြီးမရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒဏ်ခံရတာ တော့ မမျှတပါဘူး´ လို့ တွေးမိပြီး ` ဘုရားသခင် မတရားဘူး´ လို့ အော်ဟစ်ပါတော့တယ် ။

 ဆက်လက်ဖော်ပြပါမည် ။ 

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !