ပ - ငါတတ်ချင်တဲ့ မြို့လယ်ခေါင် ကျောင်းတော်ကြီးတွေ ဘယ်တော့ဖွင့်မလဲ ။
ဒု - စိတ်ကူးမယဉ်နဲ့ ဒို့အမောင်၊ အစီစဉ်မရှိ မစဉ်းစားနိုင်သေး။
ပ - လွှတ်တော်အတွင်းမှာ စည်းဝေးနေ၊ ကျောင်းသားအရေး ပါသလား မေးမလို့။
ဒု - သောင်းခြောက်ထောင်မက အရေးတွေ မပြီးနိုင်မစီးနိုင် ဖြေရှင်းနေရ၊ အရေးမကြီးလို့ မစဉ်းစားနိုင်သေး။
ပ - A.G.T.I ကျောင်းတော်ကြီး ပါတီပိုင် အင်းစိန်၊ပြည်တော်သာ မင်းတို့သိလား။
ဒု - သိပင်သိငြား ဆိတ်ဆိတ်နေ၊ လှုပ်လို့မရသေး မလှုပ်နဲ့အုံးဟ။
ပ - မရတော့ဘူး အကိုတို့ရေ၊ ငါတို့အရေး အဓိကထားမှ။
ဒု - ပညာရေးစနစ်ကြီး ပြင်ရမယ်။ ကွင်းပြင်အလယ်မှာ ကျောင်းမတတ်ချင်တော့။
ပ - ကျောင်းသားအခွင့်အရေး ဆုံးရှုံးနေ၊ တိုင်းပြည်တိုးတက်ဖို့ ဘာအဓိကလဲ။
ဒု - တိုင်းပြည် ဖွံ့ဖြိုးအခြေခံ မျိုးဆက်သစ်ရဲ့ ပညာရေးဟ။
ပ - အရေးကြီးတာ မလုပ်ပါ။ အာဏာတည်ရေး ကြိုးစားနေဆဲ။
ဒု - ယှဉ်ပြိုင်သူတွေ မကြံ့ခိုင်၊ ကြံ့ကြံ့ခိုင်သူ မရှိတော့လေသလား။
ပ - ကျောင်းသားတွေတော့ အပြစ်ဆို ၊ လုပ်ထားသမျှ အကောင်းတွေချည်းလား။
ဒု - စနစ်တကျ တည်ဆောက်တယ်။ ကျောင်းသား ကျောင်းသူ လှုပ်လို့မရ။
ပ - အာဏာရှင်စနစ် သိန်း ပါပြီ။ စိန် သလားမေးမယ် အမောင် ကျောင်းသားတို့။
ဒု - သိန်း ပြီလား။ ဟေ့ စိန် လား။ ဟေးလား …. …. ကိုယ်စားလှယ်တော်တို့ …… ၀ါး။
မောင်ဘီအေ
e-mail : mg.ba.myanmar@gmail.com
0 comments:
Post a Comment
never ... never ... never ...never ... never Give Up !