Home » » လူငယ်တွေ ဆုံကြသောအခါ.....

လူငယ်တွေ ဆုံကြသောအခါ.....


ပညာသင်တယ် ဆိုတာတော့ပြီးဆုံးတယ် မရှိပါဘူး ဒါပေမယ့် တက္ကသိုလ် ကျောင်းတော်ကြီးက ဘွဲ့တစ်ခုရပြီးပြီပေါ့.. အဲဒီတော့ ကျောင်းသားလူငယ်ဘ၀ကနေ အလုပ်သမား လူငယ်ဘ၀ကို အလိုအလျောက် ကူးပြောင်းလာခဲ့တယ်.. အဲဒီအချိန်မှာ ကျောင်းသားဘ၀က သူငယ်ချင်းတွေလည်း ကိုယ့်လမ်းကိုလျောက်ရတော့တာပါပဲ...အဲဒီလိုနဲ့ တဖြေးဖြေး ဝေးသွားကြတာပေါ့... တစ်နေ့ အဲဒီနေ့က ၀ါဆိုလပြည့်နေ့ သူငယ်ချင်းတွေ အလုပ်ကိုယ့်စီ အားလပ်ရက်ရကြာတယ် သူငယ်ချင်းတွေ ဆုံဖို့ အစီအစဉ် ဆွဲလိုက်ကြတယ် ဒါဆို ဒို့သူငယ်ချင်းတွေ ဆုံရင်ဘာ လုပ်ကြမလဲ ဒါကို စဉ်းစားရတာပေါ့.. ကျောင်းသားဘ၀ ကတော့ သူငယ်ချင်းတွေနေ့ တိုင်းဆုံဖြစ်တယ် ဘာရယ်မှ မဟုတ်ပါဘူး စာပေအကြောင်းတွေပြောတယ် ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တာတွေပြောတယ် ကောင်လေးတွေဆိုတော့ ကောင်မလေးအကြောင်းတွေ ပြောတယ်တခါတလေ ကိုယ်တတ်သိသမျှ နိုင်ငံရေး အကြောင်းတွေပြောတယ်..အပြောတွေချည်းပဲ.. လက်တွေ့လုပ်ဆောင်မှု တွေနဲနေတယ် ဒီတခေါက်ဆုံရင်တော့ ကျောင်းသားလူငယ်တွေ အနေနဲ့ ဆုံရမှာ မဟုတ်တော့ပါဘူး... အလုပ်သမားလူငယ်တွေ အနေနဲ ဆုံရမှာပါ..အပြောတွေချည်းပဲ ပြောနေလို့ မရတော့ဘူး လက်တွေ့လုပ်ဆောင်မှု တွေ လို့လာပြီ အလုပ်လုပ်နေပြီဆိုတော့ ကိုယ့်ဘ၀ကို ဆုံးဖြတ်ခွင့်ရသွားပြီ ကောင်းတဲ့လမ်းသွားမလား မကောင်းတဲလမ်းသွားမလား ဆုံးဖြတ်နိုင်ပြီ ဆုံးဖြတ်ခွင့်လည်း ရသွားပြီ ဒီတော့ ဆုံရင်ဘာလုပ်မလဲ ဘီယာဆိုင်သွားမလား တခြားမကောင်းတဲ့နေရာတွေသွားမလားဒါမှမဟုတ် ဘုရားသွားမလား အလှူအတန်း တွေလုပ်မလား အစရှိသဖြင့်ပေါ့ ဒီတော့ ပညာတတ်လူငယ်တွေအနေနဲ့ ဘာဆုံးဖြတ်ကြမလဲ ကျနော်တို့ သူငယ်ချင်းတစ်စုကတော့ အကောင်းဆုံးကို ရွှေးချယ်နိုင်ခဲ့ပါတယ် အဲဒီနေ့က ဘုရားသွားတယ် ၀ါဆိုသင်္ကန်းကပ်တယ်။ ကိုယ် တတ်အားသမျ ငွေနဲ့ ထည့်ဝင်လှုတန်းကြတယ် အမှတ်တရပါပဲ ဒီတစ်ခေါက်သုငယ်ချင်းတွေဆုံတာ အကျိုးရှိတဲ့ လုပ်ငန်းတွေလုပ်ဖြစ်သွားတယ်။ အဲဒီတော့ကျ နော် စဉ်းစားမိတယ်။ တခြားလူငယ်တွေရောဆုံရင်ဘာလုပ်ကြမလဲ ဘာတွေပြောကြမလဲ ဘယ်လိုတွေးကြမလဲ ဘာဖြစ်လို့လဲ ဆိုတော့ အင်္ဂလိပ်စကားပုံ တစ်ခုရှိတယ် thought become to action တဲ့ တွေးတာတွေဟာ လုပ်ဆောင်ချက်တွေဖြစ်လာလိမ့်မယ် မြန်မာနိုင်ငံ ရဲ့ အနာဂတ်ဟာ လူငယ်တွေလက်ထဲ မှာရှိပါတယ် ဒါကြောင့် လူငယ်တွေဆုံကြသော အခါဝယ်......

18.8.2012
ှSai J Men

1 comments:

  1. လူငယ်တွေဆုံတွေ့ကြသော်အခါဝယ်............
    ပြောကြပါတယ်..အကျိုးရှိတဲ့ကိစ္စကနည်းပါးကြသေးတယ်
    ခုခေတ်လူငယ်တွေထဲမှာ ဖုန်းအကြောင်းတွေပါလာတယ်
    ဘောလုံးပွဲအကြောင်းတွေပါတယ်။
    ကောင်မလေးအကြောင်းတွေပါတယ်
    ယောကျာ်းလေးဆိုပေမယ့် အတင်းအဖျင်းတွေပါတယ်
    ဂျာနယ်များထဲက သတင်းအကြောင်းတွေပါတယ်...
    ဒါပေမဲ့
    ဘ၀တိုးတက်ဖို့လမ်းကြောင်းဘယ်လိုလျောက်ရမယ်ဆိုတဲ့လမ်းကြာင်း ကိုတော့ ပြောတဲ့သူသိပ်မရှိပါဘူး.

    ReplyDelete

never ... never ... never ...never ... never Give Up !