Home » » စကားတွေများများမပြောကြနဲ့

စကားတွေများများမပြောကြနဲ့

နိုင်ငံရေး အသိုင်းဝိုင်းက လေးစားသင့်လေးစားထိုက်သော ပုဂ္ဂိုလ်များ၊ကမ္ဘာ အရပ်အရပ်ရပ်က မြန်မာများ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြသောပြည်သူပြည်သားများ အားလုံးကို နှိုးဆော်ချင်တယ်။အရှုံးပေးခဲ့ရတာတွေများခဲ့ပြီ။အသက်တွေပေးခဲ့ရတာလဲ များပါပြီ။ ဒီအချိန်မှာ ထပ်ပြီးတော့အသက်တွေပေးဖို့ကိုလည်း ၀န်မလေးကြပါနဲ့ ။ အသက်သေမှ နောင်ရေးအေးမယ် ဆိုရင် အသေခံကြရမှာပဲ ။ ရှေးလူတို့ က တိုင်းတစ်ပါးလက်ထဲကလွပ်လပ်ရေးကို ရယူပေးခဲ့ပြီးပြီ ။ နှောင်းလူတို့ ယခုလူတို့ တိုင်းပြည်ကြီးပျက်စီးနေတာကို သိရက်နဲ့ သိသိကြီး ငြိမ်ခံနေကြတယ် ။
ဘယ်သူတွေဘာလုပ်ကြမှာလဲ ကြေငြာချက်ထုတ်ကြတော့ ။ 
ကိုယ်တွေကမလုပ်ရင် သူတို့ထင်ရာသူတို့ လုပ်ပြီး အာဏာရှင်ပြီးရင်း အာဏာရှင်လာတော့မှာ။ လုပ်စရာရှိတာလုပ်ကြ ဖို့ အချိန်တန်ပြီ။တိုင်းတိုင်း အပြည်ပြည်မှာ မြန်မာတွေရှိတယ် ။ သူတို့ တွေ အတွက်ကမြန်မာပြည်တွင်းက လူတွေထက် လုံခြုံမှု့ရှိတယ်။ ဒါမှန်တယ်။ ထားတော့။ သူတို့လည်း သူတို့စွမ်းသ၍ လုပ်နေကြတာပါ။ ပြောနေဆိုနေရုံနဲ့ မပြီးဘူး။အပြောတွေ အဆုံးသတ်လို့ အလုပ်နဲ့ သက်သေပြကြမယ်။ပြည်တွင်းကရှိနေကြတဲ့ အင်အားစုတွေ ခေါင်းဆောင်ပိုင်းတွေ ဘာလုပ်ကြမယ်ဆိုတာကိုပြောကြပါတော့။ ခေါင်းဆောင်မယ့်သူမှ မရှိဘူးဆိုရင် ဘယ်သူကဘာလုပ်ရမှန်းသိကြလိမ့်မယ်မဟုတ်ဘူး။ ထို့ကြောင့် လုပ်သင့် လုပ် ထိုက် တယ်လို့ထင်ကြတယ် ဆိုရင် လုပ်ကြရအောင် ဒီကိစ္စတွေအတွက် အရမ်းလျှို့ဝှက်စရာလည်း မလိုဘူး။ အချိန်တန်လို့ ထလုပ်ကြပြီ ဆိုရင် သတ်ဖို့ဖြတ်ဖို့ စောင့်နေတဲ့ ကောင်တွေကလည်း သတ်ကြမှာပဲ ဖြတ်ကြမှာပဲ။
သေသင့်တဲ့သူတွေကလည်း သေကြရမှာပဲ။ ဘာထူးနေသေးလို့လဲ။ဒီထက်ပိုပြီးထူးမလာဘူး။ တစ် တိုင်း ပြည်လုံးအသေခံသွားရလို့လဲ ဘာမှမှု့စရာမလိုဘူး။လိုအပ်တာကိုလုပ်ကြပြောကြဖို့တော့ ၀န် လေး မနေကြနဲ့တော့ ။တစ်တိုင်းပြည်လုံးထောင်ကြနေတာကိုသိတယ်မဟုတ်လား။ အကျဉ်း ထောင်ထဲမှာသွားနေရတဲ့ သူတွေကိုသနားတယ်။ယုံကြည်ချက်အတွက် အသက်ပေးခဲ့တဲ့ သူတွေ ရဲ့စေတနာကို နားလည်ကြတယ်ဆိုရင် ဘာတွေတွေဝေနေကြမှာလဲ ။ လုပ်ကြမယ် ကိုင်ကြမယ် တက်ညီလက်ညီနဲ့ ရှေ့ထွက်ကြမယ်။နာကြီးချက်တွေက ပြောလွန်းလို့ စာမျက်နှာတွေ လည်းထပ် နေပြီ။ဘယ်တော့မှ ပျောက်မှာ မဟုတ်တဲ့နာကြီး ချက်တွေအတွက် ခံစားချက်တွေကလည်း အမြဲတမ်း ဖြစ်ပေါ်လာနေမှာဆိုတော့ ရေးတာလည်းရေးကြပါ။လုပ်ရမှာတွေကိုလည်း အစီအစဉ် ဆွဲကြပါတော့ ။
ခေါင်းဆောင်ပိုင်းက စပေးဖို့တော့ လိုပြီ။ သွေးရှိတဲ့သူတွေ ။ ယုံကြည်ချက်ခိုင်မာတဲ့သူတွေ အားလုံး အနောက်ကတန်းစီထွက်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။လူတွေ စိတ်ထဲမှာ ဘယ်လိုရှိနေကြ တယ် တော့မသိဘူးဒီအစိုးရနဲ့ ဒီကောင်တွေလုပ်မယ့်ဒီမိုကရေ စီအတွက် လုံးဝဆန့်ကျင်။တဖြည်းဖြည်း ကောင်းလာမှာပါလို့ ပြောလဲ လက်မခံနိုင်ဘူး။တစ်နိုင်ငံလုံးကို ထင်ရာစိုင်းချင်တိုင်း စိုင်းခဲ့ပြီမှ နံမယ်ကောင်းတက်လို့ လက်ခံရမှာလား။ ကုန်ကုန်ပြောမယ်။ ကမ္ဘာမှာ အကောင်းဆုံး အခြေ အနေဖြစ်လာမယ်ဆိုရင်တောင် လက်မခံနိုင်ဘူး ။ လက်မခံကြနဲ့ ။ အကျဉ်းထောင်ထဲ
မှာ ကိုယ့်ကိုယ် ကို အဆုံးစီရင်သွားကြတဲ့ သူတွေအကြောင်းကြားဖူးကြ
လား ။ 
နှိပ်စက်မှု့ဒဏ်တွေကို မခံနိုင်လွန်းလို့ အသက်ကို စတေးလိုက်ရတဲ့ ဖြစ်ရပ်တွေ ။ ငှက်ဖျား မိပြီးသေ မလိုဖြစ်နေသူတစ်ယောက်အတွက် ဘာမီတွန်းတစ်ပြား ပါတာစီတမော့တစ်ပြား နဲ့ဆေးကုပေးတဲ့ ဖြစ်ရပ်တွေ နားစွန်နားစ တော့ ကြားမိကြမှာပေါ့ဗျာ။ ရင်နာစရာကောင်းလွန်းလို့ ရင်နာနာနဲ့ ပြောနေတာ။တကယ့်စေတနာရှင်တွေ က လှူတဲ့တန်းတဲ့ ဟာတွေက ဆေးရုံမှာမရှိဘူး။ အကျဉ်း သားတွေ အတွက်ဆေးရုံဆို တာ ခုတင်ပေါ်မှာ သွားပြီးသေရတာနဲ့ အတူတူပဲ ။သေခါးနီးလို့ ခုတင်ပေါ်ကို ခေါ်တင်လိုက်တာ။အဲ့ဒါတွေသိကြ။ အဲ့ဒါတွေအတွက် ဘယ်တော့မှ မမေ့နဲ့။ မေ့လို့ ရကောင်းတဲ့ အရာတွေ ထဲမှာ စစ်အစိုးရ နှိပ်စက်ခဲ့တဲ့ အရာတွေ မပါဘူး။သူ့တို့ရဲ့သမိုင်းအတွက် အဲ့ဒါတွေကို နောင်အခါကြရင် ကလေးတွေရဲ့သမိုင်းစာမျက်နှာမှာတင်ပေးနိုင် အောင် အခုလုပ်ကြရ တော့မှာ။အချိန်တွေကုန်လူတွေသေ စစ်အစိုးရကြီး ကတော့မားမာမတ်မတ်ပဲရှိနေသေးတယ်။
တစ်သုတ်ချင်း လူစုခွဲပြီးအသတ်နေတာလေ။ ဒို့လူမျိုးတွေလဲ အံ့သြလောက်ပါရဲ့ ။ တစ်တိုင်း ပြည် လုံး အသေခံဖို့ မရဲကြဘူးလား။ ရဲရင်စိန်ခေါ်မယ် ။ ကြေငြာချက်တစ်ဆောင် အမြန်ထုတ်ပါ။

မင်းမကြောက်

0 comments:

Post a Comment

never ... never ... never ...never ... never Give Up !