မပြောင်းလဲသောအရာ ဟူ၍ လောကတွင် မရှိ ။ မပြောင်းလဲသော အရာဟူသည်သာ မပြောင်းလဲ ပဲရှိနေလေ၏ ။ နှစ်တွေအလီလီပြောင်း အတိတ်က အဟောင်းအဆွေး တို့က ရင်ထဲမှာ ဒဏ်ရာများအ ဖြစ်သာ ကျန်ရှိနေရသည် ။ အတိတ်က ဒဏ်ရာတို့သည် ပြီးခဲ့ပြီမှန်၏ ။ မေ့ပျောက်ရန်သင့်၏ ။ သို့သော်လွယ်လွယ်နှင့် မေ့ပျောက်နိုင်ရန်ကား ဖြစ်နိုင်ပါမည်လော ။ မေ့ပျောက်ရန် သင့်တော်ပါ၏လော ။ အတိတ်မှာ ဘာတွေများ ဖြစ်ခဲ့လို့ ဘယ်လောက်တောင် နာကျင်နေကြရပါသလဲ ။ နောက်ဆုံးနဲ့ အကြီးမားဆုံးကစပြောရရင် သံဃာတွေ အသတ်ခံရတဲ့ ရွှေဝါရောင်တော်လှန်ရေး ။ ကိုယ်တိုင်မျက်မြင်ဒိဋ္ဌ တော်လှန်ရေးတစ်ခု ။ ဘာပြောမိတာလဲ “ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ” ။ မေတ္တာပို့ ဆုတောင်းပြီးလမ်းလျှေက်သွားကြတဲ့ သံဃာတွေ ၊ ကျွန်တော်စာတွေထဲမှာ ရေးသလောက်များ မက်ရိုင်းတာလေးပါရင်မက်ရိုင်းလို့ အသတ်ခံရတယ် လို့ ဆိုလို့ရပါသေးတယ် ။ ပြောလို့ ရပါသေးတယ် ။ နောက်တစ်ခု ဒီပဲယင်းလုပ်ကြံမှု့ ။ ပုဂ္ဂိုလ်ရေး အရ သက်သက်တိုက်ခိုက်တာ ။မသေလို့ သာပေါ့ ။ အသေသတ်ကြတာ ။ လူသတ်ကောင်မပေါ်ဘူးမှတ်လား ။
အဲ့ဒီလို ဘာသာရေး စော်ကားမှု့တွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု့တွေကို တစ်ပြည်လုံးသိတယ် တစ်ကမ္ဘာလုံး သိတယ် ။ တိုင်းသူပြည်သားတွေ ရင်ထဲမှာ ဘယ်လိုခံစားကြရမလဲ ။ ခံစားချက်တွေကတော့ ရင်ထဲ ကိုယ် စီရှိကြမှာပဲ ။ ယုံကြည်ပါတယ် ။တစ်တိုင်းတစ်ပြည်လုံးရဲ့ ရင်ထဲက ခံစားချက်တွေက ပြောပြစရာမလိုအောင် သိနေပါတယ် ။ တူညီတဲ့ မကျေနပ်ချက်တွေရှိတယ် ။ ခံစားချက်တွေ ရှိတယ် ။ကျွန်တော်တို့ ထက်အသက်အရွယ်ကြီးတဲ့ သူတွေက ပိုလို့တောင် နာကျဉ်ခံစားကြရမှာပါ ။ မျက်မြင်ဒိဋ္ဌကြုံခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှု့တွေက မနည်းမနောရှိခဲ့တာပဲ ။
ရင်ထဲ ၊ အသဲထဲက နာတဲ့ ခံစားချက်တွေ နာကျဉ်းချက်တွေကို ဒိအတိုင်းပဲ လက်ပိုက်ကြည့်သလို ကြည့်နေကြ
တော့မှာလား ။ ဒီမေးခွန်းပဲ မေးစရာ ရှိတော့တယ် ။ ကြည့်မနေလို့ ဘာလုပ်ကြမလဲ မေးလာရင်တော့ တစ်တိုင်းပြည်လုံး တော်လှန်ရေးမှာ ပါဝင်ရမယ် လို့ပဲ ထပ်ပြောရမှာပဲ ။ ဘာကြောင့်များ ဒီလို ဖြစ်ရပ်တွေကို လက်ပိုက်ကြည့်နေကြရတာလဲ ဆိုတာရဲ့ အဖြေကို စဉ်းစားမိတယ် ။ အဲ့ဒါဘာလဲ ဆိုတော့ “အဆိုးဆုံးကို ထပ်မတွေးရဲသေးလို့”ပါ ။ ဘယ်လို အဆိုးဆုံးလဲ ဆိုတော့ သေဖို့အထိ ဆိုးတဲ့ အဆိုးဆုံးပါ ။

သတင်းတွေမှာ လာနေတယ် ။ ပြည်တွင်းက အလိမ်အညာ လုပ်ချင်ရာ လုပ်တဲ့ သတင်းတွေ ။ နိုင်ငံခြား တိုင်းပြည်တွေက လာနေတဲ့ သတင်းတွေက မကျေနပ်ချက်တွေ မဟုတ်တရုတ် အရှုပ်တွေကို အမှန်ပြောနေတဲ့ သတင်းတွေ ကြားနေကြရပါရဲ့ ။ မြင်ခဲ့ကြရပါရဲ့ ။ဟုတ်ပြီ အဆိုးဆုံးကို မတွေးရဲတာနဲ့ ပတ်သတ်လို့ ဒေးကာနက်ဂျီ စာအုပ်ကို ဆရာတက်တိုး ဘာသာပြန်ထားတဲ့အထဲက အဆိုးဆုံးကို တွေးပြီး လုပ်သွားကြတဲ့ သူတွေနဲ့ နှိုင်းယှဉ် ကြည့်ချင်လို့ပါ ။ ဒီစာအုပ်ကို ဖတ်နေတော့ ဒီအတွေး ၀င်လာခဲ့တယ်ပေါ့ ။ သာဓက ပြထားတဲ့ ဥမာလေးက မစ္စူရီမြို့နေ လူတစ်ဦးသည် ငါတော့ သေဖို့နီးပြီဟု သဘောထားကာ သေတမ်းစာတွင် ရေးနေလေသည် ။ ဟင်နီသည် ၀မ်းတွင်းသက်တန့်ရောဂါဖြစ်နေသဖြင့် ဆရာဝန်များက မရနိုင်ဟုလက်မှိုင်ချကြရလေတော့သည် ။ သေတမ်းစာရေးပါတော့ ဗျာ ဟု ဆ၇ာဝန်က ပြောင်ဖွင့်၍ ပြောလေသည်။
ဟင်နီသည် ထိုရောဂါကြောင့် လခကောင်းသောရာထူးကိုပင် စွန့်လွှတ်လိုက်ရလေသည် ။ ယခုမူ သူ့အဖို့ သေဖို့သာပြင်ရတော့မည်တည်း။ထိုသို့သော အခြေသို့ ဆိုက်ရောက်သည့် အခိုက်အတန့်တွင် ဟင်နီသည် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုချလိုက်လေသည်။ သူ့ဆုံးဖြတ်ချက်သည်ကား ထူးဆန်းလှပါသည် ။ ငါကြာ ရှည်မနေရဘူး ဆိုရင် နေရတဲ့ အခိုက်မှာ ငါလုပ်ချင်နေတာကိုအားရအောင်လုပ်တော့မယ် ၊ ငါဟာကမ္ဘာ လှည့်ဖို့ တစ်ကြိမ်မက ကြိုးစားခဲ့တယ် ၊ မလှည့်ဖြစ်ဘူး အခုမှ လှည့်ဖြစ်တော့မယ် ဟုဆိုကာ ကမ္ဘာလှည့် ရန်ပြင် ဆင်လေသည်။သူ့ဆုံးဖြတ်ချက်ကို ကြားရသော ဆရာဝန်များက အံ့အားသင့်သွားကြသည် ။ ခင်ဗျားသွားရင် လမ်းမှာ သေမှာအမှန်ပဲ ဟုပြောကြသည်။
“ဟာမသေဘူးဗျာ ။ ကျုပ်ဆွေမျိုးတွေကို ကတိတစ်ခုပေးထားတယ် ။ ဘာလဲဆိုတော့ ကျုပ်သေရင် ဆွေမျိုးသားချင်းတွေသ င်္ချိုင်းစုထဲမှာပဲ သင်္ဂြိုလ်ရစေပါမယ် ဆိုတဲ့ ကတိပါပဲ ၊ ဒါကြောင့်မို့ ကျုပ်လမ်းမှာသေရင် ကျုပ်အလောင်းကို ပြန်ယူလာဖို့မှာထားတယ် ၊ အခုကတည်းက အခေါင်း တစ်ခု ၀ယ်သွားမယ်။ဟင်နီသည် သူပြောသည့် အတိုင်းအခေါင်းတစ်ခုဝယ်သွားသည် ။လမ်းတွင် သူသေခဲ့လျှင် ခေါင်းတွင် သူ့အလောင်းကိုထည့်၍ နေရင်းဌာနသို့ ပြန်ပို့ရန် သင်္ဘောကုမ္ပဏီနှင့် စီစဉ်ထားလေသည်။ ထို့နောက်သူသည် လမ်းခရီးတစ်လျှောက် စားချင်သလိုစား နေချင်သလိုနေ နေသည် ။ သူ့အဖို့ လမ်းဆုံး တိုင်တွက်ထားသူဖြစ်သဖြင့် သောက ကင်းဝေလျှက်ရှိသည် ။မုန်တိုင်းကျလာသော အခါတွင်လည်း အသက်ဘေးရန်ကို ကြောက်ရွံ့၍ သောက မပိုတော့ချေ။စွန့်စားခန်းတစ်ရပ် မျှသာ ဖြစ်နေလေသည် ။
ဒီလူဟာ သေလူလို့ သိပြီးတဲ့ နောက် ကိုယ်လုပ်ချင်ရာတွေကို လျှောက်လုပ်တယ်ဗျာ ။ သေဖို့ မကြောက်တော့ဘူးလေဘယ်လိုသာဓက ယူရမလဲ ဆိုတော့ ကျွန်တော်တို့အား လုံးလည်း ကိုယ့်ကိုယ်ကို သေလူလို့ သဘောထားနိုင်ရင်မကျေနပ်တဲ့ ခံစားချက်တွေကို သောက တွေအဖြစ်မြိုသိပ်မနေတော့ပဲ တကယ်ကို တော်လှန်ရေးကြီးထလုပ်ကြတော့မှာပဲ ဆိုတာ ယုံမှားသံသယ ရှိစရာ ဘယ်လိုတော့မလဲဗျာ ။
အဲ့ဒီလိုသေပြီလို့ တွက်ထားတဲ့သူ က သူလုပ်ချင်ရာတွေလုပ် သင်္ဘောပေါ်မှာ အရက်ကိုကောင်း ကောင်း သောက် ၊ ညဆိုရင်သန်းခေါင်းသန်းလွဲထိုင်တယ်။ ပြောသေးတယ် အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့လောက်ရောက်ရင်ပဲသူတို့တွေရဲ့ဆင်း ရဲဒုက္ခတွေကိုမြင်လိုက်ရတော့ အမေရိကန်ပြည်မှာ တွေ့ရတဲ့ ဒုက္ခဟာ အလကားဖြစ်သွားတာပဲ ။နတ်ပြည်နဲ့ ငရဲပြည်လောက်ကွာတယ် ထင်မိပါတယ်။ အမေရိကန်ကို ပြန်ရောက်တဲ့ အခါကြတော့ ကိုအလေးချိန်တောင်တက်လာသေးတယ် ။ ဖြစ်နေတဲ့ ရောဂါက လည်း အစတောင် မတွေ့တော့ဘူး ။ ဆရာဝန်တွေပြောသလို သေဖို့ကတော့ ဝေလာဝေး ဖြစ်သွားတာပေါ့ ။ ကျမ်းမာလိုက်တာလဲ မပြောနဲ့တော့ ။ ရောက်ပြီးမကြာခင်ပဲ သူ့အလုပ်တွေကိုပြန်လုပ်နိင်တယ် ။ ၀ယ်ထားတဲ့ အခေါင်းတောင်ပြန်ရောင်းလိုက်ရတယ် ။
ဒီဥမာကို ဆင်ခြင်တော့ သေမင်းကို အရွဲ့တိုက်လိုက်သလိုပဲဗျာ ။ သေမင်းကို ရင်ဆိုင်လိုက်လိုက်တာပဲ ။ သေမင်းကလက်လျှော့ပေးလိုက်ရတယ်လို့ မြင်တယ်ဗျ။ အဆိုးဆုံးကို တွေးပြီးသူတစ်ယောက်အတွက် ဘာမဆိုရင်ဆိုင်ရဲတယ် ။သေမယ်ဆိုတာလောက် ကြောက်တာမရှိတော့ပါဘူး ။ ငါဟာသေလူလို့ သိပြီးရင်တော့ လုပ်ချင်ရာတွေကို လက်ငင်းမနှေးလုပ်ကြတော့မှာပဲ ။ အခုဟာကြတော့ ငါတို့မသေရဲသေးဘူး ဆိုတဲ့ သဘောဖြစ်နေတာပေါ့ ။ သေမယ့်ဆိုတဲ့သူက သေမင်းကို အရွဲ့တိုက်လိုက်တဲ့ အခါ မသေတဲ့ အပြင် ကျမ်းကျမ်းကျမ်းမာမာတောင်ဖြစ်လာသေးတယ်။အဲ့ဒီတော့ အဆိုးဆုံးကို မတွေးရဲ သ၍ကတော့ ဘာမှ လုပ်ရဲကြမှာမဟုတ်ပါဘူး ။ အဆိုဆုံးကို ရွေးပြီးအကောင်းဆုံးကိုဖြစ်လာ အောင်ရင်ဆိုင်ကြမယ် ဆိုရင်ဖြင့် သေမယ့်သူပြန်ကျမ်းမာလာသလိုပဲ မှန်ကန်တဲ့ လမ်းစဉ်ကို ရောက်ရလိမ့်မယ် လို့ယုံကြည်မိပါတယ် ။

0 comments:
Post a Comment
never ... never ... never ...never ... never Give Up !